သင်သူများတွေထက်ခြေတလှမ်းနောက်ကျနေပြီလား???

မြေကွက်လပ်လေးရှိယုံနဲ့ သင်သူဋ္ဌေးဖြစ်နိုင်ပါပြီ မြေအကျယ်အဝန်း ၁၅ ပေပတ်လည်ဆိုအကောင်းဆုံးပါပဲ နားမလည်တဲ့သူများ အခုမှစမွေးမယ့်လူများ သေချာလေးဖတ်ပေးပါ ငါးခူးမွေးမယ်ဆို ကြိုက်တဲ့စနစ်ရွေးချယ်ပါ ကန်ပြင်ဆင်ပါ ငါး၅၀၀၀မွေးပါမယ်းးးးးးးး ငါက၁လက်မခွဲစမွေးမယ် ဈေးနှုန်းက ၂၅ကျပ် တစ်ကောင်ချင်းဈေး ၁ သိန်၂ သောင်းခွဲကျပါမယ် ကန်ဖိုးက ဝါးနဲ့လုပ်မယ်ဆို ၁၀ပတ်လည်ကန်ကို၅ထောင်လောက်ကျပါမယ် မွေးသက်၃လပါ ၃လမွေးမယ်ဆို ၂၅ကျပ်သားနဲ့ဖြမ်းပြတွက်ပါမယ အစာဖိုးက တစ်နေ့ကိုဖြမ်းပြတစ်ထောင်တွက်ပါမယ် ၃လအတွက်၉သောင်းကျပ အကောင်၅၀၀၀မှာ ၁ထောင်အသေထားပါမယ် အကောင်၄၀၀၀ကျန်မယ် ငါးကိုဒိုင်သွင်းဈေးအနိပ်ဆုံး၂ထောင်တွက်ပါမယ် အကောင်၄၀၀၀ဆို အချိန်၁၀၀၀ရပါမယ် ၂၀၀၀ဈေးနဲ့သိန်း၂၀ရပါမယ် အရင်း ငါးသားပေါက်ဖိုး၁၂၅၀၀၀ကျပ် ကန်ဖိုး ၅၀၀၀ အစာဖိုး ၉၀၀၀၀ အထွေထွေစရိတ် ၈၀၀၀၀ မိုးကာဖိုး ၅၀၀၀၀ စုစုပေါင်းအရင်း ၃သိန်းခွဲ ငါးရောင်းရငွေ သိန်း၂၀ပါ အရင်း ၃သိန်းခွဲနုပ်မယ် ၁၆သိန်းခွဲ်ကျန်ပါမယ် လစဉ်သာမှန်မှန် အကောင်၅ထောင်ထည့်မယ်ဆိုရင် လူကြီးမင်းရဲ့ဝင်ငွေဟာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ လိုမယ်မထင်းဘူးလို့ယူဆပါတယ် အခုကျွန်တော်တင်ပြချက်တွေသည် ကုန်ကျစရိတ်ပိုတွက်ထားချင်း ငါးရောင်းရမဲ့ဈေးကိုလျှော့တွက်ထားချင်းသာဖြစ်ပါတယ် လက်တွေ့လုပ်ကြည့်လျှင် ကုန်ကျစရိတ်နည်တာကိုတွေ့ရပါမယ်။ အားလုံးကိုကျေးဇူးတင်ပါတယ် ခရစ်ဒစ်။
ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်စိုက်ပျိုးရန် စီမံကိန်းချခြင်း

ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်စိုက်ပျိုးရန် စီမံကိန်းချခြင်း

#ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်စိုက်ပျိုးရန် စီမံကိန်းချခြင်း ဟင်းသီးဟင်းရွက်တိုင်းအတွက် အောင်မြင်မှု၏သော့ချက်မှာ စီမံကိန်းချခြင်းဖြစ်သည်။ စီမံကိန်းချ ခြင်း၏ သော့ချက်မှာ ဈေးကွက်၊ သယ်ယူပို့ဆောင်ရေး၊ သွင်းအားစုကုန်ကျစရိတ်များနှင့် ထွက်ကုန်များမှ ပြန်ရနိုင်ဖွယ်ရာများ ကဲ့သို့သော