ဥပဓိရုပ်ကောင်းအောင်လုပ်နည်း


[Zawgyi]
ဥပဓိရုပ်ကောင်းအောင်လုပ်နည်း
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လူတိုင်း၌ သူပိုင်ဥပဓိရုပ်ရှိ၏ ။
သူ၏ သွင်ပြင်သဏ္ဌ္ဌ္ဌ္ဌ္ဌာန်၊ ပြုမှုပုံ၊ စိတ်နေသဘောထားတို့သည်
သူ၏ ဥပဓိရုပ်ကို ထင်ပေါ်စေပါသည်။
ကောင်းသော သွင်ပြင်သဏ္ဌ္ဌ္ဌ္ဌ္ဌာန်၊
ကောင်းသော အပြုအမူပုံ၊
ကောင်းသော သဘောထားရှိခြင်းကြောင့် ကောင်းသော ဥပဓိရုပ်ရှိသည်။
ညံ့သောသွင်ပြင်၊ ညံ့သောပြုမှုပုံ၊ ယုတ်ညံ့သော စိတ်သဘော ထားရှိခြင်းကြောင့် ညံ့သောဥပဓိရုပ် ရှိနေပေသည်။
သူ၏ဥပဓိရုပ်က သူ့အား အခြားသူနှင့် မတူအောင် ထူးခြားနေစေခြင်းပင် ဖြစ်ပါသည်။
ဥပဓိရုပ်ကောင်းသူများသည် အခြားသူများထက် သြဇာအာဏာကြီးမားတတ်ပါသည်။ ထိုသူပြောဆိုသည်ကို အခြားသူများ လိုက်နာဆောင်ရွက်လိုကြသည်။ ထိုသူလုပ်ခိုင်းသမျှကို အခြားသူများ လိုက်နာလုပ်ကိုင်ပေးသည်။ ဥပဓိရုပ်ကောင်းသူသည် အရာခပ်သိမ်းတွင် ထင်ပေါ်ကျော်ကြားသည်။ ထိုသူအားကြည်ညိုလေးစားသူ ပေါများသည်။ ထိုသူမျိုးသည် ခေါင်းဆောင်ကောင်းတို့တွင် ရှိအပ်သော အရည်အချင်းနှင့် ပြည့်စုံသည်။ ရှေ့ဆောင်လမ်းပြ လုပ်တတ်သောသူသာ ဖြစ်လေသည်။
ဥပဓိရုပ်ကောင်းခြင်းသည် များသောအားဖြင့် မွေးရာပါ မဟုတ်ပေ။
လေ့ကျင့်ယူလျှင် ရနိုင်၏ ။

ဥပဓိရုပ်ကောင်းမွန်အောင် မည်ကဲ့သို့ လေ့ကျင့်လျှင် ရနိုင်ပါမည်နည်း။ လေ့ကျင့်ရန်နည်းလမ်းကောင်းများ ရှိပါသည်။
ယင်းတို့မှာ -
(၁) မိမိ၏ အလုပ်တွင် စိတ်ဝင်စားမှုရှိရမည်။ စိတ်ဝင်စားမှုရှိခြင်းသည် စိတ်အားထက်သန်ခြင်း၊ လုံ့လဥဿဟရှိခြင်းကိုပြသဖြင့် မိမိ၏ အကြီးအကဲများက မိမိကို နှစ်သက်ကြလိမ့်မည်။
(၂) မိမိလုပ်ငန်းကိုကောင်းစွာနားလည်ထားရမည်။ ကြံရည်ဖန်ရည်ရှိရှိနှင့် ကြိုးစားအားထုတ်ရမည်။ သူတစ်ပါးအား မဝေဖန်မိ မိမိ၌ သူ့ထက်သာလွန်ကောင်းမွန်သော အကြံဥာဏ် ရှိနေရမည်။
(၃) ပေါင်းသင်းဆက်ဆံရာတွင် လူမှုရေး သိတတ်ရမည်။ ကိုယ်ချင်းစာနာတတ်၍ သူတစ်ပါးအပေါ် ချစ်ခင်ကြင်နာမှု ထားရှိရမည်။ မိမိ၏ ခင်မင်ရင်းနှီးမှုကို သိရှိလျှင် မိမိအား လူအများက မ စလိုလာကြလိမ့်မည်။
(၄) ဝတ်စားဆင်ယင်ရာတွင် သပ်ရပ်သန့်ပြန့် ကောင်းမွန်ရမည်။ မိမိအား ပထမဦးဆုံး မြင်သူ၏ စိတ်ထဲတွင် အထင်ကြီးသွားအောင် ကိုယ်နေဟန် ကြော့ရှင်းရမည်။
'တောင်းမှာအကွပ်၊ လူမှာအဝတ်' ဆိုရိုးစကားရှိသည်ကို သတိပြုပါလေ။
(၅) စိတ်သဘောထားကြီး၍ အပေးအယူမျှတရမည်။ သူတစ်ပါး၏ အကြံဥာဏ်ကို လေးစားရမည်။ အပြုသဘောဘက်က ကြည့်၍ ဝေဖန်ရမည်။ သူတစ်ပါး၏ အမှားကိုတွေ့လျှင် မိမိကိုယ်တိုင် ထိုအမှားမျိုး မရှိအောင် ပြုပြင်ပြီးနောက် သူ့ထံမှ အကြံဥာဏ်ကိုတောင်း၍ အမှန်ကို ထုတ်ဖော်ညွှန်ပြရပါမည်။
(၆) သူတစ်ထူးအား မိမိထံသို့ချဉ်းကပ်အောင် ဆွဲဆောင်နိုင်တတ်ရမည်။ သူတစ်ပါးနှင့် စကားပြောသောအခါ စိတ်ပါလက်ပါ ပြောဆိုရမည်။ နှုတ်ဆက်သောအခါ စိတ်အားထက်သန်မှုကိုပြ၍ နှုတ်ဆက်ရမည်။ အကြံဥာဏ်ပေးသောအခါ ကိုယ်ထိလက်ရောက် ကူညီလိုသော စေတနာကို ပြုရမည်။
(၈) အာဃာတစိတ်ကို ဖျောက်ဖျက်ရမည်။
ကြီးပွားလိုစိတ် မွေးမြူခြင်းသည် မိမိ၏ ဥပဓိရုပ်ကိုတိုးတက်ကောင်းမွန်လာအောင် သွေးအားထိုးပေးခြင်းနှင့် တူပါသည်။ ကြီးပွားလိုသူတိုင်းသည် ပညာကို ရှာမှီးရပါမည်။ ပထမနည်းဖြင့် ပညာကို ရှာမှီးရန်မှာ ကျောင်း၌ သင်ကြားရယူခြင်းဖြစ်သည်။ ဒုတိယနည်းဖြင့် ပညာကိုရှာရန်မှာ မိမိဘာသာ လေ့လာအားထုတ်ခြင်း ဖြစ်သည်။ ယင်းသို့ ပညာရှိမှီးရာတွင် မိမိ လိုသော ပညာရပ်ကိုသော်လည်းကောင်း၊ မိမိနှင့် အံဝင်ခွင်ကျ ဖြစ်မည့် ပညာကိုသော်လည်းကောင်း ရွေးချယ်၍ လေ့လာဆည်းပူးရမည်။ လိုလျှင်ကြံဆ နည်းလမ်းရဟူသော စကားအရပညာကို လိုလိုချင်ချင်နှင့် လေ့လာလျှင် တတ်မြောက်နိုင်ပေသည်။
အောင်မြင်ကြီးပွားရေးနည်းလမ်းများ

Share this

Related Posts

Previous
Next Post »