NPK

⏳ဒီဆောင်းပါးလေးကိုတော့လူတိုင်းကိုဖတ်စေချင်ပါ တယ်၊ဖတ်ပြီးရင်လည်းဝေမျှပေးစေချင်ပါတယ်⌛ ♨ ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် လယ်ယာစီးပွား သတင်းစာပါဆောင်းပါးဖြစ်ပါတယ် ရုပ်ပိုင်းလက္ခဏာမတူကွဲပြားသောဓါတ်မြေဩဇာများ ⌛⏳⌛⏳⌛⏳⌛⏳⌛⏳⌛⏳⌛⏳ မြန်မာပြည်သားသာမန်စိုက်ပျိုးသူများအနေဖြင့် ဓါတ်မြေဩဇာများကိုနှစ်အတော်ကြာသုံးစွဲခဲ့ကြ သော်လည်းယင်းဓါတ်မြေဩဇာများ၏ရုပ်ပိုင်းဆိုင် ရာအနေအထားများကိုအလေးထားမလေ့လာကြ ပါ။ အများသူငါသိသောတီဆူပါ၊ယူရီးယားနှင့်ပိုတက်ရှ် (ပိုတက်စီယမ်ကလိုရိုက်)များအသုံးပြုလာကြရာမှ ထို(N.P.K) အာဟာရဒြပ်စင် ၃ မျိုးလုံးပါသော ကွန်ပေါင်းဓာတ်မြေဩဇာများပေါ်ထွက်ခဲ့သည်။ တိုင်းပြည်အမျိုးမျိုး၊ကုမ္ပဏီအမျိုးမျိုးမှထုတ်လုပ်သော ကွန်ပေါင်းမြေဩဇာ အမျိုးအမည်များစွာ မြန်မာပြည်တွင်းသို့ရောက်ရှိခဲ့သည်။ အချို့သောစိုက်ပျိုးသူများကအာဟာရဒြပ်စင် တစ်မျိုးသာပါသောမြေဩဇာများကိုတစ်မျိုးစီ သီးခြားဝယ်ယူအသုံးပြုရာမှအာဟာရအားလုံး ပါသောကွန်ပေါင်းဓါတ်မြေဩဇာများကိုဝယ် ယူအသုံးပြုလာကြသည်။ ဤသို့ကွန်ပေါင်းဓါတ်မြေဩဇာများကိုအသုံး ပြုခြင်းကြောင့်ကုန်ကျစရိတ်သက်သာပြီး မြေဩဇာကိုစိုက်ခင်းသို့ထည့်သွင်းရာတွင်လည်း အကြိမ်ကြိမ်ခွဲခြားထည့်သွင်းရန်မလိုဘဲ တစ်ကြိမ်တည်းနှင့်အလုပ်ပြီးနိုင်သဖြင့် ကွန်ပေါင်းဓါတ်မြေဩဇာများနယ်ကျယ် လာခဲ့ကြသည်။ ထိုသို့ကွန်ပေါင်းဓါတ်မြေဩဇာများကိုအသုံး ပြုကြရာတွင်အများကကောင်းပါသည်ဆို၍ သာအသုံးပြုကြသော်လည်းယင်းကွန်ပေါင်း များ၏သဘော၊သဘာဝမတူကွဲပြားမှုကိုပင် သတိမပြုမိကြပေ။ ကွန်ပေါင်းဓါတ်မြေဩဇာများအမျိုးအမည် နှင့်ပါဝင်သောအန်ပီကေအချိုး မည်မျှများပြား နေသော်လည်းအကြမ်းအားဖြင့်အုပ်စု ၄ ခုသာရှိသည်။ ♨ အရှေ့ကြီးအုပ်စု ၂၅:၅:၅ ၊ ၃၈:၆:၆ ကဲ့သို့မြေဩဇာများမှာ အရှေ့ဆုံးနံပါတ်ဖြစ်သောနိုက်ထရိုဂျင်ပါဝင် မှုမှာအများဆုံးဖြစ်သည်။ထိုမြေဩဇာများသည် သီးနှံပင်၏ပင်ပိုင်းအင်္ဂါများဖြစ်သောအရွက်၊ အညွန့်၊ ပင်စည် စသည်တို့ကိုကြီးထွားဖွံ့ဖြိုး စေသည်။ထိုမြေဩဇာမျိုးမှာအဓိကအားဖြင့် ပင်ပိုင်းကြီးထွားမှု(Vegetative growth) အတွက်ဖြစ်သည်။ ♨ အလယ်ကြီးအုပ်စု ၁၀:၅၂:၁၇ ၊ ၁၀:၃၀:၂၀ကဲ့သို့မြေဩဇာအုပ်စု တွင်အလယ်နံပါတ်ဖြစ်သောဖော့စ်ပရပ်စ်(ခေါ်) မီးစုန်းဓါတ်အများဆုံးပါဝင်သောအုပ်စုဖြစ် သည်။အဓိကအားဖြင့်လိင်ပိုင်းအင်္ဂါများ ဖြစ်သောအပွင့်၊အသီး၊အစေ့များဖြစ်ပေါ် ဖွံ့ဖြိုးရေးအတွက်အသုံးပြုနေရသောမြေဩ ဇာမျိုးဖြစ်သည်။တစ်နည်းအားဖြင့်လိင်ပိုင်း ကြီးထွားဖွံ့ဖြိုးခြင်း(Reproductive growth)အတွက်အသုံးပြုသောမြေဩ ဇာမျိုးဖြစ်သည်။ ♨ အနောက်ကြီးအုပ်စု ၁၂:၂၁:၃၂ ၊ ၆:၆:၃၈ ကဲ့သို့သောမြေဩဇာ မျိုးဖြစ်သည်။နောက်ဆုံးနံပါတ်ဖြစ်သောပိုတက် စီယမ်အများဆုံးပါဝင်သောမြေဩဇာအုပ်စုဖြစ် သည်။ဤမြေဩဇာများသည်သီးနှံပင်၏ ကျန်းမာခြင်းHealth;အရည်အသွေး Quality;အလင်းမှီအစာချက်ခြင်း Photosynthesisနှင့်အရွက်များမှ ချက်လုပ်ပြီးသောအစာများကိုအစာ သိုလှောင်သောအင်္ဂါများဆီသို့ရွှေ့ပြောင်း ပေးသောတာဝန်Translocation အလုပ်အတွက်အသုံးပြုသောမြေဩဇာ မျိုးဖြစ်သည်။အထူးသဖြင့်ငှက်ပျော၊အာလူး၊ အုန်း၊ကြံစသောအပင်များအတွက်အထူး အရေးကြီးသည်။ ♨ အားလုံးညီအုပ်စု ၁၅:၁၅:၁၅ ၊ ၂၀:၂၀:၂၀ဤအုပ်စုမှာပါဝင် သောအန်ပီကေ ၃ မျိုးလုံးရာခိုင်နှုန်းတူညီနေ သောမြေဩဇာမျိုးဖြစ်သည်။ဤအုပ်စုသည် ပင်ပိုင်းကြီးထွားခြင်းအတွက်ရော၊လိင်ပိုင်း ကြီးထွားခြင်းအတွက်ပါလိုအပ်သောအခြေ အနေမျိုးတွင်အသုံးပြုရသောမြေဩဇာ မျိုးဖြစ်သည်။တစ်နည်းအားဖြင့်အရွက်များ ရောအပွင့်အသီးများအတွက်ပါပြိုင်တူ လိုအပ်သောအနေအထားမျိုးတွင်အသုံး ပြုရသောမြေဩဇာမျိုးဖြစ်သည်။ အချို့သောစိုက်ပျိုးသူများကအားလုံး ညီသောမြေဩဇာများကိုသာအမြဲလက် ကိုင်ထား၍အသုံးပြုကြသည်။ဤမြေဩ ဇာများကိုအချို့ကအချိုးညီbalance ဟုခေါ်သည်။ဤမြေဩဇာမျိုးမဟုတ်သော