စီးပွားရေးအောင်မြင်မှုနှင့် နှီးနွယ်သော အချက်အလက် ဒေတာများကို စုဆောင်းရန်ဖြစ်ပါသည်။ ဤအရာများက စီးပွားရေးစီမံကိန်း၏အခြေခံကို ဖြစ်ပေါ်သည်။ ရင်းနှီး မြှုပ်နှံမှု တစ်ခုကို သုတေသနပြုခြင်းအတွက်သုံးလိုက်ရသည့် အချိန်သည် ရေရှည်တွင် အချိန်နှင့်ငွေကို ချွေတာ နိုင်သည်။ အာရုံစိုက်ရမည့် ဈေးကွက်လိုအပ်ချက်သည် အကျိုးအမြတ်ရှိသော စိုက်ပျိုးရေးတွင် အလွန် အရေးပါသည်။ လုပ်ငန်းလေးတစ်ခုကို ၀င်ငွေ၊ ထွက်ငွေရေးဆွဲခြင်းနှင့် စီမံခန့်ခွဲခြင်းသည်လည်း အောင်မြင်သော ဟင်းသီးဟင်းရွက်စိုက်ခင်းကို လည်ပတ်ရာတွင် သီးခြားခွဲထုတ်၍ မရသော အပိုင်းများ ဖြစ်ကြသည်။ #ဟင်းသီးဟင်းရွက်စိုက်ခင်းကို စီမံကိန်းချခြင်း #နိဒါန်း ဟင်းသီးဟင်းရွက်စိုက်ခင်းစီမံကိန်းသည် အရေးပါပြီး ၀င်ငွေထွက်ငွေစာရင်းတစ်ခုကိုပြုစုရန် အတွက် အခြေခံကို ထောက်ပံ့ပေးသည်။ ဤစီမံကိန်းတွင် စိုက်ခင်း၏ ရုပ်ပိုင်းဆိုင်ရာ အဆင်အပြင်နှင့် သီးနှံစိုက် ရာသီအတွက် မည်သည့်သီးနှံကို မည်သည့်နေရာမှာ စိုက်မည်လဲ ဆိုသည်ကို ပြသပါလိမ့်မည်။ တိုးတက်မှုများဖြစ်စေရန် ရာသီတစ်ခုမှ နောက်ရာသီတစ်ခုထိ အထာကျအောင်လုပ်ရန် လိုအပ်မည်ဖြစ်ကာ အခွင့်အလမ်းအသစ်များ သို့မဟုတ် နည်းပညာအသစ်များကို ရရှိနိုင်သည်။ အောင်မြင်သော စိုက်ခင်း စီမံကိန်ုးချခြင်းနှင့် ၀င်ငွေထွက်ငွေစာရင်း ရေးဆွဲခြင်းသည် စိုက်ပျိုးသူ၏ ကိုယ်ပိုင်စိုက်ခင်း မှတ်တမ်းများကို အခြေခံသော ဆုံးဖြတ်ချက်များမှ ဖြစ်ပေါ်လာတတ်သည်။ #ယာဉ်ရရှိနိုင်မှု ကိရိယာနှင့်ယာဉ်အားလုံးအတွက် သွားစရာနေရာနှင့် ကွေ့စရာနေရာ အလုံအလောက်ရှိသော စိုက်ခင်းလမ်းစီမံချက်သည် မရှိမဖြစ်အရေးပါသည်။ အဆက်မပြတ် ယာဉ်သွားယာဉ်လာပြုလုပ်ခြင်းသည် မြေကြီးကို မာကျောကျစ်လျစ်စေသောကြောင့် ယာဉ်သွားယာဉ်လာများသော နေရာများကို ဆုံးဖြတ်ပြီး တုတ်ချောင်းများဖြင့် အမှတ်အသားပြုပါ။ ထွန်စက်များအတွက် လှည့်စရာနေရာများနှင့် ဆေးဖျန်းလို့ရမည့် ပစ္စည်းများကို စီမံပေးပါ။ #မြေအမျိုးအစားနှင့် စိုစွတ်သောဧရိယာများ ရာသီအလိုက်စိုစွတ်သော နေရာများတွင် စိုက်ပျိုးခြင်းကို ရှောင်ကျဉ်ပြီး