ကြည့်သင့်တယ်နော်

လူထုဗဟိုပြုစဲီမံကိန်းနှင့် ပက်သက်သည့်  စီမံကိန်းဆိုင်ရာ အကြောင်းအရာများ

လူထုဗဟိုပြုစဲီမံကိန်းနှင့် ပက်သက်သည့် စီမံကိန်းဆိုင်ရာ အကြောင်းအရာများ

စီမံကိန်းအကြောင်း လူထုဗဟိုပြုစဲီမံကိန်းနှင့် ပက်သက်သည့် စီမံကိန်းဆိုင်ရာ အကြောင်းအရာများ နိဒါန်း အမိန့်ပေးစနစ်ဖြင့် အုပ်ချုပ်သည့် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရက်တစ် အစိုးရသို့ ပြောင်းလဲခြင်း၊ ဗဟိုချုပ်ကိုင်သည့် စီးပွားရေးစနစ်မှ ဈေးကွက်ဦးဆောင်သည့် စီးပွားရေးစနစ်သို့ ကူးပြောင်းခြင်း၊ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ခြင်းဟူသော ပြောင်းလဲခြင်း သုံးရပ်၏ မူလအခြေခံသည် ပြည်သူလူထု ဗဟိုပြုသော ချဉ်းကပ်မှု နည်းလမ်းဖြစ်ပြီး ၊ကျေးလက်ဒေသ ဖွံ့ဖြိုးရေး မဟာဗျူဟာကို ထင်ဟပ်စေပါသည်။လူထုဗဟိုပြုစီမံကိန်း (လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသား စီမံကိန်း) ၏ ရည်ရွယ်ချက်မှာ အဓိကကျသောအခြေခံ အဆောက်အအုံများနှင့် ဝန်ဆောင်မှုများကို ကျေးလက်နေ ပြည်သူများ လူထုဗဟိုပြု ချဉ်းကပ်နည်းဖြင့်အလွယ်တကူ ရယူ အသုံးပြုနိုင်စေရန်နှင့် ပဋိပက္ခ/အရေးပေါ် အခြေအနေတစ်ရပ် ပေါ်ပေါက်လာပါက လျင်မြန်ထိရောက်စွာ တုံ့ပြန် ဖြေရှင်းပေးနိုင်စေရန်အတွက် အစိုးရ၏ အရည်အသွေး မြင့်မားလာစေရန်တို့ပင် ဖြစ်သည်။အစိုးရနှင့် ရပ်ရွာများအကြား ကောင်းမွန်သော ဆက်ဆံရေးကို တိုးတက် ဖြစ်ထွန်းလာစေနိုင်မည် ဖြစ်ပါသည်။ “စီမံကိန်းကို ကမ္ဘဘဏ်မှ ထောက်ပံငွေ အမေရိကန်ဒေါ်လာသန်း(၈၀)ဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန လက်အောက်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပါသည်။” စီမံကိန်းရည်ရွယ်ချက် စီမံကိန်းရည်ရွယ်ချက်များကို အောက်ပါအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ ရပ်ရွာက ရွေးချယ်ပေးသော ကျေးလက် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံမှုများအား ငွေကြေး ထောက်ပံ့ခြင်း၊ ဒေသ အာဏာပိုင်များနှင့် ပူးပေါင်းပြီး ဒေသခံ လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးရေးဆိုင်ရာ ဦးစားပေးအစီအစဉ်များဖော်ထုတ်ခြင်း၊ စီမံချက်ချမှတ်ခြင်း၊ အကောင်အထည်ဖော်ခြင်းဆိုင်ရာ စွမ်းဆောင်ရည် အားကောင်းလာစေခြင်း၊ စီမံကိန်း လုပ်ငန်းစဉ်တစ်လျှောက်လုံးတွင် ဒေသခံလူ့အဖွဲ့အစည်းမှ ဆင်းရဲနွမ်းပါးပြီး အထိအခိုက် မခံသောသူများ ပါဝင်နိုင်ခြင်း၊ ကျား/မ မရွေး ပါဝင်နိုင်စေခြင်း၊ စီမံကိန်းအစိတ်အပိုင်းမျာစီမံကိန်းအစိတ်အပိုင်းများ စီမံကိန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် အပိုင်း ငါးခု ပါဝင်ပါသည်။ လူထုသို့ တိုက်ရိုက်ထောက်ပံ့ငွေ။ ၁၅ မြို့နယ်ရှိ ကျေးရွာအုပ်စုတိုင်းအား ရန်ပုံငွေကို သုံးနှစ် ဆက်တိုက်ထောက်ပံ့ သွားမည် ဖြစ်ပါသည်၊ ထောက်ပံ့ရာတွင် ကျေးရွာများက တင်ပြသော စီမံကိန်း လုပ်ငန်းခွဲကိုသာ ထောက်ပံ့ခြင်း ဖြစ်သည်။ ကူညီထောက်ပံ့မှုနှင့် စွမ်းဆောင်ရည်မြှင့်တင်းခြင်း။ လူထုစည်းရုံးရေးမှူးများ ငှားရမ်းခြင်း အပါအဝင်ပြည်ထောင်စုနှင့် မြို့နယ်အဆင့်များတွင် နည်းပညာ အကြံပေးအဖွဲ့/ပုဂ္ဂိုလ်များ ငှားရမ်းခြင်းနှင့်စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ပါဝင်ပါသည်။ အသိပညာနှင့် လေ့လာသင်ယူခြင်း။ မြန်မာနိုင်ငံအတွင်းနှင့် အခြားနိုင်ငံများသို့ လေ့လာရေး ခရီးစဉ်များစေလွှတ်ခြင်း၊ နှစ်စဉ်လေ့လာသုံးသပ်ခြင်းနှင့် လူထုဗဟိုပြုလုပ်ငန်းများနှင့် ပတ်သက်၍ ပြိုင်ပွဲများ ကျင်းပခြင်းတို့ ပါဝင်ပါသည်။ အကောင်အထည်ဖော် ဆောင်ရွက်မှု အထောက်အကူပြုခြင်း။ ပြည်ထောင်စုနှင့် မြို့နယ်အဆင့် စီမံခန့်ခွဲမှုအထောက် အကူနှင့် ငွေကြေးနှင့် နည်းပညာ စစ်ဆေးမှု အထောက်အပံ့တို့ ပါဝင်ပါသည်။ အရေးပေါ် အခြေအနေများတွင် တုံပြန်ခြင်း။ ဖြစ်ပေါ်လာနိုင်သော ဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများကို အလျင်အမြန် တုန့်ပြန် ဆောင်ရွက်နိုင်စေရန် လိုအပ်ပါက အခြားအပိုင်းမှ ငွေများကိုလွှဲပြောင်း သုံးစွဲခြင်းဖြစ်ပါသည်။ စီမံကိန်းမြို့နယ်များ စီမံကိန်းကို ပြည်နယ်/ တိုင်းဒေသကြီး ၁၄ ခုမှ မြို့နယ် တစ်မြို့နယ်စီအပြင် ပြည်ထောင်စု နယ်မြေမှ မြို့နယ်တစ်မြို့နယ်၊ စုစုပေါင်း ၁၅ မြို့နယ်တွင် အောက်ပါအတိုင်း အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ ၂၀၁၃-၂၀၁၄ ခုဘဏ္ဍာရေးနှစ်တွင်စတင်အကောင်အထည်ဖော်သော မြို့နယ်(၃) ခု – ချင်းပြည်နယ်၊ ကန်ပက်လက်မြိုနယ် – ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ် (မြောက်ပိုင်း) – တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ် ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင်စတင်၍ အကောင်အထည်ဖော်သော မြို့နယ်(၆) ခု – ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် – စစ်ကိုင်းတိုင်းဒေသကြီး၊ ပင်လည်ဘူးမြို့နယ် – မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် – ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ် – ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် – နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ် ၂၀၁၅-၂၀၁၆ ခုဘဏ္ဍာရေးနှစ်တွင်စတင်၍ အကောင်အထည်ဖော်မည့် မြို့နယ်(၆) ခု – မွန်ပြည်နယ် မှ တစ်မြို့နယ် – ပဲခူးတိုင်းဒေသကြီးမှ တစ်မြို့နယ် – ကရင်ပြည်နယ်မှ တစ်မြို့နယ် – ကချင်ပြည်နယ်မှ တစ်မြို့နယ် – မန္တလေးတိုင်းဒေသကြီးမှ တစ်မြို့နယ် – ကယားပြည်နယ်မှ တစ်မြို့နယ် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် မြို့နယ်ရွေးချယ်ရေးဆိုင်ရာအကြံဥာဏ်ရယူခြင်းအစည်းအဝေးများကျင်းပလျက်ဦးစားပေးမြို့နယ် များအလိုက် ရွေးချယ်ဆောင်ရွက်လျက်ရှိပါသည်။ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မည့်မြို့နယ်များအဖြစ် သတ်မှတ်ရွေးချယ်ခြင်းမရှိသေးပါ။၏ စီမံကိန်းမြို့နယ်ရွေးချယ်မှုလုပ်ငန်းစဉ် စီမံကိန်းမြို့နယ်များ ရွေးချယ်ရာတွင် ဆင်းရဲ မွဲတေမှုသည် အခြေခံမူ ဖြစ်သည်။ ဖြည့်စွက်သော မူများမှာ (၁) အလားသဏ္ဌာန်တူသော လုပ်ငန်းများအတွက် အခြား ထောက်ပံ့ငွေမရရှိမှု၊ (၂) မြို့နယ် ဒေသအာဏာပိုင်များ၏ စီမံကိန်းအပေါ်လိုလားမှု၊ အကောင်အထည်ဖော်နိုင်စွမ်းရှိမှု (၃) မြို့နယ်၏ တည်ငြိမ်အေးချမ်းမှု၊ (၄) မြို့နယ်အတွင်း စီမံကိန်းကို လွယ်ကူစွာဝင်ရောက်ရေး၊ သွားရေးလာရေး အဆင်ပြေမှုတို့ ဖြစ်သည်။ စီမံကိန်း အကောင်အထည်ဖော်နေစဉ် အခြား ထောက်ပံ့မှုရင်းမြစ်များ ရရှိလာပါက ဆန်ခါတင် အဆင့်တွင်အမည်စာရင်း တင်သွင်းခံရသည့် မြို့နယ်များကို ဦးစားပေး ဆောင်ရွက်မည် ဖြစ်သည်။ အခြားထောက်ပံ့မှုများ ထပ်မံ ရရှိမှုပေါ်မူတည်၍ လူထုဗဟိုပြုစီမံကိန်း/အစီအစဉ်ကို တိုးချဲ့ ဆောင်ရွက်သွားမည် ဖြစ်သည်၊ မြို့နယ်အသစ်များ ထပ်မံ တိုးတက်လာနိုင်ပါသည်။ လူထုသို့ တိုက်ရိုက်ထောက်ပံ့ငွေများ ပထမနှစ်ထောက်ပံ့ငွေ ၂ဝ၁၄-၁၅ ကို အောက်ပါပုံသေနည်းအတိုင်း တွက်ချက်မည် ဖြစ်သည်။ ကျေးရွာအုပ်စုလူဦးရေ ထောက်ပံ့ငွေ ၃ဝဝဝ အောက် ၂ဝ,ဝဝဝ,ဝဝဝ ကျပ် ၃ဝဝဝ မှ ၅ဝဝဝ ၄ဝ,ဝဝဝ,ဝဝဝ ကျပ် ၅ဝဝဝ မှ ၉ဝဝဝ ၆ဝ,ဝဝဝ,ဝဝဝ ကျပ် ၉ဝဝဝ အထက် ၁၂ဝ,ဝဝဝ,ဝဝဝ ကျပ် ရပ်ရွာစီမံကိန်းကာလ ကုန်ဆုံးချိန်တိုင်းတွင် ခွင့်ပြုသည့် ပုံသေနည်းကို ကျေးလက်/ဦးစီးနှင့် ကမ္ဘာ့ဘဏ်တို့က ပြန်လည်သုံးသပ်ပြီး လိုအပ်ပါက ပြုပြင်ရေးဆွဲမည်။ စီမံကိန်းက ငွေကြေးထောက်ပံ့မည့် ကျေးရွာ စီမံကိန်း လုပ်ငန်းခွဲတစ်ခုအတွက် ပထမဆုံးနှစ်တွင် အနိမ့်ဆုံးသတ်မှတ်ချက် ပမာဏ မရှိပါ၊ ဒုတိယနှစ်နှင့် နောက်ဆုံးနှစ်တွင် စီမံကိန်း လုပ်ငန်းခွဲတစ်ခုသည် အနည်းဆုံး ကျပ်နှစ်သန်း ရှိရမည်။ ကျေးရွာ စီမံကိန်း လုပ်ငန်းခွဲတစ်ခုအတွက် အမြင့်ဆုံး ပမာဏသည် ကျပ် သန်း ၁၁ဝ ဖြစ်သည်။ သို့သော် ကျပ် သန်း ၄ဝ ထက်ပိုသော စီမံကိန်း လုပ်ငန်းခွဲ တစ်ခုချင်းအတွက် ကျေးလက်/ဦးစီး ရုံးချုပ်၏ အတည်ပြုချက်နှင့် ကမ္ဘာ့ဘဏ်၏ ကန့်ကွက်ရန်မရှိကြောင်းစာ ရယူရန် လိုအပ်သည်။
