အောင်မြင်မှုဆိုတဲ့အရာက

အောင်မြင်မှုဆိုတဲ့အရာက

အောင်မြင်မှုဆိုတဲ့အရာက စိတ်ရောကိုယ်ပါနှစ်မြုပ်ပြီး မလုပ်ဆောင်ပဲ အလွယ်တကူရောက်ရှိလာမယ့်အရာမျိုး မဟုတ်ပါဘူး။ ဒါပေမယ့် သင်အနေနဲ့ အမူအကျင့်ကောင်းတွေကို ပိုင်ဆိုင်ထားမယ်ဆိုရင်တော့ သင့်ရရှိလာမယ့် အကျိုးရလဒ်တွေနဲ့ အောင်မြင်မှုတွေကို တားဆီးပိတ်ပင်နိုင်မယ့်သူ ဒီကမ္ဘာမှာရှိမှာမဟုတ်ပါဘူး။ ဒ့ါကြောင့် သင့်ရဲ့ဘ၀မှာ စောစောစီးစီးအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့အတွက် နေ့စဉ်လှုပ်ရှားမှုတိုင်းမှာ သတိပြုဆင်ခြင်ရ မယ့် အမူအကျင့်(၂၀)ကို ဖော်ပြလိုက်ပါတယ်။ ၁။ အချိန်စီမံခန့်ခွဲမှုကောင်းပါစေ အချိန်စီမံခန့်ခွဲမှုကို အရင်ဆုံးလေ့လာရမယ့် အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်လေ့လာပါ။့ သင့်ရဲ့ အလုပ်တွေကို ဦးစားပေးသတ်မှတ်ပြီး၊ မှန်ကန်တဲ့အချိန်နဲ့ နေရာမှာ အင်အားကိုစိုက်ထုတ်တတ်ခြင်း အားဖြင့် အလုပ်မှန်သမျှကို နောက်ဆုံးချိန်မတိုင်ခင် အပြီးသတ်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ၂။ အရေးပါတဲ့လူတစ်ယောက်ဖြစ်နေပါစေ သင့်ပတ်ဝန်းကျင်မှာရှိတဲ့သူတွေ တစ်ခုခုလိုအပ်ချိန်မှာ သင်ကအမြဲတမ်းအသင့်ရှိနေတတ်ပြီး အားလုံးက သင်မရှိရင် မဖြစ်ဘူးဆိုတာမျိုး တွေးမိနေပါစေ။ အထူးသဖြင့် သင့်ရဲ့အလုပ်ရှင်က တွေးမိနေဖို့လိုပါတယ်။ ၃။ အရမ်းမကြွားပါနဲ့ သင့်ရဲ့အောင်မြင်မှု၊ စွမ်းဆောင်နိုင်မှုတွေကို အားလုံးသိအောင် ထုတ်ဖော်ကြေညာနေဖို့တော့ အရမ်းစိတ်အား ထက်သန်နေလို့ မဖြစ်ပါဘူး။ အခြားလူတွေမလုပ်နိုင်အောင် ခက်ခဲတဲ့အရေးကိစ္စတစ်ခုခုကို စွမ်းဆောင်နိုင်မှသာ အောင်ပွဲခံသင့်ပါတယ်။ လုပ်စရာရှိတာကို အရင်လုပ်ပြလိုက်ပါ။ ပြီးမှာ အားလုံးသိအောင် ပြောပြပါ။ တကယ်တော့ သင့်ရဲ့ကြိုးစားအားထုတ်မှုနဲ့ ပတ်သက်ပြီး တိတ်တိတ်နေလေလေ၊ ရလဒ်ထွက်ပေါ် လာချိန်မှာ အခြားလူတွေအတွက် ပိုပြီး အံ့အားသင့်ရလေဖြစ်ပါတယ်။ ၄။ အပြောလျှော့ပြီး ပိုနားထောင်ပါ အစည်းအဝေးတိုင်းမှာ စိတ်ဝင်တစားရှိပါ။ အခြားသူတွေရဲ့စိတ်ကူးက သင့်အတွက် အသုံးမ၀င်ဘူးဆိုရင် တောင်မှ သေချာနားထောင်ပါ။ သူတို့ရဲ့စိတ်ကူးတွေက သင့်အတွက် အကြံသစ်တွေဖြစ်လာစေနိုင်ပါတယ်။ ဒါ့အပြင် စကားနည်းနည်းပဲပြောတဲ့အတွက်ကြောင့် အမှားတွေပြောမိနိုင်ချေနည်းသွားမှာဖြစ်ပါတယ်။ ဒီအတွက် သင့်ရဲ့စကားကိုကြားရဖို့အတွက်ကိုလည်း လူတွေက စိတ်ဝင်တစားစောင့်နေကြမှာဖြစ်ပါတယ်။ ၅။ ရည်မှန်းချက်ကြီးကြီးထားပြီး ကိစ္စသေးသေးတွေကို လုပ်ဆောင်ပါ ဟုတ်ပါတယ်။ သင့်ရဲ့ရည်မှန်းချက်အိပ်မက်ကို ဖြစ်နိုင်သမျှ အဆုံးစွန်အထိ တွေးထားဖို့လိုပါတယ်။ ဒါပေမယ့် ရည်မှန်းချက်ကိုရောက်ရှိဖို့အတွက် လိုအပ်တဲ့ ရေတိုပန်းတိုင်းတွေကို အစီအစဉ်ချလျှောက်လှမ်းသွားရမှာ ဖြစ်ပါတယ်။ ဒါမှ သင့်ရဲ့ရည်မှန်းချက်ကနေ လမ်းကြောင်းလွဲမသွားစေပဲ အမြဲတမ်းဦးတည်လျှောက်လှမ်း နေနိုင်မှာ ဖြစ်ပါတယ်။ ၆။ ပါးနပ်မှုရှိပါ တစ်ခါတစ်ရံမှာ တကယ်ဆိုးဝါးတဲ့လူတွေနဲ့ အလုပ်အတူလုပ်ရလေ့ရှိပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ကို