သူဌေးတွေရဲ့ ငွေတပြားမှ မကုန်တဲ့ အကျင့် ၉ မျိုး

သူဌေးတွေရဲ့ ငွေတပြားမှ မကုန်တဲ့ အကျင့် ၉ မျိုး

၁)တရားထိုင်တယ်
ကျွန်တော် အောင်မြင်ရတဲ့ အဓိအကြောင်းရင်းကတော့ တရားထိုင်လို့ပါပဲ လို့. Bridgewater Associates ကို ထူထောင်သူ ရေးဒါလီယိုက ပြောပါတယ်။ သူ တစ်ယောက်တည်း မထင်ပါနဲ့။ အိုပရာ ၀င်းဖရေး၊ ရူးပတ်မားဒေါ့ စတဲ့ အောင်မြင်ကျော်ကြားသူတွေဟာ တရားထိုင်တတ်ကြပါတယ်။
ခန္ဓာကိုယ် နဲ့စိတ်ကို ဖြေလျှော့တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေး နဲ့ ညီညွတ်တာတွေ စားတာ၊ အိပ်ရေး၀၀အိပ်တာ အားလုံးဟာ အောင်မြင်မှုရစေတဲ့ အကြောင်းတရားတွေထဲမှာ ပါပါတယ်။
(၂)အိပ်၇ာစောစောထတယ်
သမ္မတ အိုဘားမား၊ တင်ကွတ် စတဲ့သူတွေဟာ စောစောထတဲ့သူတွေ ဖြစ်ပါတယ်။ စောစောထတာနဲ့ အောင်မြင်တာ ဘာဆိုင်လို့လဲ ။ အကြောင်းကတော့ စောစောထတဲ့သူတွေဟာ သူများတွေထက် တုံ့ပြန်တဲ့နေရာမှာ စောတယ်၊ လေ့ကျင့်ခန်း လုပ်ဖို့၊ ကိုယ့်တကိုယ်ရည်အတွက် အချိန်ပေးဖို့ အချိန်ရတယ်။ သည်တော့ သူများထက် ခေါင်းတစ်လုံး သာတာပေါ့။
(၃)ဆက်ဆံရေး ကောင်းတယ်
အောင်မြင်သူတွေဟာ ဆက်ဆံရေးကောင်းဖို့ အရေးကြီးကြောင်း သိတယ်။ ဆက်ဆံရေး ကောင်းသူတွေဟာ အလုပ်မှာ ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်တာကို သုတေသနတွေအရလည်း သိရတယ်။ အပြန်အလှန်ဆက်ဆံရေး ကောင်းတဲ့အတွက် အောင်မြင်သူတွေဟာ ပိုပြီးတီထွင်နိုင်စွမ်း မြင့်မားလာတယ်။ ဒေးကာနယ်ဂျီရဲ့ မိတ္တဗလဋီကာ မှာ အောင်မြင်သူတွေဟာ ညည်းညူဝေဖန်လေ့ မရှိဘူးလို့ ရေးထားတယ်။ ရိုးသားဖို့၊ စာနာနားလည်ဖို့ပဲ ကြိုးစားကြပါတယ်တဲ့။
(၄)အလုပ်တစ်ခုမဟုတ် တစ်ခု လုပ်နေတယ်
အောင်မြင်တဲ့သူတွေဟာ တွေဝေငေးငိုင်နေလေ့မရှိဘူး။ တစ်ပတ်ကို နာရီ ၈၀ ကနေ ၁၀၀ လောက်အထိ အလုပ်လုပ်တတ်တဲ့ Elon Musk က `စွန့်ထွင်လုပ်ငန်းရှင်တစ်ယောက် အောင်မြင်ဖို့မရှိမဖြစ်လိုအပ်တဲ့ လုပ်ငန်းကျင့်ဝတ်တစ်ခုက ဒါပဲ´လို့ ပြောပါတယ်။
(၅)ဘယ်အချိန် ငြင်းဆန်ရမယ် ဆိုတာ သိတယ်
အောင်မြင်သူတွေနဲ့ ဒိတ်ဒိတ်ကြဲ အောင်မြင်သူတွေကြား ကွာခြားချက်ကတော့ ဒိတ်ဒိတ်ကြဲ အောင်မြင်သူတွေဟာ အားလုံးနီးပါးကို ငြင်းဆန်တတ်ကြတယ် တဲ့။ ၀ါရင်းဘတ်ဖက်ရဲ့ စကားပါ။