ပိုက်ဆံဆိုတာ

ပိုက်ဆံဆိုတာ

အမေရိကန်နိုင်ငံသားတွေရဲ့ပြောနေကြစကားလေးတစ်ခွန်းကတော့ "ပိုက်ဆံဆိုတာ သစ်ပင်စိုက်သလိုမျိုး စိုက်ပျိုး၊ကြီးထွား၊ပွားများလို့ရတာမျိုးမဟုတ်ဘူး" တဲ့။ ဆိုလိုရင်းကား ပိုက်ဆံ(သို့)ငွေများများလိုချင်လျှင်အေးဆေးလုပ်နေ၍မရပေ။အလုပ်ကိုအပတ်တကုတ်ကြိုးစားရန်လိုအပ်သည်။မှန်ပေသည်။ထိုင်နေရင်းဖြင့်ပိုက်ဆံများသင့်ထံသို့လွယ်လင့်တကူရောက်လာစေရန်မမျှော်မှန်းသင့်ပေ။သို့သော်အနာဂတ်အတွက်သေချာအစီအစဉ်ဆွဲပြီးရင်းနှီးမြှပ်နှံခြင်းဖြင့်ငွေကိုပွားများနိုင်သည်။ပညာရေး၊နည်းပညာ(သို့)တန်ဖိုးကြီးပိုင်ဆိုင်မှုများတွင်ရင်းနှီးမြှပ်နှံခြင်းသည်ပို၍ကြီးပွားမြန်သည်။ထိုနည်းလမ်းများဖြင့်သင်၏ငွေကိုပွားများနိုင်သော်လည်းရေရှည်အတွက်ထည့်သွင်းစဉ်းစားရန်လိုအပ်ပေသည်။ There is an American saying that “Money Does Not Grow on Trees.” The idea is that if you want to make a profit you are going to have to work hard it will not just come easy to you. There is a lot of truth in this statement. You cannot simply sit around and expect money to come easy. That being said you can help your money grow and expand by investing and planning for the future. An investment in education, technology or assets can turn around and help you make more money. In that sense you can grow your own money, but you have to remember to think long term. (Credit to Opportunities NOW Myanmar )
အိန္ဒိယ ပဲတင်သွင်းသူများ အသေးစိတ်အချက်အလက်ကို လစဉ် ထုတ်ပြန်ရတော့မည်

အိန္ဒိယ ပဲတင်သွင်းသူများ အသေးစိတ်အချက်အလက်ကို လစဉ် ထုတ်ပြန်ရတော့မည်

အိန္ဒိယ ပဲတင်သွင်းသူများ အသေးစိတ်အချက်အလက်ကို လစဉ် ထုတ်ပြန်ရတော့မည် ယခုချိန်မှ စ၍ အိန္ဒိယနိုင်ငံရှိ ပဲတင်သွင်းသူများသည် ၎င်းတို့၏ ပြည်ပ အရောင်းအဝယ်စာချုပ်ပါ အသေးစိတ် အချက်အလက်များ၊ တင်သွင်းမှု အစီအစဉ်၊ အိန္ဒိယဆိပ်ကမ်း ကုန်ဝင်ရောက်မှုနှင့် ဂိုဒေါင်မှ လွှဲပြောင်းမှုတို့ကို အစိုးရသို့ လစဉ်လတိုင်း တင်ပြရတော့မည် ဖြစ်သည်။ အစိုးရအနေဖြင့် လိုအပ်သော စီမံချက်များ ဖော်ဆောင်ရာတွင်လည်းကောင်း၊ မည်သို့သော အကျပ်အတည်း တွင်မဆို ကြားဝင် ဖြေရှင်းရာတွင်လည်းကောင်း အထောက်အကူ ပြုရန် ယင်းသို့ ဆောင်ရွက်လိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ပဲတင်သွင်းသူများ လစဉ် အသေးစိတ်အချက်အလက် အသိပေးရမည့် ဆုံးဖြတ်ချက်ကို စားသုံးသူရေးရာ ဝန်ကြီးဌာန၊ အစိုးရ အေဂျင်စီများနှင့် အိန္ဒိယရှိ ထိပ်တန်း ပဲတင်သွင်းသူများ တက်ရောက်သည့် အစည်းအဝေးတွင် ချမှတ်ခဲ့ခြင်း ဖြစ်သည်။ “ဒါ ပုံမှန်လုပ်သွားရမယ့် ကိစ္စပါ။ ကြိုးပမ်းချက်တိုင်းဟာ ပဲအရောင်း ပြတ်မသွားဖို့နဲ့ တတ်နိုင်တဲ့ ဈေးနှုန်းတွေ ဖြစ်ဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပါတယ်။ အိမ်ထောင်စုတိုင်း ပဲလုံလောက်ဖို့ ကျုပ်တို့ ကြိုးစားသွားမှာပါ” ဟု အစည်းအဝေးကို ဦးဆောင်ခဲ့သူ စားသုံးသူရေးရာဝန်ကြီး ရမ်ဗီလက်စ် ပတ်စ်ဝန်က ပြောကြားသည်။ ပဲတင်သွင်းသူများသည် အစိုးရနှင့် သဘောစာချုပ် ချုပ်ဆိုထားသော အာဖရိကရှိ မိုဇမ်ဘစ်နိုင်ငံမှ ထုတ်လုပ်သော ပဲများ အားလုံးကို ဝယ်ယူ တင်သွင်းပေးမည်ဟုလည်း ကတိပြု ပြောဆိုခဲ့သည်။ ဝန်ကြီးပတ်စ်ဝန်က ယခုနှစ် ပဲပြဿနာမှာ လူက ဖန်တီးသော အကျပ်အတည်း ဟုတ်၊ မဟုတ်ကိုလည်း အစည်းအဝေးတွင် မေးခွန်းထုတ်ခဲ့သည်ဟု ဆိုသည်။ “ပြည်တွင်း စားသုံးမှုနဲ့ ထုတ်လုပ်မှုကြားမှာ ကွာဟချက် တန်ချိန် ၈.၂ သန်း ရှိနေချိန်မှာ ပဲသွင်းသူတွေက ဘာ့ကြောင့် တန်ချိန် ၅.၈ သန်းပဲ သွင်းသလဲ ဆိုတာ ကျွန်တော် မေးခဲ့ပါတယ်။ တစ်ကမ္ဘာလုံးမှာ ပဲတွေက မရှိသလောက် ပြတ်လပ်ကုန်လို့လား၊ သူတို့ဆီက ကျေနပ်လောက်တဲ့ အဖြေ ထွက်မလာပါဘူး” ဟု ဝန်ကြီးက ပြောဆိုခဲ့သည်။ အစည်းအဝေးတွင် ပဲတင်သွင်းသူများသည် လက်လီနှင့် လက်ကား ပဲဈေးအကြား ၁၀-၁၂ ရာခိုင်နှုန်းခန့်သာ ကွာဟသင့်သည်သော ကိစ္စတွင် အစိုးရနှင့် အမြင်ချင်း ဖလှယ်ခဲ့သည်။ လတ်တလောတွင် အိန္ဒိယ မြို့ကြီးများရှိ လက်လီနှင့် လက်ကား ပဲဈေး ကွာဟချက်မှာ ၂၀-၃၂ ရာခိုင်နှုန်းတွင် ရှိနေဆဲ ဖြစ်သည်။ Ref: Times of India
07:37 Am။မတ်ပဲဘယ်အချိန်မှာ ပြန်ရောင်းရင်ကောင်းမလဲ?

07:37 Am။မတ်ပဲဘယ်အချိန်မှာ ပြန်ရောင်းရင်ကောင်းမလဲ?

၁၈.၉.၂၀၁၆။ Every Sunday စိန်ထနိးပင်ဈေးပိတ်သည်။ 07:37 Am။မတ်ပဲဘယ်အချိန်မှာ ပြန်ရောင်းရင်ကောင်းမလဲ? ကျော့် ကိုခဏ၂မေးပြီး အကြံဥဏ်တောင်းနေကြတဲ့ Friတွေအတွက် စီးပွားရေးပညာရှင်တစ်ဦးရဲ့ မှတ်သားစရာအဆိုအမိနိ့လေး တစ်ခုကိုမျှဝေပေးလိုက်ပါတယ်လေ။ ၁။ "ဝယ်ယူဖို့အကောင်းဆုံး အချိနိသည်အမြင့်မားဆုံး အဆိုးမြင်မူ့ရှိနေချိနိဖြစ်ပြီး အမြင့်မားဆုံးအကောင်းမြင်မူ့ရှိတဲ့အချိနိမှာရောင်းဖို့အကောင်းဆုံးဘဲ "။ ၂။ဒီအဆိုအမိန့်လေးကို သေချာလေ့လာ ဆွေးနွေးမှတ်သားထားဖို့ အကြံပြုလိုက်ပါတယ်။ နှစ်စဉ် မတ်ပဲဝယ်တဲအချိန်/ရောင်းတဲ့ရာသီအချိန်တွေရောက်ရင် ဒီအဆိုအမိနိ့လေးလေ့လာမှတ်သားထားသူက