How to Service? – ၀န်ဆောင်မှုကောင်းအောင် ဘယ်လိုလုပ်မလဲ

How to Service? – ၀န်ဆောင်မှုကောင်းအောင် ဘယ်လိုလုပ်မလဲ

How to Service? – ၀န်ဆောင်မှုကောင်းအောင် ဘယ်လိုလုပ်မလဲ 25 December, 2015 By: smeadmin category: E-Learning, Sales & Marketing 276 0 No Customer = No Business ဆိုရင် ဖောက်သည်တွေကို တိုးတက်လာစေရန် ကြားခံပေးနေတဲ့ Service ၀န်ဆောင်မှုဟာ အဓိကကျတယ်လို့မြင်မိမှာပါ။ Customer ဖောက်သည်ကို တန်ဖိုးပေးခြင်းဟာ လုပ်ငန်းကိုတိုးတက်စေခြင်းပဲဖြစ်ပါတယ်။ The more you give – The more you get သဘောပါပဲ။ Service ဆိုတဲ့ (၀န်ဆောင်မှုပေးခြင်း) ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေမှာ… Smile Ever (အမြဲတမ်း ပြုံးရွင်စွာနေပါ) Eye Contact (၀န်ဆောင်မှုပေးတဲ့အခါ မျက်လုံးချင်းဆုံပါစေ) Respect to All (အားလုံးကို လေးစားစွာဆက်ဆံပေးပါ) Value to Guest (မိမိ၏ဖောက်သည်ကို တန်ဖိုးထားပါ) Interest Showing (စိတ်ဝင်စားမှုကို ဖော်ပြပေးပါ) Creative Service (၀န်ဆောင်မှုကို ဆန်းသစ်စွာဖန်တီးပေးပါ) End with “Thanks” (အဆုံးသတ်မှာ ကျေးဇူးတင်ကြောင်းပြောပါ) Customers will stop doing business, Not product Quality because of they Feel Poorly Treated (ဖောက်သည်များ၏ အားပေးမှုရပ်တန့်မှုသည် ပစ္စည်း၏အရည်အသွေးမကြိုက်နှစ်သက်မှုထက် ထိုဝန်ဆောင်မှုကို စိတ်တိုင်းမကျခြင်းသာဖြစ်သည်ဟု ဆိုပါတယ်)၊ ဒါကြောင့် ခေတ်ပြိုင်စီးပွားရေးတဲ့ တူညီတဲ့ဈေးကွက်၊ ၀ယ်လိုအား အနေအထားမှာ ၀န်ဆောင်မှုကို မဟာဗျူဟာအဖြစ်အသုံးပြုပြီး ဈေးကွက်အောင်မြင်မှုကို သေချာပေါက် ဖန်တီးနိုင်မှာပဲဖြစ်ပါတယ်။ ဖောက်သည်များအပေါ် တန်ဖိုးထားစေဖို့ရာ Customer Values အချက်များကို လက်တွေ့ကျင့်သုံးနိုင်ဖို့ ကိုးကားဖော်ပြ ပေးထားပါတယ်။ Always remember that Customer Pay Your Salary: (ဖောက်သည်ဟူသည် မိမိအား ၀င်ငွေပေးနေသူဟု အမြဲတမ်းမှတ်ယူပါ) Every Customer wants to Feel Important and Valued: (ဖောက်သည်တိုင်းသည် အရေးကြီးမှု၊ တန်ဖိုးပေးမှုကို လိုချင်ကြသည်) Customer want “Fast” “Convenience” “Need Guide”: (ဖောက်သည်များသည် မြန်ဆန်မှု၊ အဆင်ပြေမှု၊ လမ်းညွှန်မှုကို ကြိုက်၏) Give Customer Satisfactions! So, Returen Again & Again: (ဖောက်သည်များသည် စိတ်ကျေနပ်မှုရှိပါက ထပ်ခါထပ်ခါ ပြန်လာပေမည်) Unhappy Customer will tell more People his/her Negative: (အဆင်မပြေသော ဖောက်သည်များသည် ထိုမကောင်းကြောင်းကို အများအားပြန်ပြောပေမည်) For Service Problem (Listen) (Apologize) (Solve) (Thanks) LAST Formula. (ဖောက်သည်များ၏ ၀န်ဆောင်မှုပြဿနာများအား နောက်ဆုံးအခြေအနေအထိ… (နားထောင်ခြင်း) (တောင်းပန်ခြင်း) (ဖြေရှင်းခြင်း) (ကျေးဇူးတင်ခြင်း) အဆင့်များဖြင့် ဖြေရှင်းနိုင်ပါသည်။ No Customer = No Business (ဖောက်သည်များမရှိပါက စီးပွားရေးဟူသည်ရှိမည်မဟုတ်သဖြင့်) ကောင်းမွန်သာလွန်တဲ့ ၀န်ဆောင်မှုတွေကို ဖန်တီးပေးပြီး Customer Satisfy ဖောက်သည်စိတ်ကျေနပ်မှုကို ရယူလျှက် ရေရှည်ခံစီးပွားရေးကို ဖန်တီးတည်ဆောက်နိုင်စေဖို့ ဈေးကွက်မဟာဗျူဟာဆိုင်ရာ အကြံပြုမျှဝေရေးသားပေးလျှက်။ ဆက်လက်ကြိုးစားပါဦးမည်။
Business Planning – စီးပွားရေး အစီအစဉ်ရေးဆွဲခြင်း

Business Planning – စီးပွားရေး အစီအစဉ်ရေးဆွဲခြင်း

Business Planning – စီးပွားရေး အစီအစဉ်ရေးဆွဲခြင်း 25 December, 2015 By: smeadmin category: E-Learning, Entrepreneurship 618 0 အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်း တစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ဆိုရင်တော့ အရင်ဆုံး သင်လုပ်ဆောင်ရမှာကတော့ Business Plan တစ်ခု ရေးဆွဲဖို့ ပါပဲ။ Plan မှမရှိပဲ ကြုံသလိုစီးပွားရေးလုပ်လျှင် အရင်းအနှီးဘယ်လောက် ကောင်းကောင်း ရည်မှန်းထားတဲ့ လုပ်ငန်းဟာ အောင်မြင်မှာမဟုတ်ပါဘူး။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတစ်ခု အောင်မြင်အောင် Business Plan တစ်ခုကို ကြိုတင်ပြီးရေးဆွဲသင့်ပါတယ်။ ၁။ (R&D) သုတေသနလုပ်ခြင်း ရည်ရွယ်ထားတဲ့ လုပ်ငန်းနဲ့ သက်ဆိုင်မယ့် အချက်အလက်မှန်သမျှကို သုတေသန လုပ်သင့်ပါတယ်။ ဥပမာ IT Business လုပ်မယ်ဆိုရင် လက်ရှိအောင်မြင်နေတဲ့ IT Company တွေကို လေ့လာသင့်ပါတယ်။ သူတို့ ရဲ့ ဝန်ဆောင်မှုတွေ၊ ၀န်ထမ်းဖွဲ့ စည်းပုံ၊ ဈေးကွက်အနေအထား၊ Customer တွေရဲ့ တုံ့ ပြန်မှု စတာတွေကို စနစ်တကျ သုတေသနပြု လေ့လာသင့်ပါတယ်။ အတွေ့ အကြုံရှိသူ ကျွမ်းကျင်ပညာရှင်တွေနဲ့ လည်း တိုင်ပင်သင့်ပါတယ်။ Google Search ကလည်း သင့်သုတေသနလုပ်ငန်းအတွက် အကောင်းဆုံးကူညီ နိုင်ပါတယ်။ သင့်သုတေသနအတွက် လိုအပ်တဲ့ အချက်အလက်တွေကို Google ကနေရှာဖွေနိုင်ပါတယ်။ ၂။ (Planning on Paper) အစီအစဉ်တွေကို စာရွက်ပေါ်တွင်ချရေးခြင်း သင်သုတေသန လုပ်ထားတဲ့ အချက်အလက်တွေကို စာရွက်ပေါ်မှာချရေးထားသင့်ပါတယ်။ ဦးနှောက်ထဲမှာပဲ သိမ်းထားရင် တချို့ အရေးကြီးတဲ့ အချက်အလက်တွေ မေ့သွားနိုင်ပါတယ်။ စာရွက်ပေါ်မှာ ချရေးခြင်းဟာ စေ့စပ်သေချာတဲ့ အလုပ်ဖြစ်ပြီး Business Plan တစ်ခု တည်ဆောက်ဖို့ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတစ်ခုဖြစ်ပါတယ်။ စီးပွားရေးတခုလုံးမှာပါဝင်နေတဲ့ လူ၊ ငွေ၊ အရာဝတ္တု၊ မဟာဗျူဟာ၊ ဈေးကွက် စတဲ့အချက်တွေလည်းဖြစ်နိုင်ပါတယ်။ ၃။ (Mission) ဦးတည်ချက် သင့်လုပ်ငန်းရဲ့ ဦးတည်ချက်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေကို စာရင်းပြုစုသင့်ပါတယ်။ ဥပမာ သင်က အမျိုးသမီးသုံးအလှကုန်ထုတ်မယ့် စီးပွားရေး လုပ်မယ်ဆိုရင် ကျွန်တော်တို့ ရဲ့  Target က အမျိုးသမီးတွေဖြစ်ရမယ်ပေါ့။ ဒီလောက်နဲ့ ဦးတည်ချက်က မလုံလောက်သေးပါဘူး။ အမျိုးသမီးတွေမှာမှ အသက်အပိုင်းအခြား ဘယ်နှနှစ်ကနေ ဘယ်နှနှစ်အတွင်းကို ဦးတည်မှာလဲ စသဖြင့် သင့်လုပ်ငန်းရဲ့ ဦးတည်ချက် အလိုက် စနစ်တကျလေ့လာပြီး အစီအစဉ်ဆွဲထားသင့်ပါတယ်။ ၄။ (Completitor) ပြိုင်ဘက်များ သင်ဟာ စီးပွားရေး လုပ်ငန်း လုပ်နေပြီဆိုမှတော့ ပြိုင်ဘက်နဲ့ မကင်းနိုင်ပါဘူး။ ဒါဆို ပြိုင်ဘက်တွေကို ရင်ဆိုင်ဖို့  Plan တစ်ခု ကြိုတင်ရေးဆွဲ ထားသင့်ပါတယ်။ သင့်စီးပွားရေး နယ်ပယ်ထဲမှာ ရှိနှင့်ပြီးသား ပြိုင်ဘက်တွေသာမက နောင်အနာဂတ်မှာ ရင်ဆိုင်ရဖွယ်ရှိတဲ့ ပြိုင်ဘက်အသစ်တွေကိုပါ ကြိုတင်တွက်ဆထားရပါမယ်။ ပြိုင်ဘက်တွေရဲ့  အားသာချက်၊ အားနည်းချက်တွေကိုပါ ကြိုတင်စဉ်းစားထားရပါမယ်။ ၅။ (Marketing Strategy) ဈေးကွက်မဟာဗျူဟာ စီးပွားရေးလုပ်ငန်းတစ်ခုရဲ့  အသက်သွေးကြောကတော့ ဈေးကွက်မှာနေရာရဖို့ ပဲဖြစ်ပါတယ်။ သင့်လုပ်ငန်းရဲ့ အောင်မြင်မှု၊ မအောင်မြင်မှုဟာ သင့်ဈေးကွက် ကျယ်ပြန့် မှုဘယ်လောက် အတိုင်းအတာရှိသလဲဆိုတဲ့ အချက်ပေါ် မူတည်ပါတယ်။ ဥပမာ သင်က Mobile Application ရေးဆွဲတဲ့ ၀န်ဆောင်မှုလုပ်ငန်း လုပ်တယ်ဆိုပါစို့ ။ အရင်ဆုံး သင့် ၀န်ဆောင်မှုကို ဈေးကွက်မှာ နေရာရဖို့  Customer တွေရဲ့ စိတ်ဝင်စားမှုလိုအပ်ပါတယ်။ Free Service တွေ၊ ကံစမ်းမဲတွေ၊ ကြော်ငြာ အဆန်းအပြားတွေနဲ့ သင့်လုပ်ငန်းကို လူသိများအောင် လုပ်ပြီး ဈေးကွက်ကို ကျယ်ပြန့် အောင်လုပ်နိုင်ပါတယ်။ ၆။ (Needed Assessment) လိုအပ်ချက်များပြင်ဆင်ခြင်း စီးပွားရေး လုပ်ငန်းလုပ်ပြီဆိုရင် သင်ဟာ လုပ်ငန်းနဲ့ သက်ဆိုင်တဲ့ လိုအပ်ချက်တွေကို ပြင်ဆင်ရပါတော့မယ်။ ရှယ်ယာ၊ ၀န်ထမ်း၊ Company လိုင်စင် စသဖြင့်ပေါ့။ ဥပမာ Website Creation ၀န်ဆောင်မှုလုပ်ငန်း လုပ်မယ်ဆိုရင်အဓိက လိုအပ်ချက်တွေက Designer တွေ၊ ဖုန်း၊ ရုံးခန်း၊ ၀န်ထမ်း စသဖြင့် လုပ်ငန်းပေါ်မူတည်ပြီး လိုအပ်ချက်တွေကို ပြင်ဆင်ထားသင့်ပါတယ်။ ၇။ (Challenging) အဟန့် အတားများ အတားအဆီး အဟန့် အတားတွေကိုလည်း ကျော်ဖြတ်တတ်ဖို့ လိုပါတယ်။ ဥပမာ အတူလက်တွဲ လုပ်ဆောင်ခဲ့တဲ့ ရှယ်ယာရှင်၊ဒါမှမဟုတ် ပညာရှင်တွေ၊ ၀န်ထမ်းတွေ၊သင်နဲ့ အတူတူလုပ်ကိုင်နေရင်း အကြောင်းအမျိုးမျိုးကြောင့် သင့်လုပ်ငန်းက ထွက်ခွာသွားရင် လုပ်ငန်းကို မရပ်တန့် ပဲ ဘယ်လို လည်ပတ်မလဲ စသဖြင့် ကြိုတင်တွေးဆထားသင့်ပြီး ဖြစ်နိုင်စရာ ဖြေရှင်းချက်တွေကို ရှာဖွေထားသင့်ပါတယ်။ ၈။ (HR & Communication) လူ့ စွမ်းအားနှင့် ပေါင်းသင်းဆက်ဆံရေး သင့်မှာ ၀န်ထမ်းကောင်းတွေရှိဖို့ လိုအပ်ပါတယ်။ ထို ၀န်ထမ်းတွေရဲ့ လုပ်ကိုင်နိုင်စွမ်းအားကိုလည်း အမြဲမပြတ်လေ့လာ ဆန်းစစ်နိုင်ရပါမယ်။ သူတို့ ရဲ နောက်ခံအခြေအနေ၊ အားနည်းချက်၊ အားသာချက်တွေကိုလည်း သိရှိထားရပါမယ်။ သူတို့ ရဲ့ ကြိုးစား အားထုတ်မှုတွေကိုလည်း ချီးမွမ်းအသိအမှတ်ပြုသင့်ပါတယ်။ အမှားအယွင်းတွေ့ ရင်တောင် ရင်းမြစ်ကို သေချာစုံစမ်းသင့်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးဆိုတာ Customer တွေရဲ့ ပေါင်းသင်းဆက်ဆံရေး သာမက ၀န်ထမ်းတွေနဲ့ ပေါင်းသင်း ဆက်ဆံရေးလည်း ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ ပေါင်းသင်းဆက်ဆံရေးက သင့် လုပ်ငန်း အောင်မြင်ဖို့  များစွာအထောက်အကူပေးနိုင်ပါတယ်။ ၉။ (Orientation) ရှေ့ သို့ ချီတက်ခြင်း ရှေ့ ကို ဘယ်လို ချီတက်ကြမလဲ။ သင်ရဲ့ လုပ်ငန်းကို လမ်းပြမြေပုံတစ်ခုလို့ သဘောထားကြည့် လိုက်ပါ။ သင်စီစဉ်ထားတဲ့လုပ်ငန်းတစ်ခုခု အောင်မြင်ပြီးမြောက်သွားရင် နောက်တစ်ခုကို ဘယ်လို ဆက်အကောင်အထည်ဖော်မလဲပေါ့ စသဖြင့် အစီအစဉ်ချထားဖို့ လိုအပ်ပါတယ်။ ဒါတွေကတော့ Business Plan တစ်ခုတည်ဆောက်ဖို့ ပါဝင်သင့်တဲ့အချက်တွေ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် စိတ်ကူးစိတ်သန်းချင်း မတူတဲ့ အတွက် Plan ဆွဲပုံချင်းကလည်း ကွာခြားနိုင်ပါတယ်။ သင့် စိတ်ကူးရှိရင်ရှိသလို ကွန့် မြူးနိုင်ပြီး လိုနေတဲ့အချက်တွေကို ထပ်ဖြည့်နိုင်ပါတယ်။ အောင်မြင်သော Business Plan တစ်ခုကို မှန်ကန်ကောင်းမွန်စွာရေးဆွဲနိုင်ပါစေ။
bank

bank

1) အတိုးနှုန်းပေါ်အမြတ် (Interest Margin) 2) အသားတင်အကျိုးအမြတ် (Net Margin) 3) ပိုင်ဆိုင်ငွေကြေးအကျိုးရှိစွာအသုံးပြုမှု (Assets Utilization) 4) ပိုင်ဆိုင်မှုငွေကြေးပစ္စည်းများပေါ်အမြတ်(Return on Assets) 5) အမြတ်ဆပွားနှုန်း (Leverage Multiplier) 6) ရင်းနှီးငွေပေါ်အမြတ် (Return on Capital) 1) Interest Margin (အတိုးနှုန်းပေါ်အမြတ်) အတိုးနှုန်းပေါ်အမြတ်ကို တွက်ချက်ခြင်းမှာအတိုးနှုန်းမှရရှိသည့်ဝင်ငွေများမှ အတိုးနှုန်းဖြင့်ပေး ရသည့်အသုံးစရိတ် အတိုးများ ကိုနှုတ်ပြီးကျန်ငွေအသားတင်အတိုးကိုအတိုးဝင်ငွေရသည့်ပိုင်ဆိုင်မှုများ(Assets) ဖြင့်စားကြည့်ခြင်းဖြစ်သည်။ ယင်းတို့မှာ အသားတင်အတိုးကို အာမခံစာချုပ်စာတမ်းများ၊ ရင်းနှီးမြှုပ်နှံမှုများနှင့်ချေးငွေများဖြင့်စားခြင်း ဖြစ်သည်။ Interest Margin = Int Income – Int Expenses ————-/———– Earning Assets ဤအချိုးသည်ဘဏ်၏ဝင်ငွေရသည့် အာမခံစာချုပ် စာတမ်းများ၊ ချေးငွေများနှင့်ဝင်ငွေများပေါ်ရရှိသည့် အတိုးဝင်ငွေနှင့်အပ်ငွေများပေါ်ပေးရသည့်အတိုးများ၏ ဆက်နွယ်မှုကိုလေ့လာခြင်းဖြစ်သည်။ ယင်းအချိုးမြင့်မားခြင်းသည် အသားတင်အတိုးဝင်ငွေရရှိစေရန်အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံခြင်း ငွေထုတ်ချေးနိုင်ခြင်း ကိုပြသပါသည်။ 2) Net Margin (အသားတင်အကျိုးအမြတ်) ဘဏ်လုပ်ငန်လုပ်ဆောင်ရာတွင်အသားတင်ရရှိသည့်ဝင်ငွေကိုဝင်ငွေစုစုပေါင်းနှင့်စားကြည့်ခြင်းဖြစ်ပါ သည်။ ဝင်ငွေမှအသုံးစရိတ်နှုတ်ပြီးအသားတင်အ ကျိုးအမြတ်သည်စုစုပေါင်းဝင်ငွေ၏ ရာခိုင်နှုန်းမည်မျှဖြစ်သည်ကို လေ့လာခြင်းဖြစ်ပါသည်။ ဝင်ငွေစုစုပေါင်းအနက်မှ ဘဏ်အတွက်အသားတင်အကျိုးအမြတ် မည်မျှရရှိသည်ကိုလေ့လာခြင်းဖြစ်သည်။ ယင်းအချိုးမြင့်မားခြင်းသည်လည်း ဘဏ်သည် ဝင်ငွေကိုကောင်းစွာရရှိအောင်ဆောင်ရွက်နိုင်ခြင်းကို ပြသပြီးဘဏ်၏အရည်အသွေးကိုပြသခြင်းဖြစ်ပါသည်။ Net Margin = Net Income ————/———— Revenues 3) Assets Utilization (ပိုင်ဆိုင်ငွေကြေးအကျိုးရှိစွာအသုံးပြုမှု) ဘဏ်လုပ်ငန်းလုပ်ဆောင်ရာတွင်မိမိ၏ရှိသမျှပိုင်ဆိုင်မှု၊ ငွေကြေး၊ ရင်းနှီးမြှုပ်နှံမှုအင်အားကိုအသုံးပြုကြ ရသည်ဖြစ်ရာ ထိုသို့အသုံးပြုရာမှရရှိသည့် ဝင်ငွေစုစုပေါင်းကိုအသုံးပြုခဲ့သည့်ပိုင်ဆိုင်မှုငွေကြေး၊ ပစ္စည်း အားလုံးတို့နှင့် အချိုးချကြည့်ခြင်းဖြစ်ပါသည်။ အသုံးပြု သည့်ပိုင်ဆိုင်မှုပစ္စည်း၊ ငွေကြေးတို့ပေါ်တွင်ဝင်ငွေများများရရှိခြင်းသည် ပိုင်ဆိုင်ပစ္စည်းငွေကြေးအရပ်ရပ်ကိုစနစ်တကျထိထိရောက်ရောက်အသုံးပြုနိုင်ခြင်းကိုပြသပါသည်။ ထိုသို့ထိရောက်စွာအသုံပြုနိုင်ရန် စီစဉ်ဆောင်ရွက်နိုင်မှုသည်ဘဏ်၏ စီမံခန့်ခွဲမှုအဖွဲ့၏အရည်အချင်းပင်ဖြစ်ပါသည်။ ဝင်ငွေမှာအသုံးစရိတ်မနှုတ်သေးသည့် ဝင်ငွေစုစုပေါင်းကိုဆိုလိုပါသည်။ ပိုင်ဆိုင်မှုပစ္စည်း၊ ငွေကြေးတို့မှာငွေသား၊ ဘဏ်လက်ကျန်၊ ရင်းနှီးမြှုပ်နှံမှုစာချုပ်စာတမ်းများ၊ ချေးငွေများနှင့်ဘဏ်အဆောက်အအုံစသည်တို့ဖြစ်ပါသည်။ Assets Utilization = Revenue ———/——— Assets 4) Return on Assets (ပိုင်ဆိုင်မှုများအပေါ်အကျိုးအမြတ်) လုပ်ငန်းတွင်ရှိနေသည့်အရပ်ရပ် ပိုင်ဆိုင်မှုစုစုပေါင်းပေါ်တွင် အကျိုးအမြတ်မည်မျှရှိသည်ကို လေ့လာကြည့်ခြင်းဖြစ်ပါသည်။ လုပ်ငန်းထဲတွင်လည်ပတ်ရောက်ရှိနေသည့် ငွေကြေးဓနပိုင်ဆိုင်မှုအင်အားစုများအားလုံးကို အသုံးပြုခြင်းဖြင့် ဘဏ်၏အ မြတ်မည်မျှရသည်ကို လေ့လာတွက်ချက်ကြည့်ခြင်းဖြစ်ပါသည်။ ဘဏ်လုပ်ငန်းမှတစ်နှစ်တာအတွင်း အမြတ်ရငွေကိုပိုင်ဆိုင်မှုပစ္စည်း၊ ငွေကြေးအရပ်ရပ်စုစုပေါင်းဖြင့် စားကြည့်ခြင်းဖြစ်ပါသည်။ အမြတ်များများရခြင်းသည် ပိုင်ဆိုင်မှုပစ္စည်းအရပ်ရပ်ကိုထိ ရောက်စွာအသုံးပြုခြင်းဖြစ်ပါသည်။ အမြတ်များများရရန်ပိုင်ဆိုင်မှုအရပ်ရပ်မှာ ဝင်ငွေရနိုင်သည့် ပိုင်ဆိုင်မှု (ရင်းနှီးမြှုပ်နှံမှု+ချေးငွေ) ဖြစ်သင့်ပြီးဝင်ငွေမရသည့် (ငွေသား+ဘဏ်အ ဆောက်အအုံ) စသည်တို့မှာသင့်ရုံသာရှိသင့်သည်။ ယင်းအချိုးမှာပိုင်ဆိုင်မှုပစ္စည်းအရပ်ရပ်အပေါ် ရရှိသည့်အကျိုးအမြတ်ဖြစ်၍ Return on Assets (ROA) အချိုးအဖြစ်လူသိများပါသည်။ Return on Assets = Net Income ———-/——— Assets 5) Leverage Multiplier (အမြတ်ဆပွားနှုန်း) ဘဏ်၏ငွေအရင်းအနှီးထည့်ဝင်ပြီး နောက်ဘဏ်၏ ပိုင်ဆိုင်မှုအရပ်ရပ်ကိုအသုံးပြု၍ ဝင်ငွေရရှိအောင်လုပ် နိုင်စွမ်းရည်ကို တိုင်းတာခြင်းဖြစ်ပါသည်။ ဘဏ်၏ပိုင်ဆိုင်မှုအရပ်ရပ်ကိုအသုံးပြုခြင်းဖြင့် ဘဏ်၏အရင်းအနှီးနှင့်နှိုင်းယှဉ်လျှင် အမြတ်ငွေတိုးတက်လာနိုင်မည့်ဆနှုန်းကို ဖော်ပြခြင်းဖြစ်ပါသည်။ ဘဏ်၏ပိုင်ဆိုင်မှုအရပ်ရပ်တိုးတက်များပြားခြင်းသည် ဘဏ်၏အရင်းအနှီးမြင့်မားခြင်းဖြစ်ပါသည်။ အရပ်ရပ်ပိုင်ဆိုင်မှုပမာဏများပြားလျှင် ထိုသို့များများပိုင်ဆိုင်မှုများကိုအသုံးပြုခြင်းဖြင့် ဝင်ငွေသည်ဆပွားများပြားလာနိုင်ရန်တွန်းအားပြုနိုင်ခြင်းကို ဖော်ပြသည့်အတွက်အမြတ်ဆပွားနှုန်း ဟုခေါ်ပါသည်။ Leverage Multiplier = Assets ——-/—— Equity 6) Return on Capital (အရင်းအနှီးပေါ်အကျိုးအမြတ်) ဘဏ်တွင်ပိုင်ရှင်ကထည့်ဝင်ထားသည့် ငွေကြေးအရင်းအနှီးပေါ်တွင်အမြတ်အစွန်း မည်မျှခံစားခွင့်ရသည်ကို တွက်ချက်ဖော်ပြသည့် အချိုးဖြစ်ပါသည်။ နှစ်စဉ်ဘဏ်လုပ်ငန်းအကျိုးအမြတ်ရရှိမှုကို ထည့်ဝင်ထားသည့် ငွေကြေးအရင်းအနှီးနှင့် နှိုင်းယှဉ်ဖော်ပြခြင်းဖြစ်ပါသည်။ ဘဏ်လုပ်ငန်းသည်မည်မျှ ထိထိရောက်ရောက်အရည်အသွေးရှိရှိ လုပ်ဆောင်နိုင်သည်ကိုအနှစ်ချုပ်၍ဖော်ပြသည့် အချိုးဖြစ်ပြီးအရင်းအနှီးပေါ်အကျိုးအမြတ် (Return on Equity) ဟုခေါ်ဆိုကြသည်။ ဏ္ဍာရေးလောကတွင်အသုံးများသည့်အချိုးတစ်ခု ဖြစ်ပြီးအသားတင်ဝင်ငွေကို ငွေအရင်းအနှီးဖြင့်စား၍နှိုင်းယှဉ်ခြင်းဖြစ်ပါသည်။ ငွေအရင်းအနှီးတွင်မူလထည့်ဝင်ထားသည့် ငွေကြေးအရင်းအနှီးများအပြင်နှစ်စဉ်ရရှိသည့်အမြတ်များ၊ ရန်ပုံငွေများလည်းပါဝင်ပါသည်။ Return on Equity = Net Income ———–/——— Equity ဤအချိုးမှာဘဏ်လုပ်ငန်း၏ စီမံခန့်ခွဲအုပ်ချုပ်မှုကို ဝင်ငွေရှုထောင့်မှလေ့လာကြည့်ခြင်းပင်ဖြစ်ပါသည်။ ဘဏ်များသည်ဝင်ငွေရရှိရန်ထိုက်သင့်သည့် စွန့်စားမှုများပြုကြရာတွင် ဘဏ်၏စီမံခန့်ခွဲမှုကို စွန့်စားမှုအန္တရာယ် (Risk) ရှုထောင့်မှ ဆက်လက်လေ့လာရန်လို ပေမည်။ အမြတ်အစွန်းတိုင်းတာသည့်အချိုး (၆)ခုပြီးပါပြီ။ စာရေးသူ – ကိုသန့်ပိုင်စိုး ၏ ဘဏ်အကျိုးအမြတ်တွက်ချက်နည်းများအား အယ်ဒီတာချုပ်မှ ပြန်လည်ဖော်ပြပေးလျှက်။
"Over " နဲ့ တွဲ၍ အ