အဖျက်သဘောတွေ၊ အလုပ်ပိုတွေ၊ အချိန်ကုန်စေတဲ့ လှုပ်ရှားမှုတွေကို ငြင်းဆန်ခြင်းအားဖြင့် အလုပ်အပေါ် အာရုံပိုစိုက်နိုင်တာကို အောင်မြင်သူတွေက ကောင်းကောင်းသဘောပေါက်ကြတယ်။ လူတိုင်းကို၊ အရာရာတိုင်းကို လက်ခံပြီး လုပ်နေမယ်ဆိုရင် အာရုံတွေများပြီး ကိုယ်တကယ်လုပ်ရမယ့်အလုပ် ပြီးတော့မှာ မဟုတ်ပါဘူး။
(၆)တီဗီမကြည့်ဘူး၊ စာဖတ်တယ်
‘Rich Habits: The Daily Success Habits Of Wealthy Individuals” စာအုပ်ကိုေ၇းခဲ့တဲ့ သောမတ်ကာလေးက သူဌေး ၆၇ %ဟာ တစ်နေ့ကို တီဗီ ၁ နာရီနဲ့ အောက်ပဲ ကြည့်တယ်လို့ ရေးထားပါတယ်။ဖြစ်ရပ်မှန် အစီအစဉ်တွေကို သာမာန်လူ ၇၈%က ကြည့်နေချိန်မှာ သူဌေးထဲက ၆%ကပဲ ကြည့်ကြပါတယ်တဲ့။
ဒါ့အပြင် တနေ့ကို စာ နာရီဝက်ကျော်ကျော် ဖတ်တယ်လို့ ပြောတဲ့ သူဌေးက ၈၈%ရှိပါတယ်။
(၇)မနေ့ညကတည်းက လုပ်မယ့်စာရင်းကို ရေးထားတယ်
အောင်မြင်သူတွေဟာ မနေ့ညကတည်းက လုပ်မယ့်စာရင်းကို ရေးထားတယ်။ ဒါမှ နောက်နေ့မှာ ဦးစားပေးလုပ်ရမှာတွေကို သူတို့ သိနိုင်မှာ ဖြစ်တယ်။
(၈)ပန်းတိုင်ချမှတ်ပြီး ပုံဖော်တယ်
အောင်မြင်သူ ၉၅%ဟာ သူတို့ ပန်းတိုင်တွေ၊ အစီအစဉ်တွေ၊ အောင်မြင်ရေးအတွက် ယူဆချက်တွေကို အမြဲပုံဖော်တဲ့ အကျင့်ရှိတယ်လို့ တွေ့ရပါတယ်။ ညကတည်းက ဒါမှမဟုတ် မနက်စောစောမှာ အဲဒီလို ကြိုတင်စဉ်းစားထားတော့ ကြုံလာတဲ့ အခက်အခဲတွေကို ကျော်လွှားဖို့လည်း အဆင်သင့်ဖြစ်နေကြပါတယ်တဲ့။
(၉)ပိုက်ဆံကို စီမံခန့် ခွဲတတ်တယ်
အောင်မြင်တဲ့လူတွေ ဒီနေရာကို ရောက်နေတာက သူတို့ဟာ ငွေကို ကောင်းကောင်း စီမံခန့် ခွဲတတ်လို့ပါပဲ။ ငွေကို ချင့်ချိန်ရင်းနှီးမြှုပ်နှံတယ်၊ အခွင့်အလမ်းသစ်တွေ ရှာထားတယ်၊ အရေးပေါ်အတွက်လည်း ဖယ်ထားသေးတယ်။ သူတို့ဟာ လိုအပ်နေသူတွေကို လှူဒါန်းဖို့လည်း လက်မတွန့်တတ်ကြတာ တွေ့ရပါတယ်။
ကံ၊ဥာဏ်၊၀ီရိယ ပေါင်းရင် အောင်မြင်မယ်လို့ ဆိုရိုးရှိပါတယ်။ ဥာဏ်နဲ့ ၀ီရိယ ကောင်းဖို့ ပြင်ဆင်ထားသူအတွက် ကောင်းတဲ့ကံက တချိန်ေ၇ာက်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။
(စုပြည့်စုံ)
Startup Idea တစ်ခုအတွက် စဉ်းစားရမယ့် အချက် (၁၀)ချက်