အခြားသူတွေမေးစရာ မလိုအောင် အကျိုးပြုသွားမှာ ဖြစ်ပါတယ်လေ။ ၃။ကျော်ကတော့မတ်ပဲဝယ်/ရောင်းတဲ့ရာသီအချိနိတွေရောက်လာရင်ဒီအဆိုအမိန့်လေးလက်ကိုင်ထားပြီးလုပ်စားလာခဲ့တာ နှစ်တောင်အတော်ကြာခဲ့ပါပြီလေ။ ၄။ တစ်ခုတော့ရှိပါတယ်။ဒီစီးပွားရေးအဆိုအမိန့်လေးက တိုးတောင်းပေမဲ့ အဓိပ္ပါယ်ရှိတော့ စီးပွားရေးနားလည်တတ်ကျွမ်းသူများနဲ့ သေချာလေ့လာ ဆွေးနွေးဖို့တော့ လိုအပ်ပါတယ်လေ။နားလည်သဘောပေါက်တာလွဲမှားပြီးလုပ်ဆောင်မူ့တွေမလွဲချော်သွားအောင်ဖြစ်ပါတယ်။ ၅။ Friတွေကလက်ရှိမတ်ပဲဈေးကွက်ကိုမြင်အောင်သေချာကြည့်ဖို့တော့လိုအပ်နေပါတယ်လေ။ဈေးကွက်အထိုက်အလျောက်မကျွမ်းသေးတော့မမြင်သေးတာလား?ဒါမှမဟုတ်သေချာမကြည့်လို့မမြင်သေးတာလား? ၆။ ကျော်ကတော့လက်ရှိမတ်ပဲဈေးကွက်ကစားပုံကိုမြင်နေရပါပြီ။ဘာလုပ်ရမလဲ?ဆိုတာလည်းသဘောပေါက်နေပါပြီလေ။
တစ်ပတ်အတွင်း ပဲမျိုးစုံ သတင်း သုံးသပ်ချက်

တစ်ပတ်အတွင်း ပဲမျိုးစုံ သတင်း သုံးသပ်ချက်

တစ်ပတ်အတွင်း ပဲမျိုးစုံ သတင်း သုံးသပ်ချက် unicode ယခုအပတ်တွင် အိန္ဒိယမှ ထုတ်ပြန်သော ပဲဈေးကွက်ဆိုင်ရာ သတင်းများအနက် အရန်ပဲ တန်ချိန် ၂ သန်းအထိ သိုလှောင်မည့် အစိုးရ ဆုံးဖြတ်ချက်၊ ယခုနှစ်ရာသီ သီးနှံ အထွက် စံချိန်တင်နိုင်သည် ဆိုသော ခန့်မှန်းချက်၊ ပဲ တင်သွင်းသူများဘက် ဦးလှည့်လာသော အစိုးရ၏ လုပ်ဆောင်ချက်များနှင့် နောက်ဆုံးရ ပဲစိုက်ပျိုးရေး အခြေအနေနှင့် သတင်းများကို ဖော်ပြသွားပါမည်။ တန်ချိန် ၈ သိန်းမှ တန်ချိန် ၂ သန်းနှင့် လက်လီပဲဈေး ပြဿနာ အိန္ဒိယအစိုးရသည် ပဲဈေးကွက် တည်ငြိမ်ရေးအတွက် ၎င်း၏ အရန်ပဲပမဏကို ယခင် လျာထားချက် ဖြစ်သော တန်ချိန် ၈ သိန်းမှ တန်ချိန် ၂ သန်းအထိ တိုးမြှင့်ရန် ယခုအပတ်တွင် အတည်ပြု ထုတ်ပြန်ခဲ့သည်။ အရန်ပဲ ဝယ်ယူ သိုလှောင်ရာတွင် ပြည်တွင်းတောင်သူများထံမှ တန်ချိန် ၁ သန်းနှင့် ပြည်ပနိုင်ငံများဆီမှ တန်ချိန် ၁ သန်း ဝယ်ယူ တင်သွင်းသွားမည် ဖြစ်ပြီး လတ်တလောတွင်လည်း အခြေခံဈေး MSP အောက် ရောက်နေသည့် ပေါ်ဦးပေါ်စ ပဲတီစိမ်းအသစ်များကို အစိုးရအေဂျင်စီများက ဝယ်ယူပေးလျက်ရှိသည်။ အိန္ဒိယတွင် မိုးစိုက်ပဲ အထွက်တိုးမည်ဟု ခန့်မှန်းနေ၍ ပဲဈေးများ ကျလာသော်လည်း လက်လီ အရောင်းဆိုင်များတွင် ယခုထိ ဈေးမကျသေးသဖြင့် ပဲဈေး ကျဆင်းသည့် ရလဒ်ကို စားသုံးသူများ မခံစားရသေးဘဲ ဖြစ်နေသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ စားသုံးသူရေးရာအတွင်းဝန် ဟမ်ပန်ဒီ လက်လီဆိုင်များ ဈေးလျှော့ မပေးပါက ဈေးကွက်တွင် ကြားဝင်စွက်၍ လက်လီပဲဈေးကို ထိန်းချုပ်ပစ်မည်ဟု သတိပေး ပြောဆိုခဲ့သည်။ လက်လီဆိုင်များသည် ၎င်းတို့၏ အမြတ်အစွန်းကို အမှန် ရသင့်သော ၁၀-၁၅ ရာခိုင်နှုန်းထက် များစွာ ကျော်လွန်၍ ၄၀-၅၀ ရာခိုင်နှုန်းထိ ဈေးပိုတင် အမြတ်ယူနေသဖြင့် ထိုအတိုင်း ဆက်ဖြစ်နေပါက အစိုးရမှ အခြေခံစားကုန်အက်ဥပဒေ ကျင့်သုံးပြီး လက်လီပဲဈေးကို ပုံသေနှုန်း သတ်မှတ်ပစ်မည်ဟု ဟမ်ပန်ဒီက ပြတ်သားစွာ အသိပေး ပြောဆိုထားသည်။ သို့သော် ဒေလီအခြေစိုက်၊ နာယာဈေးကွက်မှ ပဲတင်သွင်း ရောင်းဝယ်သော Siliguri Associates မှ ဆွန်နီ ဘာဒီဗာက “ပြည်တွင်းမှာ မတ်ပဲ၊ ပဲစင်းငုံနဲ့ပဲတီစိမ်းတွေ စပေါ်လာပြီး သြစတြေးလျနဲ့ ရုရှားက ကုလားပဲတွေ တင်သွင်းလာမှာမို့လို့ လာမယ့် အောက်တိုဘာက စပြီး ဈေးကွက်အခြေအနေ အပြောင်းအလဲ ဖြစ်လာမှာပါ” ဟု ပြောကြားခဲ့သည်။ စံချိန်တင် သီးနှံအထွက်ကောင်းမည့်နှစ် ဖြစ်လာနိုင်မလား ပြီးခဲ့သော ၂၀၁၅-၁၆ ရာသီက မိုးနည်းပါးမှုကြောင့် သီးနှံအထွက်နှုန်း တန်ချိန် ၂၅၂.၂ သန်းသာ ရရှိခဲ့သော အိန္ဒိယသည် ယခုနှစ်တွင် အချိန်ကိုက် ရောက်လာပြီး အားကောင်းစွာ ရွာသွန်းနေသော မုတ်သုံကြောင့် လက်ရှိ ၂၀၁၆-၁၇ ရာသီ သီးနှံအထွက်နှုန်းကို တန်ချိန် ၂၇၀.၁ သန်းအထိ တိုးတက်လာမည်ဟု ခန့်မှန်းလိုက်ပြီ ဖြစ်သည်။ အဆိုပါ ခန့်မှန်းချက်ကို လယ်ယာစိုက်ပျိုးရေးဝန်ကြီး ရာဒါမိုဟန်ဆင်းက နယူးဒေလီမြို့တွင် ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဆောင်းသီးနှံစိုက်ပျိုးရေး စီမံချက် ညီလာခံတွင် ပြောကြားခဲ့ခြင်း ဖြစ်ပြီး သီးနှံများအနက် ပဲမျိုးစုံ၏ အထွက်နှုန်းမှာ တန်ချိန် ၂၁-၂၂ သန်းကြား ရှိနိုင်သည်ဟုလည်း ညီလာခံ တက်ရောက်လာသော လယ်ယာစိုက်ပျိုးရေးကော်မရှင်နာ အက်စ် ကေ မာဟိုထရာက ပြောဆိုခဲ့သည်။ ၂၀၁၅-၁၆ ရာသီက အိန္ဒိယ၏ ပဲအထွက်နှုန်းမှာ ၆ နှစ်အတွင်း အနိမ့်ဆုံး ဖြစ်သော တန်ချိန် ၁၆.၅ သန်းအထိ ကျဆင်းခဲ့ပြီး အမြင့်ဆုံး စံချိန်တင်ဖူးသော ၂၀၁၃-၁၄ ရာသီအထွက်နှုန်း တန်ချိန် ၁၉.၂၅ သန်းနှင့် ယှဉ်ပါက ၁၄ ရာခိုင်နှုန်းအထိ လျော့နည်းခဲ့ရာ ယခု ၂၀၁၆-၁၇ ရာသီတွင် တန်ချိန် သန်း ၂၀ နှင့်အထက် မျှော်မှန်း လာခြင်း ဖြစ်သည်။ ယမန်နေ့အထိ အိန္ဒိယတစ်နိုင်ငံလုံးတွင် ပြီးစီးလု ဖြစ်နေသော မိုးသီးနှံစိုက်ဧရိယာမှာ ဟက်တာ ၁၀၅.၉ သန်း ရှိနေ၍ ယခင်နှစ် ဧရိယာထက် ၄.၄ ရာခိုင်နှုန်း တိုးတက်လျက်ရှိပြီး ပဲစိုက်ဧရိယာမှာ ဟက်တာ ၁၄.