ဘဏ္ဍာရေးရှင်းတမ်းများအကြောင်း တစေ့တစောင်း
ဘဏ္ဍာရေးရှင်းတမ်းများအကြောင်း တစေ့တစောင်း
ဘဏ္ဍာရေးရှင်းတမ်းများအကြောင်း တစေ့တစောင်း နေ့စဉ် လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများအား စိစစ်ပြီး သက်ဆိုင်ရာကာလအလိုက် စာရင်းရှင်းတမ်းများ ရေးဆွဲ မှတ်တမ်း ပြုစုလေ့ရှိပြီး စာရင်းရေးဆွဲနည်း စံချိန်စံညွှန်းများနှင့် စနစ်တကျ ရေးဆွဲလေ့ရှိသည်။ စာရင်းရေးဆွဲနည်းများမှာ လုပ်ငန်း၏ လိုအပ်ချက်အရ ရေးဆွဲရလေ့ရှိပြီး Financial Accounting, Management Accounting, Cost Accounting, Tax Accounting စသည်ဖြင့် အမျိုးမျိုး ကွဲပြားခြားနားလေ့ရှိကြသည်။ စာရင်းရှင်းတမ်းများမှ အချက်အလက်များအား အသုံးပြုသူများ (Users)၊ စာရင်းရှင်းတမ်း ရေးဆွဲရသည့် ရည်ရွယ်ချက်၊ ရေးဆွဲလေ့ရှိသည့် အချိန်ကာလ (Reporting Period) များ အပေါ်မူတည်ပြီး ဘဏ္ဍာရေးရှင်းတမ်းများမှာ ကွဲပြားခြားနားမှုများ ရှိနိုင်သည်။ ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲရာတွင် စာရင်းစံညွှန်းများဖြစ်သော Generally Accepted Accounting Principle/ International Accounting Standard/ Financial Accounting Standards စသည်တို့မှ ချမှတ်ထားသော စံညွှန်းများကို အခြေခံ ပြီး ရေးဆွဲလေ့ရှိကြသည်။ ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲရာတွင် အောက်ဖော်ပြပါ ရှင်းတမ်းများကို ရေးဆွဲလေ့ရှိကြသည်။ ၁။ Income Statement (အရှုံးအမြတ်စာရင်း) ၂။ Statement of Financial Position (ဘဏ္ဍာရေးအခြေအနေပြရှင်းတမ်း) ၃။ Statement of Cash Flows ( ငွေသားလှည့်လည်စီးဆင်းမှုရှင်းတမ်း ) ၄။ Statement of Changes in Equity ( လုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှု ရှင်းတမ်း ) I. Income Statement (အရှုံးအမြတ်စာရင်း) လုပ်ငန်း၏ အရှုံးအမြတ်ရှင်းတမ်းသည် လုပ်ငန်း၏ သဘာဝအလိုက် ကုန်စည်ရောင်းဝယ်ရေး လုပ်ငန်း (Trading)၊ ကုန်ထုတ်လုပ်ရေးလုပ်ငန်း (Manufacturing) နှင့် ၀န်ဆောင်မှုလုပ်ငန်း (Services) အမျိုးအစားပေါ် မူတည်ပြီး ရေးဆွဲသည့်ကဏ္ဍများမှာ အနည်းငယ် ကွဲပြားမှုရှိသော်လည်း အခြေခံဖော်ပြ လေ့ရှိသော အကြောင်းအရာများမှာ တူညီမှုရှိသည်ကို လေ့လာတွေ့ရှိနိုင်ပါသည်။ လုပ်ငန်း၏ အရှုံးအမြတ်စာရင်းကို ရေးဆွဲရာတွင် - Sales Revenue (ရောင်းရငွေ) - Cost of Goods Sold/ Cost of Sales/ Cost of Revenue (ရောင်းရကုန်စည်တန်ဖိုး၊ တိုက်ရိုက်ကုန်ကျစရိတ်) - Gross Profit (အကြမ်းအမြတ်) - Operating Expense ( လုပ်ငန်းလည်ပတ်စရိတ်) - Operating Profit/ Operating Income/ Profit before Interest & Tax / Earning before Interest & Tax ( လုပ်ငန်း လည်ပတ်ခြင်းမှ ရရှိလာသော အမြတ်၊ အဆိုပါ အမြတ်တွင် အတိုး၊ အခွန် နှင့် အမြတ်ဝေစု ) စသည်များ နှုတ်ပယ်ခြင်း မပြုမီ - Profit after interest/ Profit before Interest ( အတိုးပေးဆောင်ပြီးသော လုပ်ငန်းအမြတ်) - Profit after tax/ Net Profit (အသားတင်အမြတ်၊ အခွန်ပေးဆောင်ထားပြီးသော လုပ်ငန်းအမြတ်) II. Statement of Financial Position (လုပ်ငန်း၏ ဘဏ္ဍာရေး အခြေအနေပြ ရှင်းတမ်း) လုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေပြ ရှင်းတမ်း (Statement of Financial Position) သည် လုပ်ငန်း၏ ကာလတို၊ ကာလရှည် ပိုင်ဆိုင်မှုတန်ဖိုး၊ ပေးရန်တာဝန် ပမာဏ၊ လုပ်ငန်းထဲတွင် လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု တန်ဖိုးများ၊ လုပ်ငန်း၏ စုစုပေါင်း အမြတ် စသည်ဖြင့် လုပ်ငန်းတစ်ခုလုံး၏ ဘဏ္ဍာရေး အခြေအနေပြ ရှင်းတမ်းတစ်ခုအနေဖြင့် ဖော်ပြထားခြင်းဖြစ်သည်။ အဆိုပါရှင်းတမ်းတွင် ကဏ္ဍ (၃) ခုပေါ်တွင် မူတည်ပြီး ရေးဆွဲထားခြင်းဖြစ်သည်။ ၎င်းတို့မှာ - (က) Assets (လုပ်ငန်း၏ ပိုင်ဆိုင်မှုများ) (ခ) Liabilities (လုပ်ငန်း၏ ပေးရန်တာဝန်များ) (ဂ) Equity (လုပ်ငန်းထဲတွင် ထည့်ဝင်ထားသော လုပ်ငန်းရှင်/ရှယ်ယာရှင်များ၏ ပိုင်ဆိုင်မှု တန်ဖိုးများ) အဆိုပါ ကဏ္ဍ (၃) ခု အား အသေးစိတ် ပြန်လည် ချိတ်ဆက်ပါက အောက်ပါအတိုင်း ခွဲခြားသိရှိနို်င် သည်။ ၁။ Assets - ( Non- current assets ) (ပုံသေ ပိုင်ဆိုင်မှုများ၊ ကာလရှည် ရရန် ပိုင်ဆိုင်မှုများ) - လုပ်ငန်း လည်ပတ်ဆောင်ရွက်ရန်အတွက် လိုအပ်သော အဆောက် အဦ (Building) ၊ စက်ရုံ (Factory) ၊ လုပ်ငန်းခွင်သုံး စက်ပစ္စည်း ယန္တရားများ (Machinery) ၊ ရုံးသုံး ပစ္စည်းများ (Office Equipment) ၊ မော်တော်ယာဉ်များ (Motor Vehicles)၊ ရုံးသုံး ပရိဘောဂပစ္စည်းများ (Furniture & Fixtures) စသည်ဖြင့် သက်တမ်းအားဖြင့် (၁) နှစ်ထက် ကျော်လွန်ပြီး လုပ်ငန်းထဲတွင် အသုံးပြုသည့် ပစ္စည်းများအား Non-Current Assets ကဏ္ဍထဲတွင် ဖော်ပြလေ့ ရှိသည်။ Current Assets (ကာလတို ပိုင်ဆိုင်မှုများ၊ ရရန်ပိုင်ဆိုင်ခွင့်များ) - လုပ်ငန်းလည်ပတ်ဆောင်ရွက်ရာတွင် ပိုင်ဆိုင်မှုကာလအားဖြင့် (၁) နှစ် အတွင်းရှိသော ပိုင်ဆိုင်များအား Current Asset ကဏ္ဍတွင် ဖော်ပြလေ့ ရှိသည်။ ၎င်းတို့မှာ - (၁) Inventory (လုပ်ငန်းမှ ရောင်းချကုန်စည် ကုန်လက်ကျန်များ၊ ကုန်ကြမ်း လက်ကျန်များ၊ လုပ်ဆဲ ကုန်လက်ကျန်များ) (၂) (Account Receivables/ Debtors) အကြွေးရောင်းချခြင်းကြောင့် ဖြစ်ပေါ် လာသော ရရန်ရှိများ (၃) Prepaid Expenses (လုပ်ငန်းမှ ကြိုတင်ပေးထားသော အသုံးစရိတ်များ၊ ဥပမာ ရုံးခန်း ငှားခ၊ အာမခံကြေးများ၊ အခြား ရုံးသုံး၊ လုပ်ငန်းသုံး ပစ္စည်းများ ငှားရမ်းခြင်းကြောင့် ကြိုတင်ပေးထားရသော အသုံးစရိတ်များ) (၄) (Cash in hand) ငွေသားလက်ကျန်များ (၅) (Cash at bank) ဘဏ်လက်ကျန်ငွေများ ၂။ Liabilities - Non-Current Liabilities ကာလရှည် ပေးရန်တာဝန်များ - လုပ်ငန်းမှ ယူထားသော အပေါင်ပစ္စည်း တစုံတရာဖြင့် သော်လည်း ကောင်း၊ အပေါင်ပစ္စည်းမပါရှိဘဲ ယူဆောင်ထားသော ကာလရှည် ချေးငွေအမျိုးမျိုးနှင့် ငွေချေးလက်မှတ်များ၊ ငွေချေး စာချုပ်များ ပမာဏ များအား Non-Current Liabilities ကဏ္ဍတွင် ဖော်ပြလေ့ရှိသည်။ Current Liabilities ကာလတို ပေးရန်တာဝန်များ - လုပ်ငန်းလည်ပတ်ဆောင်ရွက်စဉ် လုပ်ငန်းမှ ကာလတို ပေးရန် တာဝန် များအား Current Liabilities ကဏ္ဍတွင် ဖော်ပြလေ့ရှိသည်။ ၎င်းတို့မှာ (က)(Account Payable/ Creditors) ကုန်ဝယ်ပေးရန်တာဝန်များ (ခ)(Accrued Expenses for rent, utility etc) ပေးရန်ကျန် အသုံးစရိတ်များ ၃။ Equity Shareholders’ Capital ရှယ်ယာရှင်များ၏ ရင်းနှီးထည့်ဝင်ငွေများ - လုပ်ငန်းလည်ပတ်လုပ်ဆောင်ရန်အတွက် ရှယ်ယာရှင်များမှ ထည့်ဝင် ရင်းနှီးမြှုပ်နှံထားသော ထည့်ဝင်ငွေများကို Shareholders’ Capital ဟု သတ်မှတ်နိုင်သည်။ Retained Earning & Reserves လုပ်ငန်းတွင်း ထိန်းသိမ်းထားရှိသော အမြတ်ငွေများနှင့် ရံပုံငွေများ - လုပ်ငန်းလည်ပတ်ခြင်းမှ ရရှိလာသော အမြတ်များမှ ပေးရန်တာဝန် ရှိသော အမြတ်ဝေစုများ နှုတ်ပယ်ပြီး လုပ်ငန်းတွင် ထိန်းသိမ်းထားရှိ သော စုစုပေါင်းအမြတ်ငွေ နှင့် အမျိုးမျိုးသော ရံပုံငွေများအား Retained Earning & Reserves ဟု ခေါ်ဆိုလေ့ရှိသည်။ III. Statement of Cash Flows (ငွေသားလှည့်လည်စီးဆင်းမှုစာရင်း) လုပ်ငန်းတွင်းလှည့်လည် စီးဆင်းနေသောငွေသားများ၏ အနေအထားများကို သုံးသပ်လေ့လာနိုင် ရန်အတွက် Statement of Cash Flows (ငွေသားလှည့်လည် စီးဆင်းမှုစာရင်း) ကို ရေးဆွဲဖော်ပြလေ့ရှိ သည်။ ငွေသားလှည့်လည်စီးဆင်းမှု စာရင်းတွင် အခြေခံကဏ္ဍအားဖြင့် ၁။ Operating Cash Flow (လုပ်ငန်းလည်ပတ်ခြင်းမှ ဖြစ်ပေါ်လာသော ငွေသားလှည့်လည်စီးဆင်းမှု) ၂။ Investing Cash Flow (လုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှုမှ ဖြစ်ပေါ်လာသော ငွေသားလှည့်လည် စီးဆင်းမှု) ၃။ Financing Cash Flow (လုပ်ငန်း၏ ဘဏ္ဍာငွေ ရှာဖွေခြင်းမှ ဖြစ်ပေါ်လာသော ငွေသားလှည့်လည် စီးဆင်းမှု) လုပ်ငန်း၏ ကဏ္ဍအသီးသီးအလိုက် ငွေသားလှည့်လည် စီးဆင်းမှုများအား ငွေသားလည်ပတ် စီးဆင်းမှု စာရင်းတွင် သက်ဆိုင်ရာ ကဏ္ဍအလိုက် စစ်ဆေးသိရှိနိုင်ပြီး လုပ်ငန်းတွင်း စီးဆင်းနေသော ငွေသားအနေအထားကို ကောင်းစွာ ထိန်းချုပ်နိုင်ခြင်းဖြင့် လုပ်ငန်းတွင်း ကာလတို၊ ကာလရှည် ပေးချေနိုင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများကို စနစ်တကျ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ IV. Statement of Changes in Equity ( လုပ်ငန်းရှင်များ၏ ပိုင်ဆိုင်မှု ရှင်းတမ်း ) ဖော်ပြပါ ရှင်းတမ်းတွင် လုပ်ငန်း၏ ရင်းနှီးထည့်ငွေများ မည်သို့၊ မည်ပုံ ပြောင်းလဲမှုရှိသည်ကို ဖော်ပြလေ့ရှိသည်။ ရင်းနှီးထည့်ဝင်ငွေကဏ္ဍနှင့် စပ်လျှဉ်းပြီး လုပ်ငန်းမှ အမြတ်ဝေစု ခွဲဝေပေးမှုများ၊ ထပ်မံထည့်ဝင်ထားသော ရင်းနှီးငွေ ဖော်ပြချက်များ၊ လုပ်ငန်း၏ အရှုံး၊ အမြတ် ဆက်စပ်မှုကြောင့် ထည့်ဝင်မှုတန်ဖိုး ပြောင်းလဲသွားခြင်းများ စသည်ဖြင့် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ ထည့်ဝင်ရင်းနှီးမှုတန်ဖိုး မည်သို့ ပြောင်းလဲမှု ရှိသည်ကို ရှင်းလင်းစွာ သိရှိနို်င်စေရန် ရေးဆွဲထားခြင်းဖြစ်သည်။ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု သဘောတရာများအလိုက် ဘဏ္ဍာရေးရှင်းတမ်းများတွင် ရေးဆွဲမှုများမှာ စာရင်း ခေါင်စဉ် များ ကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ လုပ်ငန်း၏ ရှင်းတမ်းများ ရေးဆွဲရာတွင် လချုပ်၊ ၃ လ တစ်ကြိမ်၊ နှစ်ချုပ်ရှင်းတမ်းများဟူ၍ ရေးဆွဲသည့်ကာလများသည်လည်း ကွဲပြားခြားနားနိုင်ပါသည်။ ရှင်းတမ်းများရေးဆွဲပြီး ရှင်းတမ်းများမှ “အဖြေပေးနေသော” လုပ်ငန်း၏ အနေအထားကို သက်ဆိုင်ရာ လုပ်ငန်းရှင်များနှင့် စီမံခန့်ခွဲသူများအား တင်ပြရမည်ဖြစ်သည်။ စာရင်းကိုင် တစ်ဦးအတွက် ရှင်းတမ်းများတင်ပြချိန်တွင် “ လုပ်ငန်းက အမြတ်တွေ ရှိနေပြီး ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ” ဟူသည့် လုပ်ငန်းရှင်၏ မေးခွန်း တစ်ခုတည်းဖြင့် စာရင်းရေးဆွဲချိန်ထက် ပိုမိုသည့် ခေါင်းကိုက်မှုကိုလည်း ကြိုတင်ထည့်သွင်းစဉ်းစားသင့်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါသည်။