"Over " နဲ့ တွဲ၍ အ

"Over " နဲ့ တွဲ၍ အသုံးပြုထားတဲ့ ၀ါကျလေးတွေ လေ့လာကြည့်ကြရအောင်... ********************************************************* Overhear = နားစွန်နားဖျားကြားသည်။ Overcast = တိမ်ဖုံးသော။ Oversight = မျက်စိလျှမ်းသော။ Oversleep = အအိပ်လွန်သော။ Overtake = ကျော်တက်သည်။ Overdue = ရက်လွန်သော။ Overdose = ဆေးကို အလွန်အကျွံသုံးခြင်း။ Overturn = မှောက်သည်။ Overwhelm = လွှမ်းမိုးသည်။ Overcharge = ကျသင့်ငွေထက်ပိုယူသည်။ Overjoyed = အလွန်ဝမ်းသာသော။ Overhaul = အလုံးစုံပြုပြင်ပေးသည်။ ကျွန်တော်တို့ နေ့စဉ်ပြောဆိုနေရသော အထက်ပါအကြောင်းအရာလေးတွေကို ဥပမာလေးတွေနဲ့ လေ့လာကြည့်ကြရအောင်... (1) I overheard that the boss is planning to fire you. သူဌေးက မင်းကို အလုပ်ထုတ်ဖို့ စီစဉ်နေတာ ကျွန်တော် နားစွန် နားဖျားကြားလိုက်တယ်နော်။ (2) Unfortunately the sky was overcast on the day of the pacnic. ကံဆိုးချင်တော့ ပျော်ပွဲစားထွက်မယ့်နေ့မှ တိမ်တွေက အုံ့မှိုင်းနေတယ်ကွာ။ (3) Due to an oversight , we had not paid the bill. မျက်စိလျှမ်းသွားလို့ ...ကျွန်တော်တို့ ကုန်ကျငွေစာရင်း မပေးဖြစ်သေးဘူးခင်ဗျ။ (4) Michael overslept and missed the bus. မိုက်ကယ် အိပ်တာလွန်သွားတာ ကားမမီလိုက်တော့ဘူး။ (5) Don't overtake now-there's a bend up ahead. အခု ကျော်မတက်နဲ့ဦး..ရှေ့မှာ အကွေ့တစ်ခုရှိတယ်။ (6) I must take these books back to the libary, they're overdue. ဒီစာအုပ်တွေကို ကျွန်တော်ပြန်ယူသွားရမယ်..ရက်လွန်နေပြီဗျ။ (7) Yan Paing is recovering from a drug overdose. ရန်ပိုင်ဟာ ဆေးအလွန်အကျွံသုံးစွဲရာကနေ ပြန်နေကောင်းနေပါပြီ။ (8) Aung Khaing overturned his car in the accident. အောင်ခိုင် မတော်တဆဖြစ်ပြီး ကားမှောက်သွားတယ်ဗျာ။ (9) Emotion overwhelmed the actor when he won an award. သရုပ်ဆောင်မင်းသားက ဆုရရှိသွားလို့ စိတ်လှုပ်ရှားမှုက မင်းသားကို လွှမ်းမိုးသွားတယ်။ (10) The store manager was fired for overcharging customers. ဆိုင်မန်နေဂျာက ဖောက်သည်တွေဆီက ကျသင့်ငွေပိုယူလို့ အလုပ်ထုတ်ခံ လိုက်ရတယ်။ (11) The parents were overjoyed at the birth of their son. သားလေးမွေးတော့ မိဘတွေက ၀မ်းသာပီတိဖြစ်ကြပါတယ်။ (12) The driver was trapped in the overturned car. မှောက်နေတဲ့ ကားထဲမှာ ကားသမား ပိတ်မိနေတယ်။ (13) The mechanic overhauled my car's engine. စက်ပြင်ဆရာက ကျွန်တော့်ကားရဲ့ အင်ဂျင်တစ်ခုလုံးကို လိုတာမှန်သမျှ ပြုပြင်ပေးတယ်။ *************************************************************** " စာမေးပွဲမှာ မေးလေ့ရှိတဲ့ Quiz လေးတွေအချို့ မှတ်သားထားကြရအောင်......" ********************************************************** (1) I get up early in the morning. ကျွန်တော် နံနက်စောစော အိပ်ယာက ထပါတယ်။ (2) I was born on 3rd May in 1989. ကျွန်တော့်ကို ၁၉၈၉ ခုနှစ် မေလ ၃ ရက်နေ့မှာ မွေးပါတယ်။ (3) Our school begins at 9 o'clock. ကျွန်တော်တို့ကျောင်းက ၉ နာရီမှာ စပါတယ်။ (4) We have holidays in Summer. ကျွန်တော်တို့ နွေရာသီမှာ ကျောင်းပိတ်တယ်။ (5) I have been in Nay Pyi Taw since February . ကျွန်တော် ဖေဖော်ဝါရီလကတည်းက နေပြည်တော်ကို ရောက်နေတာပါ။ (6) I come from Yenangyaung. ကျွန်တော် ရေနံချောင်းက လာတာပါ။ (7) This car is made in Japan. ဒီကားကို ဂျပန်မှာ လုပ်တာပါ။ (8) The higher the sun, the hotter the day becomes. နေမြင့်လာလေလေ ပိုအိုက်လာလေ ပိုပူလာလေပါပဲ။ (9) The richer you got, the less money you spent. မင်းချမ်းသာလေလေ ပိုပြီး ကပ်စေးနဲလာလေ အသုံးနည်းလာလေပါပဲ။ (10) The less you eat, the thinner you will become. မင်း လျှော့စားလေ ပိုပြီး ပိန်လာလေပဲ။ (11) May Zin is as beautiful as her mother. မေဇင်က သူ့အမေလိုပဲ လှပတယ်။ (12) Mandalay is not as large as Yangon. မန္တလေးက ရန်ကုန်လောက် မကြီးဘူး။ (13) Yangon is larger than Mandalay. ရန်ကုန်က မန္တလေးထက် ပိုကြီးတယ်။ (14) Yangon is the largest city in Myanmar . ရန်ကုန်က မြန်မာနိုင်ငံမှာ အကြီးဆုံးမြို့တော်ဖြစ်တယ်။ (15) Nay Pyi Taw is as hot as Magway. နေပြည်တော်က မကွေးလိုပဲ ပူတယ်။ (16) Nay Pyi Taw is not as cold as Taunggyi. နေပြည်တော်က တောင်ကြီးလောက် မအေးဘူး။ (17) If I were a bird, I would fly to lover. ငါသာ ငှက်တစ်ကောင်ဖြစ်ခဲ့မယ်ဆိုရင် ချစ်သူဆီကို ပျံသန်းလိုက်ချင်တယ်။ (18) If you keep your promise, you will not lose your friends. မင်းသာ ကတိတည်ရင် မိတ်ဆွေတွေ မဆုံးရှုံးပါဘူး။ (19) Do you speak English very well? မင်း အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်လား။ (20) Kyaw Swar speaks English very well. ကျော်စွာက အင်္ဂလိပ်လို ကောင်းကောင်းပြောတတ်တယ်။ " ဝေါဟာရများ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ကြပြီး အင်္ဂလိပ်စာတိုးတက်ကြပါစေ.........
သင်စကားပြောတတ်ပြီလား???

သင်စကားပြောတတ်ပြီလား???

သင်စကားပြောတတ်ပြီလား???======(စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တော့ မယ်ဆိုရင် ) လော ကမှာ အခက်ဆုံးအလုပ်ကိုပြောပါဆိုလျှင် စကားပြောခြင်းဖြစ်မည်ထင်သည်(ကျွန်တော့် အမြင်)။ စကားကို ၁ နှစ်ဝန်ကျင်လောက်ဆိုလျှင် လူတိုင်းနီးပါး စပြောတတ်ပြီဖြစ်သည်။ တစ်သက်လုံးလဲ ပြောနေရခြင်းဖြစ်သည်(တစ်သက်လုံးလဲ သင်ယူနေရာသော အရာတစ်ခုဖြစ်မည်ထင်သည်) ဘာလို့ စကားပြောခြင်းသည် ထိုမျှလောက်ရှုပ်ထွေးနေသနည်း....?.......... စကားပြောခြင်းသည် ကျွန်တော်တို့  အသိညဏ်၊ပတ်ဝန်းကျင်၊ အတွေ့ အကြုံ၊ ဆက်ဆံရေးများဒွေးရောယှက်တင်ပြီးမှထွက်လာသောအရာတစ်ခုဖြစ်၏။ ဘာသာစကားပေါင်းစုံသင်ရလွယ်ချင်လွယ်မည်.....ဓလေ့ ပေါင်းစုံနှင့် (လူပေါင်းစုံနှင့် ) ကိုက်သော စကားပြောခြင်းကား နက်နဲ သိမ်မွေ့ လှသောအရာဖြစ်၏။ ထိုသို့ ခက်လှသော စကားပြောခြင်းကို ပိုမိုလွယ်ကူအစဉ်ပြေစေရန် ၃ မျိုးခွဲ ပြီးလေ့ လာကြည့် လို့ ရပါသည်။ ၁) Linear Active-ထိုသူများသည် စကားကို official channel မှသာအပြောများပါသည်။ ထိုသူများသည် အလုပ်ပြီးမြောက်ရေးကိုသာအလေးထား၏ အရမ်းတိကျသော အစီအစဉ် Plan များ အချက်အလက်များကို အထူးပြုကြ၏။ မှတ်တမ်းမှတ်ရာများ အကိုးအကားများဖြင့် ပြောကြသည်။ တစ်ခုပြီးမှတစ်ခုလုပ်သူများဖြစ်သည်။ တိကျ၏၊ အစီအစဉ်ကျ၏ အချက်အလက်စုံလင်ထောင့် စေ၏ လမ်းရိုးလမ်းမှန်ကသာအကောင်းဆုံးသွား၏။ အနောက်တိုင်းသားအများစု သို့ မဟုတ် အနောက်တိုင်းဆန်သောစီးပွားရေးလုပ်ငန်းရှင်များအသားကျလေ့ ရှိ၏ ၂) Multi-Active-ထိုသူများသည် စကားကို informal channel မှသာအပြောများသည်။ (meeting မှာ ဘာမှမပြော...ညစာစားပွဲမှ အလုပ်အကြောင်းညှပ်ပြောတတ်သူများဖြစ်၏) သူတို့ သည်ပြောခြင်းနှင့် နားထောင်ခြင်းကိုတစ်ပြိုင်ထဲလုပ်နိုင်ကြ၏ ။ စကားဝိုင်းစိုပြေမှု ချောမွေ့ မှုကိုအလေးထား၏ ထိုသူများသည် စကားဝိုင်းတိတ်ဆိတ်သွားသည်ကိုလုံးဝမကြိုက်ပါ။ ထိုသူတို့ သည် Product အကြောင်း ထက်လူမှုဆက်ဆံရေးကိုပိုအလေးထား၏ (ဆက်ဆံရေးနှင့် ယုံကြည်မှု ကိုအရင်တည်ဆောက်ပြီးမှရောင်းကြ၏ ၊ စီးပွားရေးလုပ်ကြ၏။ Linear Active များလိုထုတ်ပြန်ချက် များ စည်းမျဉ်းစည်းကမ်းများကို ဦးစားသိပ်ပေး အယုံအကြည်မရှိကြပါ။ ထိုသူများသည် အချိန်ဇယားများ နောက်ဆုံး dead line များကိုအလေးထားလေ့ သိပ်မရှိတတ်(အချိန်မတိကျတတ်) ။ ထိုသူများသည် အခြေအနေ နှင့် အချိန်အခါကိုကြည့် ပြီးမီးစင်ကြည့် ကခြင်းများ အရှုပ်အထွေးပြသနာများကိုတော့ ရှင်းတတ်သည့် နေရာတွင်ထူးချွန်တတ်၏ သူတို့ ၏စီးပွားရေးလုပ်ပုံတွင်အဓိကထောက်တိုင်တွေကတော့  သြဇာတိကမ၊ စည်းရုံးဆွဲဆောင်သိမ်းသွင်းခြင်းများ ပရိယယ်ကြွယ်ခြင်းများ စေ့ စပ်ညှိနှိုင်းနိုင်ခြင်းများဖြစ်တယ်။ ၃)Reactive- Listening Culture လို့ လဲခေါ်တတ် သေး၏။ စကားဝိုင်းတွင်နားထောင်ခြင်းကိုအလေးပေး၏ လုပ်ဆောင်ချက်တစ်ခု ဆွေးနွေးချက်တစ်ခု ကို စခဲသူများဖြစ်၏(အရင်အကုန်နားထောင်ပြီးမှ အားလုံးနှင့် သင့် တော်မည့် အရာကိုချပြလေ့ ရှိသူများဖြစ်၏) စကားဖြတ်ပြောသောအလေ့ အထလုံးဝမရှိ။ တစ်ခြားတစ်ဦးစကားပြော ခြင်းပြီးဆုံးပြီးနောက်ခဏငြိမ်သက်ခြင်းဖြင့် လေးစားမှုကိုပြလေ့ ရှိ၏ ခိုင်မာသောအမြင်တစ်ခုတည်းကိုချပြခဲ၏( အမြင်တစ်ခုဘယ်လောက်ပြည့် စုံကောင်းမွန်မွန် လူတိုင်းလက်မခံနိုင်သောသဘောကိုနားလည်၏) ပြောပြီးသားကိုလည်းထပ်ခါထပ်ခါပြောလေ့ ရှိ၏( အထင်အမြင်လွဲမှားမှု နားလည်မှုလွဲမှားမှုမရှိစေရန်ဖြစ်သည်) (အထူးသဖြင့် တရုတ်လူမျိုးစီးပွားရေးလုပ်ငန်းရှင်များလုပ်လေ့ လုပ်ထရှိသည်) ထိပ်တိုက်တွေ့ ဆုံခြင်းများရှောင်ရှားလေ့ ရှိသည်။ အခြားဖက်နှင့် လဲသင့် တော်မည့် နည်းလမ်းရှာမတွေ့ မခြင်းဆုံးဖြတ်ချက်ချလေ့ မရှိ စကားလုံးများထက်လူ့ အရိပ်အကဲ မျက်နှာပေးလေသံတို့ ကိုသာအလေးထားလေ့ ရှိတတ်သည်။ (Facts များ အစီအစဉ်ဇယားများ ဂရပ်ဖ်များအလေးထားမှုမရှိသလောက်ဖြစ်သည်) ၃ ခုလုံးဘယ်ဟာမှားသည် မှန်သည် မဟုတ်ပါ။ လူ့ သဘာဝ ပတ်ဝန်းကျင် ယဉ်ကျေးမှုများကလာသောဓလေ့ စ၇ိုက်တစ်ခုဖြစ်ပါသည် အပေါ်ကသုံးခုအကြောင်းဖတ်ပြီး ငါကတော့ ဘာ အဲဒါကြောင့် သူနဲ့ အဆင်မပြေတာတွေးနေပါသလား?မဟုတ်ပါ။ တစ်ဖက်နှင့် တစ်ဖက်ဖြည့် ပေးရမည် သတိထားပေးရမည်ဖြစ်သည်။ Language Personality Culture ကိုပြောင်းမရပါ။ အဆင်ပြေအောင်ညှိနေရမည်သာဖြစ်သည်။ တစ်ဖက်၏ အားသာချက်ကိုသုံရမည်ဖြစ်သည်။ စီးပွားရေး လူမှုဆက်ဆံရေးသည်အမှန်အမှားထက်ပြေလည်အောင်နားလည်ညှိယူခြင်းသာဖြစ်၏ နှစ်သစ်မှာလူတိုင်းနှင့် ပြောဆိုဆက်ဆံအလုပ်လုပ်တတ်ပါစေ။ အထက်ပါ သုံးယောက်တစ်ယောက်နှင့် တစ်ယောက်တွေ့ လျှင်တစ်ယောက်၏ ပြုမူပြောဆိုပုံသည် တစ်ခြားသူအတွက်(သတိမထားမလျှင်အကြီးအကျင်စော်ကားသလိုဖြစ်တတ်၏) (အထက်ပါ သုံးယောက်အများဆုံးတွေ့ ရသောနိုင်ငံများကိုပြထားပါသည်။ တစ်ခါတစ်ရံအရှေ့ တိုင်းသားပေမယ့် အနောက်တိုင်းပုံစံနှင့် လုပ်သောသူများရှိနိုင်ပါသည်။ အနောက်တိုင်းတွင်လဲ အရှေ့ တိုင်းပုံစံများလဲတွေ့ နိုင်ပါသည်။)
အမှန်တကယ် ချမ်းသာနည်း..

အမှန်တကယ် ချမ်းသာနည်း..

အမှန်တကယ် ချမ်းသာနည်း.. သင်ချမ်းသာချင်ပါသလား? Risk များတဲ့ Stock Market တွေ ForEx တွေ မေ့ထားလိုက်ပါ.. အောက်ပါအတိုင်း အဆင့်ဆင့်လုပ်ရင် အမှန်တကယ်ချမ်းသာဖို့ အာမခံပါတယ်.. အဆင့် (၁) သင့်ဝင်ငွေကို ဘာမှမသုံးရသေးခင်မှာ ဝင်ငွေအားလုံးရဲ့ 10 ပုံ 1 ပုံကို အရင်ဆုံး စုပါ.။ အဆင့် (၂) ထွက်ငွေကို ထိန်းချုပ်ဖို့ ကြိုးစားပါ.။ ဘတ်ဂျက်သတ်မှတ်ပြီး သုံးစွဲပါ.။ (အဆင့် (၁) နှင့် အဆင့် (၂) ကို အလေ့အကျင့် တစ်ခုဖြစ်လာတဲ့အထိ အကြိမ်ကြိမ် လုပ်ပါ၊ ငွေစုမိလာပါလိမ့်မယ်) အဆင့် (၃) စုဆောင်းငွေ အသင့်အတင့် ရှိလာပြီဆိုရင် အိမ်ခြံမြေ၊ ရွှေ၊ သို့မဟုတ် သင်နားလည်တဲ့ စီးပွားရေးလုပ်ငန်းတစ်ခုခုမှာ ပြန်လည်ရင်းနှီးမြှပ်နှံပါ.။ ရင်းနှီးမြှုပ်နှံမှု မလုပ်ခင် အရင်ဆုံး သင်နားလည်ဖို့လိုပါတယ်.။ သူများပါးစပ်ဖျားမှာ လမ်းမဆုံးပါစေနဲ့.။ Risk အနည်းဆုံးဖြစ်မယ်လို့ ယူဆတဲ့ လုပ်ငန်းမှာ မြှုပ်နှံပါ.။ အဆင့် (၄) ရင်းနှီးမြှုပ်နှံမှုတွေကို မဆုံးရှုံးရအောင် ဈေးကွက်အခြေအနေ၊ နည်းပညာအသစ်အသစ်တွေနဲ့ Customer တွေရဲ့ အလေ့အကျင့်တွေကို သိအောင် လေ့လာပါ.။ အဆင့်(၅) အဆင့် (၁) မှ (၄) အထိ အပြန်အလှန်ဆောင်ရွက်ပြီး ငွေကြေးရရှိလာတဲ့အခါ အိမ်ငှားခ သက်သာစေရန် အိမ်ခန်းဝယ်ဖို့ ကြိုးစားပါ.။ ဘယ်တော့မှ သူများမြေ၊ သူများအခန်းမှာ စီးပွားရေးအကြီးကြီး လုပ်ဖို့ မကြိုးစားပါနဲ့.။ ငှားနေတဲ့ မြေပေါ်မှာ အိမ်ဆောက်မိသလို ချက်ချင်း ပျက်စီးသွားတတ်ပါတယ်.။ ဒါ့အပြင် ကိုယ်ပိုင်ဖြစ်လာတဲ့အခါ ငှားရမ်းခ သက်သာသွားမှာဖြစ်သလို ရေရှည်မှာ အမြတ်ပါ ရနိုင်ပါတယ်.။ အဆင့် (၆) အသက်အာမခံ၊ ကျန်းမာရေးအာမခံ၊ ငွေကြေးအာမခံထားခြင်းဖြင့် သင်ပင်စင်ယူတဲ့အခါ အဆင်ပြေအောင် ကြိုတင်လုပ်ဆောင်ထားပါ.။ အဆင့် (၇) သင့်ကိုယ်သင် ရင်းနှီးမြှုပ်နှံပြီး ဝင်ငွေပိုမိုရရှိအောင် လုပ်ဆောင်ပါ .။(ဘာသာစကားအသစ် သင်ယူခြင်း၊ skill အသစ်သင်ယူခြင်း၊ စသည်ဖြင့် သင်နှစ်သက်ရာတစ်ခုခုကို သင်ယူပြီး ပိုကောင်းတဲ့ အလုပ်ရဖို့ ကြိုးစားပါ) အဆင့် (၁) မှ (၇) အထိ Repeat လုပ်ပါ.။ ဖြတ်လမ်းမရှိပါဘူး.။ ဒါကြောင့် ဒီနေ့ပဲစပြီး ပိုက်ဆံစုလိုက်ရအောင်.. ပိုက်ဆံစုတဲ့နေရာမှာ လွယ်ကူတဲ့နည်းလမ်းကတော့ ဝင်ငွေကို ရက် ၃၀ နဲ့ စားလိုက်ပြီး ရတဲ့ Amount ရဲ့ 10% ကို နေ့စဉ်စုခြင်းဖြစ်ပါတယ်.။ တစ်နေ့နည်းနည်း စုတဲ့အတွက် မသိသာတော့ပါဘူး.။ ဖြစ်နိုင်ရင် ဘဏ်မှာ ချက်ခြင်းမစုပါနဲ့ဦး.။ အလွယ်တကူ ထုတ်လို့မရတဲ့ စုဗူးနဲ့ စုပါ.။ လကုန်မှ ဘဏ်မှာ အပ်ပါ.။ အပ်တဲ့အခါလဲ ATM ကတ်မလုပ်ထားတဲ့ ဘဏ့်အကောင့်မျိုးနဲ့ အပ်ရင် ပိုပြီး စုဖြစ်ဖို့များပါတယ်.။ ကဲ ဘာကိုစောင့်နေမလဲ .. ဒီနေ့ပဲ စလိုက်ရအောင်.
Deciding on a Business

Deciding on a Business

Deciding on a Business Provided by My Own Business, Content Partner for the SME Toolkit OBJECTIVE: The most common serious mistake made in business is not picking the right business to begin with. This session will provide you with important evaluation techniques to decide which business is right for you. Characteristics of a Successful Entrepreneur Step-by-Step Approach Decide if you really want to be in business Decide what business and where Decide whether to start full-time or moonlight Selection Strategy Things to Watch Out For Required Activities Comparative Evaluation How to Evaluate a Specific Business you have in Mind "For" and "Against" List Get Completely Qualified Decision Time Top Ten Do's and Don'ts Session Feedback and Quiz [Back to top] Characteristics of a Successful Entrepreneur Dr. Dan Nathanson Anderson Graduate School of Business UCLA Dr. Dan Nathanson Anderson Graduate School of Business UCLA Play Video What are the biggest mistakes made when starting a business? Guts: Guts means you must have an entrepreneurial instinct, which is an overwhelming desire to start your own business. You must have the guts and dedication to be completely devoted to your goal. Incidentally, devotion to your goal is much more likely if you have a love for your intended business. Life is too short to start your own business only to discover that it doesn't give you satisfaction and joy. And, through good times and bad times, you will stick with something you love. Brains: While appropriate educational credentials are important, entrepreneurial "brains" means more than scholastic achievements. To become a successful entrepreneur, you must have a working knowledge about the business you plan to start before you start it. Common sense combined with appropriate experience is the necessary brainpower. Prudence, follow through and attention to detail are very important. Gwyn Myers, Ph. D. Management Consultant Gwyn Myers, Ph. D. Management Consultant Play Video What would your top recommendations be for people just starting out in business? Capital: To start your own business you will need seed money of your own plus sufficient cash to maintain a positive cash flow for at least the first year. In a future session you will learn how to forecast future cash requirements through cash flow control. Many businesses can be started on a very small scale with a small investment. Then, as the business grows and you gain experience, cash flow from your business can be used for growth. In some cases you don't need starting capital to hire other people because you might start by doing everything yourself. The "do it yourself" start is a good way to learn everything about your business and also makes you better qualified to delegate work to others later on. You can control your risk by placing a limit on how much you invest in your business. [Back to top] How To Start Your Own Business: A Step-by-Step Approach Testimonial Elaine Mitchell Specialized Veterinarian "Hiring good staff members who also share the same philosophy has been very important." Transcription - html Decide if you really want to be in business: You will be putting some (not all, hopefully) of your net worth at risk when you take the plunge and start your own business. You will run the risk of becoming eccentric, meaning creating a life that is out of balance, with working hours taking away from other family or pleasurable activities. There may be levels of stress you have not experienced as an employee. Decide what business and where: Once you have decided you have the characteristics of a successful entrepreneur and that you definitely want to be in business, then you must decide which business is best for you and where to locate that business. Selection strategy is covered later on in this Session. Decide whether to start full-time or moonlight: Maureen Costello Wholesale Distributor Maureen Costello Wholesale Distributor Play Video "Were your credentials helpful to you when you purchased your own business?" There are some interesting advantages and some pitfalls in starting as a moonlight business. (That is, a business you start in your off hours while still working at your current job.) More often than not, the advantages of starting your business as a moonlighter outweigh the risks: You avoid burning your bridges of earnings, including retirement, health and fringe benefits and vacations. Your full-time job won't suffer if you maintain certain conflict of interest disciplines, including compartmentalizing your job and business into completely separate worlds. You can avoid conflict of interest with your job by choosing a business that is appropriate for moonlighting, such as: single products, real estate, specialized food, e-commerce, direct marketing or family-run operations. There are great advantages for operating a family business. The family can run the business while you are at work. You have a built-in organizational structure. You can teach your kids the benefits of being in business. But there are also some pitfalls to consider in starting a moonlight business: There is a temptation to spend time at your job working on your moonlight business. That is unfair to your employer and should not be done under any circumstances. (You may need a family member or some trusted person to cover emergencies when you are at your job.) Another problem may be competing with your employer, which, again, is not right. Think of how you would feel or handle this employee if you were the boss. Any kind of conflict with your regular work can jeopardize your job and your moonlight business. Overwork and mental and physical exhaustion can also become a very real problem for moonlight entrepreneurs. [Back to top] Selection Strategy Testimonial Millard MacAdam Pro Active Leadership "As the saying goes, fail to plan and you are planning to fail." Transcription - html Selecting the wrong business is the most frequent mistake that start-up entrepreneurs make. Here is a checklist to help you select a successful one: Take your time and wait for the business that is just right for you. You will not be penalized for missing opportunities. The selection process takes a lot of planning and your experience and complete knowledge is vital for your success when learning how to start your own business. Don't tackle businesses that may be too challenging. It is better to identify a one-foot hurdle than try to jump a seven-footer. Try to identify a business that has long-term economic potential. Follow Wayne Gretzky's advice, "Go to where the puck is going, not to where it is." Stan Henslee Stan Henslee CPA Play Video What recommendations do you have for someone just starting out in business? A big mistake can be an error of omission. This means you may fail to see an opportunity that is right in front of you. Look for a business that will grow in today's and tomorrow's markets. Many small retail stores are no longer in business because huge stores such as Wal-Mart and Home Depot provide more choices to the customer and often at a cheaper price. Follow the advice of Warren Buffett, Chairman of Berkshire-Hathaway Inc. and the most successful business picker in American history: Mr. Buffett looks for businesses that focus on a "consumer monopoly" with pricing power and long-term predictable growth prospects. Examples include: See's Candy's, Coca-Cola and Gillette Razors. Can you copycat this philosophy in a small way? Dr. Dan Nathanson Dr. Dan Nathanson Anderson Graduate School of Business UCLA Play Video When should I plan to quit my job to start a business? Businesses to avoid are "commodity" businesses where you must compete entirely on price and in which you must have the lowest cost to survive. As Mr. Buffett has said, "In a commodity type business you're only as smart as your dumbest competitor." Most service businesses have pricing power. Should you bet on a business you don't know when you can bet on a business you do know? If you intend to manufacture a product, consider the pros and cons of contracting out production to a low-cost supplier. In other words, operate a "hollow corporation." A "hollow corporation" is a company that subcontracts manufacturing and packaging. [Back to top] Things to Watch Out For Testimonial Sophia Garcia A-Z Glass Company "To get ahead in this business you do everything to get the job." Transcription - html Impatience Do not let overconfidence short-circuit you from analyzing your selection of businesses carefully. You must not fear of hearing the negative aspects; it is much better to be aware of them and face them early on. Be realistic. Do not become lured by high rewards. They will come if you choose the right business and if you understand every aspect of the business before you open its doors. [Back to top] Required Activities Crucial when learning how to start your own business, it is worth repeating again: The most common mistake and the most costly one is not picking the right business to begin with. This is the time for soul searching. IF YOU HAVE NOT DECIDED ON A BUSINESS, DO THIS: On the top of a blank sheet of paper, write an activity you like to do (make this the heading). Do a separate page for each activity or interest you have. On those same sheets list as many businesses you can think of that are related to that activity. On the same sheets list all the products or services you can think of that are related to that activity. Use your imagination and think of every possible product or service you could do. Make a list of businesses that do better in bad times (one may be appropriate for you). Some examples might be pawnshops, auto repairs and fabric stores. EXAMPLE Let's assume you end up with three potential businesses: towing service, selling used cars and auto repairs. You can now make a comparative evaluation using the following check-list (or better still your own checklist) with a 1-10 scoring system: Objective Towing Service Selling Used Cars Auto Repair Can I do what I love to do? 6 3 10 Will I fill an expanding need? 8 5 10 Can I specialize? 7 8 10 Can I learn it and test it first? 9 8 9 This kind of analysis can help you gain objectivity in selecting your business. How to Evaluate a Specific Business you have in mind. Here are some questions to help clarify your thoughts: Is it something I will enjoy doing? My favorite activities are: __________________________ I like to serve people by: ________________________________ Will it serve an expanding need for which there is no close substitute? Can I be so good at a specialized, targeted need that customers will think there is no close substitute? Can I handle the capital requirements? Can I learn the business by working for someone else first? Could I operate as a hollow corporation, without a factory and with a minimum number of employees? ("Hollow corporation" refers to a business where everything is "outsourced," meaning you would subcontract manufacturing and packaging to outside sources. ) Is this a product or service that I can test first? Should I consider a partner who has complementary skills to mine or who could help finance the business? Once you have decided what business you want to start, do this: Pick a business template Click To View Make a "for" and "against" list regarding characteristics of the business. On a blank piece of paper, draw a vertical line down the middle of the page and list on one side all the "for's" and on the other all the "against's." Sometimes this will help clarify your thinking. Write down the names of at least five successful businesses in your chosen field. Analyze what these five businesses have in common and make a list of reasons that make them successful. Talk to several people in your intended business. Don't be afraid of the negative aspects of your intended business. Instead, seek out the pitfalls: better now than after you open your doors. Take notes if possible. Write down the information as soon as you can. Analyze the competition that are not doing well and write down the reasons. Get Completely Qualified Before you start, get completely qualified: The best way to become qualified is to go to work for someone in the same business. Attend all classes you can on the subjects you need, for example: accounting, computer and selling. Read all the appropriate "how-to" books you can. Don't be afraid to ask questions or seek help from the most successful people in your intended business. [Back to top] Decision Time What could you sell or what services could you perform that would make money and you would enjoy? To complete this session you should have decided on a business or at least selected a business you think would be best for you. To get the most benefit out of the next eleven sessions you should have a definite plan in mind. Session Two will show you how to prepare your business plan. [Back to top] Top Ten Do's and Don'ts Do's Live frugally and begin saving up money for operating your business. Learn your business by working for someone else in the same business first. Consider the benefits of starting a moonlight business. Consider the advantages of operating a family business. Objectively measure your skills and training against potential competition. Consider subcontracting to low cost suppliers if you're manufacturing a product. Test market your product or service before starting or expanding. Make a "for" and "against" list describing the business you are in or considering. Talk to lots of people for advice. Make a comparative analysis of all opportunities you are considering. Don'ts Quit your job before you have completed start-up plans. Consider operating a business in a field you do not enjoy. Risk all the family assets. Limit your liabilities to a predetermined amount. Compete with your employer in a moonlight business. Be in a hurry to select a business. There is no penalty for missed opportunities. Select a business that is too high a risk or hurdle. Go for the 2-foot hurdle. Operate a business in which you must have the lowest price to succeed. Neglect to learn the negative aspects of an intended business. Permit entrepreneurial self-confidence to outweigh careful diligence. Allow the promise of a conceptual high reward to deter reality-testing first. [Back to top] Session Feedback and Quiz - See more at: http://www.smetoolkit.org/smetoolkit/en/content/en/243/Deciding-on-a-Business#sthash.Fs9HPbdd.dpuf
NPK

NPK

⏳ဒီဆောင်းပါးလေးကိုတော့လူတိုင်းကိုဖတ်စေချင်ပါ တယ်၊ဖတ်ပြီးရင်လည်းဝေမျှပေးစေချင်ပါတယ်⌛ ♨ ဒီဇင်ဘာလ ၂ ရက်နေ့ထုတ် လယ်ယာစီးပွား သတင်းစာပါဆောင်းပါးဖြစ်ပါတယ် ရုပ်ပိုင်းလက္ခဏာမတူကွဲပြားသောဓါတ်မြေဩဇာများ ⌛⏳⌛⏳⌛⏳⌛⏳⌛⏳⌛⏳⌛⏳ မြန်မာပြည်သားသာမန်စိုက်ပျိုးသူများအနေဖြင့် ဓါတ်မြေဩဇာများကိုနှစ်အတော်ကြာသုံးစွဲခဲ့ကြ သော်လည်းယင်းဓါတ်မြေဩဇာများ၏ရုပ်ပိုင်းဆိုင် ရာအနေအထားများကိုအလေးထားမလေ့လာကြ ပါ။ အများသူငါသိသောတီဆူပါ၊ယူရီးယားနှင့်ပိုတက်ရှ် (ပိုတက်စီယမ်ကလိုရိုက်)များအသုံးပြုလာကြရာမှ ထို(N.P.K) အာဟာရဒြပ်စင် ၃ မျိုးလုံးပါသော ကွန်ပေါင်းဓာတ်မြေဩဇာများပေါ်ထွက်ခဲ့သည်။ တိုင်းပြည်အမျိုးမျိုး၊ကုမ္ပဏီအမျိုးမျိုးမှထုတ်လုပ်သော ကွန်ပေါင်းမြေဩဇာ အမျိုးအမည်များစွာ မြန်မာပြည်တွင်းသို့ရောက်ရှိခဲ့သည်။ အချို့သောစိုက်ပျိုးသူများကအာဟာရဒြပ်စင် တစ်မျိုးသာပါသောမြေဩဇာများကိုတစ်မျိုးစီ သီးခြားဝယ်ယူအသုံးပြုရာမှအာဟာရအားလုံး ပါသောကွန်ပေါင်းဓါတ်မြေဩဇာများကိုဝယ် ယူအသုံးပြုလာကြသည်။ ဤသို့ကွန်ပေါင်းဓါတ်မြေဩဇာများကိုအသုံး ပြုခြင်းကြောင့်ကုန်ကျစရိတ်သက်သာပြီး မြေဩဇာကိုစိုက်ခင်းသို့ထည့်သွင်းရာတွင်လည်း အကြိမ်ကြိမ်ခွဲခြားထည့်သွင်းရန်မလိုဘဲ တစ်ကြိမ်တည်းနှင့်အလုပ်ပြီးနိုင်သဖြင့် ကွန်ပေါင်းဓါတ်မြေဩဇာများနယ်ကျယ် လာခဲ့ကြသည်။ ထိုသို့ကွန်ပေါင်းဓါတ်မြေဩဇာများကိုအသုံး ပြုကြရာတွင်အများကကောင်းပါသည်ဆို၍ သာအသုံးပြုကြသော်လည်းယင်းကွန်ပေါင်း များ၏သဘော၊သဘာဝမတူကွဲပြားမှုကိုပင် သတိမပြုမိကြပေ။ ကွန်ပေါင်းဓါတ်မြေဩဇာများအမျိုးအမည် နှင့်ပါဝင်သောအန်ပီကေအချိုး မည်မျှများပြား နေသော်လည်းအကြမ်းအားဖြင့်အုပ်စု ၄ ခုသာရှိသည်။ ♨ အရှေ့ကြီးအုပ်စု ၂၅:၅:၅ ၊ ၃၈:၆:၆ ကဲ့သို့မြေဩဇာများမှာ အရှေ့ဆုံးနံပါတ်ဖြစ်သောနိုက်ထရိုဂျင်ပါဝင် မှုမှာအများဆုံးဖြစ်သည်။ထိုမြေဩဇာများသည် သီးနှံပင်၏ပင်ပိုင်းအင်္ဂါများဖြစ်သောအရွက်၊ အညွန့်၊ ပင်စည် စသည်တို့ကိုကြီးထွားဖွံ့ဖြိုး စေသည်။ထိုမြေဩဇာမျိုးမှာအဓိကအားဖြင့် ပင်ပိုင်းကြီးထွားမှု(Vegetative growth) အတွက်ဖြစ်သည်။ ♨ အလယ်ကြီးအုပ်စု ၁၀:၅၂:၁၇ ၊ ၁၀:၃၀:၂၀ကဲ့သို့မြေဩဇာအုပ်စု တွင်အလယ်နံပါတ်ဖြစ်သောဖော့စ်ပရပ်စ်(ခေါ်) မီးစုန်းဓါတ်အများဆုံးပါဝင်သောအုပ်စုဖြစ် သည်။အဓိကအားဖြင့်လိင်ပိုင်းအင်္ဂါများ ဖြစ်သောအပွင့်၊အသီး၊အစေ့များဖြစ်ပေါ် ဖွံ့ဖြိုးရေးအတွက်အသုံးပြုနေရသောမြေဩ ဇာမျိုးဖြစ်သည်။တစ်နည်းအားဖြင့်လိင်ပိုင်း ကြီးထွားဖွံ့ဖြိုးခြင်း(Reproductive growth)အတွက်အသုံးပြုသောမြေဩ ဇာမျိုးဖြစ်သည်။ ♨ အနောက်ကြီးအုပ်စု ၁၂:၂၁:၃၂ ၊ ၆:၆:၃၈ ကဲ့သို့သောမြေဩဇာ မျိုးဖြစ်သည်။နောက်ဆုံးနံပါတ်ဖြစ်သောပိုတက် စီယမ်အများဆုံးပါဝင်သောမြေဩဇာအုပ်စုဖြစ် သည်။ဤမြေဩဇာများသည်သီးနှံပင်၏ ကျန်းမာခြင်းHealth;အရည်အသွေး Quality;အလင်းမှီအစာချက်ခြင်း Photosynthesisနှင့်အရွက်များမှ ချက်လုပ်ပြီးသောအစာများကိုအစာ သိုလှောင်သောအင်္ဂါများဆီသို့ရွှေ့ပြောင်း ပေးသောတာဝန်Translocation အလုပ်အတွက်အသုံးပြုသောမြေဩဇာ မျိုးဖြစ်သည်။အထူးသဖြင့်ငှက်ပျော၊အာလူး၊ အုန်း၊ကြံစသောအပင်များအတွက်အထူး အရေးကြီးသည်။ ♨ အားလုံးညီအုပ်စု ၁၅:၁၅:၁၅ ၊ ၂၀:၂၀:၂၀ဤအုပ်စုမှာပါဝင် သောအန်ပီကေ ၃ မျိုးလုံးရာခိုင်နှုန်းတူညီနေ သောမြေဩဇာမျိုးဖြစ်သည်။ဤအုပ်စုသည် ပင်ပိုင်းကြီးထွားခြင်းအတွက်ရော၊လိင်ပိုင်း ကြီးထွားခြင်းအတွက်ပါလိုအပ်သောအခြေ အနေမျိုးတွင်အသုံးပြုရသောမြေဩဇာ မျိုးဖြစ်သည်။တစ်နည်းအားဖြင့်အရွက်များ ရောအပွင့်အသီးများအတွက်ပါပြိုင်တူ လိုအပ်သောအနေအထားမျိုးတွင်အသုံး ပြုရသောမြေဩဇာမျိုးဖြစ်သည်။ အချို့သောစိုက်ပျိုးသူများကအားလုံး ညီသောမြေဩဇာများကိုသာအမြဲလက် ကိုင်ထား၍အသုံးပြုကြသည်။ဤမြေဩ ဇာများကိုအချို့ကအချိုးညီbalance ဟုခေါ်သည်။ဤမြေဩဇာမျိုးမဟုတ်သော အခြားမြေဩဇာများမှာအချိုးမညီ၍မသုံး သင့်ဟုပင်ယူဆကြသည်။အသုံးပြုသော ဓါတ်မြေဩဇာများတွင်ပါဝင်သော အန်ပီကေအနေအထားမှာသီးနှံပင်၏ ကြီးထွားမှုအဆင့်နှင့်ဆက်နွယ်အသုံး ပြုရမည်ဖြစ်သည်။ပင်ပိုင်းကြီးထွားမှု လိုအပ်သောအချိန်တွင်အရှေ့ကြီးအုပ်စု ကိုအသုံးပြုရသကဲ့သို့ပန်းပွင့်ချိန်နီးကပ် လာသောအခါအလယ်ကြီးအုပ်စုကို ပြောင်းသုံးသင့်သည်။ပန်းပွင့်ပြီးအသီးများ ဖြစ်ပေါ်ချိန်၊ဥများစတင်ဖြစ်ပေါ်ချိန်တွင် အစာရွှေ့ခြင်းကိုအထောက်အကူဖြစ်စေမည့် အနောက်ကြီးအုပ်စုမြေဩဇာများကိုအသုံး ပြုသင့်သည်။ အချို့အပင်များပင်ပိုင်းကြီးထွားမှုပြီးဆုံးပြီး ပွင့် သီးပြီးအချိန်အတော်ကြာသောအခါ အရွက်များလည်းအားနည်း၊အရွက်အရေ အတွက်လျော့လာသကဲ့သို့အသီးများလည်း အားနည်းဖွံ့ဖြိုးမှုနည်းလာမည်ဖြစ်သည်။ ထိုကဲ့သို့ပင်ပိုင်းရော၊လိင်ပိုင်းအင်္ဂါများ အားလုံးအနေအထားမကောင်းတော့သော အချိန်မျိုးတွင်အားလုံးညီမြေဩဇာမျိုးကို အသုံးပြုသင့်သည်။ဤမြေဩဇာများကို အသုံးပြုခြင်းဖြင့်သီးနှံပင်၏သက်တမ်းကို ဆန့်နိုင်ရာမှအဆုံးတွင်သီးနှံအထွက်နှုန်း ကိုတိုးစေမည်ဖြစ်သည်။ မြန်မာနိုင်ငံသို့လွတ်လပ်ရေးမရမီကာလ ကပင်အရွက်ဖျန်းမြေဩဇာများရောက်ရှိ ခဲ့သည်။ထိုကာလအုပ်ချုပ်သူအင်္ဂလိပ် များကတန်ဖိုးကြီးသောပန်းပင်များ၊ သစ်ခွပင်များတွင်သာအသုံးပြုခဲ့ကြသည်။ လွတ်လပ်ရေးရပြီးစကာလတွင်မြို့ပေါ်ရှိ လူကုံထံအချို့ကသာအရွက်ဖျန်းမြေဩဇာများ ကိုမိမိတို့စိုက်ပျိုးသောနိုင်ငံခြားသစ်ခွပင် များတွင်အသုံးပြုခဲ့ကြသည်။၁၉၈၀ပြည့် လွန်ကာလရောက်မှသာမြန်မာ့စိုက်ပျိုးရေး သမားများအသုံးပြုလာခဲ့ကြသည်။ သို့တိုင်အောင်ယနေ့ထိအရွက်ဖျန်း မြေဩဇာများကိုအသုံးမပြုသေးသောသူ များစွာရှိနေသည်။ အပင်များကိုစိုက်ပျိုးရာတွင်သဘာဝအပင် များကဲ့သို့သဘာဝအနေအထားဖြင့်စိုက်ပျိုး ပါကစိုက်ပျိုးသူမျှော်မှန်းသောအထွက်နှုန်း ကိုရရှိမည်မဟုတ်ပါ။ထို့ကြောင့်လည်းမြေဩ ဇာများကိုစိုက်ပျိုးရေးသွင်းအားစုတစ်ရပ်အနေ ဖြင့်အလေးထားအသုံးပြုနေကြရသည်။ အပင်များကိုအစာကျွေးရာတွင်မြေဆီလွှာ အတွင်းရှိအမြစ်များမှကျွေးခြင်းမှာအဓိကဖြစ် သည်။သို့သော်မြေပေါ်ပိုင်းအင်္ဂါအားလုံး သည်လည်းသူ့အတိုင်းအတာနှင့်သူအစာများ ကိုစုပ်ယူစားသုံးနိုင်ကြသည်။သို့သော်မြေ ပေါ်ပိုင်းအင်္ဂါများအနက်အရွက်များမှာဧရိယာ အားဖြင့်အကျယ်ဆုံး၊အချိန်ကာလအား ဖြင့်လည်းအမြဲနီးပါးရှိနေသောကြောင့် အပင်များကိုအစာကျွေးရာတွင်အမြစ်များ မှလွဲလျှင်အရွက်များမှာအကောင်းဆုံးအနေ အထားတွင်ရှိနေသည်။ သီးနှံပင်များစိုက်ပျိုးရာတွင်အစေ့အပင် ပေါက်ပြီးအပင်ငယ်စဉ်တွင်ရာသီဥတုကောင်း မွန်ခြင်း၊ရေနှင့်အစာမှန်ကန်စွာရရှိခြင်း၊ပင် ပိုင်းအင်္ဂါများသက်နုကာလဖြစ်၍နုပျိုနေခြင်း ကြောင့်မြေဆီလွှာမှအာဟာရရရှိခြင်းတွင် အခက်အခဲမရှိတတ်ပါ။မိုးကုန်၍ဆောင်း ဝင်လာသောအခါမြေဆီလွှာတွင်ရေမှာ လျော့နည်းလာသည်။ရာသီဥတုပူလာသည်။ အစာစုပ်သောအမြစ်များအကြောင်းအမျိုး မျိုးကြောင့်တစ်စိတ်တစ်ပိုင်းပျက်ဆီးလာသည်။ သီးနှံပင်အသက်ရလာသည်နှင့်အမျှရောဂါ ပိုးမွှားများဝင်ရောက်မှုကိုခံစားရသည်။ဤ အနေအထားတွင်အမျိုးမျိုးသောဇီဝဖိစီးမှုများ Biotic Stress ကြုံတွေ့ရသကဲ့သို့ အမျိုးမျိုးသော အဇီဝဖိစီးမှုများ Abiotic Stressများကိုခံစားလာရသည်။ ထိုကာလ၌ပင်သီးနှံပင်သည်ပင်ပိုင်းကြီးထွား မှုအဆင့်မှလိင်ပိုင်းကြီးထွားမှုအဆင့်သို့ ကူးပြောင်းရန်ပြင်ဆင်ခြင်းကာလဖြစ်၍ဖိစီးမှု တစ်ရပ်ဖြစ်ပေါ်လာပြန်သည်။ဤဖိစီးမှုကိုလိင် ပိုင်းဖိစီးမှုReproductive Stressဟု ခေါ်သည်။ ပင်ပိုင်းကြီးထွားမှုတန့်ပြီးလိင်ပိုင်အင်္ဂါများ စတင်သန္ဓေတည်စဖြစ်သည်။ထိုကာလမှာ ပန်းပွင့်ပြီး၊ဝတ်မှုံကူးပြီးသန္ဓေအောင်စအထိ အကျုံးဝင်သည်။ ဤဖိစီးမှုမျိုးကိုလူမိန်းမများနှင့်နှိုင်းစာလျှင် အပျိုဘော်ဝင်စမှအိမ်ထောင်ကျ၊သန္ဓေသား ဆောင်ထားသည့်ကာလနှင့်နှိုင်းယှဉ်နိုင်သည်။ ဤအဆင့်တွင်အာဟာရစားသုံးမှုပမာဏများ စွာလိုအပ်ချိန်ဖြစ်သည်။ထိုအချိန်တွင်မြေဆီ လွှာအတွင်းရှိအမြစ်များကအပင်လိုအပ်သော ပမာဏရရှိအောင်မစုပ်ယူနိုင်ကြပေ။ အကယ်၍မြေဆီလွှာသို့မြေဩဇာများ အလုံအလောက်ထည့်ပေးသည့်တိုင် အောင်အပင်လိုအပ်သလောက်အစာ ကိုမစုပ်ယူနိုင်ပါ။ထိုအချိန်တွက်အရွက် ဖျန်းမြေဩဇာများအသုံးပြုပါကကြီး မားသောအကျိုးရလဒ်ကိုရရှိစေပါသည်။ ယနေ့ဓါတ်မြေဩဇာများကိုစိုက်ပျိုးရေး ဈေးကွက်တွင်အရည်အဖြစ်ရော၊အစိုင်အခဲများ အဖြစ်ပါတွေ့ရှိနိုင်သည်။ ♨ အစိုင်အခဲများကိုအသွင် ၄ မျိုးနှင့်တွေ့နိုင်သည်။ ယင်းတို့မှာ အမှုန့် Powder ဆား Salt ပုံဆောင်ခဲ Crystal နှင့် အတုံးအခဲကလေး Granule တို့ဖြစ်သည်။ အရွက်ဖျန်းမြေဩဇာများတွင်အသုံးပြု ရာ၌ဓါတ်ဆားများနှင့်ပုံဆောင်ခဲမှာ အဓိကဖြစ်သည်။ အိမ်သုံးဆား၊ပိုတက်စီယမ်နိုက်ထရိတ် ကဲ့သို့သောဓါတ်ဆားများမှာဆား salt အသွင်ဟုခေါ်ရမည်ဖြစ်သည်။ အချို့သောဓါတ်မြေဩဇာများမှာပို၍ လှပသောပုံဆောင်ခဲများအသွင်နှင့် ရှိနေသည်။အထူးသန့်စင်ထားသော သကြားပွင့်များပမာ လှပကြည်သန့် နေသည်။ထို့ကြောင့်အမိုးနီးယမ်းဆာလ်ဖိတ် ကိုအချို့ကသကြားဓါတ်မြေဩဇာဟု ပင်ခေါ်ကြသည်။ မဂ္ဂနီစီယမ်ဆာလ်ဖိတ် ခေါ် ဆားခါးမှာလည်းလှပသန့်စင်သော ပုံဆောင်ခဲများဖြစ်သည်။အပင်များ စိမ်းရန်အသုံးပြုသည်။ ♨ ♨ ပုံဆောင်ခဲများ၊ဓါတ်ဆားများမှာ သန့်စင်သောဓါတု ဓာတ်ပေါင်းများဖြစ် ပြီးရေတွင်ပျော်ဝင်သောကြောင့်အရွက် ဖျန်းမြေဩဇာအဖြစ်အသုံးပြုနိုင်သည်။ ဝယ်သူအနေဖြင့်ရာနှုန်းပြည့်နီးပါးသန့်စင် သောပစ္စည်းကိုဝယ်ယူသုံးစွဲရသဖြင့် ငွေကုန်ရကျိုးနပ်သည်။ ♨ ♨ ထိုအနေအထားများသည်ယနေ့ ဈေးကွက်တွင်ပျောက်ကွယ်တော့မလို ဖြစ်လာသည်။ပုံဆောင်ခဲများအစား Grenule ခေါ်အတုံးအခဲကလေး များအဖြစ်ဝင်ရောက်လာသည်။ တီဆူပါပုံမျိုး၊ ကွန်ပေါင်းပုံမျိုး၊ သာကူစေ့ပုံမျိုးဖြစ်သည်။ ♨ ♨ ထိုပစ္စည်းများမှာ100%သန့်စင်မှုမရှိပေ။ အရောအနှောပစ္စည်း filter အမျိုးမျိုး၊ ဆိုးဆေးအရောင်အမျိုးမျိုးဖြင့်လူပြိန်းကြိုက် ဖန်တီးထားသည်။ ဝယ်သူအနေဖြင့်မိမိအသုံးပြုလိုသော အာဟာရကို 100%မရနိုင်တော့ပေ။ ထို့အပြင်အားလုံးရေမပျော်တော့သဖြင့် အရွက်ဖျန်းမြေဩဇာအဖြစ်အသုံးမပြု နိုင်တော့ပေ။ ဤအနေအထားမှာမူလအခြေအနေမှနိမ့် ကျသွားခြင်းဖြစ်သည်။ မြန်မာ့စိုက်ပျိုးရေးသည်ဖွံဖြိုးရေးအရ ကမ္ဘာ့ဈေးကွက်သို့ယှဉ်ပြိုင်ရမည့်အခြေ အနေတွင်တိုးတက်သောအခြေအနေတစ် ရပ်ဖြစ်ပေါ်မလာဘဲဤကဲ့သို့လျော့ကျ သွားခြင်းမှာကြီးမားသောအကျိုးဆက် ကိုဖြစ်စေမည်မှာမလွဲဧကန်ဖြစ်သည်။ အချိန်မီတားဆီးရန်လိုအပ်ပါသည်။ ဓါတ်ဆားများကိုမြေသို့ချကျွေးရာ တွင်ကိုင်တွယ်ရာ၌ပို၍လွယ်ကူစေရန် အစိုင်အခဲကလေးများGranule များပြုလုပ်ကြသည်။လူပြိန်းအကြိုက် ဖြစ်အောင်ဆိုးဆေးတောက်တောက် ပြောင်ပြောင်များဖြင့်အရောင်ဆိုး ထားပေးသည်။ ထိုမြေဩဇာများမှာမြေသို့လွယ်ကူစွာ ကိုင်တွယ်ချကျွေးနိုင်သော်လည်း အရွက်ဖျန်းမြေဩဇာအဖြစ်အသုံးမပြု နိုင်တော့ပေ။ ဤအဖြစ်သည်အထက်သို့တက်ရမည့်အစား အောက်သို့လျော့ကျခြင်းဖြစ်သည်။ ♨ ဓါတ်ဆားများ၊ ♨ ပုံဆောင်ခဲများမှာရေတွင်100%ပျော်ဝင် နိုင်ရုံမကအရောအနှောထည့်သွင်း၍မဖြစ်နိုင်ပါ။ ♨ ♨ အတုံးအခဲကလေးများတွင်ကား ရာခိုင်နှုန်းတော်တော်များများမှာသီးနှံပင် အတွက်အာဟာရမဟုတ်သောပစ္စည်း များပါဝင်နေမည်ဖြစ်သည်။ထိုအတုံးအခဲကလေး များမှာမြေချမြေဩဇာအဖြစ်အသုံးပြုရာတွင် ကိုင်တွယ်ရန်လွယ်ကူသည့်တိုင်အောင်အာ ဟာရပါဝင်မှုအတွက်နစ်နာမှုများစွာရှိနိုင်ပါသည်။ ♨ ♨ ♨ ♨ ဆားများ၊ပုံဆောင်ခဲများ အဖြစ်ရှိခဲ့သောမြေဩဇာများ၊အရွက်ဖျန်း မြေဩဇာအဖြစ်အသုံးပြုနိုင်သောမြေဩဇာ များ၊လူပြိန်းကြိုက်အစိုင်အခဲကလေးများ အသွင်ဖြင့်ဈေးကွက်အတွင်းဝင်ရောက်လာ ခြင်းမှာမြန်မာ့စိုက်ပျိုးရေးအတွက်ကြီးမားသော ထိုးနှက်ချက်တစ်ရပ်ဖြစ်သည်။ ဦးဖရက်သိန်းဖေ ၀၉၇၉၂၈၈၁၃၃၄
ပဲမျိုးစုံ ဘက်စုံကာကွယ်ရေး စနစ်

ပဲမျိုးစုံ ဘက်စုံကာကွယ်ရေး စနစ်

Theory ဆောင်းပါးအဆက် သို့မဟုတ် ပဲမျိုးစုံ ဘက်စုံကာကွယ်ရေး စနစ် မျိုး မျိုးကောင်းမျိုးသန့်ရွေးချယ်ရန်လိုအပ်ပါသည်။စိုက်ခင်းမှ မျိုးသီးသန့်ယူရာတွင် ပိုးရောဂါ ကျရောက်မှုနည်းသောအပင်များကို စနစ်တကျရွေးချယ်ခြင်း ပိုး ရောဂါ ဗိုင်းရပ်စ်ကျထားသော အခင်းမှ မျိုးစေ့များကို မယူမိစေရန် ရှောင်ကျဉ်ခြင်းတို့မှာ အရေးပါလှပါတယ်။မျိုးကောင်းမျိုးသန့်အဖြစ် ရေဆင်းမှထုတ်လုပ်သော မတ်ပဲမျိုးများကို စိုက်ပျိုးပြီး ၃နှစ်တကြိမ် မျိုးလဲလှယ်မှု ပြုနိုင်ပါက အကောင်းဆုံးဖြစ်ပါသည်။အထူးသဖြင့် မျိုးသီးသန့် အာမခံဖြင့် ရောင်းချသော ဆိုင်များမှသာမျိုးများကို ဝယ်ယူသင့်ပါတယ်။ မျိုးစေ့များကို မစိုက်ခင် မှိုသတ်ဆေး ပိုးသတ်ဆေးများလူးနယ်စိုက်ပျိုးပါက မျိုးစေ့ဆောင်ရောဂါနှင့်ပိုးများကို ထိုက်သင့်သလောက် အကာကွယ်ပေးပါသည်။မျိုးစေ့များကို မစိုက်ခင်ကြိုပြီးအပင်ပေါက်နှုန်းစမ်းခြင်း ရေ ၅မိနစ်ခန့် စိမ်ကာ အဖျင်းအမှော်များရွေးချယ်သင့်ပါတယ်။ မြေ မြေဆိုသည်မှာ ထယ်ရေးညက်ညက် ထွန်ရေးညက်ညက် ဖြစ်ရန် အရေးကြီးလှပါတယ်။သို့သော် ဧရာဝတီဒေသအတော်များများတွင် ထယ်ရေးတောင်မကိုင် ပဲမျိုးပတ် ထယ်ထွန်ကြမ်းဆွဲစိုက်လေ့ရှိပါတယ်။အကြောင်းပြချက်ကလည်း စပါးကောက်ရိတ်ရက်နဲ့ ပဲစိုက်ရက် အချိန် မရသောကြောင့်ဟုဖြေလေ့ရှိပါတယ်။တကယ်တမ်းအမှန်မှာ မိမိစိုက်သောစပါးစိုက်ရက်အလျော့အတင်းနှင့် ပဲစိုက်ရက် အလျော့အတင်းကို ချိန်စပြီး ၁၀ရက်လောက်ခွာကာ ထယ်ရေး ထွန်ရေးရအောင်လုပ်ပြီး စိုက်သင့်ပါတယ်။ဥပမာအားဖြင့် စပါးကို ရက်၁၅၀စပါးစိုက်မယ့်အစား ၁၃၅ရက် ၁၂၀ရက်စပါးမျိုးရွေးချယ်စိုက်လျင် ထယ်ရေးထွန်ရေးမြေပြက်ချိန် ၁၀ရက်ဝန်းကျင်ရပါတယ် လို့ဆိုလိုချင်တာပါ။ရေကျနောက်စိုက်ကွင်းများ ရေနက်ကွင်းများဆိုလျှင်တော့ ယခုနည်း အသုံးပြုမည့်အစား ပဲအစား သက်တမ်းတို စပါး ရက်၉၀စပါးမျိုးသာ ထည့်သင့်ပါတယ်။ စိုက်ခင်း သန့်ရှင်းရေးမှာလည်း ဥပမာ ကောက်ရိုးရိုးပြက်များရှိနေခြင်းက ငမြောင်တောင် ကဲ့သို့ မြေတွင်းအောင်း ပိုးများ လာစရာအကြောင်းအရင်းတခုဖြစ်သလို ကောက်ရိုးရိုးပြတ်တွေကို အချိန်ယူပြီး ထယ်ကိုင် ထွန်ကိုင်ခဲ့မယ်ဆိုလျင် ကောက်ရိုးပြတ် ရေ မြေနှင့်ထိတွေ့ ပုပ်ပြီး အက်စစ်တမျိုးထွက်ကာ တခြားသော ပေါင်း ရောဂါ မြေတွင်းအောင်းပိုးဥများကို ဖျက်စီးစေပါတယ်။ကောက်ရိုးရိုးပြတ်တွေကတော့ ငမြောင်တောင် ဖိုးလမင်းကျိုင်းတွေအတွက် အစာဖြစ်စေသလို နေထိုင်ခိုလှုံစရာ အိမ်သဖွယ်ဖြစ်စေပါတယ်။ မြေချဉ်ငံကိန်း ၅နဲ့ ၅.၅ကြားကြိုက်နှစ်သက်ပါတယ်။မြေပြင်ချိန်မှာ နွားချေး ကျောက်မှုန့် ထုံးတို့ကို စနစ်တကျ ပက်ပြီးမြေပြင်ပေးသင့်ပါတယ်။ ပုလဲကို အလွန်အကျွံသုံးစွဲခြင်းဖြင့် မြေများကျပ်ခြင်း ပိုးကောင်များ ပိုမိုကျရောက်စေခြင်း ပေါင်းမြက်များ အလွန်အကျွံပေါက်လာစေခြင်း စသော ပြသနာများကို ဖြစ်စေပြီး ထိုပြသနာများကို ရှောင်လွှဲရန် နွားချေးဆွေးများကို အသုံးပြုသင့်ပါသည်။မတ်ပဲ ပဲတီစိမ်း အစရှိသော ပဲအုပ်စုတို့တွင် ပုလဲ Nitrogen လိုအပ်မှု မရှိသလောက်နည်းပါးပေမယ့် တီစူပါခေါ် phospohrous P လိုအပ်မှုမှာ အလွန်မြင့်မားသောကြောင့် ဂျစ်ပဆင် ကျောက်မှုန့် နွားချေးဆွေးတို့ကို မြေပြင်စဉ်တည်းက ထည့်ထားပေးခြင်းဖြင့် ကောင်းမွန်လှသော မြေဆီလွှာကို ရရှိစေပါတယ်။ပုလဲအလွန်အကျွံ သုံးစွဲမှုသည်လည်း ပိုးများ ခရုများ ရေညိုများကျရောက်ခြင်းကို တနည်းအားပေးသည့်အပြင် မြေကိုလည်း ချဉ်ကိန်း အလွန်မြင့်မားကာ ဖော့စဖိတ်P ကို အပင်မစားနိုင်အောင်ဖြစ်စေပြန်ပါတယ်။ နောက်တချက်မှာလည်း မြေတွင်း အစိုဓာတ် ခန်းခြောက်လွန်းပါက မြေတွင်းအောင်းပိုး ငမြောင်တောင်ကဲ့သို့ပိုးများ အပြင်သို့ထွက် ဖျက်စီးလေ့ရှိပါတယ်။နွားချေးများ ထယ်ရေးများ စနစ်တကျလုပ်ထားပါကငမြောင်တောင်ကျရောက်မှုကို လျော့ချနိုင်ပါတယ်။ မြေဆီလွှာနှင့် ပေါင်းသတ်ဆေး သို့မဟုတ် စိုက်ခင်းသန့်ရှင်းရေး တောင်သူတွေနှစ်ခြိုက်သဘောကျသော ပေါင်းသတ်ဆေးများဖြင့် အလွန်အကျွံသုံးစွဲပြီး ပေါင်းပြသနာကို ဖြေရှင်းလေ့ရှိပါတယ်။လုပ်သားရှားပါးမှု လုပ်သားစားရိတ်ကြီးမြင့်မှုတို့ကြောင့် ပေါင်းသတ်ဆေး ပေါင်းသတ်ဆေးမြေသြဇာစသဖြင့် တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြပါတယ်။တနှစ်ထက်တနှစ် အသုံ့းပြုမှု များလာခြင်းကြောင့် ပေါင်းမြက်မနိုင်သည့်ပြသနာများရင်ဆိုင်လာရသလို မိတ်ဆွေပိုးများဖြစ်သည့် နှံကောင်များ ကျိုင်းများ စသဖြင့်အကောင်များ နေထိုင်မှီခိုစရာ ရှားပါးလာပြီး ပိုးသတ်ဆေးများဖြင့် ပိုးကောင်များ အမြစ်ပြတ် နှိမ်နင်းမှုတို့ကြောင့် မိတ်ဆွေပိုးများ ရှိသင့်သည့်အရေအတွက်ထက်နဲပါးလာကာ မြေတွင်းအောင်းပိုးများ ကြီးထွားလာစရာလည်း ဖြစ်လာကြပါတယ်။ စိုက်ခင်းသန့်ရှင်းရေးအနေဖြင့် ဧရာဝတီတိုင်းကဲ့သို့ ရိုးပြတ်ကြားတွင်စိုက်သော ပဲခင်းများ ပိုးနိုင်ရန်မသေချာပါ။အဆိုးဆုံး တောင်သူတွေလက်ခံထားသော အချက်တခုရှိပါသေးတယ်။ ပဲခင်းထူထူ စိုက်ခင်းတွင်း ခြေချစရာမရှိအောင် ပြည့်နေလျှင် အထွက်တိုးမည် ဆိုသော အချက် ဖြစ်ပါတယ်။အလွန် လွဲမှားပါတယ်။ စိုက်ခင်းတွင်း အပင်ထူလွန်းပါက အပင်များမှုန်းပေးရပါမယ်။အပင်ညှပ်အပင်လှီတွေကို ဖယ်ပြီး စိုက်ခင်းဝေးရာ လွှင့်ပစ်ပေးရပါတယ်။မပြုလုပ်ပါက ငမြောင်တောင်မက ပျ ယင်ဖြူ လှေး ပိုးပေါင်းစုံ ပျော်မွှေ့ရာ နေရာကြီး ဗိမ္မာန်တခုဖြစ်လာပါလိမ့်မယ်။အဝါရောင် ဗိုင်းရပ်စ် yellow mosaic virus ဖားခေါင်းရောဂါ Tobacco mosaic virus ဝင်ပါက ထိန်းမနိုင် သိမ်းမနိုင်ဖြစ်စေပါတယ်။ပိုးကျလျင်လည်းဆေးနိုင်အောင် မဖျန်းနိုင်တာ ထိုကဲ့သို့အခင်းမျိုးပါ။အပင်များ ထွန်တို ဝင်သာအောင် မှုန်းသင့် နှုတ်ပယ်သင့်ပါတယ်။အပင်များလို့ အထွက်တိုးမယ်ဆိုတာထက် အပင်လေဝင်လေထွက်မကောင်းလို့ ပိုးကျ ရောဂါဝင်တဲ့ပြသနာကြောင့် ဆေးဖိုးကုန် လူပန်း အထွက်ကျမှာ အရင်ပါ။တဧက ပျမ်းမျှရှိသင့်သော အပင်အရေအတွက်မှာ ၁၅၀၀၀၀ မှ ၂၀၀၀၀၀ မကျော်သင့်ပါဘူး။အပင်အရေအတွက်များတိုင်းအထွက်မတိုးတာတော့ အသေအချာပါ။ စိုက်ခင်းအတွင်း သန့်ရှင်းရေးအရေးပါသလို ပတ်ဝန်းကျင်စိုက်ခင်း သန့်ရှင်းရေးပါ ဝိုင်းဝန်းဂရုပြုရန် အရေးပါလှပါတယ်။ စိုက်ပျိုးဆေးများနှင့် ပဲအုပ်စု အခုရေးသောစာသည် မည်သည့် ကုမ္ပဏီ စိုက်ပျိုးရေးဝန်ထမ်း ဆေးဆိုင်များကို ပုတ်ခတ်ခြင်းမဟုတ်ပါ။ကျနော် မြင်ခဲ့ရသော အကြောင်းကို အခြေခံရေးသားခြင်းဖြစ်ပါတယ်။ရွာတခုက မတ်ပဲခင်းတခုမှာ ငမြောင်တောင်ပိုးကျလို့ဆိုပြီး Lamda cyhalothyian အုပ်စု chloropyriphos အုပ်စု အပင်အားဆေး ၃မျိုးကို ဖျန်းတာတွေ့ရပါတယ်။အရမ်းကို ကျနော်လန့်မိပါတယ်။ပိုးရောဂါကျနေချိန် ဘယ်လိုပုဂ္ဂိုလ်က အခုလို ဆေး ၇မျိုးလောက်ဖျန်းဖို့ညွှန်သလဲဆိုပြီးပေါ့။ပိုးရောဂါကျချိန် အားဆေးတွေ လှိမ့်ဖျန်းနေသရွေ့ ဘယ်တော့မှ ပိုးရောဂါမနိုင်ပါဘူး။နောက်ပြီး စပါးခင်း stembore ဝင်ပြီးသားအခင်းကို ပြန်ကောင်းတယ် ဒီဆေးဖျန်းဆိုတာမျိုးက အလွန်ဆိုးဝါးလှပါတယ်။နှံဖြူကျပြီးသားအခင်းကို ဘယ်ပိုးသတ်ဆေးမှမနိုင်ပါဘူး။လာမယ့်နှစ်မှာ မကျအောင်ဘယ်လိုလုပ်မလဲ ဆိုတာ အဓိက ကျပါတယ်။ငမြောင်တောင်ကို အဆိပ်ငွေ့အာနိသင်ရှိမယ့် ဆေးကို ထိသေဆေးအုပ်စု တခုခုနဲ့တွဲဖက်သင့်ပေမယ့် စိုက်စနစ် မကောင်းမွန်ပါက ထိန်းနိုင်ဖို့ ခက်လှပါတယ်။ ရာသီဥတုနှင့် စိုက်ချိန် ပဲတီစိမ်း မတ်ပဲတို့ကို နိုဝင်ဘာလ ထက်နောက်မကျပဲစိုက်မှသာ virusကို ထိန်းနိုင်ပါတယ်။မြေပြင်အစိုဓာတ် ၁လက်မ အနည်းဆုံးရှိသင့်သလို ထိုပမာဏရှိမှသာ အပင်ပေါက်နိုင်စွမ်းရှိပါတယ်။ ထောင်ချောက်နှင့် Handpicking ပျ ယင်ဖြူ လှေးကဲ့သို့ ပိုးများကို မတ်ပဲခင်းပေါ်တွင် အဝါရောင် ကတ်ထူပြား သို့မဟုတ် ဝေဖာပြားများပေါ်တွင် ကြွက်ကပ်ကော် သုတ်ပြီး တဧက ၁၂ခုခန့် ၄ပေ အမြင့်ထောင်ပေးပါက ပျ ယက်ဖြူလှေးများသည် ကဒ်ထူပြားများပေါ်တွင်ကပ်ကာ ပိုးများကျရောက်မှုကို လျော့ချနိုင်ပါတယ်။ငမြောင်တောင် ကဲ့သို့ လောက်အဆင့်ရှိပိုးများကို ညပိုင်း လရောင်ရှိချိန်တွင် ဦးစွာကောက်ယူဖျက်စီးပြီး ဆေးဖျန်းမှသာနိုင်သလို မီးထောင်ချောက်အဖြစ် ဘက်ထရီဖြင့် မီးချောင်းထွန်းကာ အောက်ခြေတွင် ရေဇလုံထားပြီး chloropyriphos ပိုးသတ်ဆေးဖျော်ထည့်က အမကောင်များကို ဖမ်းစီးပြီးဖျက်စီးပါက ဥပေါက်ဖွားနှုန်းကို လျော့ကျစေနိုင်ပါတယ်။ ပုံတွင်ပြထားသည့်အတိုင်းလည်း မီးထောင်ချောက်ပြုလုပ်ပါက ပိုမိုကောင်းမွန်ပါတယ်။ငမြောင်တောင် အကောင်ကြီးဖြစ်ရန် ဘဝသက်တမ်းမှာ ဥမှ လောက်ကောင် instar, 2nd instar လောက်ကောင်အဆင့် ၁၅ရက်မှ ၂၀ရက်အတွင်း အပင်အစိတ်ပိုင်း အားလုံးကိုဖျက်စီးပါတယ်။pupa အဆင့်နဲ့ အကောင်ကြီး အမကောင်အဆင့်မှ မဖျက်စီးပါ။အမကောင်အဆင့်တွင် ဥများဥတတ်ကြပါတယ်။အဓိက ဖြေရှင်းရန်အဆင့်မှာ လောက်ကောင် အဆင့်ဖြစ်သလို အမကောင်များကို ပိုးထောင်ချောက် မီးထောင်ချောက်များဖြင့် ဖမ်းစီးဖျက်ဆီးကာ ပိုးပေါက်ဖွားနှုန်းကို လျော့ချရန်လိုအပ်ပါတယ်။ ပိုးထောင်ချောက်များကို ပုံများဖြင့် ကြည့်ရှုနိုင်ပါတယ်။ ယခု ကျနော်တင်ပြခဲ့သော စိုက်စနစ်များအတိုင်း စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ပါက ပိုးသတ်ဆေးဖျန်းခြင်းသည် နောက်ဆုံးမှ ပြုလုပ်ရသော အကြိမ်ရေနဲပါးသော အဆင့်ကို ရောက်ရှိစေပါတယ်။ ဘက်စုံပိုးမွှားကာကွယ်ရေးစနစ်မှာ ၁ စိုက်စနစ် ၂ မိတ်ဆွေပိုး ၃ စက်ကိရိယာ သို့မဟုတ် ပိုးထောင်ချောက်များ ၄ အော်ဂဲနစ် ပိုးပြေးဆေး ပိုးသတ်ဆေးများ ၅ ဓာတုဆေးများ ဆိုပြီး အဆင့်ဆင့် ထားပြီး နောက်ဆုံးအခြေနေမျိုးမှသာ ဆေးဖျန်းသင့်ပါတယ်။စိုက်စနစ် စည်းကမ်းတကျ စနစ်ကောင်းကောင်း နည်းပညာကြွယ်ကြွယ် နဲ့ လက်တွေ့ကို ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပဲတဧက တင်း၂၀ -၂၅ ရမှာ မလွဲဧကန်ပါ။ နောက်ဆုံး အခုစာလေးကို ကျနော် ဝန်ခံလိုပါတယ်။အခုစာလေးအတွက် ကျနော့်ကိုယ်တွေ့ စာတွေ့အပြင် မိဘသဖွယဖြစ်ကြသော် ဆရာဦးရန်လင်း ဆရာမဒေါ်အေးအေးမာတို့မှ လမ်းညွှန်ပေးခြင်းနှင့် ဧရာဝတီ မြန်အောင်နှင့် ဓနုဖြူကြားရှိ စိုက်ခင်းများကို လှည့်လည်ကြည့်ရှုပြီး တောင်သူဦးကြီးများ အမြင်ပါပေါင်းစပ်ဖော်ပြထားခြင်းဖြစ်ပါတယ်။ကျွန်တော် မတ်ပဲ ပဲတီစိမ်း ကျွမ်းကျင်လို့ရေးတာတော့မဟုတ်ပါဘူး။သိတာမြင်တာကို မျှဝေခြင်းသက်သက်သာဖြစ်သောကြောင့် ကျနော့စာတွင် တစုံတရာမှားယွင်းမှုရှိပါက ကျနော် ခန့်ဇော်ထက် ACOM တွင်သာ တာဝန်ရှိပါတယ်ခင်ဗျာ။ Thanks you Khant Zaw Htet
အချိန်ဆွဲတတ်သူတွေ၊ အလုပ်လုပ်တာနှောင့်နှေးတတ်သူတွေ ပြုလုပ်သင့်သော အလေ့အကျင့်များ

အချိန်ဆွဲတတ်သူတွေ၊ အလုပ်လုပ်တာနှောင့်နှေးတတ်သူတွေ ပြုလုပ်သင့်သော အလေ့အကျင့်များ

အချိန်ဆွဲတတ်သူတွေ၊ အလုပ်လုပ်တာနှောင့်နှေးတတ်သူတွေ ပြုလုပ်သင့်သော အလေ့အကျင့်များ *************************************************************************** (၁) (10+2)x5 နည်းလမ်း ---------------------------- ဒီနည်းလမ်းကတော့ မာလင်းမန်းဆိုတဲ့လူက ဖန်တီးထားတဲ့နည်းလမ်းလေးဖြစ်ပါတယ်။ ဒီဂဏာန်းတွေဟာ ရှုပ်ထွေးတဲ့သင်္ချာဖော်မြူလာတစ်ခုမဟုတ်ပါဘူး အင်မတန်မှ ရိုးရှင်းပါတယ်။ ဆိုလိုတာကတော့ ၁၀မိနစ်အလုပ်လုပ်ပြီးလျှင်၂ မိနစ်နားပါ။ ထိုကဲ့သို့ ၅ခါလုပ်ပါ။ အချိန်အားဖြင့် ၁ နာရီကုန်သွားမှာဖြစ်ပါတယ်။ အဲ့လိုဆိုရင် အလုပ်တွေဆက်တိုက်လုပ်စရာမလိုသလို နားချိန်သီးသန့်ထားနေစရာမလိုတော့ပါဘူး . (၂) အနီနဲ့အပြာကို မကြာခဏအသုံးပြုပါ။ --------------------------------------------- သင့်ရဲ့အလုပ်စားပွဲ (သို့မဟုတ်) စာကြည့်စားပွဲပေါ်ကပစ္စည်းတွေကိုရှင်းလင်းလိုက်ပါ။လေ့လာချက်စစ်တမ်းတွေအရ အနီရောင်ဟာသင့်ဦးနှောကိုအာရုံစူးစိုက်မှုအားကောင်းစေပြီး အပြာရောင်ဟာ ဖန်တီးနိုင်စွမ်းမြင့်တက်စေပါတယ်။ ဒါကြောင့် သင့်အလုပ်လုပ်တဲ့နေရာမှာ အနီနဲ့အပြာ များများထားပါ။ . (၃) လုပ်ရမယ့်လုပ်ငန်းစဉ်တွေကို အချိန်ဇယားဆွဲထားပါ။ --------------------------------------------------------------- အချိန်ဆွဲလုပ်တတ်တာကိုအကျင့်ပါနေတာဟာ ကောင်းတဲအလေ့အကျင့်မဟုတ်ပါဘူး။ သင်လုပ်စရာရှိတာတွေကို တိတိကျကျအချိန်စာရင်းလုပ်ထားပါ။ ထိုသို့လုပ်ထားခြင်းအားဖြင့် နောက်ဆုံးပြီးရမယ့်အချိန် (deadline) အတွင်းမပြီးပြီးအောင် မိမိကိုယ်ကိုဖိအားပေးပါ။ နောက်ဆုံးပြီးရမယ့်အချိန် (deadline ) သတ်မှတ်ထားခြင်းဟာ သင့်အလုပ်တွေကိုမြန်မြန်ပြီးမြောက်စေပါတယ်။ . (၄) အရေးကြီးလုပ်စရာတွေကို စာကြည့်တိုက် (သို့) ကော်ဖီဆိုင်မှာလုပ်ပါ။ -------------------------------------------------------------------------------- သင့်ရဲ့အရေးကြီးလုပ်စရာတွေကို စာကြည့်တိုက် (သို့မဟုတ်) ကော်ဖီဆိုင်တစ်ဆိုင်မှာ လုပ်သင့်ပါတယ်။ အိမ်မှာဆိုရင် သင့်ရဲ့ဆိုဖာတွေ၊ အိပ်ယာတွေက သင့်ကိုအလုပ်ပျက်အောင် ဆွဲဆောင်နေပါလိမ့်မယ်။ . (၅) Electronic ပစ္စည်းတွေ၊ mobile device တွေမရှိတဲ့ အလုပ်စားပွဲဖြစ်အောင်ကြိုးစားပါ။ ----------------------------------------------------------------------------- လေ့လာချက်စစ်တမ်းတွေအရ လူတစ်ယောက်ကတစ်နေ့မှာ ဖုန်းကိုအကြိမ်၁၅၀ခန့်ကိုင်လေ့ရှိပါတယ်။ အဲ့ဒီတော့ Mobile Device တွေကိုဖယ်ရှားထားခြင်းဟာ အလုပ်တွေအာရုံစိုက်ပြီးလုပ်နိုင်မယ့် နည်းလမ်းတစ်ခုဖြစ်ပါတယ်။ . (၆) မနက်ဖြန်အတွက် ညကတည်းကပြင်ဆင်ပါ။ ---------------------------------------------------- မနက်စောစောရုံးသွားရမယ့်လူတွေ၊ ကျောင်းသာတွေအတွက် အရေးကြီးပါတယ်။ မနက်သွားခါနီးမှ စာရွက်စာတမ်းရှာတာမျိုးထက် ညကတည်းကပြင်ဆင်ထားခြင်းဖြင့် မနက်မှာ မနက်စာကိုအေးအေးဆေးစားနိုင်ပြီး သင့်အတွက်အချိန်အနည်းဆုံး ၁၅ မိနစ်ခန့်ပိုထွက်လာပါတယ်။ . (၇) သင့်ရဲ့အလုပ်(ပရောဂျက်)တွေကို အပိုင်းပိုင်းခွဲလုပ်ပါ။ -------------------------------------------------------------- သင့်မှာလုပ်စရာ Project ကြီးတစ်ခုရှိပြီဆိုရင် အပိုင်းပိုင်းခွဲထုတ်လိုက်ပါ။ ပြီးရင်အလွယ်ဆုံးနဲ့အမြန်ဆုံးပြီးနိုင်တဲ့အစိတ်အပိုင်းကစလုပ်ပါ။ သင်စလုပ်တဲ့အပိုင်းက ဘယ်လောက်ပဲနည်းနေပါစေ အဓိကကပြီးမြောက်သွားဖို့ပဲလိုပါတယ်။ အလုပ်တစ်ခုပြီးမြောက်သွားပြီဆိုတဲ့စိတ်က သင့်ကိုတက်ကြွစေပါတယ်။ . (၈) သင်နှစ်သက်စိတ်ဓာတ်တက်ကြွစေတဲ့ဆောင်ပုဒ်လေးတွေ ချိတ်ဆွဲထားပါ။ ------------------------------------------------------------------------------ သင့်စားပွဲဘေးမှာ စိတ်ဓာတ်တက်ကြွစေတဲ့စာသားလေးတွေ၊ဆောင်ပုဒ်လေးတွေချိတ်ဆွဲပြီး အလုပ်လုပ်ရင်းစိတ်ဖိစီးနေတဲ့အချိန် တစ်ခါကို ၁၀ စက္ကန့်လောက်ကြည့်ခြင်းဟာတကယ်ပဲအသုံးဝင်လှပါတယ်။ ဘာဆောင်ပုဒ်မှရေးစရာမရှိရင်တောင် ရိုးရိုးရှင်းရှင်း "Do it Now" ဆိုတာလေးလည်းဖြစ်ပါတယ်။ ____________________ လင်းထက်မော် Focus Youth E-magazine Ref : LH org ____________________ {Focus Youth E-magazine သည်လူငယ်များနှင့်ဆိုင်သောအကြောင်းအရာများအား E-Book (pdf version) အဖြစ် လစဉ်တိုင်း အခမဲ့ downlode စနစ်ဖြင့်ဖြန့်ဝေပေးမည့် Digital Magazine ဖြစ်ပါသည်။}
စီးပွားရေးလုပ်ငန်းတစ်ခုကို