မှန်မှန်ကန်ကန်နဲ့ အကောင်းဆုံး ဆက်ဆံနိုင်ဖို့လိုပါတယ်။ သူတို့နဲ့ ပဋိပက္ခတွေကို ရန်ဖြစ်ရတာမျိုးမဟုတ်ပဲ ဖြေရှင်းနိုင်အောင် ကြိုးစားပါ။ သဘောထားကွဲလွဲမှုတွေ၊ အငြင်းပွားမှုတွေရှိနေပေမယ့် ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ထားနိုင်တာဟာ ရေရှည်မှာ သင့်အတွက် အကျိုးရှိစေမှာပါ။ ၇။ အရမ်းအလျှော့မပေးမိပါစေနဲ့ တခါတစ်ရံမှာ သင့်အတွက် အရမ်းစိတ်ပျက်စရာဖြစ်လာပြီဆိုရင်တော့ ရင်ဆိုင်ဖြေရှင်းတတ်ဖို့ လိုပါတယ်။ သင့်အတွက် သင်ရပ်တည်နိုင် တဲ့နေ့ကနေစပြီး လူတွေက သင့်ကို ခေါင်းဆောင်တစ်ယောက်အဖြစ် မြင်လာ ကြမှာဖြစ်ပါတယ်။ ၈။ စနစ်တကျအလုပ်လုပ်ပါ အလုပ်ကို ကြိုးကြိုးစားစားလုပ်တိုင်း အောင်မြင်မယ်ဆိုရင် လူတိုင်းအလုပ်ချည်းပဲလုပ်နေကြမှာဖြစ်ပါတယ်။ တကယ်တော့ အလုပ်ကို ပင်ပန်းတကြီး ကြိုးစားလုပ်ဆောင်နေတာထက် စနစ်တကျမှန်မှန်ကန်ကန် လုပ်တတ်ဖို့ လိုပါတယ်။ ပြဿနာတိုင်းအတွက် အလွယ်ကူအထိရောက်ဆုံးနည်းလမ်းကို ရှာဖွေဖြေရှင်းပါ။ ဘယ်လောက်ထိ စွမ်းဆောင်နိုင်သလဲဆိုတာကို အံ့သြစရာကောင်းလောက်အောင် သိရှိလာပါလိမ့်မယ်။ ၉။ စကားလုံးအသုံးအနှုန်း ဂရုစိုက်ပါ ဘာပြောမယ်၊ ဘယ်အချိန်မှာပြောမယ်ဆိုတာကို သိဖို့လိုပါတယ်။ စကားလုံးအသုံးအနှုန်းမှန်တာက အခြေအနေအရပ်ရပ်ကို သင့်အတွက် အသာရရှိစေပြီး သင့်ရဲ့သိက္ခာကိုလည်း မြင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။ စကားပြောကျွမ်းကျင်သူတွေဟာ ကုမ္ပဏီလုပ်ငန်းတစ်ခုအတွက် အရေးပါတဲ့ ပိုင်ဆိုင်မှုတစ်ခုဖြစ်ပါတယ်။ ဒီလိုလူမျိုးကိုပဲ ကုမ္ပဏီရဲ့မျက်နှာစာအဖြစ် ထုတ်သုံးတတ်ပါတယ်။ ၁၀။ တစ်ရွာတစ်ကျီဆောက်ပါ သင့်ဘ၀မှာ ဘယ်သူကလိုတယ်၊ ဘယ်သူကတော့ မလိုအပ်ဘူးဆိုတာကို ကြိုမသိနိုင်ပါဘူး။ ဒါ့ကြောင့် အားလုံးက မှတ်မိခင်မင်နေသူတစ်ယောက်ဖြစ်ပြီး အလုပ်တွဲလုပ်ချင်စိတ်ရှိသူတစ်ယောက် ဖြစ်အောင် ကြိုးစားပါ။ လူတွေနဲ့ ခင်မင်ရင်းနှီးမှုတည်ဆောက်တာက အခုလတ်တလောအချိန်မှာ အသုံးတည့်မှာ မဟုတ်ပေမယ့် ရေရည်မှာ သင့်ရဲ့အောင်မြင်မှုအတွက် အထောက်အကူဖြစ်မလာနိုင်ဘူးလို့ ပြောလို့ မရပါဘူး။ ၁၁။ စိတ်ဝင်စားတက်ကြွမှုရှိပါ လူ့သမိုင်းကြောင်းတစ်လျှောက် အောင်မြင်ခဲ့သူတွေအများစုအတွက် အခြေခံတူညီမှုတစ်ခုက စိတ်ဝင်စား တက်ကြွမှုရှိခြင်းပဲဖြစ်ပါတယ်။ သင်က စိတ်ဝင်စားမှုအပြည့်ရှိတဲ့ အရာကို လုပ်ဆောင်နေမယ်ဆိုရင် အောင်မြင်မှုက သိပ်ဝေးမှာမဟုတ်ပါဘူး။ ၁၂။ အောင်မြင်သူတွေဆီက ပညာယူပါ တကယ်ကြိုးစားအားထုတ်မှုနဲ့ အောင်မြင်နေသူတွေကို လေ့လာပါ။ သူတို့ရဲ့ကောင်းကွက်တွေ ဆိုးကွက်တွေကို ရှာဖွေပါ။ သူတို့အတွက် အလုပ်ဖြစ်တဲ့နည်းလမ်းတိုင်းက သင့်အတွက် အလုပ်ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အောင်မြင်သူတွေကို လေ့လာခြင်းအားဖြင့် အောင်မြင်မှုကို ရယူဖို့ လိုအပ်ချက်တွေကို သင်နားလည် လာပါလိမ့်မယ်။ ၁၃။ သင့်ရဲ့တိုးတက်မှုကို ဆင်ခြင်ပါ သင့်ရဲ့နေ့စဉ်ဘ၀မှာ ဘာတွေတိုးတက်မှုရှိပါသလဲ၊ ဘာတွေဆုတ်ယုတ်နေပါသလဲ အမြဲတမ်း ဆင်ခြင်နေဖို့ လိုအပ်ပါတယ်။ အခုလုပ်နေတဲ့အရေးကိစ္စတွေက