ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခု ကိုဘယ်လိုစလုပ်မလဲ

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခု ကိုဘယ်လိုစလုပ်မလဲ

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခု ကိုဘယ်လိုစလုပ်မလဲ ---------------------------------------------------------- ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခုကို စတင်လုပ်ကိုင်ဖို့ တချို့တချို့တွေမှာ စိတ်ကူးလေးတွေရှိကြပါတယ်။ ဒါပေမဲ့ ဘယ်လိုစလုပ်ရမှန်းမသိတာတွေ ဘယ်လိုဈေးကွတ်ရှာရမှန်းမသိတာတွေ ကအဓိကပြသနာဖြစ်နေကြပါတယ်။ စီးပွားရေးလို့ပြောလိုက်ရင် ကုန်စည်နဲ့ ၀န်ဆောင်မှု လုပ်ငန်းရယ်ဆိုပြီး ၂မျိုးပဲရှိပါတယ်။ အသေးစားနဲ့ အလက်စားစီးပွားရေးစတင်လုပ်ကိုင်မဲ့ သူတွေနဲ့ စတင်လုပ်ကိုင်နေတဲ့ သူတွေရဲ့ အဓိကပြသနာကတော့ မိမိရဲ့ ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုကို Costumer (or) Client တွေကို ဘယ်လိုရှိဖွေရမလဲ မသိတာတွေနဲ့ ဈေးကွတ်အတွင်းမှာရှိတဲ့ မိမိတဲ့ရဲ့ ပြိုင်ဖက် ကုန်ပစ္စည်းတွေ (သို့) ၀န်ဆောင်မှုလုပ်ငန်းတွေထပ်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေက အခက်တွေစေမဲ့ အကြောင်းတရားတွေပါပဲ။ နောက်ထက် ပြသနာကတော့ မိမိရဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုလုပ်ငန်းတွေကို ထိရောက်အောင်ဘယ်လိုတွေကြောငြာရမလဲ ဘယ်လိုတွေ အရောင်းမြှင့်တင်ရမလဲဆိုတာတွေကို သေချာနားမလည်တဲ့အခါ ငွေသာကုန်ပြီး မထိရောက်တာတွေလဲ တွေ့နေရပါတယ်။ ဒီတော့ မိမိတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို အောင်မြင်အောင်ဘယ်လိုလုပ်မလဲ ဘယ်လိုစလုပ်မလဲ ဘာတွေလိုအပ်ပါသလဲ။ လူတန်းစားအလွှာ အသီးသီး နားလည်လွယ်အောင် အတက်နိုင်ဆုံးရိုးရိုးရှင်းရှင်းဖော်ပြပေးလိုက်ပါတယ်။ ၁။ မိမိတို့ စတင်လုပ်ကိုင်မဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုလုပ်ငန်း ကိုစတင်ရွေးချယ်ပါ။အဆိုပါ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုလုပ်ငန်းဟာ မိမိတို့ကျွမ်းကျင်ပြီးသား လုပ်ငန်း(သို့) လုပ်ငန်းသလောသဘာဝကို နားလည်ပြီးသားဖြစ်ရပါမည်။ ၂။ မိမိတို့ စတင်လုပ်ကိုင်နိုင်ဖို့အတွက် ဈေးကွတ်အခြေအနေကို နားလည်ဖို့လိုပါတယ်။ ဥပမာ - မိမိတို့ထုတ်ကုန်ဟာဈေးကွတ်တွင်းရှိပြီးသား ဖြစ်ခြင်း မဖြစ်ခြင်း၊ ရှိပြီးသားဖြစ်ပါက လက်ရှိဈေးကွတ်အခြေအနေ၊ Market Leader အခြေနေ၊ လက်ရှိဈေးကွတ်တွင်းရှိသော ကုန်ပစ္စည်းရဲ့ အားနည်းချက် အားသာချက် (ကုန်စည်)အစားထိုးကုန်စည်နဲ့ တွဲ့ဖက်ကုန်စည်တွေရဲ့ အခြေနေတွေစတာတွေကိုသိဖို့လိုပါတယ်။ အထက်တွင် အကျဉ်းချုပ်ဖော်ပြထားတဲ့ ဥပမာတွေကို သိဖို့ #Market_Research ပြုလုပ်ရပါမည်။ ၃။ မိမိတို့ ဖြန့်ချီမဲ့ ကုန်စည်(သို့)၀န်ဆောင်မှုလုပ်ငန်းအတွက် ဖြန့်ချီမဲ့ ဈေးကွတ်တခုကို Target ထားရပါမယ် ပြီးရင်တော့ မိမိတို့ Target ထားတဲ့အထဲက လူတန်းစားအလွာတွေနဲ့ သူတို့ရဲ့ အပြုအမူအလေ့အဓတွေကိုသိရှိနားလည်ဖို့လိုပါတယ်။ တနည်းအားဖြင့် #Organisational_Behaviour ကိုနားလည်ဖို့လိုပါတယ်။ ၄။ ကမိမိတို့ရဲ့ လုပ်ငန်းအတွက် ကြော်ငြာခြင်းတွေ အရောင်းမြှင့်တင်ခြင်းတွေစလုပ်ရပါတော့မယ်။ ကြော်ငြာတယ်ဆိုတာ အလွယ်တကူ အဆင်ပြေသလိုကြောငြာလို့မရပါဘူး။ မိမိတို့ Target ထားတဲ့ လူတန်းစား ဈေးကွတ် စတဲ့ အခြေနေတွေပေါ်မူတည်ပြီး အကန့်အသက်နဲ့ရှိတဲ့ ငွေကြေးပေါ်မှာ ကြောငြာရမှာပါ ဥပမာ - မိမိတို့က အမျိုးသမီးသုံးအလှကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ချီတယ်ဆိုပါတော့ မိမိတို့ရဲ့အလှကုန်ကို ဘောလုံးဂျောနယ်ထဲ သွားကြော်ငြာမယ်ဆိုရင်တော့ မိမိတို့ ကြောငြာက ထိရောက်မှုအားနည်းတဲ့ ကြောငြာဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးဂျာနယ်ကို အမျိုးသား ၉၈%ကသာလျင်ဖက်ကြလို့ပါ။ အထက်ပါဖော်ပြထားတဲ့ဥပမာလိုပဲ မိမိတို့ရဲ့ လုပ်ငန်းအတွက် ကြော်ငြာတဲ့အခါမှာ ငွေကုန်သလော်ထိရောက်မှုရှိဖို့လိုအပ်သလို အရောင်းမြှင့်တင်တဲ့ အပိုင်းမှာလဲ စွဲဆောင်မှုရှိဖို့လိုပါတယ်။ တန်းအားဖြင့် #Advertising_&_Promotion_Strategy ကိုနားလည်ဖို့လိုပါတယ်။ စာလဲရှည်သွားတော့ဒီလောက်နဲ့ပဲ ရပ်နားပရစေ ၀န်ထမ်းတွေခန့်အပ်ထားပြီးလုပ်ရမဲ့ လုပ်ငန်းဆိုရင်တော့ Human Resource Management အပိုင်းတွေ Leadership အပိုင်းတွေပါ နားလည်ဖို့လိုလာသလို့ Finance ပိုင်းတွေလဲ အရေးကြီးလာပါတယ်။ အထက်ဖော်ပြပါ အကြောင်းအရာတွေကို မိမိတို့ အနေနဲ့ လေ့လာခြင်း သင်ယူခြင်း များပြုလုပ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြပါစေ။ သင်တန်းတက်ချင်တယ်ဆိုရင်တော့ Own Business Management သင်တန်းကိုတက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ လေးစားစွာဖြင့်
ပရော်ဖက်ရှင်နယ်ဆိုတာ--

ပရော်ဖက်ရှင်နယ်ဆိုတာ--

ပရော်ဖက်ရှင်နယ်ဆိုတာ-- ================== ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်ဝမှာ သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက် ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။ "ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့ အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့ စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။ ".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော် အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ ကျွန်တော်သိတယ်..............." ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောမိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.." "သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။ ကျွန်တော်ကြောင်သွားတယ်...။ စိတ်ဝင်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊ လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။ သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး" လို့ပြန်ပြောတယ်.။ ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊ အင်္ကျီအ၀တ်အစားတွေ စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေဘူး.။ သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို ရွံကြတယ်ဗျ၊ ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော် တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။" ကျွန်တော် ခေါင်းငြိမ့်ဝန်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော် ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။ " ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ" "ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။ ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်ဝင်နိုင်တယ်..။ ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့ လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော် ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential customers ဆိုတာပေါ့ဗျာ" သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက ၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့ ၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့ အချိန်မလောက်လို့""အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ" ကျွန်တော် မေးလိုက်မိတယ်..။ "အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။ ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊ ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့ မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း ၀င်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး" "အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်.။ "Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ဒေါ်လာ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊ တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ" "အဲလောက်တောင် များများ ရလား" ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊ စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ဒေါ်လာ ၁ကျပ်နှုန်းနဲ့ရတယ်။ ၈နာရီဆိုတော့ဒေါ်လာ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂ နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံးဝမဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင် အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။ အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။" ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။ ပြောတဲ့စကားတွေက ၀ါရင့် Marketing Supervisor လားကျနေတာပဲ..။ "ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်ဝင်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။ "တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။ "ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊ သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။" "ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်းဝယ်ပြီးခါစ ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊ သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော် လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊ ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့ အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်းဝယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက် အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။" ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်ဝင်စားလေ ဖြစ်လာတယ်.။ "သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။ ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့ တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။ ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ" "တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့ အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင် ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။ ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။" "ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ဒေါ်လာ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။ ကံကောင်းရင်တော့ ဒေါ်လာ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ ၁၀ယောက်လောက်ပဲ ၁လကို ဒေါ်လာ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ ၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး အတက်အကျမရှိဘူး။" မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။ "ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။ အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ ၀င်လို့ပျော်တာလို့ ပြောကြတာပေါ့။ ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့ စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။" အပြောကောင်းချက်ဗျာ "တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံးဝမဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့ အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့ ကလေးကို ခေါ်ပြီး ဈေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။ အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။ သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို ကိုယ် ပြန်မြင်နေသလိုပေါ့" "ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။ လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။ "ကျွန်တော်မိန်းမက အိမ်ရှင်မ တာဝန်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။ ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။ ၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး ကျွန်တော့်ထက်သာတဲ့ သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။" "လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ ၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ဒေါ်လာ၅၀၀၀နဲ့ပေါ့..။ အဲချိန်တုန်းက ၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို ၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။ ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့ အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။ ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. " သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကို တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...."