စီးပွားရေးလုပ်ငန်းတစ်ခုကို

စီးပွားရေးလုပ်ငန်းတစ်ခုကို အကျိုးတူပူးပေါင်းလုပ်တော့မယ်ဆိုရင် စဉ်းစားစရာအချက်တွေများစွာရှိပါတယ် စီးပွားရေးလုပ်တယ်ဆို ကတဲက အကျိုးစီးပွားငွေရေးကြေးရေးနဲ့ ဆက်နွယ်လာပါတယ် ခက်တာကျတော်တို့မြန်မာလူမျိုးတွေရဲ့စိတ်ဓာတ်က အားနာတတ်တယ် ခြားလူစကားကိုယုံလွယ်တတ်တယ် အားနာတာတွေများပြီးပေါက်ထွက်တဲ့အခါရောက်တော့မှ ဘယ်လိုမှ ညှို့လို့နိုင်းလို့မရတဲ့အခြေနေတွေရောက်လာတတ်တာများတယ် အယုံလွယ်တာကြောင့်လည်း ခြားလူသွေးထိုးရင် ဟုတ်ဟုတ်မဟုတ်ဟုတ် တစ်ယောက်နဲ့တစ်ယောက်သံသယ တွေနဲ့ဖြစ်လာကြပြီ ကွဲသွားတတ်ကြတယ် ခြားလူကသွေးထိုးတာရောခြောက်တွန်းမြှောက်ပေးတာကြောင့်တစ်ယောက်နဲ့တစ်ယောက်ပခုံးခြင်းယှဉ် တာရောဖြစ်လာတတ်တယ် နောက်ပြီးကျတော်တို့လူတွေရဲ့ လုပ်ပုံကိုင်ပုံတွေက စည်းမရှိဘူး စာချုပ်စာတမ်းတွေ ကတိကဝတ်တွေ မရှိတတ်ဘူး နိုင်ငံခြားကလူတွေက အကျိုးတူပူပေါင်းကြတယ်ဆိုရင် အားနာမူတွေမရှိဘူး ကြားလူသွေးထိုးတာ မြောက်ပေးတာကိုခံနိုင်ရည်ရှိကြတယ် စည်းကမ်းတွေ ကတိကဝတ်တွေ စာချုပ်စာတမ်းတွေတွေသေချာထားတတ်ကြတယ် အဆိုးဆုံးက ကျတော်တို့လူမျိုးတွေကငွေကြေးတွေ အကျိုးစီးပွားတွေနဲ့ယှဉ်လာရင် မိဘနဲ့သားသမီး မောင်နှင့်နှမ ညီနှင့်အကို ဆွေမျိုးသားချင်း နောက်ဆုံးကုန်ကုန်ပြောရမယ်ဆိုရင် လူမူ့ရေးအဖွဲ့စည်းတွေ နိုင်ငံရေးအဖွဲ့စည်းတွေမှမကျန် ကွဲခဲ့ပြဲခဲ့ကြတာတွေ အများအပြားတွေတွေ့နေမြင်နေရမှာပါ ကျတော်ဆိုလိုတာ အကျိုးတူမလုပ်န့လို့မဆိုလိုပါဘူး အကျိုးတူလုပ်ကြကိုင်ကြမယ်ဆိုရင် သေချာလေးလေးနက်နက် တိုင်ပင်ပြီမှလုပ်ကိုင်ကြပါ ကတိကဝတ်စာချုပ်စာတမ်းနဲ့လုပ်ကိုင်ကြပါ ပြဿနာတစ်ခုကို မွေးမထားပါနဲ့ အကြာမကြာမျက်နှာချင်းဆိုင် တွေ့ဆုံကြပါဆွေးနွေးကြပါ တက်ညီလက်ညီ မခိုမကတ်လုပ်ကိုင်ကြပါ စည်းစောင့်ကြပါအပြန်အလှန်လေးစားသမူရှိကြပါ လို့ပဲ အကျိုးတူပူပေါင်းလုပ်ကိုင်မည့်သူတွေကိုအကြံပေးပါစေ
လခစား ၀န်ထမ်း ဘ၀ ကို စွန့် လွှတ်ပြီး ကိုယ်ပိုင် လုပ်ငန်း ထူထောင်ဖို့ စဉ်းစားနေသူများအတွက်………

လခစား ၀န်ထမ်း ဘ၀ ကို စွန့် လွှတ်ပြီး ကိုယ်ပိုင် လုပ်ငန်း ထူထောင်ဖို့ စဉ်းစားနေသူများအတွက်………

လခစား ၀န်ထမ်း ဘ၀ ကို စွန့် လွှတ်ပြီး ကိုယ်ပိုင် လုပ်ငန်း ထူထောင်ဖို့ စဉ်းစားနေသူများအတွက်……… ကျွန်တော် ဒီနေ့ ရေးမှာကတော့ “အခု ခေတ်မှာ သင့်အနေနဲ့ ဝန်ထမ်းဘ၀ ကို စွန့် လွှတ်ပြီး ကိုယ်ပိုင် စီးပွားရေး လုပ်သင့်တယ်လို့  စဉ်းစားမိအောင် ထောက်ခံပေးတဲ့ အချက် ၁၀ ချက်” အကြောင်း ကို ရေးချင်ပါတယ်။ ၁၀ ချက် စလုံးကတော့ မြန်မာပြည်နဲ့ ကိုက်ညီ ချင်မှ ကိုက် ညီ ဦးပါမယ်။ ဒါပေမယ့် ကြိုတင် စဉ်းစားထားလို့ ရတာ ပေါ့။ ကျွန်တော် ဒီလိုရေးလို့ ကျွန်တော့်ကို မေးစရာ ရှိလာပါတယ်။ ခင်ဗျားကော ကိုယ်ပိုင်စီးပွားရေး လုပ်နေပြီလား။ ၀န်ထမ်းလုပ်တုန်းပဲလားဆိုပြီး……….. ကျွန်တော် လောလောဆယ်တော့ ၀န်ထမ်း လုပ်တုန်းပါပဲ။ ဒါပေမယ့် တစ်ချိန်တည်းမှာ ကိုယ်ပိုင် စီပွားရေး ကို စတင်နေပါပြီ။ ကိုယ်ပိုင်စီးပွားရေးမှာ အခြေမကျခင် ကိုယ့် ရဲ့  စားဝတ်နေရေးအတွက် အရေးကြီးတဲ့ ၀င်ငွေရရှိဖို့ ၊ ကိုယ်ပိုင်စီးပွားရေးအတွက် အရင်းအနှီး ရရှိနိုင်ဖို့  ၀န်ထမ်း လစာကို မှီခိုနေရတုန်းပါပဲ။ ဒါပေမယ့် ဒီဆောင်းပါးလေး ကို ဖတ်ကြည့်တော့ ကိုယ်ဦးတည်နေတဲ့ လမ်းကို ပိုပြီး ယုံယုံကြည်ကြည်လျှောက်လှမ်းနိုင်ဖို့  စိတ်ခွန်အားတွေ ရရှိတဲ့အတွက် စာဖတ်သူ မိတ်ဆွေတွေကို လည်း ဖတ်စေချင်လို့ ရေးလိုက်ပါတယ်။ (မှတ်ချက်။ ။ ဒီဟာ ဖတ်ပြီးတာနဲ့ တော့ အလုပ်မထွက်လိုက်ပါနဲ့ ။ ထမင်းစား စရာ မရှိတော့ ရင် ကျွန်တော် တရားစွဲခံနေရပါဦးမယ်) ကဲ…စကြရအောင်။ ကျွန်တော်တို့ ရဲ့  ဘ၀ ဟာ တိုတောင်းလှပါတယ်။ အဲ့ဒီ တိုတောင်းလှတဲ့ အချိန်လေးအတွင်းမှာရှိနေတဲ့ သင့် ဘ၀ကို ဘာဖြစ်ချင်တယ်ဆိုတာ သေချာ စဉ်းစားကြည့်ပါ။ တစ်သက်လုံး မိမိ ရဲ့ ခွန်အားတွေ၊ အကြံဥာဏ်တွေကို တခြားသူ တစ်ဦးတစ်ယောက်အတွက် အခကြေးငွေအနည်းငယ် နဲ့ လုပ်ပေးနေမလား။ တစ်ခါတစ်ရံ ထိုသူတွေက သင့်ကို ကျေးဇူးတင်ဖို့ မေ့နေပါတတ်တယ်။ တစ်ခါတစ်ရံ သင့်ရဲ့  နေရာကိုတောင် အခြား တစ်ယောက်နဲ့  အစားထိုး လဲလှယ် သွားနိုင်ပါတယ်။ သင့် အနေနဲ့ အားသွန်ခွန်စိုက် ကြိုးစားလည်း လကုန် ယင် ရမှာက ဒီ လစာပါပဲ။ (အဲလို ပြောလို့ အလုပ်မလုပ်ပဲ အချောင်ခိုခိုင်းတာ မဟုတ်ပါ)။ သင့် ရဲ့ တန်ဖိုး ရှိလှတဲ့ ခွန်အား ဥာဏ်စွမ်းတွေကို ကိုယ်ပိုင် စီးပွားရေး၊ ကိုယ်ပိုင်လုပ်ငန်းမှာ အသုံးချလိုက်ယင် ဘယ်လိုနေမလဲ။ ဒါပေမယ့် ပြောစရာ ရှိလာပါတယ်။ ကိုယ်ပိုင်စီးပွားရေး တစ်ခု ထောင်ဖို့ ဆိုတာ လိုအပ်ချက်တွေ အများကြီး။ လွယ်လွယ်နဲ့ ထောင်လို့ ရလို့ ကတော့ လူတိုင်း ထောင်ကုန်လို့ ဝန်ထမ်းတောင် ရှိလာတော့ မှာ မဟုတ်ဘူး ဆိုပြီး ပြောစရာ ရှိလာနိုင်ပါတယ်။ မှန်ပါတယ်။ အဲ့လိုတော့ စီးပွားရေး တစ်ခုကို လွယ်လွယ်နဲ့ စလို့ မရပါဘူး။ ဒါပေမယ့် တစ်ချိန်ချိန်မှာ ကိုယ်ပိုင် လုပ်ငန်း လုပ်မယ်လို့ ရည်ရွယ်ချက် ရှိတဲ့ သူတွေအတွက်တော့ အောက်မှာ ဖော်ပြထားတဲ့ အချက် (၁၀) ချက်က စိတ်ခွန်အားကို ဖြစ်စေမှာပါ။ ၁။ မည်သည့်နေရာမှ မဆို အလုပ် လုပ်နိုင်ခြင်း (မြန်မာနိုင်ငံတွင်တော့ အနည်း ငယ် ခက်ခဲပါဦးမည်)။ အခုလို အင်တာနက်တွေ မြန်ဆန်လာပြီး နေရာတော်တော်များများ မှာ အင်တာနက် အသုံးပြုလို့ ရလာတဲ့ ခေတ်ကြီးမှာ ကျွန်တော်တို့ အနေနဲ့  ရုံးမှာ ထိုင်ပြီး အလုပ်လုပ်နေစရာမလိုတော့ ပါဘူး။ သင့် မှာ ကွန်ပြူတာ တစ်လုံး ရယ်၊ အင်တာနက် ရယ် ရှိယင် ကော်ဖီ ဆိုင်ကပဲ ဖြစ်ဖြစ်၊ သင့်ရဲ့ ကုတင်ပေါ်ကပဲ ဖြစ်ဖြစ်၊ ရထားပေါ်ကပဲ ဖြစ်ဖြစ်၊ ကမ်းခြေက ဘန်ဂလို ထဲကပဲ ဖြစ်ဖြစ် အလုပ် လုပ်လို့ ရပါပြီ။ သင်ရှိနေတဲ့ နေရာကို သာ သင့်ရဲ့ အလုပ်နေရာလို့ သတ်မှတ်လိုက်ပါ။ အခု အခါ မှာ လုပ်ငန်းတော်တော် များများက လူချင်းမတွေ့ ရပဲ လုပ်လို့ ရတာမျိုးတွေ များလာပါပြီ။ (စားသောက်ဆိုင်ဖွင့်တာ၊ ပွဲ ရုံ လုပ်တာတွေတော့ မပါဘူးပေါ့နော်)။ consultant အတိုင်ပင်ခံအလုပ်တွေ၊ IT programmer တွေ၊ graphic designer တွေ၊ အမျိုးမျိုးပါပဲ။ မြန်မာပြည်မှာ အင်တာနက် တွေ မမြန်လို့ ဆိုပေမယ့် email လောက် အသုံးပြုလို့ ရယင်ကို လုပ်လို့ ရတဲ့ အလုပ်တွေ အများကြီးပါ။ ဘာသာပြန် translation လုပ်မလား၊ graphic designer လုပ်မလား၊ အများကြီးလုပ်လို့ ရပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ အချို့ အဖွဲ့ အစည်းတွေရဲ့  report တွေကို ရေးပေးတာတို့ ၊ စစ်တမ်းကောက်ယူမှုတွေအတွက် အကြံပေး တာတို့ တွေ လုပ်နေပါတယ်။ လူချင်းတွေ့ စရာမလိုပါဘူး။ ပြီးတော့ ကိုယ်က အဲ့ဒီ အဖွဲ့ အစည်းတွေ ရဲ့ ဝန်ထမ်းလည်း မဟုတ်ပါဘူး။ ဒါပေမယ့် သင့် အနေနဲ့ တော့ လုပ်ငန်း တစ်ခု မှာ ကျွမ်းကျင်နေဖို့ လိုပါတယ်။ ဘာသာ ပြန် မယ်ဆိုယင် ဘာသာ ပြန် ကျွမ်းကျင်ဖို့ လိုမယ်။ program ရေးမယ်ဆိုယင် programming language ကျွမ်းကျင်ဖို့ လိုတာပေါ့။ ၂။ သင် စိတ်ဝင်စားတဲ့အရာကို လုပ်ခွင့်ရခြင်း။ သင့် အနေနဲ့  တကယ်စိတ်ဝင်စားတဲ့ အလုပ်က လျှပ်စစ် ကရိယာလေးတွေကို ကလိရတာ၊ အသစ် အသစ်ပေါ်လာတဲ့ ဖုန်းတွေ၊ ကွန်ပြူတာတွေကို လေ့လာရတာမျိုး ဖြစ်ပါလိမ့်မယ်။ အဲ့ဒါဆိုယင်တော့ သင့် ကိုယ်ပိုင် ဖုန်းဆိုင်လေး ဖွင့် ကွန်ပြူတာ ဆိုင်လေး ဖွင့် တာအကောင်းဆုံးပေါ့။ ဒါပေမယ့် ၀န်ထမ်းဘ၀မှာတော့ သင် စိတ်ဝင်စားတာကို မလုပ်ရပဲ တစ်နေကုန် စာစီ စာရိုက်လုပ်နေယင် လုပ်နေရလိမ့်မယ်။ အစည်းအဝေးတွေ လိုက်တက်နေယင် တက်နေရလိမ့်မယ်။ သင် ၀ါသနာ မပါတဲ့ အလုပ်ကို လုပ်နေရယင် တကယ့်ကို ၀တ်ကျေ တန်းကျေပါပဲ။ ကဲ… အဲ့ဒါဆို ဘာလို့ သင် စိတ်ဝင်စားတာနဲ့ ကိုက်ညီတဲ့ ကိုယ်ပိုင် အလုပ်ကို စတင် အကောင်အထည် ဖော်ဖို့ မစဉ်းစားတာလဲ????? ၃။ ပိုက်ဆံများများ ပို ရှာနိုင်ခြင်း။ သင့်အနေနဲ့ ဝန်ထမ်းဘ၀မှာ လစာ အလွန်ကောင်းတဲ့ အလုပ်မှာ လုပ်နေရတာ ဖြစ်ယင် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် လစာ များတာနဲ့ အညီ သင်လည်း ပြန်ပေးဆပ်ရမှာပါ။ အဲ့ဒီအလုပ်အတွက် သင့်အနေနဲ့ နေရာ တစ်ခု မှာ ရှိနေရမယ်၊ အချိန်အတိုင်းအတာ တစ်ခု အကုန်ခံရမယ်။ မ၀တ်ချင်တဲ့ အ၀တ်တွေ ၀တ်ပြီး ပျင်းစရာကောင်းလှတဲ့ အစည်းအဝေးခန်းမထဲမှာ ထိုင်ယင်ထိုင်နေရမယ်။ တကယ်ကို အလုပ် မဖြစ်တဲ့ အစည်းအဝေးမှန်း သိပေမယ့် သင် မတတ်လို့ မရပါ။ အဲ့ဒီလို တစ်နေ့ တစ်နေ့ ကုန်နေမယ့် အချိန်တွေ ကို ကိုယ့်လုပ်ငန်းမှာ သုံးလိုက်ယင် သင် ၀န်ထမ်း ဘ၀မှာ ရတဲ့ လစာထက် ပိုများတဲ့ လစာ ကို သင်ရှာနိုင်ပါလိမ့်မယ်။ သင့်ရဲ့  ဖန်တီးတွေခေါ်နိုင်မှု ဥာဏ်စွမ်းတွေ လည်း ပိုပြီး ထက်သန် လာပါလိမ့်မယ်။ အဲ့ဒီ ဖန်တီးတွေ ခေါ်နိုင်စွမ်းတွေက သင့်လုပ်ငန်းကို ပိုပြီး အောင်မြင်အောင် ထောက်ပံ့ပါလိမ့်မယ်။ လစာကောင်းတဲ့ ရာထူး ကြီး တစ်ခု ရထားတဲ့သူ တော်တော်များများ မှာ ကျွမ်းကျင်မှု နဲ့ အရည်အချင်းက ရှိပြီးသားပါ။ ၄။ ပျင်းရိမှု ကို ပျောက်ကင်းစေခြင်း။ သင်ဝန်ထမ်း ဘ၀ကနေ ထွက်လိုက်ပြီး သင် ရဲ့ ကိုယ်ပိုင်လုပ်ငန်းကို စတင်လိုက်တာနဲ့  သင့်မှာ လုပ်စရာတွေ အများကြီး ရှိလာပါပြီ။ ပတ်ဝန်းကျင် အသစ်တွေနဲ့ ဆက်ဆံရမယ်။ လူအသစ်တွေ မိတ်ဆွေ အသစ်တွေ ရတော့မယ်။ စိတ်ဝင်စားစရာ တွေ တပုံတပင်တွေ့ လာနိုင်တယ်။ သင်ခန်းစာ အသစ်တွေလဲ ရလာနိုင်တယ်။ သင်ကြုံတွေ့ ရတဲ့ ပတ်ဝန်းကျင်က အရာတွေ အားလုံး က ပြောင်းလဲ သွားလိမ့်မယ်။ သင့်ရဲ့  ရလဒ်တွေလည်း ပြောင်းလဲ သွားလိမ့်မယ်။ အောင်မြင်မှုတွေ ရလာနိုင်တယ်။ ကျရှုံး မှုတွေလည်း ကြုံရနိုင်တယ်။ ဒါပေမယ့် အယင် ၀န်ထမ်း ဘ၀မှာ ကိုယ်မလုပ်ချင်တာကို လုပ်နေရပြီး နေစဉ် တွေ့ ကြုံနေရတဲ့ ၀န်ထမ်း ဘ၀ ပတ်ဝန်းကျင်လိုတော့ ပျင်းရိစရာ ကောင်းတော့မည် မဟုတ်ပါ။ ၅။သင့် အရည်အချင်းကို ဖော်ပြလာနိုင်ခြင်း။ ၀န်ထမ်းဘ၀မှာ သင့် မှာ ရှိတဲ့ အရည်အချင်း အစွမ်းအစကို ကို ဖော်ထုတ်ပြသနိုင်ဖို့ အခွင့်အရေးနည်းလွန်းလှပါတယ်။ တစ်ခါတစ်ရံ သင့် ရဲ့  Boss က ကိုယ့် အရည်အချင်းတွေ ပြသခွင့်မရ အောင် ဖိနှိပ်ထားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် လုပ်ငန်း စတင်ပြီးဆိုယင်တော့ သင့် မှာ ရှိတဲ့ အရည်အချင်း အားလုံးကို ဖော်ထုတ် အသုံးချ လာ နိုင်မှာ ဖြစ်ပါတယ်။ ၆။ မိမိ ကိုယ်ကို ယုံကြည်မှု ပို ပြီး ရှိလာခြင်း။ အဖွဲ့ အစည်း တစ်ခု အပေါ် မှီခိုမှုက နေ လွတ်ကင်းလာလိုက်တယ်ဆိုတာနဲ့ သင့် ဘ၀ ကို သင့် ဖာသာ စတင်ရတော့ မှာပါ။ အဲ့ဒီ အချိန်ကျယင် ကြုံလာတဲ့ အခက်အခဲတွေကို တန်ပြန် တွန်းလှန် ယင်းနဲ့  သင့် ကိုယ်ကို သင် ယုံကြည်မှုတွေ ပိုပြီးတိုး ပွားလာမှာပါ။ ဒီကနေ့ အလုပ်ထွက်လိုက်ပြီ ဆိုတာနဲ့ နောက်နေ့  က စပြီး ၀န်ငွေရဖို့ အတွက် စဉ်းစားရပါတော့မယ်။ အဲ့ဒီ အခါမှာ သင့် မှာ ရှိတဲ့ အရည်အချင်းတွေကို ဖော်ထုတ် တတ်လာမယ်။ ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတဲ့ လုပ်ငန်းတွေကို စတင် အကောင်အထည် ဖော်တတ်လာမှာပါ။ သင့် ဘ၀အတွက်လည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေကို ချတတ်လာမယ်။ ၀န်ထမ်းဘ၀မှာ သင့် ဘ၀ အတွက် ဆုံးဖြတ်ချက်ကို အထက် က ဆုံးဖြတ်တာ များပါလိမ့်မယ်။ ဒါပေမယ့် ကိုယ့်ဘ၀ကိုယ်တည်ဆောက် ရပြီဆိုယင်တော့ သင့် ဆုံးဖြတ်ချက်သည် သာ အဓိက ဖြစ်သွားပါပြီ။ ၇။ ကိုယ်ပိုင် အလုပ်ကို သွားရမည်ကို စိတ်လှုပ်ရှား ပျော်ရွှင်ခြင်း။ ၀န်ထမ်းတစ်ယောက်အနေနဲ့ မနက် မိုးလင်း လိုက်တာနဲ့ အလုပ်သွားရမှာကို စိတ်ညစ် နေပြီးဆိုယင်တော့ သင့်အနေနဲ့ အဲ့ဒီအလုပ်ကနေ ထွက်လိုက် ဖို့  အမှန်ကန်ဆုံး အချိန်ရောက်နေပါပြီ။ တင်္နလာနေ့ မနက်ရောက်မှာကို ကြောက်နေမိတယ်ဆိုယင်လည်း ထွက်လိုက်ပါတော့။ သင့်ကိုယ်ပိုင် အလုပ်ဆိုယင်တော့ မနက်မိုးလင်းတာနဲ့  စိတ်လှုပ်ရှားမှုတွေ အပြည့် ဖြစ်နေပါလိမ့်မယ်။ စိန်ခေါ်မှုတွေကလည်း သင့်ကို စောင့်ကြိုနေမှာပါ။ ဒါပေမယ့် အဲ့ဒီ စိန်ခေါ်မှုအားလုံးဟာ သင့်ကို အောင်မြင်မှုကို တွန်း ပို့ နေမယ့် အရာတွေ ပါပဲ။ ကိုယ် စိတ်ဝင်စားတဲ့ ကိုယ်ပိုင် အလုပ်ကို လုပ်နေရယင် တစ်ခါ တစ်ရံမှာ အလုပ်လုပ်နေတယ်လို့ တောင် ထင်ချင်မှ ထင်မိမှာပါ။ ကိုယ့်ကို ကိုယ် အပန်းဖြေမှု တစ်ခုလို့ တောင် ထင်မိ ပါဦးမယ်။ ၈။ အကန့် အသတ် မရှိတဲ့ အခွင့်အလမ်း တွေကို ရှာဖွေ နိုင်ခြင်း။ တကယ်လို့ သင့်အနေနဲ့ အခြားသူ တစ်ယောက်အတွက် အလုပ်လုပ်ပေးနေရမယ်ဆိုယင် အခွင့်အလမ်းကောင်းတွေကို ရှာဖွေနိုင်ဖို့ အခွင့်အရေး နည်းလွန်းလှပါတယ်။ တစ်ခါတစ်ရံ ရှိကို မရှိတတ်ပါဘူး။ တကယ်လို့ သင့်အနေနဲ့ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီးဆိုယင်တော့ သင်ရှာဖွေ နိုင်သရွေ့ အခွင့်အလမ်းတွေကြီးပါပဲ။ အကြံဥာဏ်ကောင်းတွေလည်း ပေါ်ထွက်လာမှာပါ။ ၉။ ဘ၀လိုအပ်ချက်နဲ့ အညီ လိုက်လျောညီထွေမှု ရှိနိုင်ခြင်း။ သင့် မိဘတွေ အသက်ကြီးလာပြီး သင့်ရဲ့  စောင့်ရှောက်မှုကို လိုအပ်လာပြီ။ သင့်ကလေးကို ကျောင်းပို့ ကျောင်းကြို ပို့ ရန်လိုအပ်လာပြီ။ သင့် တို့ မင်္ဂလာနှစ်ပတ်လည် နေ့ မှာ သင့် အိမ်ထောင်ဖက် ဘေးမှာ ရှိဖို့ လိုအပ်လာပြီ။ ၀န်ထမ်းဘ၀မှာ ဒါတွေကို လျစ်လျူ ရှု ဖြစ်ဖို့ များပါတယ်။ သင့် ရဲ့  မိဘ နေမကောင်းတဲ့ အချိန် သင် အဝေးတစ်နေရာ ရောက်ယင် ရောက်နေမယ်။ သင့် ကလေး ကျောင်းကား စီးယင်စီးနေရလိမ့်မယ်။ မင်္ဂလာ နှစ်ပတ်လည်နေ့ မှာ သင့် အိမ်ထောင်ဖက်က သင်ရုံး က ပြန်လာတဲ့ အချိန်ကို မအိပ်ပဲ စောင့်ယင် စောင့်နေရပါလိမ့်မယ်။ သင့်အချိန်ကို သင်မပိုင်ပါဘူး။ အလုပ်က ပိုင်နေပါတယ်။ ကိုယ်ပိုင် လုပ်ငန်း လုပ်ကိုင်ပြီးဆိုယင်တော့ ဒီလို ပြန်လည် အစားထိုး မရနိုင်တဲ့ သူတွေအတွက် သင့်ရဲ့ အချိန်တွေကို ပေးလာနိုင်မှာပါ။ ကိုယ်ပိုင် လုပ်ငန်း အတွက် အရမ်း အချိန်ပေးနေရယင်တောင် ကိုယ့် အချိန်ကို ကိုယ် စိတ်တိုင်းကျ စီမံ နိုင်မှာပါ။ သင့်အချိန်ကို သင်ပိုင်ဆိုင်နေပါပြီ။ ၁၀။ နေရာ အနှံ့ လျှောက်သွားနိုင်ခြင်း။ မနက် ၉ နာရီကနေ ညနေ ၅ နာရီ ထိ လုပ်ရတဲ့ ၀န်ထမ်းဘ၀မှာ တခြားနေရာ လျှောက်သွားနိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။ တစ်နေ့ တစ်နေ့ သင့်မှာ သွားစရာ ရုံးနဲ့ အလုပ်နဲ့ ပက်သက်တဲ့ နေရာတွေ ပဲ ရှိမှာပါ။ ကိုယ်ပိုင် လုပ်ငန်း စတင်ပြီးဆိုယင်တော့ နေရာ အနှံ့သွားရပါတော့မယ်။ သင့် လုပ်ငန်း ကို ဖွ့ံဖြိုး တိုးတက်ဖို့ အတွက် ဈေးကွက် ရှာရမယ်။ နေရာ အနှ့ံက လူတွေနဲ့ ဆက်ဆံရတော့မယ်။ ခရီးသွားပြီး ပတ်ဝန်ကျင်သစ်ကို လေ့လာနိုင်မယ့် အခွင့် အရေးတွေ ရလာပါတော့မယ်။ ၀န်ထမ်းဘ၀မှာလည်း ခရီးသွားရတာတွေ ရှိပါတယ်။ ဒါပေမယ့် ကိုယ်ပိုင် လွတ်လပ်မှုနဲ့ သွားရတဲ့ ခရီးက ကိုယ့်အတွက် အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်မှာ အသေချာပါ။ ဒီအပေါ်မှာ ရေးခဲ့တဲ့ အချက် ၁၀ ချက်ကတော့ သင့်အနေနဲ့ ဝန်ထမ်းဘ၀ကို စွန့် လွှတ်ပြီး ကိုယ်ပိုင် လုပ်ငန်း ထူထောင်ယင် ရရှိလာနိုင်တဲ့ အခွင့်အရေးတွေပါပဲ။ ကျွန်တော့်ရဲ့ အတွေ့ အကြုံလည်း ပြောပြချင်ပါတယ်။ အဲ့ဒီ အချိန်က ကိုယ်ပိုင် လုပ်ငန်းတော့ မဟုတ်သေးပါဘူး။ ကျွန်တော် ဘန်ကောက်မှာ ဘွဲ့ လွန် တစ်နှစ်တက်လို့ ဘွဲ့ ရကာနီး အချိန်ပေါ့။ စကော်လာ ရှစ်က ရထားတဲ့ တစ်နှစ်စာ ကျောင်းတတ်ဖို့  အသုံးစရိတ်ကလည်း ကျောင်း ပြီးခါနီးပြီးဆိုတော့ တော်တော် လုံးပါး ပါးသွားပြီ။ စာတမ်းပြုစု ရာမှာ လည်း အသုံးစရိတ်က တော်တော် ထောင်းသွားတယ်။ စာတမ်းအတွက် ကုန်ကျ စရိတ်ကို ကျောင်းက ပြန်ပေးတယ်ဆိုပေမယ့် လောလောဆယ် ကိုယ်က စိုက်ထားရတာ ဆိုတော့ အဆင်သိပ်မပြေ။ မိဘ ဆီက လည်း လှမ်းပြီး မတောင်းချင်တော့ဘူး။ အဲ့ဒီ အချိန်မှာ တစ်နေ့ တစ်နေ့ စဉ်းစားမိတာ ဘယ်လို ၀င်ငွေ ရနိုင်မလဲဆိုတာပဲ။ ထိုင်းမှာက ကျောင်းသားဆိုယင် အလုပ်လုပ်ခွင့်က မရှိ။ ထိုင်းစကားကလဲ မတတ်။ အဲ့ဒါနဲ့ ကိုယ်တတ်ကျွမ်းတဲ့ ပညာနဲ့ ဘာလုပ်လို့ ရမလဲဆိုပြီး အပူအပြင်း ရှာမိတယ်။ အင်တာနက် ပေါ်မှာ အဓိက ရှာတယ်။ workshop တွေမှာလည်း အသိ မိတ်ဆွေတွေ တိုးပွားအောင်လုပ်တယ်။ အဲ့ဒီလို အခွင့်အလမ်း ရှာနေတဲ့ အချိန်မှာ စိတ်လှုပ် ရှားစရာ အကောင်းဆုံးပဲ။ online က freelance job တွေ လိုက်လျောက်တယ်။ ပိုက်ဆံကို သမာအာဇီဝနည်းနဲ့ ရှာနိုင်တာ မှန်သမျှ ကြိုးစားကြည့်တယ်။ အဲ့လိုနဲ့ တစ်လ လောက်လဲ ရှိရော ဘာသာ ပြန်တဲ့ အလုပ် ရတယ်။ email နဲ့ အလုပ်လုပ်ရုံပဲ။ သူတို့ က ပြန်ချင်တာကို ပို့ ။ ကိုယ်က ပြန်ပေးပြီး ပြန်ပို့ ရုံပဲ။ ထိုင်း တက္ကသိုလ်တစ်ခုက ပါမောက္ခ တစ်ယောက်ကို မြန်မာ ပြည်အကြောင်း (အဓိက ကျန်းမာရေး စောင့်ရှောက်မှု) တွေ ကို ရှာပြီး report ရေးပေးရတယ်။ သူက မြန်မာပြည်ကို မသွားခင် ကြိုတင် လေ့လာချင်လို့ ပါ။ facebook မှာ နိုင်ငံခြားသားတွေ အတွက် မြန်မာပြည် ခရီးသွားလုပ်ငန်း page တစ်ခု ထောင်တယ်။ ဘန်ကောက်က နိုင်ငံခြားသား အသိတွေကနေ တဆင့် ကြေငြာတယ်။ စိတ်ဝင်စားသူ ဆက်သွယ်လာယင် ရန်ကုန်က အသိ ခရီးသွား company ကို ချိတ်ပေးလိုက်တယ်။ အဲ့ဒီအချိန်မှာ ကိုယ့်ဘ၀ကို ကိုယ်ပိုင်သလို ပဲ ခံစားမိတယ်။ ဘယ် အဖွဲ့ အစည်းနဲ့ မှာ အနှောင်အဖွဲ့ မရှိဘူး။ အခွင့်အလန်းအသစ်တွေ အတွက် စိတ်လှုပ်ရှားစရာတွေကြီးပဲ။ လူတွေနဲ့ လည်း ပိုပြီး ရင်းနှီးလာတယ်။ အသဲအသန် ရှာဖွေတဲ့ ရလဒ်က တခြား သူတွေ ဘယ်လို freelance အလုပ်တွေ လုပ်နေလဲဆိုတာကို နားလည်လာတယ်။ ကိုယ့် အချိန်ကိုယ်ပိုင်တယ်။ ကိုယ့် အခန်းမှာကိုယ်လုပ်ရုံပဲ။ စာတမ်းကို အဆုံးသတ်နေတာကို လည်း မထိခိုက်ဘူး။ ဒီလိုနဲ့ အဆင်ပြေနေရာကနေ နောက်ဆုံးတော့လည်း ရာထူး နဲ့ ပုံမှန် လစာ ကို မက်ပြီး ၀န်ထမ်းဘ၀ကို ပြန်ဝင်သွားမိရာက အခုတော့ ပြန်လည် ရုန်းထွက်နိုင်အောင် ကြိုးစားနေဆဲဖြစ်ပါကြောင်း ပြောရင်း နိဂုံး ချုပ်လိုက်ပါတယ်။ ကိုဟိန်း (Prospect Myanmar) www.prospectmyanmar.com Ilya Pozin ရဲ့  10 Reasons to Quit Your job in 2015 မှ ကိုးကားထားပါတယ်။ « Older Article Next Article »
လူအများကို လွှမ်းမိုးနိုင်သူများ ၏ တွေးခေါ်ပုံ တွေးခေါ်နည်း