အခြားမြေဩဇာများမှာအချိုးမညီ၍မသုံး သင့်ဟုပင်ယူဆကြသည်။အသုံးပြုသော ဓါတ်မြေဩဇာများတွင်ပါဝင်သော အန်ပီကေအနေအထားမှာသီးနှံပင်၏ ကြီးထွားမှုအဆင့်နှင့်ဆက်နွယ်အသုံး ပြုရမည်ဖြစ်သည်။ပင်ပိုင်းကြီးထွားမှု လိုအပ်သောအချိန်တွင်အရှေ့ကြီးအုပ်စု ကိုအသုံးပြုရသကဲ့သို့ပန်းပွင့်ချိန်နီးကပ် လာသောအခါအလယ်ကြီးအုပ်စုကို ပြောင်းသုံးသင့်သည်။ပန်းပွင့်ပြီးအသီးများ ဖြစ်ပေါ်ချိန်၊ဥများစတင်ဖြစ်ပေါ်ချိန်တွင် အစာရွှေ့ခြင်းကိုအထောက်အကူဖြစ်စေမည့် အနောက်ကြီးအုပ်စုမြေဩဇာများကိုအသုံး ပြုသင့်သည်။ အချို့အပင်များပင်ပိုင်းကြီးထွားမှုပြီးဆုံးပြီး ပွင့် သီးပြီးအချိန်အတော်ကြာသောအခါ အရွက်များလည်းအားနည်း၊အရွက်အရေ အတွက်လျော့လာသကဲ့သို့အသီးများလည်း အားနည်းဖွံ့ဖြိုးမှုနည်းလာမည်ဖြစ်သည်။ ထိုကဲ့သို့ပင်ပိုင်းရော၊လိင်ပိုင်းအင်္ဂါများ အားလုံးအနေအထားမကောင်းတော့သော အချိန်မျိုးတွင်အားလုံးညီမြေဩဇာမျိုးကို အသုံးပြုသင့်သည်။ဤမြေဩဇာများကို အသုံးပြုခြင်းဖြင့်သီးနှံပင်၏သက်တမ်းကို ဆန့်နိုင်ရာမှအဆုံးတွင်သီးနှံအထွက်နှုန်း ကိုတိုးစေမည်ဖြစ်သည်။ မြန်မာနိုင်ငံသို့လွတ်လပ်ရေးမရမီကာလ ကပင်အရွက်ဖျန်းမြေဩဇာများရောက်ရှိ ခဲ့သည်။ထိုကာလအုပ်ချုပ်သူအင်္ဂလိပ် များကတန်ဖိုးကြီးသောပန်းပင်များ၊ သစ်ခွပင်များတွင်သာအသုံးပြုခဲ့ကြသည်။ လွတ်လပ်ရေးရပြီးစကာလတွင်မြို့ပေါ်ရှိ လူကုံထံအချို့ကသာအရွက်ဖျန်းမြေဩဇာများ ကိုမိမိတို့စိုက်ပျိုးသောနိုင်ငံခြားသစ်ခွပင် များတွင်အသုံးပြုခဲ့ကြသည်။၁၉၈၀ပြည့် လွန်ကာလရောက်မှသာမြန်မာ့စိုက်ပျိုးရေး သမားများအသုံးပြုလာခဲ့ကြသည်။ သို့တိုင်အောင်ယနေ့ထိအရွက်ဖျန်း မြေဩဇာများကိုအသုံးမပြုသေးသောသူ များစွာရှိနေသည်။ အပင်များကိုစိုက်ပျိုးရာတွင်သဘာဝအပင် များကဲ့သို့သဘာဝအနေအထားဖြင့်စိုက်ပျိုး ပါကစိုက်ပျိုးသူမျှော်မှန်းသောအထွက်နှုန်း ကိုရရှိမည်မဟုတ်ပါ။ထို့ကြောင့်လည်းမြေဩ ဇာများကိုစိုက်ပျိုးရေးသွင်းအားစုတစ်ရပ်အနေ ဖြင့်အလေးထားအသုံးပြုနေကြရသည်။ အပင်များကိုအစာကျွေးရာတွင်မြေဆီလွှာ အတွင်းရှိအမြစ်များမှကျွေးခြင်းမှာအဓိကဖြစ် သည်။သို့သော်မြေပေါ်ပိုင်းအင်္ဂါအားလုံး သည်လည်းသူ့အတိုင်းအတာနှင့်သူအစာများ ကိုစုပ်ယူစားသုံးနိုင်ကြသည်။သို့သော်မြေ ပေါ်ပိုင်းအင်္ဂါများအနက်အရွက်များမှာဧရိယာ အားဖြင့်အကျယ်ဆုံး၊အချိန်ကာလအား ဖြင့်လည်းအမြဲနီးပါးရှိနေသောကြောင့် အပင်များကိုအစာကျွေးရာတွင်အမြစ်များ မှလွဲလျှင်အရွက်များမှာအကောင်းဆုံးအနေ အထားတွင်ရှိနေသည်။ သီးနှံပင်များစိုက်ပျိုးရာတွင်အစေ့အပင် ပေါက်ပြီးအပင်ငယ်စဉ်တွင်ရာသီဥတုကောင်း မွန်ခြင်း၊ရေနှင့်အစာမှန်ကန်စွာရရှိခြင်း၊ပင် ပိုင်းအင်္ဂါများသက်နုကာလဖြစ်၍နုပျိုနေခြင်း ကြောင့်မြေဆီလွှာမှအာဟာရရရှိခြင်းတွင် အခက်အခဲမရှိတတ်ပါ။မိုးကုန်၍ဆောင်း ဝင်လာသောအခါမြေဆီလွှာတွင်ရေမှာ လျော့နည်းလာသည်။ရာသီဥတုပူလာသည်။ အစာစုပ်သောအမြစ်များအကြောင်းအမျိုး မျိုးကြောင့်တစ်စိတ်တစ်ပိုင်းပျက်ဆီးလာသည်။ သီးနှံပင်အသက်ရလာသည်နှင့်အမျှရောဂါ ပိုးမွှားများဝင်ရောက်မှုကိုခံစားရသည်။ဤ အနေအထားတွင်အမျိုးမျိုးသောဇီဝဖိစီးမှုများ Biotic Stress ကြုံတွေ့ရသကဲ့သို့ အမျိုးမျိုးသော အဇီဝဖိစီးမှုများ Abiotic Stressများကိုခံစားလာရသည်။ ထိုကာလ၌ပင်သီးနှံပင်သည်ပင်ပိုင်းကြီးထွား မှုအဆင့်မှလိင်ပိုင်းကြီးထွားမှုအဆင့်သို့ ကူးပြောင်းရန်ပြင်ဆင်ခြင်းကာလဖြစ်၍ဖိစီးမှု တစ်ရပ်ဖြစ်ပေါ်လာပြန်သည်။ဤဖိစီးမှုကိုလိင် ပိုင်းဖိစီးမှုReproductive Stressဟု ခေါ်သည်။ ပင်ပိုင်းကြီးထွားမှုတန့်ပြီးလိင်ပိုင်အင်္ဂါများ စတင်သန္ဓေတည်စဖြစ်သည်။ထိုကာလမှာ ပန်းပွင့်ပြီး၊ဝတ်မှုံကူးပြီးသန္ဓေအောင်စအထိ အကျုံးဝင်သည်။ ဤဖိစီးမှုမျိုးကိုလူမိန်းမများနှင့်နှိုင်းစာလျှင် အပျိုဘော်ဝင်စမှအိမ်ထောင်ကျ၊သန္ဓေသား ဆောင်ထားသည့်ကာလနှင့်နှိုင်းယှဉ်နိုင်သည်။ ဤအဆင့်တွင်အာဟာရစားသုံးမှုပမာဏများ စွာလိုအပ်ချိန်ဖြစ်သည်။ထိုအချိန်တွင်မြေဆီ လွှာအတွင်းရှိအမြစ်များကအပင်လိုအပ်သော ပမာဏရရှိအောင်မစုပ်ယူနိုင်ကြပေ။ အကယ်၍မြေဆီလွှာသို့မြေဩဇာများ အလုံအလောက်ထည့်ပေးသည့်တိုင် အောင်အပင်လိုအပ်သလောက်အစာ ကိုမစုပ်ယူနိုင်ပါ။ထိုအချိန်တွက်အရွက် ဖျန်းမြေဩဇာများအသုံးပြုပါကကြီး မားသောအကျိုးရလဒ်ကိုရရှိစေပါသည်။ ယနေ့ဓါတ်မြေဩဇာများကိုစိုက်ပျိုးရေး ဈေးကွက်တွင်အရည်အဖြစ်ရော၊အစိုင်အခဲများ အဖြစ်ပါတွေ့ရှိနိုင်သည်။ ♨ အစိုင်အခဲများကိုအသွင် ၄ မျိုးနှင့်တွေ့နိုင်သည်။ ယင်းတို့မှာ အမှုန့် Powder ဆား Salt ပုံဆောင်ခဲ Crystal နှင့် အတုံးအခဲကလေး Granule တို့ဖြစ်သည်။ အရွက်ဖျန်းမြေဩဇာများတွင်အသုံးပြု ရာ၌ဓါတ်ဆားများနှင့်ပုံဆောင်ခဲမှာ အဓိကဖြစ်သည်။ အိမ်သုံးဆား၊ပိုတက်စီယမ်နိုက်ထရိတ် ကဲ့သို့သောဓါတ်ဆားများမှာဆား salt အသွင်ဟုခေါ်ရမည်ဖြစ်သည်။ အချို့သောဓါတ်မြေဩဇာများမှာပို၍ လှပသောပုံဆောင်ခဲများအသွင်နှင့် ရှိနေသည်။အထူးသန့်စင်ထားသော သကြားပွင့်များပမာ လှပကြည်သန့် နေသည်။ထို့ကြောင့်အမိုးနီးယမ်းဆာလ်ဖိတ် ကိုအချို့ကသကြားဓါတ်မြေဩဇာဟု ပင်ခေါ်ကြသည်။ မဂ္ဂနီစီယမ်ဆာလ်ဖိတ် ခေါ် ဆားခါးမှာလည်းလှပသန့်စင်သော ပုံဆောင်ခဲများဖြစ်သည်။အပင်များ စိမ်းရန်အသုံးပြုသည်။ ♨ ♨ ပုံဆောင်ခဲများ၊ဓါတ်ဆားများမှာ သန့်စင်သောဓါတု ဓာတ်ပေါင်းများဖြစ် ပြီးရေတွင်ပျော်ဝင်သောကြောင့်အရွက် ဖျန်းမြေဩဇာအဖြစ်အသုံးပြုနိုင်သည်။ ဝယ်သူအနေဖြင့်ရာနှုန်းပြည့်နီးပါးသန့်စင် သောပစ္စည်းကိုဝယ်ယူသုံးစွဲရသဖြင့် ငွေကုန်ရကျိုးနပ်သည်။ ♨ ♨ ထိုအနေအထားများသည်ယနေ့ ဈေးကွက်တွင်ပျောက်ကွယ်တော့မလို ဖြစ်လာသည်။ပုံဆောင်ခဲများအစား Grenule ခေါ်အတုံးအခဲကလေး များအဖြစ်ဝင်ရောက်လာသည်။ တီဆူပါပုံမျိုး၊ ကွန်ပေါင်းပုံမျိုး၊ သာကူစေ့ပုံမျိုးဖြစ်သည်။ ♨ ♨ ထိုပစ္စည်းများမှာ100%သန့်စင်မှုမရှိပေ။ အရောအနှောပစ္စည်း filter အမျိုးမျိုး၊ ဆိုးဆေးအရောင်အမျိုးမျိုးဖြင့်လူပြိန်းကြိုက် ဖန်တီးထားသည်။ ဝယ်သူအနေဖြင့်မိမိအသုံးပြုလိုသော အာဟာရကို 100%မရနိုင်တော့ပေ။ ထို့အပြင်အားလုံးရေမပျော်တော့သဖြင့် အရွက်ဖျန်းမြေဩဇာအဖြစ်အသုံးမပြု နိုင်တော့ပေ။ ဤအနေအထားမှာမူလအခြေအနေမှနိမ့် ကျသွားခြင်းဖြစ်သည်။ မြန်မာ့စိုက်ပျိုးရေးသည်ဖွံဖြိုးရေးအရ ကမ္ဘာ့ဈေးကွက်သို့ယှဉ်ပြိုင်ရမည့်အခြေ အနေတွင်တိုးတက်သောအခြေအနေတစ် ရပ်ဖြစ်ပေါ်မလာဘဲဤကဲ့သို့လျော့ကျ သွားခြင်းမှာကြီးမားသောအကျိုးဆက် ကိုဖြစ်စေမည်မှာမလွဲဧကန်ဖြစ်သည်။ အချိန်မီတားဆီးရန်လိုအပ်ပါသည်။ ဓါတ်ဆားများကိုမြေသို့ချကျွေးရာ တွင်ကိုင်တွယ်ရာ၌ပို၍လွယ်ကူစေရန် အစိုင်အခဲကလေးများGranule များပြုလုပ်ကြသည်။လူပြိန်းအကြိုက် ဖြစ်အောင်ဆိုးဆေးတောက်တောက် ပြောင်ပြောင်များဖြင့်အရောင်ဆိုး ထားပေးသည်။ ထိုမြေဩဇာများမှာမြေသို့လွယ်ကူစွာ ကိုင်တွယ်ချကျွေးနိုင်သော်လည်း အရွက်ဖျန်းမြေဩဇာအဖြစ်အသုံးမပြု နိုင်တော့ပေ။ ဤအဖြစ်သည်အထက်သို့တက်ရမည့်အစား အောက်သို့လျော့ကျခြင်းဖြစ်သည်။ ♨ ဓါတ်ဆားများ၊ ♨ ပုံဆောင်ခဲများမှာရေတွင်100%ပျော်ဝင် နိုင်ရုံမကအရောအနှောထည့်သွင်း၍မဖြစ်နိုင်ပါ။ ♨ ♨ အတုံးအခဲကလေးများတွင်ကား ရာခိုင်နှုန်းတော်တော်များများမှာသီးနှံပင် အတွက်အာဟာရမဟုတ်သောပစ္စည်း များပါဝင်နေမည်ဖြစ်သည်။ထိုအတုံးအခဲကလေး များမှာမြေချမြေဩဇာအဖြစ်အသုံးပြုရာတွင် ကိုင်တွယ်ရန်လွယ်ကူသည့်တိုင်အောင်အာ ဟာရပါဝင်မှုအတွက်နစ်နာမှုများစွာရှိနိုင်ပါသည်။ ♨ ♨ ♨ ♨ ဆားများ၊ပုံဆောင်ခဲများ အဖြစ်ရှိခဲ့သောမြေဩဇာများ၊အရွက်ဖျန်း မြေဩဇာအဖြစ်အသုံးပြုနိုင်သောမြေဩဇာ များ၊လူပြိန်းကြိုက်အစိုင်အခဲကလေးများ အသွင်ဖြင့်ဈေးကွက်အတွင်းဝင်ရောက်လာ ခြင်းမှာမြန်မာ့စိုက်ပျိုးရေးအတွက်ကြီးမားသော ထိုးနှက်ချက်တစ်ရပ်ဖြစ်သည်။ ဦးဖရက်သိန်းဖေ ၀၉၇၉၂၈၈၁၃၃၄

Share this

Related Posts

Previous
Next Post »