၅ သန်း ရှိနေသဖြင့် ယခင်နှစ်ထက် ၂၉ ရာခိုင်နှုန်း ပိုမို တိုးချဲ့နိုင်ခဲ့သည်။ လစဉ် အသေးစိတ် အစီရင်ခံရမည့် ပဲတင်သွင်းသူများနှင့် CEA အကြံပြုချက် ယခုအပတ်တွင် အိန္ဒိယအစိုးရ၊ စားသုံးသူရေးရာဝန်ကြီး ပတ်စ်ဝန်နှင့် ထိပ်တန်း ပဲတင်သွင်းသူများ၊ အစိုးရအေဂျင်စီများ တွေ့ဆုံ ဆွေးနွေးခဲ့ကြရာ ပဲသွင်းသူများအနေဖြင့် လုပ်ငန်းအဆင့်ဆင့်တွင် ပွင့်လင်း မြင်သာမှု ရှိကြရန်၊ အစိုးရနှင့် အနီးကပ် ပူးပေါင်း ဆောင်ရွက်ကြရန် ဝန်ကြီးက တိုက်တွန်းခဲ့သည်။ ဆွေးနွေးပွဲရလဒ်အရ ပဲတင်သွင်းသူများသည် ၎င်းတို့၏ ကုန်သွယ်မှု စာချုပ် အချက်အလက်များ၊ တင်သွင်းမှု အစီအစဉ်၊ အိန္ဒိယဆိပ်ကမ်း ကုန်ဝင်ရောက်မှုနှင့် ဂိုဒေါင်မှ လွှဲပြောင်းမှုတို့ကို အစိုးရသို့ လစဉ် ပုံမှန် ကြိုတင် အသိပေးရမည် ဖြစ်ပြီး ယင်းသို့ ဆောင်ရွက်ရခြင်းမှာ ပြည်တွင်း ပဲအရောင်း မပြတ်စေရန် ဖြစ်သည်ဟု ဝန်ကြီး ပတ်စ်ဝန်က ပြောကြားခဲ့သည်။ ယခုအပတ်ထဲမှာပင် စီးပွားရေးအကြံပေးအဖွဲ့ အကြီးအကဲ ဦးဆောင်သော အဖွဲ့ CEA က ပဲလုပ်ငန်းဆိုင်ရာ အကြံပြုချက်များကို ထုတ်ပြန်ရာတွင် ယင်းအဖွဲ့က MSP တိုးပေးခြင်း၊ ပဲတင်ပို့မှု ပြန်ဖွင့်ပေးခြင်းနှင့် သိုလှောင်ခွင့် ကန့်သတ်ချက် ပြန်ရုပ်သိမ်းပေးခြင်းတို့ကို ထောက်ခံကြောင်း တင်ပြခဲ့သည်။ CEA အဖွဲ့က လာမည့် ဆောင်းရာသီ ကုလားပဲအတွက် MSP ကို တစ်ကွမ်တယ်လျှင် ၄၀၀၀ ရူပီးနှင့် လက်ရှိ မိုးစိုက် မတ်ပဲနှင့် ပဲစင်းငုံများအတွက် MSP ကို ၆၀၀၀ ရူပီးသို့ တိုးမြှင့်ပေးရန် အကြံပြုခဲ့သည်။ ယခုရာသီ အတွက် အစိုးရ သတ်မှတ်ပေးထားသော မတ်ပဲ၊ ပဲစင်းငုံများ၏ MSP မှာ ၅၀၅၀ ရူပီးနှင့် ၅၅၀၀ ရူပီး ဖြစ်သည်။ ယခုအပတ် သတင်းများအရ အိန္ဒိယအစိုးရသည် နိုင်ငံ၏ ပဲဖူလုံရေးနှင့် ပဲဈေး တည်ငြိမ်ရေးအတွက် နည်းမျိုးစုံနှင့် အရှိန်မြှင့် ဆောင်ရွက်လာပြီး သီးနှံ၊ ပဲ အထွက်နှုန်းကိုလည်း စံချိန်တင်အောင် မျှော်မှန်း ထားကြောင်း တွေ့ရသည်။ သို့တိုင် လက်လီဈေးကွက်တွင် ယခုထိ ဖြစ်ပေါ်နေသော ပဲဈေး မကျသည့် ပြဿနာမှာ အစိုးရ၏ ကိုင်တွယ်မှု အားနည်းချက်ကို ဖော်ပြနေပြီး ပဲအထွက် ခန့်မှန်းချက်များမှာလည်း တကယ်တမ်း နောက်ဆုံးရလဒ် ထွက်ပေါ်လာချိန်မှသာ အတည်ပြုနိုင်မည် ဖြစ်သည်။ အစိုးရအနေဖြင့် ပြည်တွင်းပဲဈေး MSP အောက် ကျမသွားစေရန် ကြားဝင် ထိန်းပေးနေပြီး အရန်ပဲ သိုလှောင်ရေးအတွက်လည်း ပြည်တွင်းနှင့် ပြည်ပမှ ပဲအဝယ်ထွက်မည် ဖြစ်ရာ အိန္ဒိယရှိ ပဲဈေးများမှာ တောင်သူများ စိတ်ပျက်အားလျော့သည်အထိ ဆိုးရွားစွာ ကျဆင်းဖွယ် မရှိဟု ယူဆရသည်။ လာမည့် အောက်တိုဘာတွင် အိန္ဒိယ၌ပဲအသစ်များစွာ ပေါ်လာပြီး ပဲအိတ်စ်ပို့ နိုင်ငံများမှ တင်သွင်းမှုလည်း အရှိန် မြင့်လာမည်ဖြစ်ရာ ပဲဈေး ထိုးမကျသွားစေရန် အိန္ဒိယအစိုးရမှ မည်သို့ ကြားဝင် ဆောင်ရွက်ပေးမည်ကို ဆက်လက် စောင့်ကြည့်ရမည် ဖြစ်သည်။ (စက်တင်ဘာ ၁၂ - စက်တင်ဘာ ၁၆)(မြန်မာပြည်မှ သုံးသပ်သည်)