လူအများကို လွှမ်းမိုးနိုင်သူများ ၏ တွေးခေါ်ပုံ တွေးခေါ်နည်း

ကျောက်သင်ပုန်း's photo. ကျောက်သင်ပုန်း 9 hrs · လူအများကို လွှမ်းမိုးနိုင်သူများ ၏ တွေးခေါ်ပုံ တွေးခေါ်နည်း ****************************************************************** . တစ်ခါတစ်လေမှာ တစ်ချို့ကိစ္စတွေဟာ ကျွန်တော်တို့ ထင်မြင်ယူဆထားသလို ဖြစ်မလာတတ်ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေကတော့ အားလုံးရဲ့ထင်မြင်ယူဆချက်တွေနဲ့ ဆန့်ကျင့်ပြီး အောင်မြင်မှုတွေကို သိမ်းပိုက်သွားနိုင်ကြပါတယ်။ ဥပမာပြောရရင် နည်းပညာလုပ်ငန်းချင်းအတူတူမှာ Apple က ဘာကြောင့်များ ဆန်းသစ်တီထွင်မှုတွေ ရှိနေတာလဲ၊ လူမဲတန်းတူအခွင့်အရေးရဖို့ တိုက်ပွဲဝင်ခဲ့သူတွေ အများကြီးထဲကမှ Martin Luther King ကို ဘာကြောင့် လူသိများရတာလဲ။ လေယာဉ်ပျံတီထွင်နိုင်တဲ့ အခြားအဖွဲ့အစည်းတွေရှိခဲ့ပေမယ့် ဘာကြောင့်များ Wright ညီနောင်က ထင်ရှားကျော်ကြားရတာလဲ ဆိုတာက စဉ်းစားစရာပဲ ဖြစ်ပါတယ်။ . တကယ်တော့ Apple၊ Martin Luther King နဲ့ Wright ညီနောင်တို့သာမက ကမ္ဘာမှာရှိတဲ့အခြားသော လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုဟ်တွေအားလုံးဟာ နည်းလမ်းတစ်ခုတည်းနဲ့ပဲ တွေးခေါ်ပြုမူ၊ ပြောဆိုဆက်သွယ်လေ့ရှိကြပါတယ်။ ဒီနည်းလမ်းကလည်း ကမ္ဘာမှာ အရိုးရှင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ Golden Circle လို့ ခေါ်ပါတယ်။ .. Why ဘာကြောင့်လဲ ? How ဘယ်လိုလဲ ? What ဘာလဲ ? တို့နဲ့ ဖွဲ့စည်းထားတဲ့ Golden Circle ဖြစ်ပါတယ်။ ဒီ Golden Circle ကို မှန်မှန်ကန်ကန်အသုံးပြုပြီး တစ်ချို့သောခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းတွေဟာ လူတွေရဲ့စိတ်ကို လွှမ်းမိုးရယူနိုင်ကြတာဖြစ်ပါတယ်။ ဒီ Golden Circle သဘောတရားမှာ ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် သူတို့ဘာလုပ်တာလဲ . ဘာရောင်းလဲ . ဘာဝန်ဆောင်မှု ပေးလဲ ဆိုတဲ့ What ကို (၁၀၀)ရာခိုင်နှုန်း သိကြပါတယ်။ တချို့ကတော့ ဘယ်လို သူများထက်သာအောင်. ကောင်းအောင် လုပ်မှာလဲဆိုတဲ့ How ကိုသိကြပါတယ်။ ဒါ့ပေမယ့် ဘာကြောင့်လုပ်ရတာလဲဆိုတဲ့ အဓိကကျတဲ့ ဇစ်မြစ်ကို Why ကိုသိတဲ့လူပုဂ္ဂိုဟ်နဲ့အဖွဲ့အစည်းကတော့အရမ်းကိုနည်းပါတယ်။ . ဘာပဲလုပ်လုပ် အကျိုးအမြတ်ရချင်လို့ ဆိုတဲ့ Why မျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ အကျိုးအမြတ်သာ ကြည့်မယ်ဆိုရင် What အဆင့်ထဲမှာပဲရှိပါတယ်။ ကျွန်တော်ဆိုလိုတဲ့ Why က သင့်ရည်ရွယ်ချက်က ဘာလဲ? အကြောင်းရင်း၊ ယုံကြည်မှုက ဘာလဲ? သင့်အဖွဲ့အစည်း ဘာအတွက်ရပ်တည်နေတာလဲ? သင် ဘာအတွက် မနက်တိုင်း အိပ်ရာထဲက ထလာတာလဲ? စတဲ့သင်လုပ်နေတာကိုဘာကြောင့်လုပ်နေရတာလဲဆိုတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်။ . ကျွန်တော်တို့ အများစုက အရိုးရှင်းဆုံး What ကနေစပြီး အရှုပ်ထွေးဆုံး Why ဆီကိုသွားတဲ့ အပြင်မှအတွင်းသို့ ပြောင်းပြန် ချဉ်းကပ်မှုကိုပဲ လုပ်ဆောင်လေ့ရှိပါတယ်။ ဥပမာ ကိုယ်စိတ်ဝင်တစား လုပ်ချင်တဲ့ ကိုယ်ဝါသနာပါတဲ့ အလုပ်မဟုတ်ပဲ နဲ့ . . . ဘာလုပ်ရင်ကောင်းမလဲ ဘာလုပ်ရင်မြတ်မလဲ ဆိုတဲ့ အတွေးမျိုးနဲ့ လုပ်တဲ့ အလုပ်မျိုးတွေပါ။ ဒါပေမယ့် အခြားလူတွေကို လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေကတော့ ကျွန်တော်တို့နဲ့ ပြောင်းပြန်နည်းလမ်းဖြစ်တဲ့ အတွင်းမှ အပြင်သို့ ချဉ်းကပ်မှု. ဘာအတွက်လဲ ဘာကြောင့်လဲ ဆိုတာကို ပထမဆုံး ဦးစာပေး သုံးလေ့ရှိပါတယ်။ . အားလုံးကသိကြတဲ့ Apple ကုမ္ပဏီကို ဥပမာထားပါရစေ။ အကယ်၍ Apple ကုမ္ပဏီက အခြားကုမ္ပဏီတွေလိုပဲ “ကျွန်တော်တို့ဆီက အကောင်းဆုံးကွန်ပျူတာတွေ ထုတ်လုပ်ပါတယ်။ ဒီကွန်ပျူတာတွေက ဒီဇိုင်းသေသပ်လှပပြီး အသုံးပြုရလွယ်ကူပါတယ်။ တစ်လုံးလောက် ၀ယ်ယူသုံးစွဲကြည့်ပါ” လို့ ကြော်ငြာမယ်ဆိုရင် သင်ဝယ်ချင်ပါသလား။ သင့်စိတ်ကို ထူးထူးခြားခြားမဆွဲဆောင်နိုင်ဘူးဆိုတာ သေချာပါတယ်။ ကျွန်တော်တို့ အများစုက ဒီလိုပဲ ဆက်သွယ်လေ့ရှိကြပါတယ်။ ကျွန်တော်တို့ ဘာလုပ်ထားတယ်။ ဘယ်လို ကွဲပြားတယ်ဆိုတာလောက်ကိုပဲ အလေးပေးဖော်ပြနေကြပါတယ်။ ဒီနည်းလမ်းက လူတွေရဲ့စိတ်ကို လွှမ်းမိုးနိုင်စွမ်းမရှိပါဘူး။ . Apple ရဲ့ဆက်သွယ်ပုံကတော့ဒီလိုပါ။ . “ကျွန်တော်တို့ဘာပဲလုပ်လုပ် အခြေအနေတစ်ရပ်ကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကွဲပြားခြားနားတဲ့ တွေးခေါ်မှုတွေကို ကျွန်တော်တို့ ယုံကြည်လက်ခံထားပါတယ်။ လက်ရှိအခြေအနေကို ပြောင်းလဲပစ်လိုက်နိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့ ထုတ်ကုန်တွေကို ဒီဇိုင်းဆန်းသစ်ပြီး သုံးစွဲသူအဆင်ပြေအောင် ဖန်တီးထုတ်လုပ်ရပါတယ်။ ဒီလိုနဲ့ ကျွန်တော်တို့ အကောင်းဆုံးကွန်ပျူတာတွေကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ တစ်လုံးလောက် စမ်းသုံးကြည့်ပါ။” . ဆက်သွယ်ပုံခြားနားချက်ကို သင်မြင်ပါသလား။ ကွန်ပျူတာတစ်လုံးလောက် ၀ယ်သုံးကြည့်ချင်စိတ်ပေါ်သွားမှာ သေချာပါတယ်။ အဓိကအချက်ကတော့ လူတွေက သင်ဘာလုပ်လဲဆိုတာက ကြည့်တာမဟုတ်ပါဘူး။ သင်ဘာကြောင့်လုပ်လဲဆိုတာကိုပဲ ကြည့်တတ်ကြတယ်ဆိုတာပါပဲ။ . ဒီလိုဆက်သွယ်လွှမ်းမိုးနိုင်မှုကြောင့်ပဲ ကျွန်တော်တို့အားလုံးက Apple ကွန်ပျူတာတွေကို ၀ယ်ချင်ကြသလို Apple ထုတ်လုပ်တဲ့ MP3 player နဲ့ မိုဘိုင်းလ်ဖုန်းတွေကိုလည်း ယုံယုံကြည်ကြည် ၀ယ်ယူသုံးစွဲလိုစိတ်ရှိကြပါတယ်။ တကယ်တော့ Apple က သူ့ရဲ့ပြိုင်ဖက်တွေနည်းတူ ကွန်ပျူတာကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အခြားနည်းပညာကုမ္ပဏီတွေလည်း Apple ထုတ်ကုန်တွေလောက် အရည်အသွေးရှိတဲ့ ပစ္စည်းတွေကို ထုတ်လုပ်နိုင်ကြပါတယ်။ Dell ကုမ္ပဏီက MP3 စက်တွေနဲ့ DVR စက်တွေ ထုတ်လုပ်ရောင်းချခဲ့ဖူးပါတယ်။ ဒါပေမယ့် ၀ယ်ယူသုံးစွဲသူ အလွန်နည်းပါတယ်။ ဘာကြောင့်မျာ Dell ကုမ္ပဏီထုတ် MP3 ကို မ၀ယ်ချင်ရတာလဲ စဉ်းစားကြည့်ပါ။ အဖြေက ရှင်းပါတယ်။ Dell က ကွန်ပျူတာထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခုဖြစ်နေလို့ပါ။ ဒီလောက်ဆိုရင် လူတွေက သင်ဘာလုပ်လဲဆိုတာထက် ဘာကြောင့်လုပ်တာလဲဆိုတာကို ပိုစိတ်ဝင်စားတတ်ကြတာကို သဘောပေါက်မှာပါ။ . Golden Circle ကို အတွင်းကနေ အပြင်ကို ပြောင်းပြန်ဆက်သွယ်တဲ့နည်းလမ်းဟာ အယူအဆ သက်သက် မဟုတ်ပါဘူး။ ကျွန်တော်တို့ ဦးနှောက်ဖွဲ့စည်းပုံနဲ့ ဆိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဦးနှောက်ကို Golden Circle ရဲ့ ပါဝင်အစိတ်အပိုင်းတွေအတိုင်း အပိုင်း(၃)ခုနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Neocortex လို့ ခေါ်တဲ့ ဦးနှောက်ရဲ့ အပြင်ဖက်ဆုံးအလွှာဟာ What ကို ကိုယ်စားပြုပါတယ်။ ကျိုးကြောင်းဝေဖန်မှုတွေ၊ ဘာသာစကား ဆန်းစစ်မှုတွေကို တာဝန်ယူလုပ်ဆောင်ပေးတဲ့အပိုင်းဖြစ်ပါတယ်။ အတွင်းဖက်အပိုင်း(၂)ခုကတော့ Limbic brains လို့ခေါ်ပြီး ယုံကြည်မှု၊ သစ္စာတရား စတဲ့ခံစားချက်တွေကို သိရှိတဲ့အပိုင်းဖြစ်ပါတယ်။ ဒီအတွင်းပိုင်း(၂)ခုက လူတွေရဲ့အပြုအမူ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း တွေကို တာဝန်ယူလုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ . ဒါ့ကြောင့် ကျွန်တော်တို့အနေနဲ့ အပြင်ကနေ အတွင်းကို ဆက်သွယ်မယ်ဆိုရင် လူတွေက အကျိုးရှိမရှိ၊ ကောင်းမကောင်း အချက်အလက်တွေကို နားလည်နိုင်မှာဖြစ်ပေမယ့် သူတို့ရဲ့အပြုအမူကိုတော့ လှုံ့ဆော်နိုင်စွမ်းမရှိပါဘူး။ အတွင်းမှအပြင်သို့ ဆက်သွယ်ရာမှာတော့ ကျွန်တော်တို့ဟာ အပြုအမူကိုတာဝန်ယူထားတဲ့ အပိုင်းကို တိုက်ရိုက်ဆက်သွယ်ပြောဆိုတာဖြစ်ပါတယ်။ ပြီးတော့မှ ဒီအချက်ကို ခိုင်မာစေနိုင်တဲ့ အရာတွေနဲ့ ထပ်လောင်းပြီး ယုံကြည်မှုကို ရယူတာဖြစ်ပါတယ်။ ဒါ့ကြောင့် အတွင်းမှ အပြင်သို့ ဆက်သွယ်မှုကို လူတွေက ပိုပြီး ယုံကြည်သက်ဝင်တတ်ကြတာဖြစ်ပါတယ်။ . သင့်ရဲ့ Why ကို သင်ကိုယ်တိုင်မသိရင် အခြားလူတွေကလည်း သိမှာမဟုတ်ပါဘူး။ ဒါဆို လူတွေကို သင်ပြောတာလက်ခံလာအောင် ဘယ်လိုပြောပြောရမှာမဟုတ်သလို သင်ဖြစ်စေချင်တာကို ဖြစ်လာဖို့လည်း တတ်နိုင်မှာမဟုတ်ပါဘူး။ အဓိကဆိုလိုရင်းက လူတွေကို သင်ယုံကြည်တဲ့အတိုင်း ထပ်တူယုံကြည်လာစေဖို့ပဲ ဖြစ်ပါတယ်။ ယုံကြည်ချက်တူတဲ့သူတွေနဲ့အတူ အလုပ်တွဲလုပ်ဖို့ပါ။ အကယ်၍ အလုပ်လိုအပ်သူတစ်ယောက်ကို အလုပ်ပေးလိုက်တယ်ဆိုပါစို့။ သူက ငွေကြေးအတွက်ပဲ အလုပ်လုပ်မှာဖြစ်ပါတယ်။ ဒါပေမယ့် သင်နဲ့ ယုံကြည်ချက်တူသူတစ်ယောက်ကို အလုပ်ပေးလိုက်တယ်ဆိုရင်တော့ သွေးချွေးနဲ့ရင်းပြီး သင့်အတွက် အလုပ်လုပ်ပေးပါလိမ့်မယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး Wright ညီနောင်က ဥပမာကောင်းတစ်ခုဖြစ်ပါတယ်။ . ၂၀ ရာစုနှစ်အစပိုင်းမှာတုန်းက လူတွေကောင်းကင်မှာ ပျံသန်းသွားနိုင်ဖို့ လူတိုင်းက စိတ်ဝင်စားကြပါတယ်။ ဒီကိစ္စအောင်မြင်ဖို့အတွက် Samuel Pierpont Langley ဆိုသူက လုပ်နိုင်လိမ့်မယ်လို့ ထင်ခဲ့ကြပါတယ်။ Samuel ကို ကောင်းကင်မှာပျံသန်းနိုင်တဲ့ ယန္တရားတီထွင်ဖို့အတွက် စစ်ဘက်က ဒေါ်လာ(၅၀၀၀၀) ပံပိုးပေးပါတယ်။ ဒါ့ကြောင့် သူက အတော်ဆုံးပုဂ္ဂိုဟ်တွေကို ငှားယမ်းပြီး လုပ်ဆောင်ခဲ့ပါတယ်။ နာမည်ကျော် သတင်းစာတွေကလည်း သူနောက်ကို တစ်ကောက်ကောက်လိုက်ပြီး သတင်းတွေ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာ ကျွန်တော်တို့ အများစုက သူ့အကြောင်းကို မကြားဖူးကြတာ ဘာလိုဖြစ်လို့ပါလဲ။ . ဒီလို Samuel Pierpont Langley ကို အားလုံးက အာရုံစိုက်နေကြတဲ့အချိန်မှာ Orville Wright နဲ့ Wilbur Wright တို့ ညီအစ်ကို နှစ်ဦးကို သိတောင်မသိကြပါဘူး။ သူတို့မှာ ငွေကြေးလည်း မရှိပါဘူး။ သူတို့ရဲ့ စက်ဘီးဆိုင်လေးက ရတဲ့ အကျိုးအမြတ်နဲ့ အိပ်မက်ကိုအကောင်အထည်ဖော်နေခဲ့ကြတာဖြစ်ပါတယ်။ သူတို့ညီအစ်ကိုနှစ်ယောက်အပြင် သူတို့နဲ့အတူတွဲလုပ်ခဲ့သူတွေကလည်း ဘွဲ့ရပညာတတ်တွေမဟုတ်ပါဘူး။ ဘယ်သတင်းစာကမှလဲ သူတို့အကြောင်းကို ဖော်ပြတာမျိုး မရှိပါဘူး။ ဒါပေမယ့် ကွဲပြားခြားနားချက်ကတော့ Wright ညီနောင်က ရည်ရွယ်ချက်၊ ယုံကြည်ချက်ရှိရှိနဲ့ လုပ်ခဲ့တာဖြစ်ပါတယ်။ ပျံသန်းနိုင်တဲ့ စက်ပစ္စည်းတစ်ခုကို တီထွင်နိုင်ရင် ကမ္ဘာကြီးပြောင်းလဲသွားမယ်ဆိုတာကို ညီအစ်ကိုနှစ်ယောက်စလုံးက ယုံကြည်ခဲ့ပါတယ်။ Samuel Pierpont Langley ကတော့ သူအောင်မြင်ဖို့ သူချမ်းသာဖို့ စတဲ့ ရလဒ်တွေကိုပဲ အာရုံစိုက်ခဲ့တာဖြစ်ပါတယ်။ ဒီလို ရည်ရွယ်ချက် အကြောင်းရင်းချင်း မတူညီတာကြောင့် Wright ညီနောင်နဲ့ နောက်လိုက်အဖွဲ့က သွေးရောချွေးရော ရင်းပြီး အိပ်မက်ကို ၀ိုင်းဝန်းအကောင်အထည် ဖော်နိုင်ခဲ့ကြပေမယ့် Samuel ရဲ့ အတော်ဆုံးအဖွဲ့ကတော့ ငွေကြေးအတွက်ပဲ လုပ်ခဲ့တာကြောင့် ဘာမှဖြစ်မလာခဲ့တာဖြစ်ပါတယ်။ . လူတွေဟာ ရည်ရွယ်ချက်ချင်း၊ ယုံကြည်ချက်ချင်း တူမှ လက်တွဲတတ်ကြတာကို Martin Luther King ကို ဘာလို့ ထောက်ခံခဲ့ကြတာလဲဆိုတာကြည့်ရင် သိနိုင်ပါတယ်။ (၁၉၆၃)ခုနှစ် နွေရာသီမှာ ၀ါရှင်တန်မြို့က Martin Luther King ရဲ့ ဟောပြောပွဲကို တက်ဖို့ လူပေါင်း (၂၅၀၀၀၀)ရောက်လာခဲ့ပါတယ်။ ဒီဟောပြောပွဲအတွက် ဖိတ်စာတွေလဲ မကမ်းထားပါဘူး။ နေ့စွဲနဲ့ အချိန်သိဖို့ အင်တာနက်မှာတက်ကြည့်စရာ ၀က်ဘ်ဆိုက်လည်း မရှိသေးပါဘူး။ ဒီလောက်လူအများကြီး တစ်ချိန်တည်း ဘာကြောင့်ရောက်လာခဲ့တာလဲဆိုတာ အံ့သြစရာပါပဲ။ Martin Luther King တစ်ယောက်တည်း လူမဲတန်းတူအခွင့်အရေးအတွက် တိုက်ပွဲဝင်နေတာမဟုတ်ပါဘူး။ သူပြောတဲ့တစ်ချို့စိတ်ကူးတွေက မကောင်းပါဘူး။ ဒါပေမယ့် သူမှာ အစွမ်းတစ်ခုတော့ရှိပါတယ်။ သူက အမေရိကန်ပြည်ထောင်စုက ပြောင်းလဲဖို့ လိုနေပြီလို့ လူတွေကို မပြောပါဘူး။ သူ့ရဲ့ယုံကြည်ချက်ကိုပဲပြောပါတယ်။ သူ့ယုံကြည်ချက်ကို တစ်ထပ်တည်း ယုံကြည်သူတွေက သူ့လမ်းကြောင်းကို လိုက်လျှောက်ကြပါတယ်။ သူတို့ရဲ့ယုံကြည်ချက်ကို အခြားလူတွေကို ပြောပါတယ်။ ဒီလိုနဲ့ ယုံကြည်ချက်ထပ်တူကျတဲ့ လူပေါင်း (၂၅၀၀၀၀)ဟာတစ်ချိန်တည်းတစ်နေရာတည်းရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။ . ဒီနေရာမှာ တစ်ခုစဉ်းစားရမှာက ရောက်ရှိလာကြတဲ့ လူတွေထဲမှာ Martin Luther King ကို အားပေးဖို့ လာရောက်ကြသူ ဘယ်နှစ်ယောက်ရှိမယ်ထင်ပါသလဲ။ တစ်ယောက်မှမရှိပါဘူး။ ဒီလူတွေအားလုံးဟာ သူတို့ရဲ့ ယုံကြည်ချက်ကို ချပြဖို့ တကူးတကအချိန်ပေးပြီး လာရောက်ကြတာဖြစ်ပါတယ်။ Martin Luther King ပြောတဲ့ “I have a dream” မိန့်ခွန်းတွေထဲမှာ သူတို့ရဲ့ ယုံကြည်ချက်၊ ရည်ရွယ်ချက်ကို သူတို့ရှာဖွေတွေ့ရှိပြီး ကိုယ်ပိုင် ယုံကြည်ချက်အတွက် ရပ်တည်ကြတာဖြစ်ပါတယ်။ . ခေါင်းဆောင်နဲ့ ဦးဆောင်သူ မတူပါဘူး။ ခေါင်းဆောင်ဆိုတဲ့သူတွေက လုပ်ပိုင်ခွင့်အာဏာတစ်ခုကို ကိုင်စွဲထားပြီး ဦးဆောင်သူတွေကတော့ ကျွန်တော်တို့ကို လွှမ်းမိုးနိုင်ပါတယ်။ တစ်ယောက်ချင်းပဲဖြစ်ဖြစ်၊ အဖွဲ့အစည်းလိုက်ပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ ဦးဆောင်သူနောက်ကို လိုက်ကြပါတယ်။ လိုက်ချင်လို့ကို လိုက်တာဖြစ်ပါတယ်။ လိုက်သင့်လို့ လိုက်တာမဟုတ်ပါဘူး။ ဒါ့ကြောင့် အကြောင်းရင်း ရည်ရွယ်ချက် Why နဲ့ စတင်သူတွေကသာ ပတ်ဝန်းကျင်ကို လွှမ်းမိုးနိုင်စွမ်းရှိပြီး အားလုံးကို ဦးဆောင်နိုင်မှာ ဖြစ်ကြောင်း ဖော်ပြလိုက်ပါတယ်။ . နောက်ဆုံး အကောင်းဆုံး ဥပမာကတော့ လက်ရှိမြန်မာနို်င်ငံက ကိုယ်ကျိုးမကြည့် အများအကျိုး အတွက်ရည်မှန်းချက် ကြီးကြီး တုံးတို်က်တိုက် ကျားကိုက်ကိုက် ပြည်သူတွေ ကောင်းစားရေးအတွက် ခြေလှမ်းမတွန့်ပဲ လုပ်ဆောင်ပေးနေတဲ့ နိုင်ငံရေးခေါင်းဆောင် ကို ကြည့်လိုက်ပါ။ သူ အောင်မြင်နေတယ်ထင်ပါသလား ။ လူတွေ အပေါ်ကော လွမ်းမိုး နိုင်နေပြီထင်လား ။ သူ့ နေနဲ့ What . ဆိုတာကို ရှေ့တန်းမတင်ထားပါဘူး။ နိုင်ငံရေးသမား ဖြစ်ချင်တာ မဟုတ်ပါဘူး။ သမ္မတ လည်းဖြစ်ဖို့အဓိက မဟုတ်ပါဘူး ။ သူ အနေနဲ့လူသားတိုင်း တန်းတူ အခွင့်အရေး ရရှိရမယ် . ပြည်သူတွေ အားလုံး စည်းလုံး ညီညွတ်ပြီး ခေတ်မှီ တိုးတက်သာယာ လှပတဲ့ နိုင်ငံ တော် သစ် ကြီးမှာလူတိုင်း တန်းတူ နေထိုင်နိုင်ရမယ် ဆိုတဲ့ ယုံကြည်ချက် ကြောင့် လုပ်နေတာပါ။ အဲဒီ ယုံ ကြည်ချက်ကသာ နိုင်ငံသား အားလုံးရဲ့ ယုံကြည်ချက်နဲ့ထပ်တူထပ်မျှ ကျလို့ အကုန်ဟတ်ထိပြီး စွမ်းဆောင်ရည် အရည်အချင်းနဲ့ ပြည့်ဝတဲ့ သူ့ ကို ခေါင်းဆောင် ဦးဆောင်သူအဖြစ် နှလုံးသာနဲ့ ရင်းပြီး တင်မြှောက်ထားကြတာပါ။ . လမ်းကြုံ တုန်းလေး Gentleman Magazine အကြောင်းဆက်ပြောပြပါမယ်။ Gentleman Magazine ကို ဘာကြောင့်လုပ်ဆောင်ဖြစ်ခဲ့တာလဲ ? GM ထူထောင်သူကိုယ်တိုင်က ဆယ်ကျော်သက် အရွယ်မှာ ဘာမဆို ဘုမသိ ဘမသိ အလွန်နဲ့ အသိပညာကင်းမဲ့ ခဲ့ပါတယ်။ ရှေ့မှာက လည်း ဦးဆောင် လမ်းပြပေးမယ့် အကို တွေလဲ မရှိခဲ့တဲ့ အတွက် အချစ်ရေး ၊ စီးပွားရေး ၊လူမှုရေး တွေ မှာ အမှားများစွာနဲ့ အခက်အခဲ အမျိုးမျိုး ကြုံတွေ့ခဲ့ရပါတယ်။ စာအုပ်တွေဖတ်ဖို့ ကျတော့လဲ လေ့လာမှုအားနည်းခဲ့တဲ့ အတွက် ဘယ်စာအုပ်ရှာဖတ်ရမှန်းမသိခဲ့ ပါဘူး။ အမှားတွေ များစွာ လုပ်ခဲ့ ပြီး အတွေ့ အကြုံ ကပဲ လေ့လာသင်ယူခဲ့ ရတဲ့ အတွက် အချိန်တွေ အများကြီး ဆုံးရှုံး ခဲ့ ရပါတယ်။ ဒီ အခက်အခဲ များစွာ ကို ဖြတ်သန်းပြီး တဲ့ အချိန်ကာလကြာလာတဲ့ အခါ အပေါင်းအသင်းတွေနဲ့ စကားစမည် ပြောဖြစ်ရာကနေ ဒါတွေက လူတိုင်းနီးပါး ကြုံ တွေ့နေရတဲ့ အခက်အခဲများဆိုတာကို သိရှိလာပါတယ်။ လက်ရှိ အချိန်မှာ လဲ အမှားများ လုပ်မြဲ လုပ်စဲ . . အမှားတွေကပဲ ပညာယူနေစဲ ပါ။ .
လုပ်ငန်းရှင်ဖြစ်ဖို့ မွေးဖွားလာကြောင်း သိနိုင်သည့် အချက်များ