Business Plan တစ်လခုမှာ ဘာတွေပါရမလည်း?

Business Plan တစ်လခုမှာ ဘာတွေပါရမလည်း?

Business Plan တစ်လခုမှာ ဘာတွေပါရမလည်း? 1. Vision 2. Mission 3. Company 4. Customers 5. Channel 6. Competitors 7. Positioning map 8. External Business Environment Analysis 9. Internal Business Analysis 10. Strategy Formulation 11. Organizational Structure 12. Strategic implementation 13. Financial Projections 14. Action Plan 15. Contingency plan Business Plan တစ်ခု ဘယ်လိုရေးမလည်း? ပထမအဆင်. 1. Vision အမြင် ကိုယ်.စီးပွားရေး လုပ်ငန်းဟာ နောက် ငါးနှစ်နေရင် သို. ဆယ်နှစ်နေရင် ရောက်မည်. အမြင်ကို စစဉ်းစားရပါမယ်။ ဥပမာ Microsoft ကို စတင်တည်ထောင်ခါစက Bill Gate ရဲ. Vision ဟာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ ကွန်ပြူတာတိုင်းမှာ Microsoft Windows ရှိရမယ်။ အခုဆိုရင် Microsoft Vision အတိုင်း ဖြစ်လာတာ ကျွန်တော်တို.တွေ မငြင်းနိုင်ပါဘူး။ Vision တစ်ခုရေးတဲ.အခါ ✍️အနာဂတ် ငါးနှစ်နဲ. ဆယ်နှစ်ကြားကို အာရုံထားရမယ်။ ✍️️ကြီးကြီးတွေးပါ။ အောင်မြင်မှုကို အာရုံစိုက်ထားပါ။ ✍️️ပစ္စုပ္ဗန်မှာ ဖြစ်နေသကဲ.သို.ရေးပါ။ လိမ်.မယ်ဆိုတာမျိုးမရေးပါနဲ.။ ဥပမာ အိမ်တိုင်းအိမ်တိုင်းမှာ ကွန်ပြူတာ တစ်လုံးစီရှိရမယ်။ ✍️️ရှင်းရှင်းလင်းလင်းဖြစ်အောင်ရေးပါ။ ✍️️စိတ်ခံစားမှုပါ ဖြစ်နိုင်ရင်ထည်.ရေးပါ။ ✍️️ဦးနှောက်တွင်ပုံဖော်ကြည်.ပါ။ ✍️️ကိုယ်.ဝန်ထမ်းတွေကို ပြောပါ။ ✍️️ကျွန်တော်တို. Vision ကို အကောင်ထည်ဖော်ဖို. လိုအပ်တဲ. resources တွေစုဆောင်းပါ။ Business Plan အတွက်လိုအပ်တဲ. ဒုတိယအဆင်.။ 2. Mission စီးပွားရေးအများစုဟာ ကိုယ်.အတွက်ကိုယ်ကို အရင်ကြည်.ကြပါတယ်။ ဒါပေမယ်. လူအများစုဟာ တစ်ကိုယ်ကောင်းဆန်တဲ. စီးပွားရေးလုပ်ငန်းတွေ၊ တစ်ကိုယ်ကောင်းဆန်တဲ.သူတွေနဲ. မဆက်ဆံချင်ကြပါဘူး။ စီးပွားရေးလုပ်ငန်းရဲ. အဓိက ရည်ရွယ်ချက်က အမြတ်ဆိုတာမှန်ပေမယ်. ဖောက်သည်တွေကို အရင်မစဉ်းစားပေးရင် ရေရှည်အောင်မြင်ဖို.မလွယ်ပါဘူး။ Mission ဆိုတာကတော. သမိုင်းပေးတာဝန်ပါ။ Mission ကတော. ကိုယ်.အတွက်မဟုတ်ဘူး။ သူတပါးအတွက်ပါ။ ဥပမာ တစ်ခုပေးရရင် Google ရဲ. Mission က ကမ္ဘာပေါ်မှာ ရှိတဲ. သတင်းအချက်အလက်တွေစုစည်းပြီး လူတွေကို အခမဲ.ပေးချင်တာပါ။ နောက်ဥပမာ တစ်ခုက Alibaba ကို တည်ထောင်တဲ. Jack Ma ရဲ. Mission ကတော. စီးပွားရေး လုပ်ငန်းငယ်လေးတွေကို ကူညီပေးချင်တာပါ။ စီးပွားရေးလုပ်ငန်းတစ်ခု လုပ်ကိုင်ရတာ မလွယ်ပါဘူး။ တခါတလေ မြတ်မယ်။ တခါတလေ ရှုံးမယ်။ ဒီလောကဓာတ်တွေကို ခံရတဲ.အခါ ငါ.ဖို.ဘဲ ကြည်.တာထက် ကိုယ်ဘာကြောင်.စီးပွားရေး လုပ်နေတယ်ဆိုတဲ. Mission လေးကို သိထားရင် အောင်မြင်ဖို. ပိုကျိန်သေပါတယ်။ Mission တစ်ခုကို ဘာတွေထည်.ရေးရမလည်း? 1. Mission ဆိုတာ Why ပါ။ ကိုယ်ဘာကြောင်.စီးပွားရေးလုပ်လည်းဆိုတဲ. ရည်ရွယ်ချက်။ 2. ကိုယ်.ဖို.မဟုတ်။ ကိုယ်. customer သို. ပတ်ဝန်းကျင်အတွက်ပါ။ 3. Company ရဲ. ရည်မှန်းချက်ပန်းတိုင်နဲ. မဟာဗျူဟာများဟာ Mission ကလာပါတယ်။ Vision Vs Mission -Vision က ကိုယ်သွားချင်တဲ. လမ်းကြောင်းပါ။ ဥပမာ Y.E.C Learning Center သည် မြန်မာနို်င်ငံမှာ သင်ယူမှု နဲ.ပတ်သက်လာရင် တီထွင်ဆန်းသစ်မှု အရှိဆုံး သင်တန်းကြောင်းတစ်ခုဖြစ်ရမည်။ - Mission က သူများအတွက်ပါ။ Transforming LIves Everyday. လူသားတွေရဲ.ဘဝကို တီထွင်ဆန်းသစ်တဲ. သင်ကြားမှုတွေနဲ. နေ.စဉ်ပြောင်းလည်းပေးသွားမှာဖြစ်ပါတယ်
"​ဒီ​လို​လူ​တွေ ​အ​လုပ်​ထုတ်​ခံ​ရ​မယ်"

"​ဒီ​လို​လူ​တွေ ​အ​လုပ်​ထုတ်​ခံ​ရ​မယ်"

"​ဒီ​လို​လူ​တွေ ​အ​လုပ်​ထုတ်​ခံ​ရ​မယ်" ​ထိုက်​တန်​မှု။ ​လူ​တိုင်း​လူ​တိုင်း ​ကိုယ် ​ရောက်​နေ​တဲ့​နေ​ရာ​နဲ့ ​ထိုက်​တန်​မှု​ရှိ​ပါ​ရဲ့ ​လား။ ​ကိုယ်​ယူ​ထား​တဲ့​တာ​ဝန်၊ ​ကိုယ်​ယူ ​ထား​တဲ့​ရာ​ထူး​နဲ့​မ​ထိုက်​တန်​တဲ့​သူ​တ​ချို့ ​လုပ်​ငန်း​ခွင်​တွေ​မှာ​ရှိ​ပါ​လိမ့်​မယ်။ ​အဲ​ဒီ​အ​ခါ ​အဲ​ဒီ​လို​မ​ထိုက်​တန်​တဲ့​သူ​တွေ​ကို ​လုပ်​ငန်း ​ခွင်​ထဲ​မှာ ​ဆက်​ထား​မ​လား၊ ​အ​လုပ်​က ​ထုတ်​ပစ်​လိုက်​မ​လား​ဆို​တာ ​အ​လုပ်​ရှင် ​တွေ​ဘက်​က ​စဉ်း​စား​ရ​မယ့်​အ​ချက်​တစ်​ခု ​ပါ။ ​လူ​တွေ​ရဲ့​အ​မူ​အ​ကျ​င့်​ဆို​တာ​ကူး​စက် ​တတ်​ပါ​တယ်။ ​ကောင်း​တာ​တစ်​ခု​ကို ​အ​တု ​ယူ​ဖို့​အ​ချိန်​ကြာ​ပေ​မဲ့ ​မ​ကောင်း​တာ​တစ်​ခု ​ကို​အ​တု​ယူ​ဖို့​တော့ ​အ​ချိန်​ကြာ​ကြာ​မ​သုံး ​လိုက်​ရ​ပါ​ဘူး။ ​ကူး​စက်​လွယ်​ပါ​တယ်။ ​ဒီ​တော့​အ​လုပ်​ထုတ်​ပစ်​သ​င့်​တဲ့​ဝန် ​ထမ်း​ကို ​လုပ်​ငန်း​ခွင်​ထဲ​မှာ​ထား​တာ​က ​တ​ခြား​ဝန်​ထမ်း​တွေ​အ​တွက်​ပါ​ထိ​ခိုက်​နိုင် ​တယ်​ဆို​တာ ​အ​လုပ်​ရှင်​တွေ​အ​နေ​နဲ့​တွေး ​တော​သ​င့်​ပါ​တယ်။ ​လူ​တိုင်း​လူ​မှန်​နေ​ရာ ​မှန်​ထိုက်​တန်​တဲ့​နေ​ရာ​တစ်​ခု​ရ​သ​င့်​ပါ​တယ်။ ​ကောင်း​တဲ့​သူ​က ​ကောင်း​တဲ့​နေ​ရာ​ရ​သ​င့် ​သ​လို ​မ​ကောင်း​တဲ့​သူ​က ​သူ့​ရဲ့​အ​ပြစ်​ဒဏ် ​တစ်​ခု​ကို​ရ​သ​င့်​ပါ​တယ်။ ​အ​ခု​တစ်​ပတ်​မှာ ​တော့ ​လုပ်​ငန်း​ခွင်​အ​တွင်း​က ​အ​လုပ်​ထုတ် ​သ​င့်​တဲ့ ​ဝန်​ထမ်း​တွေ​ရဲ့​အ​ပြု​အ​မူ​တွေ၊ ​အ​မူ​အ​ကျ​င့်​တွေ​နဲ့​လုပ်​ဆောင်​ပုံ​တွေ​ကို ​ဖော်​ပြ​ပေး​ချင်​ပါ​တယ်။ ​တိုး​တက်​လို​စိတ်​မ​ရှိ​သူ ​တိုး​တက်​လို​စိတ်​မ​ရှိ​တဲ့​ဝန်​ထမ်း​တစ် ​ယောက်​ကို ​ကိုယ့်​လုပ်​ငန်း​ခွင်​အောင်​မြင် ​စေ​ဖို့​အ​တွက် ​အား​ကိုး​မျှော်​လ​င့်​လို့​မ​ရ​ပါ ​ဘူး​ဆို​တာ​အ​လုပ်​ရှင်​တွေ​နား​လည်​ထား ​ကြ​ပါ​တယ်။ ‘​မ​ရှုပ်၊ ​မ​လုပ်၊ ​မ​ပြုတ်’ ​ဝန် ​ထမ်း​ဘ၀​အ​ဖြစ်​ရှင်​သန်​နေ​တာ​ပဲ​ဖြစ်​ပါ ​တယ်။ ​သူ့​မှာ​အ​နာ​ဂတ် ​အ​တွက်​အ​စီ​အ​စဉ် ​မ​ရှိ​သ​လို ​ကိုယ့်​ကိုယ်​ကိုယ်​တိုး​တက်​လို ​စိတ်​လည်း​မ​ရှိ​တော့​ပါ​ဘူး။ ​ဒီ​လို​လူ​မျိုး​ကို ​ဘယ်​အ​လုပ်​ရှင်​က​မှ ​မ​ခန့်​ချင်​ကြ​သ​လို၊ ​ခန့်​ပြီး​တဲ့​အ​ခါ​မှာ​လည်း ​အ​လုပ်​ထုတ်​သ​င့် ​လျှင်​ထုတ်​ဖို့​အ​မြဲ​စဉ်း​စား​နေ​တတ်​ပါ​တယ်။ ​လုပ်​ငန်း​စွမ်း​ဆောင်​ရည်​မ​ရှိ​တာ ​လုပ်​ငန်း​တာ​ဝန်​တွေ​ကို​ပေး​အပ်​ဖို့ ​အ​ရည်​အ​ချင်း​အား​နည်း​တာ၊ ​ယုံ​ကြည်​စိတ် ​ချ​ရ​တဲ့​စွမ်း​ဆောင်​ရည်​ဖြစ်​မ​နေ​တာ​ကြောင့် ​လည်း ​အ​လုပ်​က​ထုတ်​ပယ်​ခံ​ရ​နိုင်​ပါ​တယ်။ ​ပေး​ထား​တဲ့​အ​လုပ်​တာ​ဝန်​တွေ​ကို ​မ​နိုင်​နင်း ​တာ​ကြောင့် ​တ​ခြား​လုပ်​ဖော်​ကိုင်​ဖက်​တွေ ​ရဲ့​အ​ကူ​အ​ညီ​ကို​အ​မြဲ​ယူ​နေ​ရ​တတ်​ပါ​တယ်။ ​ဝန်​ထမ်း​တစ်​ယောက်​က ​လုပ်​သက်​ကြာ​နေ ​လို့​သာ ​လက်​ရှိ​နေ​ရာ​မှာ​ဝန်​ထမ်း​ဖြစ်​နေ ​တယ်။ ​ဒါ​ပေ​မဲ့​ခေတ်​မီ​နည်း​ပ​ညာ​တွေ​ကို ​မ​လိုက်​နိုင်​ဘူး။ ​လုပ်​ငန်း​စွမ်း​ဆောင်​ရည်​ပိုင်း ​မှာ​အား​နည်း​တယ်​ဆို​လျှင် ​အ​လုပ်​ရှင် ​အ​တွက်​တော့ ​လူ​ပို​တစ်​ယောက်​ပါ​ပဲ။ ​စီး​ပွား​ရေး​အ​ကြောင်း​ပြ​ချက်​တစ်​ခု​ခု ​ကြောင့် ​ဝန်​ထမ်း​တွေ​လျှော့​ချ​မယ်​ဆို​လျှင် ​လုပ်​ငန်း​စွမ်း​ဆောင်​ရည်​ပိုင်း​မှာ ​အား​နည်း ​တဲ့​ဝန်​ထမ်း​တွေ​ကို​အ​ဓိ​က​ထား​လျှော့​ချ​လေ့ ​ရှိ​ပါ​တယ်။ ​ကိုယ့်​ရဲ့​လုပ်​ငန်း​စွမ်း​ဆောင်​ရည် ​အား​နည်း​တာ​ကြောင့်​လည်း ​အ​လုပ်​က ​ထုတ်​ပယ်​ခံ​ရ​နိုင်​တယ်​ဆို​တာ​ကို ​သ​တိ​ပြု​ဖို့ ​လို​ပါ​တယ်။ ​အ​မွှေစိန်​ဖြစ်​နေ​တာ ​အ​မွေ​စှိန်​လို့​ပြော​လိုက်​တာ​နဲ့ ​ကွင်း ​ကွင်း​ကွက်​ကွက်​မြင်​ရ​အောင်​လို့​သာ ​ညွ​နှ်း ​လိုက်​ရ​တာ​ပါ။ ​တ​ကယ်​တမ်း​ပြော​ရ​လျှင် ​အ​လုပ်​ခွင်​ထဲ​မှာ ​အ​ရှုပ်​အ​ထွေး​တွေ​ဖြစ် ​အောင် ​တစ်​နည်း​မ​ဟုတ်​တစ်​နည်း​နဲ့ ​ကြိုး ​စား​နေ​သူ​ကို ​ရည်​ရွယ်​တာ​ပါ။ ​လုပ်​ငန်း​ခွင် ​ထဲ​မှာ ​လုပ်​ဖော်​ကိုင်​ဖက်​အ​ချင်း​ချင်း​ဖြစ်​စေ၊ ​အ​ကြီး​အ​ကဲ​ချင်း​ဖြစ်​စေ၊ ​အ​ကြီး​အ​ကဲ​နဲ့ ​ဝန်​ထမ်း​ကို​ဖြစ်​စေ ​ပြ​ဿ​နာ​တွေ​ကို​ဖန်​တီး ​ပေး​ပြီး ​ပွဲ​ကြည့်​ပ​ရိတ်​သတ်​လုပ်​နေ​သူ​မျိုး ​တွေ​ရှိ​တတ်​ပါ​တယ်။ ​အ​တို့​အ​ထောင်​လုပ် ​တတ်​သူ​ပါ။ ​တည်​ငြိမ်​နေ​တဲ့​အ​လုပ်​ခွင်​တစ်​ခု​က ​သူ​ရောက်​သွား​တာ​နဲ့​မ​ငြိမ်​မ​သက်​ဖြစ်​အောင် ​စွမ်း​ဆောင်​နိုင်​သူ​လည်း​ဖြစ်​ပါ​တယ်။ ​ဒီ​လို ​လူ​မျိုး​ကို ​အ​လုပ်​ရှင်​တွေ​က ​လုပ်​ငန်း​ခွင် ​အ​တွက်​အ​န္တ​ရာယ်​လို့​သတ်​မှတ်​လေ့​ရှိ​ပါ ​တယ်။ ​အ​လုပ်​အ​တွက်​တာ​ဝန်​ယူ​တာ​က ​နည်း​နည်း၊ ​လုပ်​ငန်း​ခွင်​အ​တွင်း​မှာ​အ​ချင်း ​ချင်း​မ​ပြေ​မ​လည်​ဖြစ်​အောင်၊ ​တစ်​ဖက်​နဲ့ ​တစ်​ဖက်​အ​ချင်း​ပွား​အောင်​လုပ်​ဆောင်​တတ် ​ကြ​သူ​တွေ​ပါ။ ​ဒီ​လို​လူ​မျိုး​တွေ​ကို​အ​လုပ်​ရှင် ​တွေ​ဟာ ​အ​လုပ်​က​ထုတ်​ပယ်​လေ့​ရှိ​ပါ ​တယ်။ Customer ​တွေ​အ​ပေါ် ​စိတ်​ရှည်​သည်း ​ခံ​မှု​မ​ရှိ​တာ ​ဝန်​ထမ်း​တစ်​ယောက်​က ​ကိုယ့်​ရဲ့ Customer ​အ​ပေါ်​စိတ်​ရှည်​သည်း​ခံ​မှု​မ​ရှိ ​တဲ့​အ​ချက်​က​လည်း ​အ​လုပ်​ရှင်​တွေ​မ ​ကြိုက်​တဲ့​အ​ဓိ​က​အ​ချက်​ဖြစ်​ပါ​တယ်။လုပ်​ငန်း​ခွင်​အ​တွင်း​မှာ Customer ​နဲ့ ​တိုက်​ရိုက်​ဆက်​သွယ်​ပြော​ဆို​နေ​ရ​တဲ့ ​ဝန်​ထမ်း​တွေ​အ​နေ​နဲ့ Customer​တွေ​နဲ့ ​အ​ဆင်​ပြေ​ပြေ​ပြော​ဆို​ဆက်​ဆံ​နိုင်​ခြင်း​မ​ရှိ ​တာ​က​လည်း ​အ​လုပ်​ရှင်​တွေ​ပေး​တဲ့ ​အ​မှတ်​လျော့​နိုင်​ပါ​တယ်။ Customer ​တွေ​အ​ပေါ်​မ​ချေ​မ​ငံ ​ဆက်​ဆံ​ပြော​ဆို​တာ၊ ​အ​ဆင်​ပြေ​အောင် ​ဆက်​သွယ်​ပြော​ဆို​နိုင်​ခြင်း​မ​ရှိ​တာ၊ ​အ​ချင်း ​ဖြစ်​ပွား​တာ​စ​တာ​တွေ​က ​ဝန်​ထမ်း​တစ် ​ယောက်​အ​နေ​နဲ့​တော့ ​မ​လုပ်​သ​င့်​တဲ့​အ ​ချက်​တွေ​ပါ​ပဲ။ ​ဒီ​လို​အ​ပြု​အ​မူ​မျိုး​ကြောင့် ​လည်း ​အ​လုပ်​က ​ထုတ်​ပယ်​ခံ​ရ​နိုင်​ပါ​တယ်။ ​အ​ပြောင်း​အ​လဲ​အ​တွက်​အ​ဆင်​သ​င့် ​မ​ဖြစ်​သူ ​လုပ်​ငန်း​ခွင်​မှာ​အ​ပြောင်း​အ​လဲ​အ ​တွက်​အ​ဆင်​သ​င့်​မ​ဖြစ်​သူ​တွေ​ကို​လည်း ​အ​လုပ်​ရှင်​တွေ​က ​နှစ်​သက်​လေ့​မ​ရှိ​ပါ​ဘူး။ ​အ​ပြောင်း​အ​လဲ​လို့​ပြော​လိုက်​လျှင် ​ဘယ်​လို ​အ​ပြောင်း​အ​လဲ​လို့​မေး​စ​ရာ​ရှိ​ပါ​တယ်။ ​ဝန် ​ထမ်း​တွေ​ရဲ့​စွမ်း​ရည်​တွေ​တိုး​သ​ထက်​တိုး ​တက်​အောင်​လုပ်​တာ​က​လည်း ​အ​ပြောင်း ​အ​လဲ​ပါ။ ​အဲ​ဒီ​စွမ်း​ရည်​တွေ​နဲ့​လုပ်​ငန်း​ခွင်​ထဲ ​မှာ ​လုပ်​ထုံး​လုပ်​နည်း​ပုံ​စံ​ဟောင်း​တွေ​ထဲ​က ​ကွဲ​ထွက်​ပြီး ​စိတ်​ကူး​သစ်၊ ​အ​ကြံ​သစ်​တွေ ​နဲ့​လုပ်​ကိုင်​တာ​က​လည်း​အ​ပြောင်း​အ​လဲ​ပါ။ ​ခေတ်​ကြီး​က ​တစ်​နေ့​တ​ခြား​တိုး​တက် ​ပြောင်း​လဲ​နေ​ပါ​တယ်။ ​အဲ​ဒီ​လို​အ​ချိန်​မှာ ​မ​ပြောင်း​လဲ​တဲ့​သူ​က​နောက်​ကောက်​ကျ ​ကျန်​ရစ်​ခဲ့​မှာ ​အ​သေ​အ​ချာ​ပါ​ပဲ။ ​တစ်​ချိန်​က​ရ​ခဲ့​ဖူး​တဲ့​အောင်​မြင်​မှု​အ ​ရ​သာ​မှာ​ယစ်​မူး​ပြီး​နေ​ခဲ့​လျှင်​တော့ t ​ပြောင်း​အ​လဲ​ကို​ကြိုး​စား​သူ​တွေ​က​ကျော် ​တက်​သွား​မှာ​ဖြစ်​ပါ​တယ်။ ​အ​ကြီး​အ​ကဲ ​ခေါင်း​ဆောင်​ဖြစ်​စေ၊ ​ဝန်​ထမ်း​ဖြစ်​စေ ​အ​ပြောင်း​အ​လဲ​ကို ​မျက်​ခြည်​ပျက်​လို့​မ​ရ​ပါ ​ဘူး။ ​တ​ခြား​သူ​တွေ​ဘာ​တွေ​လုပ်​နေ​တယ်၊ ​ဘာ​တွေ​ပြောင်း​လဲ​သွား​ပြီ​ဆို​တာ​ကို​မ​လေ့ ​လာ​လို့​မ​ရ​ပါ​ဘူး။ ​အ​လုပ်​ရှင်​တွေ​အ​နေ​နဲ့​အ ​ပြောင်း​အ​လဲ​ကို ​လို​လား​တဲ့​ဝန်​ထမ်း​တွေ​ကို ​သာ​သ​ဘော​ကျ ​နှစ်​သက်​တယ်​ဆို​တာ​သ ​တိ​ပြု​ဖို့​လို​ပါ​တယ်။ ​အ​ချုပ်​ဆို​ရ​ရင်​ကိုယ့်​ရဲ့​တာ​ဝန်​ယူ​မှု၊ ​တာ​ဝန်​သိ​မှု​တွေ​က​တစ်​ဆ​င့် ​ဖြစ်​ပေါ်​လာ ​ရ​တဲ့​အ​ခြေ​အ​နေ​တွေ​ကို ​ဝန်​ထမ်း​တိုင်း ​လက်​ခံ​ကြ​ရ​ပါ​တယ်။ ​တာ​ဝန်​ကျေ​တဲ့​ဝန် ​ထမ်း​က ​အ​ကျိုး​ခံ​စား​ခွ​င့်​ရှိ​မယ်၊ ​တာ​ဝန် ​မ​ကျေ​ပွန်​နိုင်​တဲ့​ဝန်​ထမ်း​က ​အဲ​ဒီ​အ​ကျိုး ​ဆက်​ကို​ခံ​စား​ရ​မယ်။ ​ဒီ​သ​ဘော​ပါ​ပဲ။ ​အ​လုပ်​ရှင်​တော်​တော်​များ​များ​က​တော့ ​ကိုယ့်​ရဲ့​ကျွမ်း​ကျင်​ပြီး​သား၊ ​ရင်း​နှီး​ပြီး​သား ​ဝန်​ထမ်း​တစ်​ယောက်​ကို ​အ​လုပ်​က​နေ ​အ​လွယ်​တ​ကူ​ထုတ်​ဖို့​ဆို​တာ​တ​ကယ်​တော့ ​မ​လွယ်​ကူ​တဲ့​ကိ​စ္စ​တစ်​ခု​ပါ။ ​ဒါ​ပေ​မဲ့​လည်း ​အ​ထက်​ပါ​အ​ချက်​တွေ​ထဲ​က​တစ်​ခု​ဖြစ်​စေ၊ ​အား​လုံး​ဖြစ်​စေ​ကိုက်​ညီ​နေ​တဲ့​ဝန်​ထမ်း​ဆို ​ရင်​တော့ ​အ​လုပ်​က​ထုတ်​ပယ်​ဖို့​အ​တွက် ​စဉ်း​စား​ရ​ပါ​တော့​တယ်။ ​ဝန်​ထမ်း​တွေ​အ​နေ ​နဲ့​လည်း ​ကိုယ့်​ဘက်​က​ဘယ်​လို​အ​ချက်​တွေ ​အား​နည်း​တယ်၊ ​ဘယ်​လို​အ​ချက်​တွေ​ပြင် ​ဆင်​သ​င့်​သ​လဲ​ဆို​တာ​ကို​သေ​ချာ​စဉ်း​စား​ပြီး ​ကိုယ့်​ရဲ့​အ​မူ​အ​ကျ​င့်​တွေ၊ ​လုပ်​ဆောင်​ချက် ​တွေ​ကို​ပြင်​ဆင်​ဖို့​နောက်​မ​ကျ​သေး​ပါ​ဘူး။ ​ကိုယ်​က​အ​လုပ်​တစ်​ခု​အ​တွက်​ထိုက်​တန်​တဲ့ ​လူ​တစ်​ယောက်​ဖြစ်​ပါ​စေ။ ​ကျော့​ကေ​ခိုင်