သင့်ရောက်ချင်တဲ့နေရာရောက်ဖို့အတွက် အထောက်အကူ ဖြစ်ပါသလား။ သင်လုပ်သမျှအရာအားလုံးအတွက် သတိရှိပါ။ ဒါမှသာ သင့်ရဲ့ရည်မှန်းချက်ဆီကို မျက်ခြေမပြတ် သွားနိုင်မှာဖြစ်ပါတယ်။ ၁၄။ ယုံကြည်မှုရှိပါ ယုံကြည်မှုဟာ အရာအားလုံးကို စွမ်းဆောင်နိုင်စေပါတယ်။ သင်လုပ်နိုင်တယ်လို့ ယုံကြည်တဲ့အရာအားလုံးကို သင်စွမ်းဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်ကိုယ်သင် ယုံကြည်ပါ။ တစ်လောကလုံးကလည်း သင့်ကို ယုံကြည်လာပါလိမ့်မယ်။ ၁၅။ ထိပ်ဆုံးမှာအမြဲရှိနေပါစေ ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် အကောင်းဆုံးလုပ်ဆောင်ပြီး အကောင်းဆုံးရလဒ်တွေကိုပဲ ရယူပါ။ သင်ပိုပြီး အောင်မြင်လာတာနဲ့အမျှ သင်နဲ့ သင့်ရဲ့ပြိုင်ဘက်တွေအကြား ကွာဟာချက်ကိုထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ လိုပါတယ်။ ၁၆။ ဆန်းသစ်တီထွင်မှုရှိပါစေ ထူးခြားဆန်းသစ်မှုတွေကို ယူမလာနိုင်ပဲ မလုပ်မရှုပ်မပြုတ်နေရင်တော့ သင်တည်ရှိနေတဲ့အကြောင်းကို အထူးတလည် ဂရုစိုက်ဖို့အကြောင်းရှိမှာ မဟုတ်ပါဘူး။ သင့်ရဲ့ထူးချွန်မှုတွေကိုရှာဖွေပြီး အခြားလူတွေ မလုပ်နိုင်တာ၊ မလုပ်ဖူးသေးတာတွေကို လုပ်ပြပါ။ ၁၇။ အချိန်နဲ့အမျှ ပြောင်းလဲနိုင်ပါစေ အခြေအနေနဲ့အချိန်အခါတွေက သင်စိတ်ကူးထားတာထက်ပိုပြီး မြန်မြန်ဆန်ဆန်ပြောင်းလဲနိုင်ပါတယ်။ ဒါ့ကြောင့် အမြဲတမ်း သတင်းအချက်အလက်တွေရယူပြီး ဈေးကွက်ပြောင်းလဲမှုတွေကို လေ့လာနေဖို့ လိုအပ်ပါတယ်။ ဘာတွေလိုအပ်နေလဲ၊ ပြိုင်ဖက်တွေက ဘာတွေလုပ်နေသလဲဆိုတာတွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး အလိုက်သင့်ပြောင်းလဲသင့်ပါတယ်။ ၁၈။ ဘယ်တော့မှ အရှုံးမပေးပါနဲ့ အောင်မြင်မှုဆီကို ချီတက်ရာမှာ ဘယ်လောက်မြန်မြန်သွားလဲဆိုတာထက် ဘယ်လောက်အထိ လျှောက်လှမ် နိုင်သလဲဆိုတာက အရေးကြီးပါတယ်။ သင်တစ်ကြိမ်လောက် လက်လျှော့လိုက်တာနဲ့ သင့်ရဲ့ပြိုင်ဖက်တွေက ရှေ့ကို ကျော်တက်သွားမယ်ဆိုတာ အမြဲမှတ်ထားပါ။ ၁၉။ အခွင့်အလမ်းကို ရှာဖွေပါ ထူးခြားတဲ့အခွင့်အလမ်းတွေဆိုတာ သင့်ဆီကိုအလိုလိုရောက်လာမှာမဟုတ်ပါဘူး။ အမြဲတမ်းသတိထားစောင့် ကြည့်ပြီး တွေ့တာနဲ့ ရယူထားနိုင်ဖို့လိုပါတယ်။ အခွင့်အလမ်းမှန်သမျှကို ဦးဆုံးရယူနိုင်သူဖြစ်ပါစေ။ အမြဲတမ်း စိတ်အားတက်ကြွနေပြီး သင့်ရဲ့အလုပ်ရှင်က ကိစ္စတစ်ခုခုတာဝန်ပေးဖို့ရှိတိုင်းမှာ သင့်ကိုအရင်ဆုံးတွေးမိ နေပါစေ။ ၂၀။ အလုပ်မှာကျွမ်းကျင်မှုရှိပါစေ သင်အမှန်တကယ်အောင်မြင်ချင်တဲ့ဆိုရင် သင်လုပ်တဲ့အလုပ်မှာ ကျွမ်းကျင်ရမှာဖြစ်ပါတယ်။ အခြားလူတွေထက် စောစီးစွာအောင်မြင်ချင်ရင် သူတို့ထက်ပိုပြီး ကျွမ်းကျင်နေဖို့လိုပါတယ်။ လူတိုင်းရဲ့ အလုပ်ကို လေ့လာပါ။ အစကနေအဆုံးအထိ ဘာတွေလုပ်သွားလဲဆိုတာ မှတ်သားပါ။ ဘယ်ကိစ္စမဆို တခြားသူတွေအပေါ်မှီခိုနေစရာမလိုပဲ ကိုယ်တိုင်လုပ်ဆောင်နိုင်အောင် ကြိုးစားပါ။ တစ်ကောင်တည်း ဒါပေမယ့် ခြင်္သေ့ဆိုတာလိုမျိုး တစ်ယောက်တည်းဆိုပေမယ့် အင်အားအပြည့်ဖြစ်နေပါစေ။ Ref : Gentelman Magazine Photo Credit : bankrate Posted By : Wai Phyoe
သင့်အချိန်ကို ခိုးယူနေတဲ့ အန္တာရာယ် ငါးမျိုး