လုပ်ငန်းရှင်ဖြစ်ဖို့ မွေးဖွားလာကြောင်း သိနိုင်သည့် အချက်များ

လုပ်ငန်းရှင်ဖြစ်ဖို့ မွေးဖွားလာကြောင်း သိနိုင်သည့် အချက်များ ---------------------------------------------------------------------- စွန့်ဦးလုပ်ငန်းရှင်အများစုဟာ အသွေးအသားထဲကကို လုပ်ငန်းရှင်ဖြစ်ချင်တဲ့စိတ်ရှိတတ်ကြပါတယ်။ သူတို့က လုပ်ငန်းရှင်တစ်ယောက်ဖြစ်လာဖို့အတွက် မွေးဖွားလာကြတာဖြစ်ပြီး ၀န်ထမ်းအဖြစ်၊ နောက်လိုက်အဖြစ်၊ စားသုံးသူအဖြစ်နဲ့ ဘယ်တော့မှရောင့်ရဲတင်းတိမ်မနေတတ်ကြပါဘူး။ သူတို့ကို တီထွင်ဖန်တီးချင်တယ်၊ သူတို့ရဲ့လုပ်ငန်းကို ဖွံ့ဖြိုးတိုးတက်လာအောင် စွမ်းဆောင်ချင်တယ်၊ ပြီးတော့ ကိုယ်ပိုင်စိတ်အားထက်သန်မှုနဲ့ အမြဲတမ်းပြည့်ဝနေတတ်သူတွေဖြစ်ပါတယ်။ ဒီလို စွန့်ဦးလုပ်ငန်းရှင်ဖြစ်ဖို့ မွေးလာသူတွေရဲ့ အလေ့အကျင့် တွေကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ ငြိမ်ငြိမ်မနေနိုင်ပါဘူး။ တစ်ခုခု၊ ကြီးကျယ်ခမ်းနားတာတစ်ခုခုကို အကောင်အထည်ဖော်ချင်တဲ့စိတ် အမြဲရှိနေပါတယ်။ ၂။ စိတ်ကူးသစ်တွေ အမြဲတမ်းထွက်နေတယ်။ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ စိတ်ကူးသစ်တွေက အမြဲတမ်း စီးဆင်းနေတယ်။ ၃။ အခြားစိတ်ကူးတွေရဲ့ အပြစ်ချို့ယွင်းချက်ကို ထောက်ပြနိုင်တယ်။ အလိုလိုကိုသိနေတတ်တယ်။ ၄။ အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို အားကျတယ်။ စတိဂျော့ဘ်၊ ရစ်ချက်ဘရန်ဆန်၊ မာ့ ဇူကာဘက်နဲ့ ဘီလ်ဂိတ်တို့ကို သူရဲကောင်းတွေကို မှတ်ယူထားတယ်။ ၅။ လက်ရှိအောင်မြင်နေတဲ့ လုပ်ငန်းတစ်ခုကိုတွေ့မြင်တိုင်းမှာ စိတ်လှုပ်ရှားတတ်တယ်။ လုပ်ငန်းအသေးလေးပဲ ဖြစ်ဖြစ် ကြီးတာပဲဖြစ်ဖြစ် စီးပွားရေးအရအောင်မြင်နေရင် မပြုံးမိပဲမနေနိုင်ဘူး။ ၆။ အလုပ်ရှင်ရဲ့လုပ်ငန်းပိုပြီးတိုးတက်အောင်မြင်ဖို့ အမြဲစဉ်းစားနေတတ်တယ်။ အလုပ်မှာဆိုရင်လည်း ပိုကောင်းအောင် ဘယ်လိုလုပ်မလဲပဲ တွေးနေတတ်တယ်။ ၇။ ဘာလုပ်ပါလို့ အပြောခံရတာကို မကြိုက်ဘူး။ အမိန့်နဲ့စေခိုင်းတာကို စိတ်ပျက်တယ်။ ၈။ အသစ်အသစ်တွေ သင်ယူချင်စိတ်ရှိတယ်။ ဘယ်လိုလုပ်ရမလဲဆိုတာကို အမြဲတမ်းသိချင်တယ်။ ၉။ ပစ္စည်းပစ္စယတွေ ဘယ်လိုအလုပ်လုပ်တာလဲဆိုတာကို အမြဲသိချင်တယ်။ အဝေးထိန်ခလုတ်၊ ပေါင်မုန့်မီးကင်စက်၊ ဖုန်းတွေ အတွင်းမှာ ဘယ်လိုအလုပ်လုပ်လဲ စူးစမ်းရှာဖွေလေ့ရှိတယ်။ ၁၀။ ချမ်းသာကြွယ်ဝလာဖို့ စိတ်ကူးတတ်တယ်။ ငွေကြေးအများကြီးရှိချင်လို့ ဆိုတာထက် ချမ်းသာတယ်ဆိုတာကို ပိုပြီးသဘောကျတာဖြစ်တယ်။ ၁၁။ ကိုယ့်အလေ့အကျင့်တွေကို ကိုယ်တိုင်စည်းကမ်းသတ်မှတ်တယ်။ အလွယ်တကူမပျက်နိုင်တဲ့ နေ့စဉ် ဆောင်ရွက်ရမယ့် အစီအစဉ်တွေ ထားရှိတတ်တယ်။ ၁၂။ အလွယ်တကူအရှုံးမပေးတတ်ဘူး။ စိန်ခေါ်မှုမှန်သမျှရင်ဆိုင်ပြီး ရှေ့ဆက်ချင်စိတ်ရှိတယ်။ ၁၃။ အလုပ်ပင်ပန်းတာကို မကြောက်ဘူး။ ဘယ်ကိစ္စမဆို ရာနှုန်းပြည့် အာရုံစိုက်တတ်တယ်။ ၁၄။ ရင်းနှီးစွန့်စားရတာတွေကို သဘောကျတတယ်။ တွေ့ကရာတွေ မလုပ်တတ်ပေမယ့် ဒီအတိုင်းကြည့်မနေတတ်ပဲ စွန့်စားလေ့ရှိတယ်။ ၁၅။ တတ်နိုင်သမျှ လူတွေအများကြီးနဲ့ တွေ့ဆုံတယ်။ လူသစ်တွေ၊ မိတ်ဆွေသစ်တွေနဲ့ တွေ့ဖို့ နောက်တွန့်နေတတ်သူမဟုတ်ဘူး။ ၁၆။ တွေ့တဲ့လူတိုင်းနဲ့ စကားပြောတတ်တယ်။ လူစိမ်းတွေကိုလည်း တွန့်ဆုတ်မနေတတ်ဘူး။ ၁၇။ အရှုံးကနေ ပြန်ထနိုင်စွမ်းရှိတယ်။ ကျရှုံးမှုနဲ့ ရင်ဆိုင်တွေ့ရလေ့ရှိပေမယ့် ခြေလှမ်းတွေကို ရပ်တန့်လိုက်လေ့မရှိဘူး။ ၁၈။ စီစဉ်ညွှန်းကြားရတာတွေကို သဘောကျတယ်။ ၁၉။ ရေတို၊ ရေရှည်၊ တစ်ဘ၀လုံးစာ စသဖြင့် ကိုယ်တိုင်အတွက် ရည်မှန်းချက်ပန်းတိုင်တွေ ချမှတ်ထားတတ်တယ်။ ၂၀။ တတ်နိုင်သမျှ လူတွေကို ကူညီတယ်။ အများအကျိုးကို ကြည့်တတ်တယ်။ ၂၁။ လုပ်သမျှအလုပ်တိုင်းမှာ စိန်ခေါ်မှုကိုရှာဖွေတယ်။ ကိုယ်ကိုယ်ကို ပြန်စိန်ခေါ်ဖို့ အခွင့်အလမ်းအမြဲရှာတယ်။ ၂၂။ လူတွေကို လွှမ်းမိုးနိုင်ဖို့ နည်းလမ်းတွေ ရှာဖွေလေ့ရှိတယ်။ ၂၃။ ဘယ်ကိစ္စမဆို အသေးစိတ်အထိ စီစဉ်ထားတတ်တယ်။ ဘာလုပ်လုပ် ကြိုတင်စီစဉ်ပြီးမှလုပ်ချင်တယ်။ ၂၄။ ကိုယ်ကိုယ်ကို ဂုဏ်ယူတတ်တယ်။ ကိုယ်အနေအထားကို ကိုယ်သဘောကျတယ်။ ၂၅။ မိတ်ဆွေအပေါင်းအသင်းတွေရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးတတ်တယ်။ ပြဿနာကို အဖြေရှာရမှာ အရမ်းတော်တယ်။ ၂၆။ အိမ်အလုပ်ကစလို့ စီးပွားရေးလုပ်ငန်းအထိ အလုပ်တာဝန်တွေ၊ ရင်းမြစ်တွေကို လိုအပ်သလို လွှဲပြောင်းအသုံးချတတ်တယ်။ ၂၇။ ကိုယ်တိုင်ပဲ အပြီးသတ်လုပ်ရမယ့် အချိန်တွေ သတ်မှတ်တယ်။ ပျက်ကွက်မှုမရှိအောင် လုပ်ဆောင်တယ်။ ၂၈။ ပုံပြင်တွေပြောရတာကို ကြိုက်တယ်။ အတွေ့အကြုံတွေကို လူတွေကို ဝေမျှပေးရတာကို သဘောကျတယ်။ ၂၉။ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်တယ်။ ၃၀။ ဘယ်ကိစ္စမဆို ပါဝင်လေ့ရှိတယ်။ လမ်းဘေးမှာ ကားတစ်စီးရပ်သွားရင်တောင် ဘာကူညီပေးရမလဲမေးတတ်တယ်။ ၃၁။ အလုပ်မဖြစ်တဲ့အရာ အသုံးမ၀င်တာတွေကို စွန့်ပယ်လိုက်တတ်တယ်။ ၃၂။ တတ်နိုင်သမျှ ညှိနှိုင်းအဖြေရှာတယ်။ ၃၃။ လူတွေရဲ့ အလားအလာကို မြင်တတ်တယ်။ လူတစ်ယောက်က ဘာဖြစ်လာနိုင်လဲဆိုတာကို သိနိုင်တယ်။ ၃၄။ ပဋိပက္ခတွေကြားမှာ အေးဆေးတည်ငြိမ်တယ်။ ယုတ္တိကျကျစဉ်းစားသုံးသပ်နိုင်တယ်။ ၃၅။ တစ်ခုခုလိုချင်တဲ့အခါမှာ အခွင့်အရေးကို လက်လွတ်မခံစတမ်း ကြိုးစားတတ်တယ်။ ၃၆။ အချိန်အလဟဿဖြစ်မယ့်အရာတွေကို ရှောင်တယ်။ မိုဘိုင်းဂိမ်းတွေ၊ ဆိုရှယ်နက်ဝေါ့တွေကို လိုသလောက်ပဲ သုံးတယ်။ ၃၇။ လူတွေကို ကိုယ့်ဖက်ပါအောင် ဆွဲဆောင်နိုင်တယ်။ ဒါက ပင်ကိုယ်အရည်အချင်းတစ်ခုလို ဖြစ်နေတတ်တယ်။ ၃၈။ ကျိုးကြောင်းညီညွတ်ပြီး စိတ်ခံစားမှုမပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တတ်တယ်။ ၃၉။ လူတွေရဲ့စိတ်ခံစားမှုကို မေ့နေလေ့မရှိဘူး။ အမြဲတမ်း မျှဝေခံစားတတ်တယ်။ ၄၀။ စိတ်ဝင်စားတာလုပ်နေလို့ကတော့ အချိန်ကို မသိတတ်တော့ဘူး။ ၄၁။ စိတ်အာသီသထက်သန်တဲ့ အလုပ်သစ်တွေကို မကြာခဏထလုပ်တတ်တယ်။ စိတ်ကူးသစ်တစ်ခုရတိုင်း ၀ါသနာဖြစ်အောင် လုပ်လေ့ရှိတယ်။ ၄၂။ အိမ်၊ ကား တစ်ခုခုကို အမြဲအဆင့်မြှင့်နေလေ့ရှိတယ်။ အမြဲတမ်း အစားထိုးဖို့ အဆင့်မြှင့်ဖို့ တစ်ခုခုရှိနေတတ်တယ်။ ၄၃။ နည်းပညာသစ်တွေကို စွဲလမ်းတယ်။ နည်းပညာသစ်တွေက ဘ၀ကိုဘယ်လိုတိုးတက်အောင် လုပ်ပေးနိုင်မလဲအမြဲစိတ်ဝင်စားတယ်။ ၄၄။ နေ့တိုင်း သတင်းတွေ ဖတ်လေ့ရှိတယ်။ ပုံသေအလေ့အကျင့်တစ်ခုဖြစ်တယ်။ ၄၅။ စာအုပ်တွေကို ငမ်းငမ်းတက် ဖတ်တယ်။ စာအုပ်တိုင်းက အသိပညာအသစ်တစ်ခုခုပေးတယ်လို့ ယူဆတယ်။ ၄၆။ အတွင်းအဇ္ဈတ္တရဲ့အသံကို နားထောင်တယ်။ ခံစားသိစိတ်ကို ယုံကြည်တယ်။ ၄၇။ အခြားသူတွေရဲ့ အသံကိုလည်း နားထောင်တတ်တယ်။ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေချတတ်ပေမယ့် အခြားသူတွေရဲ့ ထင်မြင်ယူဆချက်ကို ထည့်စဉ်းစားလေ့ရှိတယ်။ ၄၈။ အတိတ်ကို လွမ်းမနေတတ်ဘူး။ အားလုံးကို မေ့ပြီး ရှေ့ဆက်ဖို့ပဲ စဉ်းစားတတ်တယ်။ ၄၉။ လိုချင်တာအတွက် ပေးဆပ်ဖို့ ၀န်မလေးဘူး။ ပိုပြီးအောင်မြင်မှုအတွက် ပိုပြီးပေးဆပ်ရမယ်ဆိုတာကို သဘောပေါက်ထားတယ်။ ၅၀။ စိတ်ကူးအိပ်မက်တွေကို ဘယ်တော့မှ မစွန့်ပစ်ဘူး။ ကိုယ့်ရဲ့တစိတ်တဒေသအဖြစ် အမြဲရှိနေတတ်တယ်။ သင်ရော စွန့်ဦးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ မွေးလာတာပါလား ? ဒီအလေ့အကျင့်တွေ ရှိနေပြီဆိုရင်တော့ လုပ်စရာရှိတာကို အခုပဲထလုပ်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
2016 Myanmar Investment Outlook Seminar တက်ရောက်နိုင်ရန်ဖိတ် ကြားခြင်း

2016 Myanmar Investment Outlook Seminar တက်ရောက်နိုင်ရန်ဖိတ် ကြားခြင်း

2016 Myanmar Investment Outlook Seminar တက်ရောက်နိုင်ရန်ဖိတ် ကြားခြင်း ---------------------------------------------------------------------------------- ၂၀၁၆ ခုနှစ် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အလားအလာများကို ကောင်းစွာ မျှော်ကြည့်လေ့လာနိုင်ရန် “2016 Myanmar Investment Outlook” Seminar ကို December လ ၂၇ ရက်နေ့ (တနင်္ဂနွေနေ့) တွင် ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (UMFCCI) တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါသည်။ အဆိုပါပွဲတွင် Financial Eco System ၊ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုနှင့် ဒေါ်လာဈေး အတက်အကျများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍနှင့် ပြည်တွင်းကုမ္ပဏီများ ပြင်ဆင်ထားရမည့် အပိုင်းများအပြင် ၂၀၁၆ ခုနှစ် အတွက် ဖြစ်ပေါ်လာမည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခင်းအကျင်းအသစ်များစသည့် အပိုင်း (၄) ပိုင်းကို Securities Exchange Commission of Myanmar ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဝန် ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်း ၊ Understanding Equity & Project Financing စာအုပ်အား ထုတ်ဝေ ခဲ့သော ဦးကျော်မျိုးထွန်း၊ KBZ Group မှ အကြီးတန်းအရာရှိတစ်ဦးအပြင် Citi Bank NA မှ Relationship Manager ဦးဘိုဘိုဝေမောင်တို့မှ တက်ရောက်လာသူအပေါင်းအား သတင်းအချက်အလက်နှင့် ဗဟုသုတများ ရရှိစေရန် အလို့ငှာ အကောင်းဆုံးဆွေးနွေးသွားကြမှာဖြစ်ပါသည်။ ပြည်တွင်းစီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ငန်းရှင်များအပြင် လူတစ်ဦးတစ်ယောက်ချင်းစီ၏ Financial Knowledge သည် အဓိကဖြစ်သည့်အလျှောက် ယခု 2016 MIOS သို့ ပြည်တွင်း ကုမ္ပဏီများမှ လုပ်ငန်းရှင်များ၊ အရာရှိများ၊ ၀န်ထမ်းများ၊ Financial Institution များမှ ၀န်ထမ်းများအပြင် ကျောင်းသူကျောင်းသားများနှင့် စိတ်ဝင်တစား လေ့လာနေသူအားလုံး တက်ရောက်နိုင်ရန် အသိပေးကြေညာလိုက်ရပါသည်။ ယခုပွဲသည် ၀င်ခွင့်အခမဲ့ဖြစ်ပြီး ပွဲသို့တက်ရောက်လိုသူများအားလုံးသည် နေရာသေချာစေရန် အောက်ပါလင့်မှတဆင့် ကြိုတင်စာရင်းပေးသွင်းထားနိုင် ပြီဖြစ်ပါသည်။ https://mifmyanmar.wufoo.com/…/2016-myanmar-investment-out…/ Date : 27 December 2015 (Sunday) Time : 2pm to 5pm Venue :UMFCCI (Conference Hall) Organized by MIF
ထုထည်ခန်.မှန်းခြေ တွက်နည်းဖြင့်တွက်ယူခြင်း