Startup Idea တစ်ခုအတွက် စဉ်းစားရမယ့် အချက် (၁၀)ချက်

Startup Idea တစ်ခုအတွက် စဉ်းစားရမယ့် အချက် (၁၀)ချက်
12:49 PM featured, Startups

Idea ဆိုတာတကယ်တော့ အရေးမကြီးလှပါဘူး.။ တကယ်အရေးကြီးတာက အဲဒီ Idea ကို ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်.။ ကမ္ဘာ့အတော်ဆုံးပါဆိုတဲ့ Entrepreneur တွေတောင်မှ သာမာန် Idea လေးတစ်ခုကို လုပ်ရင်း ကျရှုံးသွားနိုင်ပါတယ်.။

Founder Institute ရဲ့ Founder နဲ့ CEO ဖြစ်သူ Adeo Ressi ဟာ idea ကို ချဉ်းကပ်ရာမှာ အသုံးဝင်တဲ့ Structure တစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်.။ အောက်ပါအချက်များကို သင့် Idea နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ပါ.။ ကိုက်ညီတယ်ဆိုရင်တော့ သင်ဟာ အောင်မြင်မှုလမ်းစပေါ် ရောက်နေပြီလို့ ဆိုနိုင်ပါတယ်.။

(၁) သင့်နှလုံးသားက လိုလားတောင့်တနေတဲ့ အရာဖြစ်ရဲ့လား...
သင့်အနေနဲ့ ပိုက်ဆံရဖို့အတွက်ပဲ ရည်ရွယ်ထားတယ်ဆိုရင်တော့ ဒီနေရာမှာတင် ရပ်လိုက်ပါ.။ ပိုက်ဆံဆိုတာ သင့်ကို စိတ်ဓါတ်တက်ကြွအောင် လုပ်နိုင်တာမှန်ပေမယ့် အခက်အခဲနဲ့တွေ့တဲ့အခါ ကျော်လွှားဖို့ တွန်းအားပေးဖို့ မလွယ်ပါဘူး.။

သင့်ရဲ့ Idea ကို နောက် (၁၀) နှစ်ကြာအထိ ဒီပုံအတိုင်း ဆက်ပြီး လုပ်နိုင်မလား စဉ်းစားပါ.။

(၂) Simple ဖြစ်ရဲ့လား.။
Idea အကြီးကြီးတွေဟာ မွေးဖွားလာတာမဟုတ်ပါဘူး.။ အရင်ရှိပြီးသားပေါ်မှာ တိုးတက်ပြောင်းလဲလာခြင်း ဖြစ်ပါတယ်.။ Mark Zuckerberg ဟာ ထိုင်နေရင်းနဲ့ ထပြီး "ငါတော့ Social Network ထောင်ဦးမှ” လို့ စဉ်းစားမိတာမဟုတ်ပါဘူး.။

ကမ္ဘာကို ပြောင်းလဲခဲ့တဲ့ Idea တော်တော်များများဟာ အစပိုင်းမှာ ရိုးရိုးလေးစခဲ့ပြီး ခုကျနော်တို့ မြင်နေရတဲ့အနေအထားအထိကို အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့တာဖြစ်ပါတယ်.။ လူတစ်ယောက်ရဲ့ ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကနေ စတင်ပါ.။

(၃) ငွေဝင်မယ့်လမ်းကြောင်း အနည်းဆုံး တစ်ခု ရှိရဲ့လား.။
Startup အချို့ဟာ ဝင်ငွေလမ်းကြောင်း (၁) ခုထက်မနည်း ရှိနိုင်ပါတယ်.။ (၄-၅) ခုလဲဖြစ်နိုင်ပါတယ်.။ သင့်လုပ်ငန်းကနေ ဝင်ငွေလမ်းကြောင်း (၁) ခုတော့ အနည်းဆုံးရှာကြည့်ပါ.။ (၁) ခုမှကို ရှာမရဘူးဆိုရင်တော့ လုပ်မနေပါနဲ့တော့.။

(၄) ဝင်ငွေရဖို့ အဆင့်ဘယ်နှဆင့်လောက် ကျော်ဖြတ်ရမလဲ.။
သင့်အတွက် ပထမဆုံးအကြိမ် ဝင်ငွေရဖို့ အဆင့်ဘယ်လောက်လောက်လိုမလဲဆိုတာ စဉ်းစားပါ.။ အဆင့် (၃) ဆင့်အတွင်း ရမယ်ဆိုရင် အကောင်းဆုံးပါ.။

(၅) Customer ကိုသိရဲ့လား.။
သင့်ရဲ့ Product/Service ကို အငမ်းမရလိုအပ်နေတဲ့ Customer တစ်ယောက်တော့ ရှိကိုရှိရပါမယ်.။ အဲဒီ Customer ကိုရှာပါ.။ သူ့လိုအပ်ချက်အတိုင်း လိုက်လုပ်ပါ.။