သင့်အချိန်ကို ခိုးယူနေတဲ့ အန္တာရာယ် ငါးမျိုး

သင့်အချိန်ကို ခိုးယူနေတဲ့ အန္တာရာယ် ငါးမျိုး ======================== အန္တာရာယ်လို့ ပြောလိုက်ကတည်းက သင်သတိထားရတော့မယ့်အရာ (သို့မဟုတ်) သင့်ကို တစ်နည်းနည်းနဲ့ ဒုက္ခပေးနေတဲ့အရာဆိုတာ သင်သိရပါမယ်။ ဒီတော့ ဒီအန္တာရာယ်တွေက သင့်ကို ဘယ်လောက်တောင် ဆိုးကျိုးတွေဖြစ်နေစေသလဲ? သင့်အချိန်တွေကို တိုးတိုးတိတ်တိတ်နဲ့ ဘယ်လောက်တောင် ဝါးမြိုနေသလဲဆိုတာတော့ ကိုယ်တိုင် သတိထားကြည့်လိုက်ရအောင် . ၁။ Facebook, BeeTalk, WeChat, Coc, Cok, ... Facebook လိုမျိုး လူမှုကွန်ယက် Website တွေကို အကျိုးရှိရှိအသုံးမချဘဲ လိုတာထက်ပိုပြီး ကိုယ့်အချိန်တွေကို သုံးနေမိပြီဆိုရင်တော့ ဒါဟာ သင့်အချိန်ကို ကျေကျေနပ်နပ်ကြီးကို ဖြုန်းတီးနေရာကျပါတယ်။ Mobile Phone ကနေ အလွယ်တကူဆော့လို့ရတဲ့ Online game တွေဟာလည်း သင့်ကို မကစားဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်နေပြန်ပါတယ်။ ဒါတွေဟာ သင့်လက်ထဲက ဖုန်းကတဆင့် သင့်အချိန်တွေကို ခိုးယူနေတဲ့အရာတွေပါ။ . ၂။ သင့်ကို အာရုံနောက်စေတဲ့သူတွေ။ လောကကြီးက မကောင်းမြင်စိတ်ရှိပြီး သင့်ကို စိတ်အာရုံနောက်စေတဲ့သူတွေကတော့ သင့်ကိုအနှောက်အယှက်ပေးတဲ့ အန္တာရာယ်စာရင်းထဲမှာ ပါပါတယ်။ သူ့အကြောင်းကို ကိုယ်စဉ်းစားလိုက်ပြီဆိုကတည်းက စိတ်မသက်မသာဖြစ်ရသလို၊ ကိုယ့်အချိန်တွေလည်း ကုန်ပါပြီ။ ဒါ့ကြောင့် ကိုယ်နဲ့သဘောထားချင်း မတိုက်ဆိုင်တဲ့သူတွေအတွက် သင်လုံးဝအချိန်မပေးဘဲ ဥပက္ခောသာ ပြုလိုက်ပါ။ . ၃။ ရုပ်ရှင်တွေ။ တစ်နေ့ကို ရုပ်ရှင်တစ်ကား ပုံမှန်ကြည့်မယ်ဆိုရင် အဲဒီ့အတွက် သင်အချိန်နှစ်နာရီလောက်သုံးရပါ့မယ်။ ဒီနှုန်းထားအတိုင်း တွက်ကြည့်တဲ့အခါ သင်ဟာ လူ့ဘဝမှာ အသက် ၆၀ အထိနေရမယ်ဆိုရင် ရုပ်ရှင်ကြည့်ဖို့အတွက် အချိန် ငါးနှစ်လောက် သုံးရပါ့မယ်။ ဆိုတော့ကာ သင့်ကို ရုပ်ရှင်မကြည့်ပါနဲ့လို့ မပြောပါဘူး။ သင့်အချိန်ဘယ်လောက်တောင် ပေးရသလဲဆိုတာကိုပဲ သင်သိစေချင်တာပါ။ (တစ်ချို့လူငယ်တွေ ရုပ်ရှင်ကို နာရီပေါင်းများစွာကြည့်တတ်တယ်ဆိုရင်တော့ ဒီ့ထက်တောင် အချိန်ပိုပေးရနိုင်ပါတယ်။) . ၄။ ဆင်ခြေတွေနဲ့ ဘဝအပေါ် ငြီးတွားအလိုမကျမှုတွေ။ အောင်မြင်ချင်ပါတယ် လို့တတွတ်တွတ်ပြောပြီး ဘာလို့မအောင်မြင်သေးတာပါဆိုပြီး သင်ပေးနေကျ ဆင်ခြေတွေ။ သူကတော့ ဘဝပေးကံ ဘယ်လိုကောင်းတယ်။ ငါ့ဘဝကတော့ ဘယ်လိုဖြစ်တယ်ဆိုပြီး ငြီးတွားမှုတွေ။ ဒီအရာတွေက မသိမလိုက်မသိဖာသာနဲ့ သင့်အချိန်တွေနဲ့ အားထုတ်မှုတွေကို တိုက်စားနေပါတယ်။ . ၅။ နားချိန်မရှိလောက်အောင် အလုပ်များနေမှုတွေ။ သေချာပါတယ်။ နားချိန်မရှိအောင်တောင် အလုပ်ရှုပ်နေတယ်ဆိုရင်တော့ သင့်အချိန်တွေကို သင့်အလုပ်က ခိုးနေပါပြီ။ ဒါကတော့ သင့်ရဲ့အချိန်အပေါ် စီမံခန့်ခွဲမှုအားနည်းလို့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒီလိုဖြစ်ရပ်မျိုးဟာ အထူးသဖြင့် ရည်မှန်းချက်ကြီးမားပြီး အောင်မြင်လိုတဲ့သူတွေမှာ အဖြစ်များပါတယ်။ သင့်အချိန်ကို စနစ်တကျလုပ်ပြီး စီမံပါ။ အချိန်ပိုတွေထွက်လာပါ့မယ်။ သင့်ကိုယ်ပိုင်အချိန် မရှိတော့ရလောက်အောင် အလုပ်များတဲ့အခါ သင့်ကိုယ်သင် ဂုဏ်ယူရမှာမဟုတ်ပါဘူး။ သင့်အလုပ်က သင့်အချိန်တွေကို ခိုးနေပြီဆိုပြီး ပြန်လည်ဆန်းစစ်ရမှာပါ။ မိတ်ဆွေတို့အားလုံး အချိန်ကိုတန်ဖိုးရှိရှိ အသုံးချနိုင်ကြပါစေ။