ထုထည်ခန်.မှန်းခြေ တွက်နည်းဖြင့်တွက်ယူခြင်း

ထုထည်ခန်.မှန်းခြေ တွက်နည်းဖြင့်တွက်ယူခြင်း ထုထည်ခန်.မှန်းခြေ တွက်နည်းသည် အဆောက်အအုံ၏ စုစုပေါင်းထုထည်ကို၎င်းဒေသရှိ အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူနစ် ကုန်ကျစရိတ်နှုန်းနှင့် မြှောက်ယူသောနည်းဖြစ်၏။ ထုထည်တွက်ရာတွင် အောက်ခံခုံဧရိယာကို အဆောက်အအုံ၏ အမြင့်နှင့် မြှောက်ရ၏။ ပျဉ်ထောင်အိမ်များတွင် အမြင့်သည် အောက်ခံခုံမျက်နှာပြင်မှ လျောက်တန်း(Pole plate) အထက်ခေါင်မိုးအမြင့်၏ နှစ်ပုံတစ်ပုံ အထိအကွာအဝေးဖြစ်၏။ အုတ်တိုက်များတွင်မူ အမြင့်သည်အုတ်မြစ်အုတ်နံရံမှ မိကျောင်းတုံး ( Wall Plate) အထက်ခေါင်မိုးအမြင့်၏နှစ်ပုံတစ်ပုံအထိအကွာအဝေးဖြစ်၏။ အောက်ခံခုံ ဧရိယာအတွက် အတိုင်းအတာများမှာ အောက်ခံခုံ ဧရိယာတွက်နည်းအတိုင်းပင်ဖြစ်၏။ ပုံစံ (၃-၁) တွင်ဖော်ပြထားသည့် အုတ်တိုက်၏ခန်.မှန်းတန်ဖိုးကို ထုထည်ခန်.မှန်းခြေနည်းဖြင့်ရှာ မယ်ဆိုရင်။ အုတ်တိုက်၏အမြင့်သည် မြေမျက်နှာပြင်မှ မိကျောင်းတုံးအပေါ်အနားအထိ ( 15 ပေ)၊ အုတ်မြစ်အနက် ( 4 ပေ) နှင့် ခေါင်မိုးအမြင့်သည် ( 6 ပေ) ရှိ၏။ ၎င်းဒေသတွင် အလားတူအဆောက်အအုံ၏ ထုထည်တစ်ယူ နစ်နှုန်းမှာ (1000)ကျပ်ဖြစ်သည်။ ပုံစံ (၃-၁) ၏ စုစုပေါင်း အောက်ခံခုံဧရိယာ = ဧရိယာ A + ဧရိယာ B + ဧရိယာ C = (30’ x 16’ ) + (16’ x 14’ ) + (20’ x 14’) = 480 sq-ft + 224 sq-ft + 280 sq-ft = 984 sq-ft အုတ်တိုက်၏ စုစုပေါင်းအမြင့် = 15’ + 4’ + 0.5 (6’) = 22’ အုတ်တိုက်၏ ထုထည် = အောက်ခံခုံဧရိယာစုစုပေါင်း x အမြင့် = 984 x 22 = 21648 ကုဗပေ အုတ်တိုက်၏ ခန်.မှန်းတန်ဖိုး = စုစုပေါင်းထုထည် x တစ်ယူနစ် နှုန်း = 21648 x 1000 ကျပ် = 216.5 သိန်းခန်. ထိုကြောင့် ပုံ (၃-၁) တွင်ဖေါ်ပြထားသော အုတ်တိုက်၏ ခန်.မှန်းတန်ဖိုးမှာ 216 သိန်း 5 သောင်းခန်.ကုန်ကျနိုင်ပါသည်။ မှတ်ချက် ။ ။ အဆောက်အအုံ၏ တစ်ယူနစ်နှုန်းကို နေရာဒေသပေါ်မူတည်ပြီး အစားထိုးတွက်ယူပါရန်။ Credit: Nay Nann Thukha Construction
မိမိကိုယ်ကိုယ်တိုးတက်လာစေဖို့

မိမိကိုယ်ကိုယ်တိုးတက်လာစေဖို့

မိမိကိုယ်ကိုယ်တိုးတက်လာစေဖို့ အိုင်ဒီယာ( ၁၀ )မျိုး ************************************* ၁. "ခဏကျမှ" ဆိုတာကနေ "ခုချက်ချင်း " လို့ပြောင်းလိုက်ပါ ~~~~~~~~~~~~~~~~~~~~~~~ ဘာကြောင့်လည်းဆိုတော့ စောင့် နေ စောင့်နေ ... စောင့်နေ အုံးမယ်ဆိုရင် တစ်သက်တာလုံး အချိန်ကိုစောင့်နေတတ်တဲ့ အကျင့်နဲ့ ပဲ အဲ့လို ဖြစ်သွားနေတတ်ပါတယ် ။ ဒါကြောင့် လက်တွေ့ အရေးကြီးတဲ့ အရာတွေ ကို ခုချက်ချင်း လုပ်ပစ်လိုက်ပါ။ ၂. အရာရာဖြစ်နိုင်တယ် လို့ ယုံကြည်ပါ ~~~~~~~~~~~~~~~~~~~~~ ဘာကြောင့်လည်းဆိုတော့ ကိုယ် မယုံကြည်ရင် ကိုယ်ဘာပဲလုပ်လုပ် အဆုံးစွန်းထိမ လုပ် မိ ပဲနေတတ်ပါတယ် ။ အဆိုတော် " ကို အငဲ တို့ ကိုလေးဖြူ "တို့ လည်း အမေဝမ်းကမွေးလာတာနဲ့ တန်းပြီးသီချင်းဆိုတတ်ကြတာ မဟုတ်လောက်ပါဘူး ။လူတိုင်းဟာ သုညကနေစတာ ချင်းအတူတူပါ ။ သူတစ်ပါးလုပ်နိုင်ရင် ကိုယ် လည်း လုပ်နိုင်ရပါမယ် ။ ၃. "စမ်းလျှောက် ကြည့်ပါ " ~~~~~~~~~~~~~~~ ဘာကြောင့်လည်းဆိုတော့ ကျွန်တော် တို့ စမ်း မလျှောက်ကြတဲ့ အခါ ( လဲကျ တာ ရှိမယ် နာကျင်တာရှိမယ် ) တစ်သက်လုံးမလျောက်တတ်ပဲ နေသွားပါလိမ့်မယ် ။ အရင်ပုံ စံ အတိုင်းပဲ လုပ်နေမယ်ဆိုရင် အကျိုးအမြတ် က လည်း နဂို အတိုင်း ပဲ ဖြစ်နေပါလိမ့်မယ် ။ ကြီးမားတဲ့ အောင်မြင်မှု့ အသစ် ကို ရရှိချင်တယ် .. ဆိုရင် ကိုယ့်ကိုယ်ကို အသစ်စမ်းပြီး လုပ်ကြည့် တတ်ရပါမယ် ။ ၄.နမူနာ ရှာပြီး " သူ့ဦးနှောက် ကိုဖောက်လာ ပါ " ~~~~~~~~~~~~~~~~~~~~~~~~~~ သူများက လျပ်စစ်ထမင်းပေါင်းအိုး ကိုတီထွင်လာ ပေးပြီး မှတော့ ကိုယ်က ဘာလို့ ထင်းမီးနဲ့ အချိန်ကုန်ခံပြီး ထမင်းချက်နေအုန်းမှာလည်း???? သူ့ကိုယူလာ အသုံးချပြီး ကိုယ့်ကိုယ်ကို ပိုတိုးတက် လာအောင် လုပ်ပစ်လိုက် ပေါ့ ။ ၅. မိမိကိုယ်ကို "ရင်းနှီးမြုပ်နှံပါ " ~~~~~~~~~~~~~~~~~~ စာအုပ် တစ်အုပ် ၁၀၀၀၀ ကျပ် ဈေးမပေါဘူး လို့ ထင်ချင်ထင်မယ် ။ ဟောပြော ပို့ချ ပွဲ သင်တန်း တစ်ပွဲ တက်ခ ၁၀၀၀၀ ကျပ် အရမ်းဈေးကြီးနေတယ် လို့ထင်ကောင်း ထင်မိလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ iphone တို့ Galaxy Note တို့ လို ဖုန်းအကောင်းစားမော်ဒယ်အသစ်တွေ အမြဲတမ်း ကိုင်နေတတ်ကြ တယ် ။ ဟောပြော ချက်တွေ က အိုင်ဒီယာကောင်း ကောင်းတွေ စာအုပ်ထဲကနည်းလမ်းကောင်း ကောင်းတွေ က ကိုယ့်ဘဝ ကို ပြောင်းလဲ သွားစေ နိုင်ပါတယ် ။ အိုင်ဖုန်း က ဘဝကိုပြောင်းလဲ သွားစေဖို့ ဆိုတာ က အင်မတန်နည်းပါးလွန်းပါတယ် ။ ဒါကြောင့် အခြားအရာတွေ ထက် ကိုယ့်ကိုယ်ကို ရင်းနှီးမြုပ်နှံတာဟာ အင်မတန်အရေးကြီးပါတယ် ။ ၆.ကိုယ့် ကိုယ်ကို သေချာရေရာအောင်ပြောထားပါ ~~~~~~~~~~~~~~~~~~~~~~~~~~~ " ကိုယ်ဟာဘယ်သူလဲ " "ကိုယ်ဟာဘာ အတွက်မွေးဖွားလာသလဲ " ဆိုတာ ကိုယ်က ဘောလုံးသမားဖြစ်နေပြီး အတွင်းစိတ်ထဲမှာတော့ ဆရာဝန်ဖြစ်ချင်နေတယ် ဆိုရင် မမိုက်တာတော့ အသေအချာပါပဲ ။ Key ကတော့ ကိုယ့်ကို ကိုယ်တွေ့ အောင်ရှာဖွေ တွေ့ရှိဖို့ပါပဲ ။ နည်းလမ်းကလွယ်လွယ်လေး ပါ ကိုယ့်ကို ကိုယ်ပြန်မေးကြည့်လိုက်ပါ ။ ကိုယ်သေတဲ့ အခါ ကိုယ့်အသုဘ ကိုလာပို့ တဲ့သူတွေ ကိုယ့်အပေါ် ဘယ်လိုပြောစေချင်သလဲ ??? အဲ့ဒီ အဖြေဟာ သင် ကိုယ်တိုင်ပါပဲ ။ ၇. တစ်ပါး သူအကြောင်းထက် ကိုယ့် အကြောင်းကိုယ် ပိုသိပါစေ ~~~~~~~~~~~~~~~~~~~~ ဘေးအိမ် ကဘာကြောင့် အိမ်ပြန်နောက်ကျနေ တာလည်း?ဘယ်ဇာတ်ကား က ဆုံးခန်းရောက်တော့မယ် ..ဘယ်သူက ဘယ်သူနဲ့ ရည်းစား ဒီအကြောင်းတွေ သိသွားလို့ ဘာအကြောင်းမှ ထူးမလာပါဘူး...။ သိထားရမှာ က နှောင် ၅ နှစ် ကိုယ်ဘာဖြစ်မလဲ ဘယ်လိုဖြစ်ချင်သလဲ? ကိုယ်ဘာ အတွက်မွေးဖွား လာသလဲ ? ကိုယ်ဘာကိုနှစ်သက်သလဲ ? ကိုယ်ဘယ်အပိုင်းမှာတော် ပြီး ဘာကို တော်ချင်တတ်ချင်သလဲ ကိုယ့်ဘဝရဲ့ ရည်ရွယ် ချက်ရည်မှန်း ချက်က ဘာလဲ ? ကျွန်တော် ပြောတာ ဟုတ်ပါသလား ခင်ဗျာ ? ၈.ကိုယ့်ရဲ့အားသန်မှုကို မြှင့်တင်ပါ ~~~~~~~~~~~~~~~~~~~ အကယ်လို့ ကိုယ်က မိချောင်းကို သစ်ပင်တက်အောင် အတင်းသင်ပေးနေရင် အင်မတန် ခက်ခဲ ပင်ပန်း နေမှာပါ ။ကိုယ့်ရဲ့ အားသန် မှုကိုတွေ့အောင်ရှာပြီး တိုးတက်အောင် လုပ်ပစ် လိုက်ပါ.. ၉. အပျော် ကိစ္စမှာ သိပ်မများပါနဲ့ ~~~~~~~~~~~~~~~~~~~ ဒါပေမဲ့ ဆင်းရဲဒုက္ခ ကိစ္စမှာ နဲနဲများပါစေ ။ ( ၁၀၀ လောက်ရည်ရွယ်ထားပြီး ၂၀ လောက်ရ လာရင်လည်း ၂၀ အောင်မြင်ပြီလို့ အောင်ပွဲခံတတ်ပါစေ ) ဘာကြောင့်လဲ ဆိုရင် စိတ်ညစ်စိတ်ရှုပ် ဒေါသဖြစ် စိတ်ဆင်းရဲနေရင် ... ဘယ်လိုလူက များ ကိုယ့်ကို ကိုယ် တိုးတက်အောင် လုပ်ဖြစ်တော့မှာလဲ??? ၁၀ . "နာကျင်စရာတွေ " အလုံအလောက် ရှာဖွေပါ ~~~~~~~~~~~~~~~~~~~~~~~~~~~ တော်ပြီ ဒီလိုဘဝမျိုး တော်ပြီ မဖြစ်ချင်တော့ဘူး ဒီလို သာမန်လူ မဖြစ်ချင်တော့ ဘူး ဒီလို တန်ဖိုးမရှိတဲ့သူ ဆိုပြီး သင့်မှာ Pain - ရှိပြီး သင့်မှာ အဲ့အရာ အပေါ် လုံလောက်အောင်နာကျင် ပြီးသွားတဲ့ အခါ ကျရင် ကိုယ့်ကိုယ်ကို အဲ့အရာကနေ ကန် ထုတ်ပစ် နိုင်ရမယ် ။ ပြီးရင် အဲ့အရာကို ပေါက်မြောက် အောင်လုပ်ဆောင် ရပါမယ် ။ ••••••••••••••••••••••••••••••• ဒါဟာ ကိုယ့်ကို ကိုယ်တိုးတက်စေပြီး ဘယ်သူမှ ဆွဲထားလို့ မရ စေနိုင်တဲ့ အောင်မြင်စေ တဲ့ နည်းလမ်း ၁၀ ခုပါ လွပ်လပ်မှုဆိုတာလူတိုင်းအတွက် ဖြစ်နိုင်ပါတယ်။ ကိုယ်ကသာရွေးချယ်ခဲ့မယ်ဆိုရင်ပေါ့.....။ ___________________ ‪#‎သင်သိရင်‬ သင်ချမ်းသာလိမ့်မယ်
မက်စ် ' ဇော် ဇော်

မက်စ် ' ဇော် ဇော်

မက်စ် ' ဇော် ဇော် ။။။။။။။။။။။။။။။။။။။ ဇော် ဇော် ဟာ ဧ ရာ ဝ တီ မြစ် ဝ ကျွန်း ပေါ် - ရေ ကြည် နယ် သား ပါ ၊ အ ဖေ က အ စိုး ရ ဝန် ထမ်း ၊ အ မေ က အိမ် ဆိုင် လေး ဖွင့် ထား ပီး တစ် ဘက် တစ် လမ်း အိမ် ဝင် ငွေ ရှာ ခဲ့ ရ တဲ့ မွေး ချင်း ၆ ယောက် အ နက် သူ က အ ငယ် ဆုံး သား တစ် ဦး ဖြစ် ပါ တယ် ၊ ၁၉၈၈ မှာ အ ရေး အ ခင်း ဖြစ် တော့ သူ က ' ရန် ကုန် တ က္က သိုလ် နောက် ဆုံး နှစ် မှာ ပါ ၊ စစ် တပ် အာ ဏာ သိမ်း ပီး နောက် အ ရေး အ ခင်း မှာ ပါ ဝင် လှုပ် ရှား သူ တွေ ကို စစ် အ စိုး ရ လိုက် လံ ဖမ်း တော့ သူ လည်း ၄ လ လောက် ပြည် တွင်း မှာ ပုန်း ရှောင် နေ ရ ပါ သေး တယ် ၊ အဲ ဒီ နောက် ဆွေ မျိုး ဝမ်း ကွဲ အ ကူ အ ညီ နဲ့ စင် ကာ ပူ ကို ( ဒေါ် လာ ၈၀ ပဲ အိတ် ထောင် ထဲ ပါ လာ ) ထွက် လာ ပီး ၊ သင်္ဘော သား လုပ် ခဲ့ တာ ၆ နှစ် ကြာ ပြည် ပ ထွက် အ လုပ်- လုပ် ခြင်း စွန့် စား ရ မှု ရဲ့ အ စ ဦး ပိုင်း အ ခြေ အ နေ ပါ ပဲ ။ ပြည် ပ ကို အ ကြောက် တ ရား ရှိ နေ တဲ့ စစ် အ စိုး ရ ရဲ့ အ ထီး ကျန် ကာ လ တွေ မှာ ဇော် ဇော် တစ် ယောက် တစ် လ မှ ဒေါ် လာ ၂၀၀ ရ ဖို့ အ ရေး သင်္ဘော ကုန်း ပတ် ပေါ် မှာ သင်္ဘော သား လုပ် နေ ရင်း နဲ့ ၊ ဩ စ တေး လျ - ဟောင် ကောင် - တိုင် ဝမ် - အီ ရန် - ဂျ ပန် -အာ ဖ ရိ က စ သည် နေ ရာ တွေ ကို သူ လည်း အ စုံ ရောက် ဖူး သွား ပြီး ၊ အင်္ဂ လိပ် စာ ကို လေ့ လာ ခွင့် ရ ခဲ့ သ လို ၊ တစ် ဖက် မှာ သူ များ နိုင် ငံ တွေ ဖွင့် ဖြိုး တိုး တက် တာ တွေ မြင် ရ တော့ သူ့ ဘ ဝ သူ ~သူ ရဲ့ ဆင်း ရဲ မှု - အ နှိမ် ခံ ရ မှု တွေ အ ပေါ် ရှက် စိတ် တွေ နဲ့ သာ ရှင် သန် နေ ထိုင်လာ ခဲ့ ပါ တယ် ၊ ဒေါ် လာ ၈၀၀၀ စု မိ တော့ ဘန် ကောက် ရောက် သွား ပြီး ၊အ ပေါင်း အ သင်း တွေ နဲ့ နိုက် က လပ် တွေ မှာ သုံး ဖြုန်း ပစ် တာ ၊ ၁၉၉၁ မှာ လက် ကျန် ငွေ ၆၅၀ နဲ့ ဂျ ပန် ကို ရောက် ရ ပြန် ပါ တယ် ။ တို ကျို မှာ ' ထ မင်း ချက် - ပန်း ကန် ဆေး - စား ပွဲ ထိုး ' အ လုပ် ၃ မျိုး လုပ် ပြီး ၊ တစ် ဖက် မှာ ဂျ ပန် စာ ကို သင် ယူ လေ့ လာ ခွင့် ရ ပါ တယ် ။ ဒီ လို နဲ့ yellow pages နဲ့ cold-calling က တစ် ဆင့် ကား ဟောင်း ရောင်း ဝယ် တဲ့ ဗျံ ကျ အ လုပ် က လေး စ လုပ် ဖြစ် ပါ တယ် ၊ အဲ ဒီ မှာ Max Trading Co လို့ အ မည် စ ပေး ဖြစ် သွား တာ ပါ ။ ကား ဟောင်း ရောင်း သူ ဌေး နဲ့ မိတ် ဆွေ ဖြစ် လာ ပြီး ၊ အဲ ဒီ က Nissan ဆီ ဒင် ၂ စီး ကို ဝယ် ဖြစ် ၊ အ ခြား မိတ် ဆွေ ကို ပြန် ရောင်း ဖြစ် ၊ ဒီ က စ ပြီး Max Myanmar Group.ဖြစ် တည် လာ တာ မြန် မာ နဲ့ အ ခြား နိုင် ငံ တွေ ဆီ ကား ဟောင်း တွေ တင် ပို့ ရောင်း ချ ဖြစ် ပါ တယ် ။ မြန် မာ နိုင် ငံ သား တစ် ယောက် ကို ကား ၁ စီး သွင်း ခွင့် ရှိ တဲ့ အဲ ဒီ ခေတ် လုပ် ထုံး လုပ် နည်း အ ရ $500 လောက် ပေါက် တဲ့ ကား ပါ မစ် တွေ ကို သူ က ချုပ် ကိုင် ထား ရ ပါ တယ် ။ သူ့ ရဲ့ ဇ နီး လောင်း ဖြစ် မည့် သူ ဟာ သူ မ ကိုယ် တိုင် လည်း ဂျ ပန် မှာ အ လုပ် လုပ် နေ ချိန် ၊ သူ့ ထံ ကား လာ ဝယ် ရင်း နဲ့ ဖူး စာ ဆုံ ခဲ့ တာ လို့ ဇော် ဇော် က ပြော ပါ တယ် ။ ( ' လာ ရင်း က တော့ ကား လာ ဝယ် တာ ဗျ ၊ နောက် ဆုံး မ တော့ လူ ပါ ဝယ် သွား ရော ' ဟု အင် တာ ဗျူး တွင် ဇော် ဇော် က အ ရွှမ်း ဖောက် ထား ပါ သေး သည် ။ ) ------------------------------ ၁၉၉၅ မှာ လက် ထပ် ပြီး ၊မြန် မာ ပြည် အ တူ ပြန် လာ တော့ လည်း ဒီ ကား ဟောင်း သွင်း တဲ့ အ လုပ် ကို ပဲ ဆက် လုပ် ပါ တယ် ။ အဲ နောက် အ ကြီး စား ဆောက် လုပ် ရေး ယ န္တ ရား ပ စ္စည်း တွေ က ပို ကိုက် တာ ကို သိ လာ ရ ချိန် ၊ ဆောက် လုပ် ရေး လော က ထဲ ဝင် ပါ တယ် ၊ ပ ထ မ တော့ ကန် ထ ရိုက် တာ ကြီး တွေ ရဲ့ လက် ဝေ ခံ ၊ အဲ ဒီ က အ စိုး ရ ပ ရော ဂျက် တွေ မှာ တိုက် ရိုက် ကိုယ် တိုင် ကန် ထ ရိုက် သွင်း နိုင် သူ ဖြစ် လာ ၊ စစ် အုပ် ချုပ် ရေး ပိုင်း နဲ့ လည်း အ ဆက် အ သွယ် တွေ ကောင်း လာ ၊ ၂၀၀၅ မှာ ဆောက် လုပ် ရေး ကု မ္ပ ဏီ ဖွဲ့ ပြီး ၊ နေ ပြည် တော် အ တွက် လမ်း တွေ ဖောက် ပေး ခဲ့ ပါ တယ် ၊ ၅ လ အ ကြာ နေ ပြည် တော် မှာ ပဲ ဟို တယ် တွေ ဆောက် ပေး ရ ပါ တယ် ၊ ကား ပါ မစ် တွေ ရ ပါ တယ် ။ ၂၀၀၇ မှာ အ စိုး ရ နဲ့ ' ကျောက် စိမ်း ' တွင်း ဖက် စပ် လုပ် နိုင် ခဲ့ ပါ တယ် ၊ ၂၀၁၀ ပုဂ္ဂ္ဂလိ က လွှဲ ပြောင်း မှု အ စီ အ မံ တွေ မှာ ဓာတ် ဆီ ဆိုင် ၁၂ ဆိုင် ၊ Novotel မြေ နေ ရာ ၊ ဘဏ် လုပ် ငန်း လိုင် စင် ( ဧ ရာ ဝ တီ ဘဏ် ) ၊ အဲ လို ဆက် တိုက် ရ ယူ ပိုင် ဆိုင် နိုင် ခဲ့ ပါ တယ် ။ --------------------- ယ နေ့ Max Myanmar ဥ က္က ဋ္ဌ ကြီး ဦး ဇော် ဇော် ဟာ အင်္ဂ လိပ် စ ကား ကို ကျွမ်း ကျင် စွာ ပြောနိုင် နေ ပါ ပြီ ၊ ပြည် တွင်း နဲ့ အား မ ရ ဘဲ ~ က မ္ဘာ နဲ့တစ် ဝှမ်း မ ဟုတ် တောင် - အ နည်း ဆုံး ဒေ သ ဆိုင် ရာ ( အ ရှေ့ တောင် အာ ရှ ) မှာ သူ့စီး ပွါး ရေး တွေ လုပ် ကိုင် လည်ပါတ် နေ ချင် တာ လို့ သူ က ဆို ပါ တယ် ။ ။။။။။။။။။။။။။။။။။။။။။။။။။။ ။။။။။။။။။။။။။။။။။။။ အ တိုက် အ ခံ ခေါင်း ဆောင် ' ဒေါ် အောင် ဆန်း စု ကြည် ' ၂၀၁၀ နို ဝင် ဘာ မှာ နေ အိမ် အ ကျယ် ချုပ် က လွတ် ပြီး နောက် ၊ ဇော် ဇော် က သူ မ ထံ စ တင် ဆက် သွယ် ချဉ်း ကပ် မှု ပြု ခဲ့ တာ အ ပေါ် ၊ 'သူ မ ဟာ နှစ် ရှည် လ များ က တည်း က ကြည် ညို လေး စား လာ ခဲ့ ရ သူ ပါ ' လို့ ပြော ပါ တယ် ။ ဒေါ် အောင် ဆန်း စု ကြည် ၏ ဇော် ဇော် နဲ့သာ မ က အ ခြား ~ အ ခြား သော ခ ရို နီ များ နဲ့ ပါ ၊ ဦး ညီ ညွတ် ရေး လမ်း စဉ် ၊ ပြန် ပေါင်း ထုပ် ဆက် ဆံ ရေး သ ဘော ထား တွေ ဟာ အ ချို့ သော သူ မ ရဲ့ ပူး ပေါင်း မှု တွေ အ ပေါ် အော ချ စ ရာ ဖြစ် ခဲ့ ရ သည် ။ ------------------------- ဒေါ် အောင် ဆန်း စု ကြည် ဦး ဆောင် သော NLD ပါ တီ ဖွဲ့ စည်း ရာ တွင် တောက် လျှောက် ကူ ညီ စောင့် ရှောက် လာ ခဲ့ သော ( ၁၉ နှစ် တာ အ ကျဉ်းစံ ~ နိုင် ငံ ရေး အ ကျဉ်း သား ဖြစ် သူ ) ' ဟံ သာ ဝ တီ - ဦး ဝင်း တင် ' က တော့ ' စီး ပွါး ရေး မှာ မောင် ပိုင် စီး သူ တွေ အ ပေါ် ~ ထို သူ တို့ ရဲ့ လက် တွေ့ လုပ် ဆောင် နေ တဲ့ လုပ် ငန်း တွေ အ ပေါ် သ မ္မာ သော စီး ပွါး ရေး မ ဟုတ် ဘူး လို့ တောက် လျှောက် ကန့် ကွက် လာ ခဲ့ ပါ တယ် ။ ' ကျုပ် တို့ က တော့ ဒီ လူ တွေ ကို ခွင့် မ လွှတ် နိုင် ဘူး ဗျ ' လို့ သူ က ဆို ဘူး သည် ။ ဒါ ပေ မည့် ' ဇော် ဇော် ' ရဲ့ တစ် ချို့ သော အ ငြင်း ပွါး မြေ တွေ ကို အ များ ပြည် သူ သုံး ဖို့ ပြန် ပေး ခဲ့ တာ တွေ ၊ ၁၉၉၃ မှ ၂၀၁၂ အ တွင်း US$ 2.3 သန်း ဘိုး လူ မှု ထောက် ကူ အ သီး သီး အ တွက် ပေး ကမ်း စွန့် ကြဲ မှု စွမ်း ဆောင် ရည် မြင့် မား ခဲ့ တာ တွေ ၊ ဇော် ဇော် ရဲ့ စာ မျက် နှာ ၇၅ မျက် နှာ ပါ ကု မ္ပ ဏီ လက် ကမ်း စာ အုပ် ကြီး အ ရ သိ လိုက် ရ ချိန် မှာ " သူ သိ ရ နိုင်သ လောက် ခ ရို နီ ထဲ မှာ တော့ ဇော် ဇော် ဟာ အ တော် ဆုံး ပဲ " ဟု ဦး ဝင်း တင် က ချီး ကျူး ဖြစ် ခဲ့ သည် ။ ။။။။။။။။။။။။။။။။။။။။။။ [ source ။ ။ Associated Press သ တင်း ဋ္ဌာ န " How a Myanmar tycoon is profiting from change By ERIKA KINETZ ~ Jun. 2, 2013 " ဆောင်း ပါး ကို ကိုး ကား ပါ သည် ။ အ ပြည့် အ စုံ ဘာ သာ ပြန် ထား ခြင်း မ ဟုတ် ပါ ] -------------------------- [ photo copied from နှစ် ဆန်း သစ် - Asian Fame Media Gp ] ။။။။။။။။။။။။။။။။။။။။။။။ http://bigstory.ap.org/…/how-myanmar-tycoon-profiting-change