လုပ်ငန်းတိုးတက်အောင်မြင်လာဖို့ လုပ်ငန်းရှင်တွေ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ရမည့် မေးခွန်း (၁၀)ခု"
လုပ်ငန်းတိုးတက်အောင်မြင်လာဖို့ လုပ်ငန်းရှင်တွေ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ရမည့် မေးခွန်း (၁၀)ခု"
လုပ်ငန်းတိုးတက်အောင်မြင်လာဖို့ လုပ်ငန်းရှင်တွေ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ရမည့် မေးခွန်း (၁၀)ခု" ⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️ ၁၀၀% စိတ်ပါလက်ပါ ကြိုးကြိုးစားစားနှင့် အလုပ်လုပ်မည့်ဝန်ထမ်းတွေရှိနေခြင်းက မိမိလုပ်ငန်းအောင်မြင်ဖို့တွေထဲက အချက်တစ်ခုပါ။ လုပ်ငန်းရှင်တွေဒီနေ့အကြီးမားဆုံးရင်ဆိုင်နေကျရတဲ့ပြသနာတစ်ခုဟာ အရည်အချင်းရှိဝန်ထမ်းရှားပါးခြင်းပါ။ ၀န်ထမ်းအများစုက မိမိဝါသနာပါရာမှာ တိုးတက်အောင်မြင်အောင် လုပ်ဖို့ထက် လက်ရှိအလုပ်အကိုင်တစ်ခုရရေးနဲ့  စားဝတ်နေရေးပြေလည်မှုကိုအဓိကထားလုပ်ကိုင် ကြပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်သူ(၀ါ)လုပ်ငန်းရှင်(၀ါ)မန်နေဂျာတွေရဲ့  အခန်းကဏ္ဍက အရေးပါလာပါတယ် အလုပ်တစ်ခုရရင်ပြီးရောဆိုပြီး လုပ်နေတဲ့ဝန်ထမ်းတွေကို ဒီအလုပ်ကိုချစ်တတ်လာအောင် မိမိဘ၀ရဲ့  တက်လမ်းတစ်ခုလို အလုပ်ပေါ်မှာမြင်တက်လာအောင် စီမံခန့်ခွဲလမ်းညွှန်ပေးရမှာပါ။ ဒီအတွက် အောက်ပါမေးခွန်းလေးတွေကို ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြစေချင်ပါတယ်။ 🍁 ၁။သင့်ဝန်ထမ်းတွေရဲ့ တစ်ဦးခြင်းအရည်အချင်းတွေ တိုးတက်လာစေဖို့သင်ဘယ်လိုအခွင့်အရေးမျိုးတွေလုပ်ပေးပြီးပြီလဲ။ ဒါဟာ နံပါတ်(၁)အရေးကြီးဆုံးကိစ္စတစ်ခုဖြစ်ပါတယ်။ဝန်ထမ်းတစ်ယောက်ဟာ ၄-၅ နှစ်ဆက်တိုက်လုပ်ပေးပြီး အလွန်တော်တဲ့ ၀န်ထမ်းဖြစ်နေရင်တောင်မှအချိိန်တစ်ခုရောက်လို့ သူ့အတွက် တိုးတက်ဖွံ့ဖြိုးနိုင်ဖို့(ရာထူး၊ငွေကြေး၊ပညာ၊ အတွေ့အကြုံသစ်)အခွင့်လမ်းမရှိတော့ဘူးလို့ မြင်လာရင် အလုပ်ပေါ်မှာ စိတ်ပျက်ငြီးငွေ့လာပြီး လုပ်နိုင်စွမ်းအားတွေလျော့ကျ လာတက်ပါတယ်။သူတို့ကို လုပ်ပိုင်ခွင့်ပိုပေးခြင်း၊သူတို့ ရဲ့အဓိကလုပ်ငန်းကျွမ်းကျင်မု နယ်ပယ်ကို ပိုမိုမြင့်တင့်ပေးခြင်း (ဥပမာ အရောင်းကျွမ်းကျင်သူကို တဆင့်ပြီးတဆင့် မြင့်တဲ့သင်တန်းမျိုးတွေတက်စေခြင်း ၊ သူတို့ဟာလုပ်ငန်းရဲ့အရေးကြီးတဲ့အစိတ်အပိုင်းလို့ မြင်တတ်လာအောင် အသိအမှတ်ပြုပေးခြင်း) တွေလုပ်ပေးနိုင်ပါတယ်။သူတို့တွေတိုးတက်လာအောင်လုပ်ပေးနိုင်တာနှင့်အမျှ သင်သူတို့ကိုတကယ်ခေါင်းဆောင်တွေလို မြင်ကြည့်ပေးရပါမယ်။ 🍁 ၂။ဝန်ထမ်းတွေရဲ့အသံ (ခံစားချက်)ကိုသိအောင်လုပ်ထားရဲ့လား ။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဝန်ထမ်းတွေရဲ့ခံစားချက် (အသံ)ကို တစ်လကိုဘယ်နှစ်ကြိမ်လောက် နားထောင်ကြည့်ဖူးပါသလဲ။ နားလည်နိုင်အောင် ကြိုးစားကြည့်ဖူးပါသလား။ ” ငါပြောသလိုလုပ် ၊ ဘာမှပြန်မပြောနဲ့ ၊ မင်းတို့ထက်တော်လို့ သူဌေးလုပ်နေတာ” ဆိုတဲ့အတွေးမျိုးနဲ့ဆိုရင်တော့အန္တရာယ်ရှိပါတယ်။ ၀န်ထမ်းတွေရဲ့အသံကို နားထောင်ပြီး သူတို့တောင်းဆို သမျှလိုက်လျောရပါမယ်လို့မဆိုလိုပါ။ ၀န်ထမ်းတွေအတွင်းမှာလဲ လိုတာထက်ပိုတောင်းမယ့်သူတွေရှိနေနိုင်လို့ပါဘဲ။ ပြောချင်တဲ့အဓိကအချက်က…….