သင်ဘာကြောင့် မအောင်မြင်သေးတာလဲ

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ

သင်ဘာကြောင့် မအောင်မြင်သေးတာလဲ xxxxxxxxxxxxxxxxxxxxxxxxxxxxxx ဟောင်ကောင်သူဋ္ဌေးကြီး လီကာရှင်းက ဟောပြောပွဲတစ်ခုမှာ ဒီလိုပြောသွားပါတယ်။ သင်ဘာလို့ မအောင်မြင်သေးတာလဲ။ သင်ရေစုန်မျောနေတယ်။ အနူတ်လက္ခဏာ ဆောင်တဲ့လူတွေနဲ့ ပေါင်းသင်းနေပါတယ်။ တိုးတက်မူ အတွက် ဦးနောက်အချောက်မခံဘူး၊ လက်ထဲမှာ ပိုက်ဆံမရှိဘူး၊ မျက်နာကျတော့အသေလိုချင်တယ်။ မိဘနဲ့ ခွဲရမှာကိုကြောက်တယ်၊ ဆွေမျိုးတွေရဲ့ စကားကို အမြဲနားယောင်တယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှ ဆုံးဖြတ်ချက်ရဲရဲ မချရဲဘူး၊ ယဉ်ကျေးတယ်ဆိုတာကို အကြောင်းပြုပြီး ရှေးရိုးစွဲတယ်။ ဘ၀ကို ကံကြမ္မာပေးတဲ့ အတိုင်းပဲ အသက်ရှင်ချင်တယ်။ ထိုးဖောက်ဖို့ ဘယ်တော့မှ မစဉ်းစားရဲဘူး။ အရင်းမစိုက်ထုတ်ပဲ အမြတ်များများရတဲ့ အလုပ်ပဲလုပ်ချင်တယ်။ အိမ်မှာအေးအေးဆေးဆေးနေပြီး လဒ်လာပ ကောင်းကင်ပေါ်ကနေ ကျလာမှာကို မျှော်လင့်နေတယ်။ ထီပေါက်ဖို့လောက်ပဲ အိမ်မက်စောင့်နေတတ်တယ်။အခွင့်အရေး မကြုံဘူးလို့ ခဏခဏ ပြစ်တင်ပြောဆိုတယ်။ တကယ်အခွင့် ကြုံလာပြန်တော့လည်း သင်မဖမ်းထားနိုင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ သင်ဖမ်းကို မဖမ်းတတ်လို့ပါ။ဒါတွေကြောင့် သင်ဆင်းရဲနေပါတယ်။ ဆင်းရဲတော့ စိတ်အားငယ်တယ်။ စိတ်သိမ်ငယ်တော့ တွန့်ဆုပ်တွန့်ဆုပ်ဖြစ်တယ်။ ဘာဆိုဘာမှ မလုပ်ရဲတော့ဘူး။ ဘာတစ်ခုခုမှ ကျွမ်းကျင်အောင်လည်း တတ်မြောက်အောင် မသင်ကြားထားဘူး၊ အဆိုးဘ၀သံသရာကြီးထဲမှာ ဒီလိုပဲ တ၀ဲလည်လည် ဖြစ်နေတယ်။ လူတော်တော်များများဟာ အခွင့်ရှိတုန်း တစ်ခုခုတော့ လုပ်ချင်ပါရဲ့ ၊အခက်အခဲ နည်းနည်း တွေ့တာနဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြချက် သောင်းခြောက်ထောင်နဲ့ ဆုပ်လမ်းရှာထားပြန်တယ်။ အကြောင်းပြချက်ပေါင်းစုံနဲ့ အချိန်ဖြုန်းတီးနေကြပါတယ်။ အများဆုံးတွေ့တတ်တဲ့ ဥပမာများကတော့... ၁။ ပိုက်ဆံမရှာတတ်ဘူး ။ မှားတယ်။ အမှန်က ပိုက်ဆံရှာတတ်တဲ့ ဦးနောက်မရှိလို့ပါ။ စုလည်းမစုဆောင်းတတ်လို့။ ကိုယ့်ကိုယ်ကို လည်း တန်ဖိုးတက်အောင် မလုပ်လို့၊ ဝေးဝေး လည်းမစဉ်းစားတတ်လို့။ ၂။ အရည်အချင်းမရှိလို့ ။ မှားတယ်။ ကိုယ့်ကိုယ်ကို မှမလေ့ကျင့် ဘူးဆိုရင် ဘယ်သူက မွေးကတဲက အရည်အချင်းရှိတာလဲ၊ ဘယ်သူမှ ဘွဲ့ရရချင်း အရည်အချင်းမရှိပါဘူး။ ဘယ်သူကမှလည်း အလုပ်လုပ်ချင်း မအောင်မြင်ပါဘူး။လူတစ်ယောက် အောင်မြင်တဲ့ အတိုင်းအတာဟာ ဆုံးရူံးခဲ့တဲ့ ပမာဏနဲ့ တိုက်ရိုက်အချိုးကျတတ်ပါတယ်။ အလုပ်ကို နည်းနည်း လုပ်ရုံနဲ့ ပျင်းသွားတယ်။ စာတစ်အုပ်ကို အရွက်နည်းနည်းလှန်ဖတ်လိုက်ရုံနဲ့ ငြီးငွေ့ သွားတဲ့လူဟာ ဘယ်မှာ အရည်အချင်းလာရှိနိုင်မှာလဲ။ ၃။ စကားမပြောတတ်လို့။ မှားတယ်။ ဘယ်သူက မွေးရာပါ စကားပြောကောင်းနေလို့လဲ။ စင်ပေါ်မှာ စကားပြောကောင်းတဲ့ လူမှန်သမျှ စင်အောက်မှာ အကြိမ်ကြိမ် ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့်ပဲ ဖြစ်တယ်။ ၄။ အချိန်မရှိလို့။ မှားတယ်။ တစ်ရက်တစ်ရက် လက်ကိုင်ဖုန်းဆော့တဲ့ အချိန်ကိုတွက်ကြည့်ပါ။ ဂိမ်းဆော့တဲ့ အချိန် တွေကို တွက် ကြည့်လိုက်ပါ။ စီမံခန့်ခွဲမူ ပညာမှာ အချိန်ကို စီမံခန့်ခွဲမူအတတ်ဟာ ပညာအပါဆုံးဖြစ်တယ်။ မယုံရင် အချိန်မှတ်တမ်းလေးတစ်ခု မှတ်ကြည့်ပါ။ ကိုယ်ဘာလုပ်လုပ်၊ အချိန်ကို မှတ်ကြည့်၊ နှစ်ပတ်လောက် မှတ်ပြီးရင် ကို်ယ်မှတ်ထားတာကို ပြတ်ဆန်းစစ်ကြည့်၊ အလုပ်အရမ်းများပါတယ်ဆိုတဲ့ လူတွေတောင်မှ အချိန်တစ်ဝက်ကျော်ဟာ အရေးသိပ်မကြီးတဲ့ အရာတွေမှာ အချိန်ပိုကုန်နေတာကို တွေ့ရတတ်ပါတယ်။ ၅။ ၀ါသနာမပါလို့။ မှားတယ်။ စားမယ်၊ သောက်မယ်၊ ဆိုင်ထိုင်မယ်၊ ပွဲလည်မယ်၊ ဘယ်လူငယ်မဆို ၀ါသနာပါမှာပဲ။ အလုပ်ကို ပင်ပင်ပမ်းပမ်းလုပ်မယ်။ အကြွေးဆပ်မယ်။ ဘတ်စ်ကားတိုးစီးမယ်။ ဘယ်သူဝါသနာပါမှာလဲ။ ၀ါသနာဆိုတာ တစ်ခုခုကို ကြိုးကြိုးစားစား လုပ်လိုက်လို့ ပြီးမြောက်သွားရင် အဲဒီပြီးမြောက်ခြင်းရဲ့ အရသာကို ခံစားရင် ၀ါသနာပါသွားတာပဲ။ ၀ါသနာဆိုတာ ပျိုးထောင်ရင် ရပါတယ်။ ၆။ စဉ်းစားကြည့်အုံးမယ်။ ဒါအမှားဆုံးပဲ။ အထူးသဖြင့် မသေချာရင် ခြင်တောင်မရိုက်တတ်တဲ့ လူတန်းစားအတွက် ပြောတာပါ။ ဘာပဲလုပ်လုပ်၊ တ၀က်သေချာတယ်လို့ ထင်ရင် စလို့ရပြီ။ ရာနူန်းပြည့်သေချာတဲ့ အထိစောင့်နေရင် အခွင့်အရေးက အဲဒီနေရာမှာ မရှိတော့ဘူး။ စဉ်းစားကြည့်အုံးမယ်။ စဉ်းစားရင်း စဉ်းစားရင်းနဲ့ အိုသွားတဲ့လူတွေ မနည်းလှတော့ပါ။ Ref: WeChat
တစ်ခါတုန်းက

တစ်ခါတုန်းက

တစ်ခါတုန်းက စီးပွားရေးမှာ အောင်မြင်ပြီး အရမ်းကျော်ကြားတဲ့ မီလျှံနာ ပရော်ဖက်ဆာသူဌေးကြီးတစ်ဦးရှိတယ် ။ အတွေးအခေါ်ကောင်းတွေနဲ့ သူ့စီးပွားရေးဟာ အောင်မြင်မှုတွေရလာတာနဲ့အမျှ သူကလည်းထင်ပေါ်လာခဲ့တယ် ။ သူပို့ချတဲ့ စီးပွားရေး ဆိုင်ရာ အတွေးအမြင်တွေဟာ ကောင်းလွန်းလို့ ကမ္ဘာအနှံ့က စီးပွားရေးပညာရှင်တွေ အမြဲလာရောက်နားထောင်ကြပါတယ် ။ တစ်နေ့တော့ ပရော်ဖက်ဆာဟာ သူ့ဇာတိရပ်ရွာမှာ အေးအေးလူလူ အနားယူဖို့ပြန်လာခဲ့တယ် ။ ဒါပေမယ့် သူ့ရပ်ရွာကလူတွေအတွက် နောက်ဆုံးအနေနဲ့ သင်တန်းတစ်ခုပေးမယ် ဆိုပြီး ကြေငြာလိုက်ပါတယ် ။ အတွေးအမြင်ဆိုင်ရာသင်တန်းကို သင်ယူလိုသူဒေသခံများစွာထဲက လူငယ်ငါးဦးကို သူဌေးကြီးကရွေးချယ်ခဲ့တယ် ။ အောင်မြင်တဲ့လုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို အရမ်းနာမည်ကြီးတဲ့တက္ကသိုလ်ကြီးရဲ့ ပရော်ဖက်ဆာတစ်ယောက်ဖြစ်တာမို့ သူ့စကားတွေဟာ တန်ဖိုးမဖြတ်နိုင်ဘူးလို့ လူတိုင်းကယုံကြည်ကြတယ် ။ ပရော်ဆာက လူငယ်ငါးဦးကို ပြောတယ် ။ “ သင်ခန်းစာကို မသင်ကြားပေးခင် ငါးသွားမျှားကြပါ ” ဆိုပြီး ငါးမျှားတံငါးခုကို ပေးလိုက်တယ် ။ ဒါပေမယ့်လူငယ်ငါးဦးစလုံးဟာ ငါးမမျှားတတ်ကြပါဘူး ။ မကျွမ်းကျင်ကြဘူး ပြီးတော့ ငါးရှိမဲ့ကန်ကိုရောက်ဖို့တောင် နေ့တစ်ဝက်လောက်ခရီးသွားရမှာဖြစ်တယ် ။ ဒီလိုနဲ့လူငယ်ငါးဦးစလုံးငါးမျှားတံတွေကိုင်ပြီး အသီးသီးထွက်ခွာခဲ့ကြတယ် ။ ငါးမျှားတဲ့ကန်ရောက်တော့လည်း သင့်တော်ရာနေရာမှာ အသီးသီးနေရာယူပြီး ငါးမျှားကြတယ် ။ ညရောက်တဲ့အခါ ပရော်ဖက်ဆာ ကြီးဆီပြန်ရောက်လာခဲ့ကြတယ် ။ လူငယ်ငါးဦးထဲမှာ နှစ်ဦးက ငါးရလာပြီး ၃ ယောက်ကတော့ငါးမရပါဘူး ။ ငါးရလာတဲ့တစ်ယောက်ရဲ့ငါးဟာ အကြီးကြီးဖြစ်ပြီး နောက်တစ်ယောက်ရဲ့ငါးကတော့ ပုံမှန်အရွယ်အစားပါပဲ ။ ငါးအကြီးကြီး ရလာတဲ့ လူရဲ့မျက်လုံးတွေကိုကြည့်ပြီးပရော်ဖက်ဆာကပြောတယ် ။ “ မင်းဟာ ငါးမျှားလာတာမဟုတ်ဘူး ဈေးထဲက ငါးတွေကို ၀ယ်လာခြင်းသာဖြစ်တယ် ဘာလို့လည်းဆိုတော့ အဲဒီကန်မှာ ဒီလောက်ကြီးတဲ့ငါးမျိုးမရှိဘူး ” အဲဒီအခါ ငါးမျှားတဲ့လူလည်း အမှန်အတိုင်းဈေးထဲက၀ယ်လာခြင်းဖြစ်ကြော်းဝန်ခံရပါတော့တယ် ။ ပရော်ဖက်ဆာကဆက်ပြောတယ် “ အောင်မြင်မှု ရဖို့ အဖြောင့်တန်းဆုံးလမ်းဟာ အနီးဆုံးပါပဲ ကိုယ်တကယ်အောင်မြင်ချင်ရင် ဖြောင့်မတ်ရမယ် မရိုးမသားလုပ်ခြင်းက ရေရှည်မခံဘူး ရှုံးနိမ့်မှုဆီပဲဦးတည်စေတယ် ” နောက်ထပ်ငါးမရတဲ့သူ သုံးယောက်ကိုလည်း ဘာလို့ငါးမရတာလဲ မေးပြန်တယ် သူတို့အတွေ့အကြုံတွေကိုပြောခိုင်းပါတယ် ။ တစ်ယောက်ကစဖြေတယ် “ ကျနော်ငါးမျှားတော့မျှားတာပါပဲ ငါးမှ မရှိတာ ဒါကြောင့်မရတာပါ ” တဲ့ ။ ဒုတိယလူကလည်းဖြေတယ် “ ကျနော်ငါးပွက်တဲ့နေရာတိုင်းကို လိုက်မျှားပါတယ် ငါးတွေကလည်း ဟိုနားပွက်လိုက်ဒီနားပွက်လိုက်နဲ့ ငါးမျှားတံချလိုက်တင်လိုက်နဲ့ နောက်ဆုံးငါးမရခဲ့ပါဘူး ” နောက်ဆုံးတစ်ယောက်ကဖြေတယ် “ ကျနော်ငါးမျှားတော့ ငါးက ငါးမျှားချိတ်ကို လာဟပ်ပါတယ် ဒါပေမယ့် ဆွဲမတင်ရဲခဲ့ဘူး ငါးလွတ်သွားမှာစိုးလို့ပါ မိနေတဲ့ငါး မောတဲ့အချိန်ကိုစောင့်ပါတယ် သူမောသွားမှ ဆွဲတင်မယ်ဆိုပြီး ဒါပေမယ့် ငါးကမရပ်ပါဘူး ရုန်းရင်းနဲ့လွတ်ထွက်သွားပါတယ် အဲဒီလိုနဲ့ငါးမရခဲ့ပါဘူး ” ပရော်ဖက်ဆာကပြုံးပြီး ငါးရလာတဲ့လူငယ်ကိုမေးလိုက်တယ် ။ ငါးရလာတဲ့လူငယ်ကဖြေတယ် “ ပထမဆုံးငါးပွက်တဲ့နေရာကိုရှာတယ် ပြီးတော့ ငါးမျှားတံကိုချပါတယ် အကြာကြီးစောင့်ပါတယ် ငါးလာဟပ်ပါတယ် ဆွဲတင်တယ် ပြန်ရုန်းတယ် ပြန်လျော့ပေးလိုက်တယ်ပြီးတော့ပြန်ဆွဲတင်တယ် နောက်ဆုံးငါးဟာကိုယ့်ဖက်ကို ပါလာပြီးငါးကိုမိပါတယ် ” လို့ဖြေလိုက်ပါတယ် ။ ပရော်ဖက်ဆာက အားလုံးကိုပြောလိုက်တယ် “ အောင်မြင်မှုဆိုတာ ငါးမျှားခြင်းနဲ့တူပါတယ် ငါးမျှားခြင်းအတတ်ဟာ ကိုယ့်ရဲ့အရည်အချင်းကို ကိုယ်စားပြုပါတယ် အောင်မြင်မှုကို လူတိုင်းတော့လိုချင်ကြတယ် ဒါပေမယ့် စစ်မှန်တဲ့အောင်မြင်မှုရဖို့အတွက် မဖြောင့်တဲ့မရိုးသားတဲ့နည်းလမ်းကို သုံးလို့မရဘူး အောင်မြင်မှုက တာရှည်မခံတတ်ဘူး နောက်ပြီးအောင်မြင်မှုနောက်ကိုချည်းမလိုက်နဲ့ အရည်အချင်းနောက်ကို လိုက်ရမယ် ငါးနောက်တကောက်ကောက်လိုက်နေတဲ့လူလို မောတာပဲ အဖတ်တင်မယ် ငါးရမှာမဟုတ်ဘူး ငါးမျှားတံ ကို ရေထဲချထားသလိုပဲ ကိုယ့်အရည်အချင်းကို ပြင်ဆင်ထား အောင်မြင်မှုဆိုတဲ့ငါးက အခွင့်အရေးတစ်ရပ်အနေနဲ့လာဟပ်ရင် အလိုက်သင့်သာ ဆွဲတင်လိုက်ရမယ် ငါးက လာဟပ်ရဲ့သားနဲ့နှောင့်နှေးရင်လည်းလွတ်တတ်တယ် ကိုယ့်ဖက်ကသာ အရည်အချင်းဆိုတဲ့ ငါးမျှားတံကို ငါးရှိတဲ့နေရာမှာ ချထားခဲ့ရင်အောင်မြင်မှုဆိုတဲ့ငါးက လာဟပ်ကိုဟပ်ပါတယ် ”