ညံ့သောမြေ သို့မဟုတ် ကောင်းသောမြေတို့ကို အမျိုးအစားခွဲပါ။ #စိုက်ခင်းသန့်ရှင်းရေး ဖျူစေယီရမ်မှိုကဲ့သို့သော မြေဆောင်ရောဂါ အဆမတန် ကျရောက်မှုနှင့် ပြန့်နှံ့မှုတို့သည် လူသားနှင့် ယာဉ်များက သယ်ဆောင်သော ရောဂါကျရောက်နေသည့်မြေကြီးကြောင့် ဖြစ်တတ်သည်။ အလည်လာသော ယာဉ်များ ရပ်နားရန် စိုက်ခင်းဂိတ်ဝတွင် ယာဉ်ထားစရာနေရာများထားရှိပြီး စိုက်ခင်း ထဲက လမ်းတိုင်းကို ဖြတ်သန်းမောင်းနှင်ခွင့်မပြုပါနှင့်။ လေဆောင်ရောဂါနှင့် ရောဂါသယ်ဆောင် ဖြန့်ဖြူးသော အင်းဆက်များသည် သီးနှံဟောင်းများမှ လာတတ်သည်။ ရောဂါကူးစက်ခြင်းမရှိစေရန် သီးနှံအသစ်ကိုသီးနှံအဟောင်း၏ လေပေါ်ဖက်မှ အမြဲတမ်းစိုက်ပါ။ #အစီအစဉ်ဆွဲခြင်း တစ်ရာသီလုံး တူညီသောဟင်းသီးဟင်းရွက်စိုက်ကွက်အများကြီးစိုက်ရန် စီမံကိန်းချထားပါက မြေသြဇာနှင့်ရေလိုအပ်ချက်များကို တွက်ချက်ရာတွင် လွယ်ကူစေရန်အတွက် တူညီသောအကွက်များ ဖြစ်အောင်ကြိုးစားလုပ်ပါ။ လိုချင်သည့် ထုတ်လုပ်သောကာလတစ်လျှောက် အဆက်မပြတ်ခူးဆွတ် ရိတ်သိမ်းရန် အတွက် အပင်စိုက်ခြင်းကို အစီအစဉ်ဆွဲထားရပါမည်။ #သီးလှည့်စိုက်ခြင်းနှင့် ပင်စိမ်းမြေသြဇာ စိုက်ခင်းစီမံကိန်းတွင် သီးလှည့်စိုက်ခြင်းပါဝင်ရမည်။ တူညီသောမြေတွင် တူညီသော သီးနှံကို အဆက်မပြတ် စိုက်ပျိုးခြင်းသည် နီမတုတ်နှင့် မြေဆောင်ရောဂါတို့ တစ်ဖြည်းဖြည်း များလာစေသည်။ ဥပမာအားဖြင့် ရွက်စားသီးနှံမှ ပဲ ထို့နောက် သခွားမျိုးကို ပြောင်းလဲစိုက်ပျိုးပြီး ၄င်းတို့ကြားတွင် ပင်စိမ်း မြေသြဇာပင်များစိုက်ပျိုးခြင်းသည် ဖျက်ပိုးနှင့်ရောဂါများကို သိသာစွာလျော့နည်းစေသည်။ မိုးရာသီတိုင်း သီးလှည့်စိုက်ပျိုးရာတွင် သစ်စိမ်းမြေသြဇာပါဝင်ရန် အရေးကြီးသည်။ #လေကာများထားရှိခြင်း လေကာများသည် လေနှင့် သီးနှံကို ဆေးဖျန်းရာတွင်ဖြစ်သော လွင့်မျောမှုကြောင့်ထိခိုက်မှုကို လျော့နည်းစေပြီး စိုက်ခင်းအဆင်အပြင်တွင် ထည့်သွင်းထားရန်လိုသည်။ လေကာများသည် ကျောက်တုံး နှင့် သစ်ပင်ကဲ့သို့သော သဘာဝအတိုင်းရှိသော ပစ္စည်းများ သို့မဟုတ် လူတို့ဖန်တီးထားသော အရိပ်ရ အ၀တ်များတို့ ဖြစ်နိုင်သည်။ ဟင်းသီးဟင်းရွက် ထုတ်လုပ်ခြင်းအတွက် စံပြဖြစ်သော လေကာမျိုးစိတ်မှာ Pennisetum purpureum နှင့် Pennisetum typhoides မြက်နှစ်မျိုးကို မျိုးစပ်ထားသော ဘာနာမြက် ဖြစ်သည်။ ၄င်းသည် (၃) မီတာအမြင့်ထိ လျှင်မြန်စွာကြီးထွားလာပြီး အလွယ်တကူ ဖယ်ရှားနိုင်သည်။ ဤမြက်ကို တိုက်နေသောလေနှင့် ထောင့်မှန်ပုံစံ ဟင်းသီးဟင်းရွက်များနှင့် ထွန်စက် အကျယ်လောက်တွင် စိုက်ထားရမည်ဖြစ်သည်။ အကြမ်းဖျင်းနည်းအရ လေကာတစ်ခုသည် ၄င်းအမြင့်၏ (၁၀) ဆ နီးပါးရှိသော ဧရိယာကို ကာကွယ်နိုင်သည်။ ထို့ကြောင့် (၃) မီတာအမြင့်ရှိသော ဘာနာမြက်သည် သီးနှံ (၃၀) မီတာ ထိရောက်စွာကာကွယ်နိုင်သည်။ လေကာများနှင့် မည်သည့်သီးနှံမှမစိုက်သောဇုံအတွက် သဘာဝခြုံပုတ် များကို မရှင်းလင်းဘဲ လေကာအဖြစ် အသုံးပြုနိုင်သည်။ #သဟဇာတမဖြစ်သောသီးနှံများ သစ်သီးတန်းပင်များကြား ဟင်းသီးဟင်းရွက်ပင်များ စိုက်ပျိုးခြင်းကို ယေဘုယျအားဖြင့် မထောက် ခံပါ။ ထိုသို့စိုက်ခြင်းတွင် အားနည်ချက်နှစ်ချက်ရှိပြီး ပထမတစ်ချက်မှာ သစ်သီးများအတွက် မှတ်ပုံတင် ထားသော ပိုးသတ်ဆေးများကို ဟင်းသီးဟင်းရွက်များအတွက် မှတ်ပုံမတင်ထားသောကြောင့် ဖြစ်ပြီး သီးနှံတွင် မှတ်ပုံတင်မထားသော ပိုးသတ်ဆေးများကို စစ်ဆေးတွေ့ရှိနိုင်ကာ ဒုတိယတစ်ချက်မှာ ဟင်းသီး ဟင်းရွက်များအတွက် ရေနှင့်မြေသြဇာပေးရာတွင် အထူးသဖြင့် ခြောက်သွေ့ကာလထားရန် လိုအပ်သည့် သစ်သီးများကို စီမံရာတွင် ခက်ခဲနိုင်သည်။ #ဘာကိုစိုက်မလဲ မည်သည့်သီးနှံကိုစိုက်မည်လဲဟု ဆုံးဖြတ်ရာ တွင် အောက်ပါအချက်တို့ကဲ့သို့သော အချက်များကို ထည့်သွင်းစဉ်းစားရမည်။ - ထုတ်လုပ်မည့်ဟင်းသီးဟင်းရွက်၏ ဈေးကွက်တန်ဖိုး - ထုတ်လုပ်မှုကုန်ကျစရိတ် - ထုတ်လုပ်ရန်လွယ်ကူမှု/ကျွမ်းကျင်မှုအဆင့်များ - ဈေးကွက်ဝင်နိုင်မှု - သယ်ယူပို့ဆောင်စရိတ် - အခြေခံအဆောက်အအုံလိုအပ်ချက် - ခူးဆွတ်ရိတ်သိမ်းရန်အချိန် - ပတ်ဝန်းကျင်တွင် သီးနှံ၏ သင့်မြတ်မှု သတင်းအချက်အလက် ရင်းမြစ်များတွင် ဟင်းသီးဟင်းရွက်ဈေးများ၊ ဟင်းသီးဟင်းရွက် အသင်း၊ ကျေးလက် ရောင်းလိုအားနှင့် အခြားစက်ရုံလုပ်ငန်းများပါဝင်သည်။ ရိတ်သိမ်းချိန်၊ အရည်အသွေး၊ ထုထည်၊ ထုတ်ပိုးခြင်းနှင့် သယ်ယူပို့ဆောင်ခြင်းကို ဆုံးဖြတ်ရာတွင် မိမိရောင်းချရန်ရည်ရွယ်ထားသည့် လက်ကား ဖောက်သည် သို့မဟုတ် ၀ယ်ယူသူများနှင့် ဆွေးနွေးရန် မရှိမဖြစ်လိုအပ်သည်။ ဈေးနှုန်းများနှင့် သတင်း အချက်အလက်များကို အချို့ဂျာနယ်များတွင် ရှာဖွေကြည့်ရှုနိုင်သည်။ သီးနှံဆုံးရှုံးနိုင်မှုအလားအလာကိုလည်း ထည့်သွင်းစဉ်းစားထားရမည်။ ဟင်းသီးဟင်းရွက် တစ်မျိုး ထက် ပို၍စိုက်ပျိုးခြင်းသည် သီးနှံဆုံးရှုံးမှုအလားအလာကို လျော့နည်းစေသည်။ လုပ်အားကို အညီအမျှ ပြန့်နှံ့ စေရန် သီးနှံတစ်မျိုး သို့မဟုတ် သီးနှံမြောက်မြားစွာ၏ အမျိုးမျိုးသော စိုက်ချိန်များ၏ အမျိုးမျိုးသော ခူးဆွတ်ရိတ်သိမ်းချိန်များကို အစီအစဉ်ဆွဲထားပါ။ #ဘယ်မှာစိုက်မှာလဲ မည်သည့်နေရာတွင် စိုက်မည်လဲဆိုသည်ကို လွှမ်းမိုးသော အချို့အချက်များတွင် စိုက်ပျိုးမြေ ဈေး၊ မြေကြီးအမျိုးအစား၊ ရေရရှိနိုင်မှုနှင့်ရေအရည်အသွေး၊ အအေးခန်းနှင့် ထုတ်ပိုးပစ္စည်းများ၊ လုပ်သား ရရှိနိုင်မှု၊ သယ်ယူပို့ဆောင်ရေးများရွေးချယ်စရာများနှင့် လုပ်ဆောင်မှုများတို့ ပါဝင်သည်။ ကိရိယာများကို မျှဝေသုံးစွဲရန် အခြားစိုက်ပျိုးထုတ်လုပ်သူနှင့်အနီးတွင် စိုက်ပျိုးခြင်းကြောင့် အချို့ အကျိုးကျေးဇူးများ ရှိသည်။ သို့ရာတွင် လေဆောင်ရောဂါများနှင့်ဖျက်ပိုးများသည် မြေညံ့ရှိသော စိုက်ခင်းနားနီးစိုက်ခင်းနှင့် သဟဇာတဖြစ်ရန် ခက်ခဲစေသည်။ #၀င်ငွေထွက်ငွေစာရင်းပြုစုခြင်း စိုက်ပျိုးသူတစ်ဦးသည် ဟင်းသီးဟင်းရွက်များကို စတင်မစိုက်ပျိုးမီ ကုန်ကျစရိတ်များနှင့် ခန့်မှန်း အကျိုးအမြတ်များကို အပြည့်အ၀ သတိထားရမည်။ #ဘာတွေကုန်ကျမလဲ။ သီးနှံသက်တမ်းတစ်လျှောက် ၀င်ငွေဘယ်လောက်ကို ခန့်မှန်းမလဲ။ ၀င်ငွေမရခင် အမြင့်ဆုံးအကြွေးက ဘယ်လောက်ရှိမလဲ။ ၀င်ငွေဟာ ထွက်ငွေကို ကာမိစေသည်အထိ အကြွေးကို ထားနိုင်သလား။ ဟင်းသီးဟင်းရွက်များကို စီးပွားဖြစ်စိုက်ပျိုးရာဖို့ စီမံကိန်းချရာတွင် အရေးအကြီးဆုံးကိစ္စများမှာ ကိစ္စတစ်ခုမှာ ၀င်ငွေထွက်ငွေစာရင်းကို ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။ ၄င်းကို သီးနှံစိုက်ပျိုးရန် မည်သည့် သွင်းအားစုများလိုသည်လဲ (သွင်းအားစုရောင်းချသူများနှင့် ဈေးနှုန်းစစ်ဆေးခြင်း သို့မဟုတ် ကျေးလက် ရောင်းဝယ်သူများ) နှင့် ခူးဆွတ်ရိတ်သိမ်းလိုက်သော ထွက်ကုန်ပစ္စည်း၏ ခန့်မှန်းပြန်ရငွေ (ဈေးများ သို့မဟုတ် အခြားစိုက်ပျိုးသူများမှ ရရှိသော ပျမ်းမျှ ဈေးနှုန်းများ) တို့ကို ခန့်မှန်းခြင်းအားဖြင့် လွယ်ကူစွာ ပြုလုပ်နိုင်သည်။ ပထမဦးဆုံးစိုက်ပျိုးသူသည် အတွေ့အကြုံရှိသော စိုက်ပျိုးသူနှင့် နှိုင်းယှဉ်လျှင် သီးနှံ အရည်အသွေး ညံ့ဖျင်းပြီး အထွက်လျော့နည်းနိုင်သည်ကို သတိရပါ။ ထည့်သွင်းစဉ်းစားရမည့် အချို့ကုန်ကျစရိတ် တို့တွင် အောက်ပါတို့ပါဝင်သည်။ ၄င်းတို့မှာ စိုက်ပျိုးသည့်ပစ္စည်း၊ ရေသွင်းခြင်း၊ ကောက်ရိုးဖုံးခြင်း၊ မြေသြဇာ၊ စင်ဆောက်ခြင်း၊ ပေါင်းသတ်ဆေးများ၊ အင်းဆက်သတ်ဆေးများ၊ မှိုသတ်ဆေးများ၊ လောင်စာဆီ၊ လျှပ်စစ်၊ စက်ယန္တရားဝယ်ယူခြင်း သို့မဟုတ် ငှားရမ်းခြင်း၊ ထုတ်ပိုးကတ်များ/ကုန်သေတ္တာများ၊ လုပ်အားခ၊ သယ်ယူပို့ဆောင်စရိတ်၊ ပြင်ဆင်ခြင်းနှင့် ရောင်းချခြင်းအတွက် ကော်မရှင်ခတို့ ဖြစ်ကြသည်။ အခြေခံအဆောက်အအုံသည်လည်း ငွေယိုပေါက်တစ်ခုဖြစ်သည်။ အအေးခန်း၊ ထွန်စက်၊ ဆေးဖျန်း ကိရိယာ၊ ယာဉ်ထားစရာနေရာ သို့မဟုတ် လမ်း လိုအပ်သလား။ ဤကြီးမားသော ကုန်ကျစရိတ် များကို လုံလုံလောက်လောက် ငွေကြေးထောက်ပံ့ရန် လိုအပ်သည်။ အခြားနည်းလမ်းမှာ ကန်ထရိုက် စနစ် ဖြင့် ဆေးဖျန်းခြင်း သို့မဟုတ် မြေယာခွဲခြမ်းလုပ်ကို်င်ခြင်း၊ ကိရိယာကို ငှားရမ်းခြင်း သို့မဟုတ် အအေးခန်းကို မျှဝေသုံးစွဲခြင်းတို့ကဲ့သို့သော ရွေးချယ်စရာများလည်းရှိသည်။ ပြန်ရငွေများသည် မျှော်လင့်သည်ထက် ၁၀၊ ၂၀၊ ၃၀% အောက်နိမ့်နိုင်သော ဖြစ်နိုင်ချေရှိသည်ကို ထည့်သွင်းစဉ်းစားရန် အရေးကြီးပါသည်။ ဤအရာတွင် ဈေးကျခြင်းများ၊ သီးနှံဆုံးရှုံးခြင်း သို့မဟုတ် အထွက်ကျခြင်း၊ ဈေးကွက်နှင့်ပြဿနာရှိခြင်း သို့မဟုတ် နာမကျန်းဖြစ်ခြင်း သို့မဟုတ် ပုဂ္ဂလိကပြဿနာ တို့ကြောင့်တောင် ဖြစ်နိုင်သည်။ ရနိုင်သည့် လုံလောက်သော ရင်းမြစ်များရှိရန် အရေးပေါ်ကိစ္စများလည်း