၀န်ထမ်းတွေအားလုံးရဲ့အခြေအနေကိုသိအောင်လုပ်ထားမှကိုယ်ကမှန်ကန်တဲ့စီမံခန့်ခွဲမှုတွေ လုပ်နိုင်မှာမို့လို့ပါဘဲ။ တချို့မန်နေဂျာတွေလုပ်လေ့ရှိတာက ပြသနာ (သို့) အကြောင်းအရာတွေကိုစုပြီးရှင်းတတ်ခြင်းနှင့် မဖြစ်မနေအကြောင်းကိစ္စပေါ်လာမှ လုပ်တတ်ခြင်းတွေပါ။ အန္တရယ်များပါတယ် ။ ၀န်ထမ်းတွေရဲ့အသံကို နားထောင်ခြင်းဆိုတာ သူတို့ရဲ့အလေ့အကျင့်/ အပြုအမှုအတွေးအခေါ်မှားနေရင်ပြောင်းလဲပေးဖို့ပါဘဲ။ အတွေးအခေါ်အပြုအမှုမှားနေတာကို အချိန်နှင့်တပြေးညီသိအောင်လုပ်ပြီး ပြုပြင်ပြောင်းလဲပေးရပါမယ်။ 🍁 ၃။ဝန်ထမ်းတွေကိုအသိမှတ်ပြုရဲ့လား ။ ၀န်ထမ်းတွေဟာသူတို့ရဲ့ကြိုးစားမှု၊ အောင်မြင်ပြီးမြောက်မှုတစ်ခုခုရှိတိုင်း အလုပ်ရှင်ရဲ့အသိမှတ်ပြုမှုကိုလိုချင်တတ်ကြပါတယ် နှုတ်ကလေးနဲ့မင်းတော်တယ်ကွာ ဆိုတာမျိုးလောက်တောင်မလုပ်ပေးနိုင်ခဲ့ရင်တော့ သူတို့တွေရဲ့စိတ်ပျက်အားငယ်မှု ဟာ အလွန်မင်းကျဆင်းသွားတော့တာပါဘဲ ။ ဘယ်လောက်လုပ်ပေးလုပ်ပေးမထူးတော့ပါဘူးကွာ ၊ ကိုယ့်မှအသိအမှတ်မပြုတာ တော်ရုံလေးလုပ်ပြီး လစာများတဲ့အလုပ်တွေ့ရင်ရွေ့တာပေါ့ ဆိုတဲ့အတွေးများဝင်ကုန်ကြပါတယ်။အသိမှတ်ပြုတယ်ဆိုရာမှာ ဂုဏ်ပြုလက်မှတ် ၊ ငွေကြေး ၊ ဆုပစ္စည်း ဆိုတာမျိုးအပြင် သုံးစက္ကန့်လောက်ပဲ အချိန်ကုန်တဲ့ `` မင်းလုပ်တာတော်တယ် ချီးကျူးပါတယ်” ဆိုတာလောက်တော့ပြောပေးနိုင်ကြမယ်ထင်ပါ တယ်။ 🍁 ၄။အပေါ်အောက်အုပ်ချုပ်သူ (ကြားခံ) မန်နေဂျာ များနှင့်ဆက်ဆံရေးကောင်းမွန်ကြပါရဲ့လား။ သုတေသနတွေ တွေ့ရှိချက်တွေအရ မန်နေဂျာတွေဟာလုပ်ငန်းရှင်နှင့်ဝန်ထမ်းကြားဆက်သွယ်ပေးနေရသူတွေ ဖြစ်တဲ့အပြင် သူတို့ရဲ့စေ့စပ်ညှိနှိုင်းပေးနိုင်မှု ဟာ ၇၀ %ခန့်  အရေးပါတာတွေ့ရပါတယ် ။ အလယ်အဆင့် (Mid – Level)မန်နေဂျာတွေဟာ ခက်ခဲတဲ့အနေထားတစ်ခုမှာရပ်တည်ကြရပါတယ် ။ ကိုယ် Team မကောင်းရင်အလုပ်ရှင်ရဲ့အဆူပူကိုခံရသလို အောက်က ၀န်ထမ်းတွေက သူတို့ရဲ့အဆင်မပြေမှုတွေအတွက် ပုဏ္ဏတိုင် လုပ်လေ့ရှိကြပါတယ်။ ကိုယ့်အလုပ်ကိုပီးအောင်၊ တာဝန်ကျေအောင်လုပ်ရတဲ့အပြင် ၊ကိုယ့် Team ရဲ့ Motivation အတွက်ပါ ကြိုးစားလုပ်နေရပါတယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်ငယ်သားတစ်ယောက်ချင်းစီကို အချိန်ပေးရပါမယ်။ တစ်ယောက်အကြောင်းတစ်ယောက်နားလည်အောင်လုပ်ရပါလိမ့်မယ်။ ၀န်ထမ်းတွေဟာ သူတို့ရဲ့ဂရုစိုက်တာ၊ တန်ဖိုးထားဆက်ဆံတာလိုချင်ကြပါတယ်။ သူတို.ရဲ.ရင်ဘတ်ထဲက ခံစားချက် ( Emotion ) ကိုနားလည်ပီး တက်ကြွအောင် လုပ်ဆောင်ပေးနိုင်ရပါမယ်။ 🍁 ၅။ဝန်ထမ်းတွေ အလုပ်ခွင်မှာ ပျော်ရွှင်အောင် ဘာတွေလုပ်ပေးထားသလဲ ။ ၀န်ထမ်းတွေအလုပ်လုပ်နေရတာ ပျော်ကြရဲ့ လား။ ဒီမေးခွန်းကနည်းနည်းရှုပ်ပါတယ်။ မိမိအိမ်မှာ ပျော်ရွှင်မှုရနေတဲ့ဝန်ထမ်းဟာ အလုပ်ခွင်ရောက်လာရင် အပျော်တွေကူးစက်လာပီး အလုပ်လုပ်ရတာ ပျော်နေပါသလား။ အပြန်အလှန်အားဖြင့် အလုပ်မှာ ပျော်ရွှင်ခဲ့သူတစ်ယောက်ဟာ အိမ်ပြန်ရောက်ရင်ကော ပျော်နေနိုင်ပါသလား။ စဉ်းစားကြည့်ပါ။ ကိုယ်ရေးကိုယ်တာတွေသိပ်မပါစေတဲ့ ၀န်ထမ်းတွေကို အလုပ်ခွင်မှာကော အလုပ်ခွင်ပြင်ပမှာပါသူတို့ကိုပျော်ရွှင်မှုရအောင် ဘာလုပ်ပေးနိုင်မလဲစဉ်းစားပေးပါ။ ပျော်ရွှင်နေတဲ့ဝန်ထမ်းတစ်ယောက်ဟာ ပုံမှန်အားထက် ၁၂% တိုးပြီးအလုပ်လုပ်ပါတယ်တဲ့။ 🍁 ၆ ။ကျန်းမာရေးအတွက်ရော ဘာတွေ ဂရုစိုက် ထားပေးပါလဲ ။ လုပ်ငန်းခွင် ကျန်းမာရေးဆိုတာ အလွန်ကြီးမားတဲ့ ပြဿနာတစ်ခုပါ။ Gym ဆော့ဖို့ ပိုက်ဆံထုတ်ပေးတာ ၊ခွန်အားဖြစ်စေတဲ့ အစားအစာ၊ ဓာတ်ဆားထုတ် အလကားပေးတာလောက်ကို ပြောနေတာမဟုတ်ပါဘူး။ လူတစ်ယောက်ဟာအရမ်းပင်ပန်းပြီး Work Life Balance ဆိုတဲ့ အလုပ်နဲ့ဘ၀ နေထိုင်မှုမမျှတတော့ဘူးဆိုရင်သူအလုပ်လုပ်နိုင် စွမ်းတွေ ကျဆင်းလာပါပြီ။ လုပ်ငန်းခွင်အားကစားပြိုင်ပွဲအသေးစား(အပြေးပြိုင် တာ ကြက်တောင်ရိုက်ခြင်း ၊ ဘောလုံးကန်ခြင်း) အစရှိတာလေးတွေ လုပ်ပေးရပါမယ်။ ၀န်ထမ်းတွေကိုအလုပ်ဒဏ် မပိပါစေနဲ့ ။ 🍁 ၇ ။သင့်ဝန်ထမ်းဟာသင့်လုပ်ငန်းရဲ့ Ambassdor (သံတမန်ဖြစ်နေရဲ့လား) လက်တွေ့ အလွယ်ကူဆုံး စမ်းစစ်နိုင်တဲ့အချက်က သင့်ဝန်ထမ်းဟာ သူ့မိတ်ဆွေတစ်ဦးဦးကို သူနှင့်အတူအလုပ်လာဖို့ဖိတ်ခေါ်ချင်စိတ်ရှိရဲ့လားဆိုတာပါ။ ဒီအလုပ်ကပျော်စရာကောင်းတယ်၊ တိုးတက်နိုင်တယ်လို့ ကိုယ်ဝန်ထမ်းက ပြောလာ တာဟာ တန်ဖိုးအရှိဆုံးတိုင်းတာနည်း တစ်ခုပါဘဲ။ လက်ရှိလုပ်ကိုင်နေတဲ့ဝန်ထမ်းကမှ သူ့မိတ်ဆွေကိုအလုပ်လာလျှောက်ဖို့ဖိတ်ခေါ်ချင်စိတ်မရှိဘူးဆိုရင်တော့သင့်လုပ်ငန်းက ၀န်ထမ်းတွေရဲ့  စိတ်ကျေနပ်ပျော်ရွှင်မှု အခြေအနေကိုသိနိုင်ပါပြီ။ 🍁 ၈။လုပ်ငန်းခွင်စိတ်ကျေနပ်မှုရှိရဲ့လား။ ပျော်ရွှင်မှုနဲ့မတူပါ။ လုပ်ငန်းခွင်မှာသက်တောင့်သက်သာ အလုပ်လုပ်နေမှကုန်ထုတ်စွမ်းအားတိုးပါ့မယ် ။ အလွန်ပူအိုက်တဲ့ အခန်းမျိုးထဲမှာ ဘယ်သူမှခေါင်းအေးအေးနဲ့မလုပ်နိုင်ကြပါဘူး ။ အလုပ်ခွင်ဧရိယာအကုန်လုံးကို အချိန်နှင့်အမျှ နေထိုင်လုပ်ကိုင်လို့ ကောင်းအောင် လိုအပ်တာတွေကို ပြုပြင်ညှိနှိုင်းပေးဖို့ လိုပါတယ်။ 🍁 ၉ ။လုပ်ငန်းခွင်နဲ့  ကိုက်ညီတဲ့ ၀န်ထမ်းမျိုးတွေကိုခန့်ထားရဲ့လား။ Culture Fit လို့ဆိုတဲ့ မိမိလုပ်ငန်းရဲ့ပုံစံ ၊ ဓလေ့ နဲ့ကိုက်ညီတဲ့ဝန်ထမ်းမျိုးတွေ ခန့်ထာနိုင်မှ ၊ ထုတ်လုပ်နိုင်စွမ်းအားမြင့် တက်လာသလို ၊ ၀န်ထမ်းကလည်း အလုပ်ခွင်ပျော်ရွှင်စိတ်ကျေနပ် မှုရနိုင်ပါတယ်။ ဥပမာ- ၀န်ဆောင်မှုပေးရတဲ့ ဟိုတယ်/ စားသောက်ဆိုင် လုပ်ငန်းတွေမှာ စကားပြောဆိုချိုသာတဲ့ ယဉ်ကျေးပျူငှာစိတ်ရှည်တဲ့ ၀န်ထမ်းမျိုးနဲ့မှကိုက်ညီပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်က မိမိလုပ်ငန်း က အဓိကတန်ဖိုး (ဓလေ့ထုံးစံကို)စွဲစွဲမြဲမြဲ ကိုင်စွဲထားရပါမယ်။ကိုယ်နဲ့အတူရင်ဘတ်ချင်းအတူတူ လုပ်မဲ့ ၀န်ထမ်းမျိုးကိုသာရှာခန့်ပါ။ 🍁 ၁၀ ။လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းအချင်းချင်းနဲ့ ဆက်ဆံရေးတွေကောကောင်းမွန်ပါရဲ့လား။ သင့်ဝန်ထမ်းကိုမေးကြည့်ပါ။ "အလုပ်ခွင်အတွင်းမှာသူ့အတွက်အကောင်းဆုံးသူငယ်ချင်း တစ်ယောက်ရထားပြီးပြီလားလို့ " ကိုယ်နဲ့တိုင်ပင်ဖော်တိုင်ပင်ဖက် လုပ်ငန်းခွင်မိတ်ဆွေ ဆိုတာလိုအပ်ပါတယ်။ အဆင်မပြေမှု တွေကို ရင်ဖွင့်နိုင်ရင် ဖိအားတွေလျော့သွားစေမှာပါ။ အဖွဲ့လိုက်ခရီးသွားခြင်း ၊ Team Buildy Game ဆော့ပေးခြင်း တွေနဲ့ တိုးတက်လာစေနိုင်ပါတယ်။ အဓိက ကတော့ အချင်းချင်းပြောဆိုဆက်ဆံမှု တိုးလာစေဖို့ အလုပ်ချိန်ပြင်ပ အတူသွားအတူစား အတူသောက်ကြ ပျော်ပါးကြ စေခြင်းဟာသူတို့ရဲ့ဆက်ဆံရေး တွေပိုမိုကောင်းမွန်လာစေတာပါဘဲ။ Reference: Office Vibes ချစ်ခင်စွာဖြင့် ကောင်းငြိမ်းစိုး- Kudos
နောင်ရိုးတိုက်ပွဲ
နောင်ရိုးတိုက်ပွဲ