ထိရောက်သောဘတ်ဂျက်ဆွဲနည်းများ

ထိရောက်သောဘတ်ဂျက်ဆွဲနည်းများ

ငွေကြေးစီမံခန့်ခွဲမှုများတိုးတက်လာစေဖို့နဲ့ အောင်မြင်တဲ့ဘ၀ကိုရရှိဖို့ရည်ရွယ်ပြီး ဘတ်ဂျက်ဆွဲခြင်းဆိုင်ရာ အထောက်အကူပြုအချက်အလက်များကို ဝေမျှလိုက်ပါတယ်။ ထိရောက်သောဘတ်ဂျက်ဆွဲနည်းများ ၁. ရည်မှန်းချက်ထားပါ…ပထမဆုံးအနေဖြင့် ဘတ်ဂျက်အတိုင်းမလိုက်နာပဲ ပျက်ကွက်ခြင်း၊ ဆင်ချေပေးခြင်းတွေကို တတ်နိုင်သမျှရှောင်ကျဉ်မည့် ရည်မှန်းချက်ထားပါ။ ၂. ဘောက်ချာတွေကိုသိမ်းပါ…မည်မျှသေးငယ်သောပမာဏပင်ဖြစ်စေ ဈေးဝယ်တိုင်း ဘောက်ချာများကိုတစ်လစာသိမ်းထားခြင်းဖြင့် လစဉ် ငွေသုံးစွဲခြင်းတွေကို တိုင်းတာနိုင်ပါတယ်။ ၃. ဘတ်ဂျက် ၃ ခုသတ်မှတ်ပါ…ဘယ်နေရာတွေမှာပိုက်ဆံပိုသုံးဖြစ်လဲဆိုတာ သိလာတဲ့အခါ ငွေထွက်အများဆုံး ဘတ်ဂျက်အမျိုးအစား ၃ ခုကိုသတ်မှတ်ပြီး လိုအပ်သလိုထိန်းညှိခြင်းများပြုလုပ်နိုင်ပါတယ်။ ၄. ပိုက်ဆံအရင်စုပါ…သုံးပြီးကျန်တဲ့ပိုက်ဆံကိုစုတာမျိုးမလုပ်ဘဲ စုဖို့အရင်ဖယ်ထားပြီးမှ ကျန်တဲ့ပိုက်ဆံကိုသုံးပါ။ ၅. ၅၀၊ ၂၀၊ ၃၀ % အတိုင်းကျင့်သုံးပါ…၀င်ငွေရဲ့ ၅၀% ကိုနေ့စဉ်လိုအပ်မှုများအတွက်၊ ၂၀% ကို ရေရှည်စုငွေအတွက်၊ ၃၀% ကို အလှူအတန်း၊ အပျော်အပါး စတဲ့ နှစ်သက်ရာတို့အတွက် အသုံးပြုပါ။
" အောင်မြင်သူ နဲ့  မအောင်မြင်သူ "

" အောင်မြင်သူ နဲ့  မအောင်မြင်သူ "

" အောင်မြင်သူ နဲ့  မအောင်မြင်သူ " ၁။ အောင်မြင်သောသူများသည် နေ့တိုင်း စာဖတ်ပြီး မ အောင်မြင်သောသူများသည် နေ့တိုင်း တီဗီကြည့်သည်။ ၂။ အောင်မြင်သောသူများသည် တပါးသူများကို ချီးမွမ်းစကား ပြောတတ်ပြီး l မ အောင်မြင်သော သူများသည် တပါးသူများကို ဝေဖန်နေတတ် ပါသည်။ ၃။ အောင်မြင်သောသူများသည် ပြောင်းလဲမှုကို ပွေ့ ဖက် ကြို ဆိုပြီးl မ အောင်မြင်သော သူများသည် ပြောင်းလဲမှုကို ကြောက် ရွံ့ပါသည်။ ၄။ အောင်မြင်သောသူများသည် ခွင့်လွတ်သော စိတ်ထားရှိပြီးl မ အောင်မြင်သောသူများသည် မနာလိုမုန်းတီးအာဃာတ ထားပါသည်။ ၅။ အောင်မြင်သောသူများသည် စိတ်ကူးအကြံအစည် အ ကြောင်းသာပြောပြီးl မ အောင်မြင်သောသူများသည် အ ခြားသူများ အ ကြောင်းအတင်းအဖျင်း ပြောပါသည်။ ၆။ အောင်မြင်သောသူများသည် စဉ်ဆက်မပြတ်လေ့လာ နေပြီးl မ အောင်မြင်သောသူများသည် အရာအားလုံးကို သူတို့ သိပြီးသားဟု ထင် မှတ်ကြပါသည်။ ၇။ အောင်မြင်သောသူများသည် မိမိလုပ်မိသော အမှား များအတွက် ဝန်ခံ တာဝန်ယူပြီးl မ အောင်မြင်သောသူများ သည် သူတို့အမှားအတွက် အခြားသောသူများကို အပြစ်ပုံချတတ်သည်။ ၈။ အောင် မြင်သောသူများသည် ကျေးဇူးတရား သိတတ်ပြီးl မ အောင်မြင်သောသူများသည် မိမိ၏ခံစားပိုင် ခွင့် အဖြစ်မှတ်ယူတတ်သည်။ ၉။ အောင် မြင်သောသူများသည် ရည်မှန်း ချက် များ ထားပြီး ဘဝစီမံချက် ချမှတ် အ ကောင် အ ထည်ဖော် သည်။ မ အောင်မြင်သောသူများသည် ရည်မှန်းချက်များမရှိပါ။ အောင်မြင် သော သူများတွင် ရှိ သောအမူအကျင့်များကို ပိုင် ဆိုင်နိုင်ကြပါစေ Ref :ချော်ဇန်ခေါင် လွမ်း