စီမံကိန်းတွင် ပါဝင်ရမည်။ သယ်ယူပို့ဆောင်ရာတွင် သီးနှံပျက်ဆီးမှုအတွက် အာမခံကို ထည့်သွင်းစဉ်းစားရမည်။ ဈေးနှုန်း အကြောင်းကြားစာနှင့် ပျက်စီးသော ပစ္စည်းအတွက် အကျိုးဆောင်နှင့် တင်းကျပ်သော အစီအမံလုပ်ထား ရန် လိုအပ်သည်။ ပစ္စည်းပို့ပေးသောအခါ ချက်ချင်းငွေရရန် အရေးကြီးသည်။ အရောင်းအ၀ယ်အားလုံး၏ ကောင်းမွန်သောမှတ်တမ်းများ လိုအပ်သည်။ အချို့ဈေးကွက်များတွင် အကျိုးဆောင်များသည် ငွေကြေးပြတ်လပ်ပါက ၄င်းတို့၏ ငွေတောင်းခံလွှာအတိုင်း ဈေးကွက် အာဏာပိုင် ကို ပေးချေရမည်ဟူသော စာချုပ်ရှိသဖြင့် ဖြစ်နိုင်ဖွယ်ရာအားလုံးကို စုံစမ်းပါ။ ကုန်ကျစရိတ်အားလုံးကို စစ်ဆေးပြီးသည်နှင့် စုစုပေါင်းဝင်ငွေကို နှိုင်းယှဉ်ရန် အရေးကြီး သည်။ ခက်ခက်ခဲခဲလုပ်ခဲ့ရသည့် သီတင်းပတ် သို့မဟုတ် လ တွေအတွက် ကျန်တဲ့ ငွေပမာဏဟာ ထိုက်တန်ပါ သလား။ #ကျွမ်းကျင်မှုများနှင့်သင်တန်းတက်ခြင်း တစ်ကိုယ်ရည်ကျွမ်းကျင်မှုများနှင်အရည်အသွေးကောင်းများမှာ ကြည့်ကောင်းပါစေ။ သီးနှံတစ်ခုကို အောင်မြင်စွာ စိုက်ပျိုးပြီး ခူးဆွတ်ရိတ်သိမ်းဖို့ ကျွမ်းကျင်မှု အလုံအလောက်ရှိပြီလား။ သတင်းအချက် အလက်များရဲ့ ရင်းမြစ်များက ဘာတွေလဲ။ ဘယ်သူ့ဆီကနေ လေ့လာသင်ယူနိုင်သလဲ။ အတွေ့အကြုံရှိ သော ထုတ်လုပ်သူတစ်ယောက်ဆီမှာ အလုပ်လုပ်ဖို့အချိန်နည်းနည်းပေးလျှင် အကျိုးရှိနိုင်သည် သို့မဟုတ် သေးငယ်သောစမ်းသပ်ကွက်တစ်ခုကို စိုက်ကြည့်ဖို့ ထည့်သွင်းစဉ်းစားပါ။ သင်တန်းပုံစံအချို့လည်း တက်ရန်လိုအပ်သည်။ အဆိပ်ရှိပိုးသတ်ဆေးများကို သုံးစွဲရန် စိုက်ပျိုးရေး ဦးစီးဌာန၊ သီးနှံကာကွယ်ရေးဌာနခွဲက ဖွင့်လှစ်သော လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်းကို တက်ရန် မရှိမဖြစ် လိုအပ်သည်။ ရောင်းချမည့် ဈေးကွက်အပေါ်မူတည်ကာ အသိအမှတ်ပြု ၀ယ်ယူသူ သို့မဟုတ် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေးကို စစ်ဆေးသူလည်း လိုအပ်ကောင်းလိုအပ်နိုင်ပါသည်။ ဒေါက်တာကိုကို (စိုက်ပျိုးရေး) (၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ - ၂၀ ရက်နေ့ထုတ်၊ ငွေပင်လည်ဂျာနယ်၊ အတွဲ-၈၊ အမှတ်-၁၈)