နောင်ရိုးတိုက်ပွဲ 1.3.13 No comments မြန်မာသမိုင်းတွင် နောင်ရိုးတိုက်ပွဲသည် သမိုင်းဝင်တိုက်ပွဲတပွဲ ဖြစ်သည်။ ထိုတိုက်ပွဲနှင့်အတူ ဒုတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့သည့် ဘုရင့်နောင်ကျော်ထင်နော်ရထာ၏ ဂုဏ်သတင်းမှာလည်း အထူးထင်ရှားလာခဲ့သည်။ ဘုရင့်နောင်ကို မင်းကြီးဆွေနှင့် ပင်းယတစီးရှင်အနွယ်တော်၊ တောင်ငူ ကြွယ်စစ်မင်း၏ သမီးတော်အကြီးတို့က သက္ကရာဇ် ၈၇၇-ခုနှစ် (ခရစ်နှစ် ၁၅၁၅-ခုနှစ်)တွင် မွေးဖွားသည်။ ငယ်မည်မှာ ရှင်ရဲထွတ်ဖြစ်သည်။ သက္ကရာဇ် ၈၉၂-ခုနှစ် (ခရစ်နှစ်-၁၅၃၀) တွင် မင်းတရားရွှေထီး နန်းတက်သောအခါ ရှုင်ရဲထွတ်၏ ခမည်းတော်မင်းကြီးဆွေအား မင်းရဲသိင်္ခသူဘွဲ့ အပ်နှင်းသည်။ ရှင်ရဲထွတ်သည် ဘုရင်တပင်ရွှေထီးအထံတော်၌ ကျော်ထင်နော်ရထာအမည်နှင့် အမှုတော်ထမ်းရွက်ရ လေသည်။ ခရစ်နှစ် ၁၅၃၂-ခုနှဏ်တွင် ဟံသာဝတီနေပြည်တော်၊ ရွှေမော်ဓော ဘုရားရင်ပြင်၌ သူရဲကောင်း ၅၀၀-ရွေးချယ်ခြင်းကို ကျော်ထင်နော်ရထာ စီစဉ်ခဲ့သည်။ ထိုအချိန်သည် တောင်ငူနှင့် ဟံသာဝတီ အားပြိုင်သည့်အချိန်ကာလလည်း ဖြစ်သည်။ တောင်ငူတွင် မင်းတရားရွှေထီး နန်းစံပြီး ဟံသာဝတီတွင် သုရှင်တကာရွတ်ပိ နန်းစံလျက်ရှိသည်။ ခရစ်နှစ် ၁၅၃၇-ခုနှစ်တွင် တပင်ရွှေထီးသည် ဟံသာဝတီကို စစ်သည်အလုံးအရင်းနှင့် ချီတက်တိုက်ရာတွင် မင်းတရားရွှေထီး အနိုင်ရသဖြင့် သူရှင်တကာရွတ်ပိသည် ပြည်မြို့သို့ တိမ်းရှောင်၍ ပြည်ဘုရင် နရပတိနှင့် ပူးပေါင်းခုခံသည်။ သို့ဖြစ်၍ မင်းတရားရွှေထီးသည် ပြည်သို့ ချီတက်ရန် စီစဉ်ခဲ့သည်။ တောင်ငူတပ်ကို ကျော်ထင်နော်ရထာက ဦးဆောင်ချီတက်ရသည်။ မြန်မာရာဇ၀င်များဖြစ်သည့် မှန်နန်းရာဇ၀င်ကြီး၊ တွင်းသင်းတို့တွင် နောင်ရိုးတိုက်ပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်ဖော်ပြထားသည်။ နောင်ရိုးတိုက်ပွဲနှင့် ကျော်ထင်နော်ရထာ ကျော်ထင်နော်ရထာသည် ဟံသာဝတီ၌ သိုဝှက်ထားသော တိုက်လှေများကို ဆုလာဘ်ပေး၍ ယူစေပြီးသော် လှေတပ် ၇-တပ်ဖွဲ့ကာ ရေကြောင်းမှ မင်းတရားကြီးအား ချီတော်မူစေသည်။ ရေတပ်၊ ကြည်းတပ် ကိုယ်မကွာ ချီရမည်ဆို၍ သတိုးဓမ္မရာဇာ အစရှိသူတို့ကို တပ် ၄-တပ်တွင် ဦးစီးစေလျက် လှေတပ်များနှင့် ထက်ကြပ်မကွာ ချီတက်စေလေသည်။ ကျော်ထင်နော်ရထာကိုယ်တိုင်လည်း တိုက်ဆင်-၅၀၊ မြင်း-၅၀၀၊ စစ်သည်သူရဲ-၁၀၀၀၀၊ ဆင်စီးအမတ် ၅-ကျိပ်နှင့် ကုန်းကြောင်းမှပင် ချီတက်လိုက်ပါလာရာ နောင်ရိုးသို့ရောက်၏။ ချောင်းတခု တားဆီးနေသဖြင့် ထိုချောင်းတဖက်၌ ရပ်နားနေရသည်။ ကျော်ထင်နော်ရထာသည် မင်းမှုထမ်းတဦးအား အမြင့်ဆုံးသစ်ပင်ထိပ်သို့ တက်စေ၍ ကြည့်ရှုစေရာ ရန်သူတပ်သည် မိမိတို့တပ်ထက် မှန်းခြေအားဖြင့် ဆယ်ဆမက ကြီးမားလှသည်ဟု လျှောက်တင်ခဲ့သည်။ နောင်ရိုးတဖက်ကမ်းတွင် ပြည်ဘုရင်ထံသို့ ရေကြောင်းဖြင့်ဆုတ်ခွါ ထွက်ပြေးသော သုရှင်တကာ ရွတ်ပိ၏အမတ် ဗညားဒလနှင့် မင်းရဲအောင်နိုင် အစရှိသူတို့သည် တိုက်ဆင် ၂၀၀၊ မြင်း ၈၀၀ နှင့် စစ်သည်သူရဲ ၈၀၀၀-တို့ကို တပ်ကြီး ၅-တပ်ဖွဲ့၍ တပ်ချရပ်နား နေကြသည်။ စစ်တို့၏သဘော ကျော်ထင်နော်ရထာအနေဖြင့် ရန်သူ၏အင်အားမှာ မိမိတို့အင်အားထက် ၁၀-ဆသာလွန်သော်လည်း တုန်လှုပ်ခြင်းမရှိဘဲ ဆက်လက်တိုက်ပွဲဝင်ရန်သာ ပြင်ဆင်ခဲ့သည်။ စစ်တို့၏သဘောသည် နည်းသည်များသည် မဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ဆင်ရာ၌ နည်းပရိယာယ်သာ လိုရင်းဖြစ်သည်-ဟူသော ကျော်ထင်နော်ရထာ ပြောကြားခဲ့သော စကားသည် သမိုင်းတွင်သည့် စကားဖြစ်လာခဲ့သည်။ ကျော်ထင်နော်ရထာသည် မိမိတပ်များကို ဖောင်များဖွဲ့စေပြီးလျှင် တဖက်ကမ်းသို့ ချောင်းကိုဖြတ်၍ ဖောင်နှင့်ကူးစေသည်။ တဖက်သို့ရောက်လျှင် မိမိတပ်သားများ နောက်မတွန့်စေဘဲ တိုက်ခိုက်နိုင်စေရန် ဖောင်များကို ဖျက်စေသည်။ ထို့နောက် ငါတို့အောင်မြင်လျှင် အသက်ရှင်မည်၊ မအောင်မြင်ခဲ့လျှင်လည်း ငါတို့သေရမည်။ သေလေပြီးသည်ကိုလည်း ဘယ်သူ့ကို အပြစ်တော်တင်ရမည်နည်း-ဟု တပ်မှူးစစ်ကဲအပေါင်းအား စိတ်နှစ်ခွမရှိစေရန် ရှင်းလင်းမိန့်တော်မူသည်။ ထို့နောက် စစ်ကြောင်းများခွဲ၍ တိုက်စေသည်။ ကျော်ထင်နော်ရထာ ကိုယ်တိုင် ဆင်စီးအမတ်-၂၀၊ မြင်း-၁၁၀၊ စစ်သူရဲ-၄၀၀၀ နှင့် တိုက်ခိုက်လေသည်။ ကျော်ထင်နော်ရထာ၏ စစ်ဗျူဟာ ကျွမ်းကျင်မှုကြောင့်လည်း နောင်ရိုးတိုက်ပွဲတွင် တောင်ငူတပ်သားတို့ အောင်ပွဲရရှိခဲ့သည်။ နောင်ရိုးတိုက်ပွဲတွင် အောင်ပွဲရသဖြင့် မင်းတရားရွှေထီးသည် ယောက်ဖတော်သူ ကျော်ထင်နော်ရထာအား ဘုရင့်နောင်-ဟူသော ဘွဲ့ကို ချီးမြှင့်ခဲ့သည်။ လက်ဝဲသုန္ဒရအမတ်ကြီး၏ ဗျူဟာစက္ကပျို့တွင်လည်း နောင်ရိုးတိုက်ပွဲနှင့် ဘုရင့်နောင်ဘွဲ့ ရပုံအကြောင်းကို မှတ်တမ်းတင်ခဲ့သည်။ နောင်ရိုးတိုက်ပွဲ တည်နေရာ နောင်ရိုးတိုက်ပွဲသည် သမိုင်းတွင် ထင်ရှားခဲ့သော်လည်း နောင်ရိုး၏တည်နေရာနှင့်ပတ်သက်၍ တိတိကျကျ မရှိလှချေ။ အချို့လည်း နောင်ရိုးသည် ပြည်မြို့အနီးတွင် ရှိသည်ဟု မှန်းဆကြသည်။ ရာဇ၀င်များတွင် တွေ့ရှိရသော တောင်ငူတပ်များ စစ်ချီလမ်းကြောင်းကို လေ့လာကြည့်သောအခါ သုရှင်တကာရွတ်ပိသည် နောင်ရိုးပျက်သောအခါ ပန်းမတီဝ၌ မနေ၀ံ့သဖြင့် အင်္ဂပူအထိ ဆုတ်ခွါသွားသည်ဟု သိရပါသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ်၏ အနော်ရထာဘက်ခြမ်းတွင် ပုသိမ်နှင့် မြောင်းမြ၏အကြား၌ ပန်းမတီမြစ်ဟုရှိသည်။ ရာဇ၀င်များတွင် ပန်းမ၀တီဟု မှားယွင်ဖော်ပြခြင်းဖြစ်မည်ဟု ယူဆရသည်။ ပန်းမ၀တီနှင့် အိမ်မဲချောင်း နှစ်မြွှာမကွဲမီ ချောင်းတရိုးတည်းရှိ၍ မင်းမနိုင်ချောင်းဟု ခေါ်ကြောင်း သိရပါသည်။ ထို့ကြောင့် ဘုရင့်နောင်ကျော်ထင်နော်ရထာတို့ ဖောင်ဖွဲ့၍ ကူးသောနေရာသည် ယခု အိမ်မဲဝန်းကျင်၌ ရှိနိုင်သည်။ နောင်ရိုးအရပ်မှာလည်း ဒါးကမြစ်နှင့် မင်းမနိုင်ချောင်းအကြားတွင် တည်ရှိသော နယ်မြေပင် ဖြစ်နိုင်စရာရှိပါသည်။ အိမ်မဲအနောက်ဘက်ကမ်းတွင်ရှိသည်ဟု ဆိုက ပို၍ သင့်တော်မည်ဖြစ်ပါသည်။ ဒါးကမြစ် တောင်ဘက်ကမ်း၌ရှိသော ဒေါင့်ကြီးအနီးဝန်းကျင်၌ ရှိမည်ဟုလည်း မှန်းဆနိုင်ပါသည်။ မင်းတရား ရွှေထီးသည် နောင်ရိုးတိုက်ပွဲတွင် အောင်ပွဲရသော ကျော်ထင်နော်ရထာအား ၀တ်တော်မူသောလက်စွပ်၊ ပတ္တမြားလက်ကောက်တို့ကို ပေးသနား၍ လှိုင်မြို့ကို စားစေသည်။ အောင်ပွဲရတပ်မတော်သားများကိုလည်း အထိုက်အလျောက် အဆောင်အယောင် စားကျေး၊ စားလတ် ပေးတော်မူ၏။ ထိုနောက်မှ ရေအား၊ ကြည်းအားဖြင့် ပြည်မြို့သို့ ဆက်လက်ချီတက်တော်မူသည်။ မင်းတရားရွှေထီး လုပ်ကြံခံရပြီးနောက် ဘုရင့်နောင်သည် ကောဇာသက္ကရာဇ် ၉၁၅၊ တပို့တွဲလဆန်း ၆-ရက်နေ့ (ခရစ်နှစ် ၁၅၅၃) တွင် နန်းတက်တော်မူသည်။ ဘုရင့်နောင်သည် သက္ကရာဇ် ၉၄၃-ခု၊ တန်ဆောင်မုန်းလပြည့်နေ့ (ခရစ်နှစ် ၁၅၈၁)၊ နန်းသက် ၃၂-နှစ်၊ သက်တော် ၆၆-နှစ်တွင် ကံကုန်သည်။ ကိုးကား ဦးမြင့်စော (သမိုင်းပါမောက္ခ၊ ပုသိမ်တက္ကသိုလ်) (မင်္ဂလာမောင်မယ် ၂၀၁၀-ခု မေလ) Make Money Online : http://ow.ly/KNICZ