ရှာမရဘူးဆိုရင် ကိုယ့်ကိုကိုယ် Customer အနေနဲ့စဉ်းစားပါ.။ ကိုယ့်အတွက်ကိုယ် လုပ်ပါ.။

(၆) ဈေးကွက်ကို သိရဲ့လား.။
ဘယ်အတိုင်းအတာထိ အောင်မြင်မှုရနိုင်မလဲ ဆိုတာကို စဉ်းစားပါ.။ ကိုယ်ဖောက်ရမယ့် ဈေးကွက်ကို သတ်မှတ်ပြီး လေ့လာပါ.။

(၇) ကြီးမားတဲ့ ဈေးကွက်တွေကို ရည်ရွယ်ပါ.။
လူ (၁၀)သန်းအောက်သာ user ရှိနိုင်တဲ့ ဈေးကွက်တွေထဲက ကုမ္ပဏီတွေဟာ ဒေါ်လာဘီလီယံချီပြီး တန်ဖိုးရှိလာဖို့ မလွယ်ကူပါဘူး.။ ဒါကြောင့် ဈေးကွက်အသေးစားလေးတွေကို သိမ်းပိုက်ရင်း အချိန်ကုန်မခံပါနဲ့.။ ပိုကြီးတဲ့ ဈေးကွက်ကို ရည်ရွယ်တက်လှမ်းပါ.။

(၈) Unique ဖြစ်ပါ (သို့) ဝှက်ဖဲရှိပါ.။
သင်ရည်ရွယ်တဲ့ ဈေးကွက်အတွင်းရှိပြီးသား သင့် Product/Service နဲ့ ပြိုင်ဘက်တွေထက် သင့်မှာသာတဲ့အချက် ဘာရှိပါသလဲ.။ သင်က ပိုကျွမ်းကျင်လား.။ ဝှက်ဖဲကိုင်ထားသလား.။ သို့မဟုတ် သင်တစ်ယောက်တည်းရှိသလား စဉ်းစားပါ.။

(၉) Negative အတွေးအခေါ်တွေကို ဖျက်ဆီးပါ.။
သင့် Idea ကို ဆန့်ကျင်ဖျက်ဆီးတဲ့ အခြား Negative အတွေးအခေါ်တွေကို ရှာပါ.။ တစ်ခုပြီးတစ်ခု ဖြေရှင်းကြည့်ပါ.။

(၁၀) Idea ကို မျှဝေပါ.။ အကြံဥာဏ်တောင်းခံပါ.။
ကိုယ့် Idea ကို သူများယူသွားမလားလို့ မစိုးရိမ်ပါနဲ့.။ Feedback တောင်းခံပါ.။ ရတတ်သလောက် လူများကို မေးပါ.။

အထက်ပါအချက်များကို တစ်ခုပြီးတစ်ခု လုပ်ဆောင်ပြီးပြီဆိုရင်တော့ သင်ဟာ ပြေးလမ်းပေါ်ရောက်ပါပြီ.။ သင့် Idea ကို စတင်အကောင်အထည်ဖော်လို့ရပြီ ဖြစ်ပါတယ်။

Aung Mon Chan:
Marketing ရဲ့သဘောတရားများ

Marketing ရဲ့သဘောတရားများ

လူတွေသတိပြုမိအောင်(Marketing ရဲ့သဘောတရားများ---
ခေတ်သစ်ဘ၀ကြီးဟာသတိပြုဆင်ခြင်စရာတွေနဲ့ပြည့်နှက်နေပါတယ်။သင့်ကိုအာရုံစူးစိုက်စေတဲ့သတိပြု ဖွယ်ရာတွေကိုကြည့်လိုက်ပါ။လုပ်စရာအလုပ်တွေလည်းရှိတယ်။ဖုန်းခေါ်စရာလည်းရှိတယ်။ e-mail တွေ လည်းစစ်ဖို့ရှိသေးတယ်။TV လည်းကြည့်ရဦးမယ်။သီချင်းလည်းနားထောင်ချင်တယ်။မရေတွက်နိုင်တဲ့ Web sites တွေကိုလည်းဝင်ကြည့်ဦးမယ်။ဒါကြောင့် လူတိုင်းဟာလုပ်စရာအလုပ်တွေအများကြီးရှိပေမယ့်
ရတဲ့အ ချိန်ကအရမ်းနည်းနေတယ်။
Marketing ရဲ့နိယာမတစ်ခုက သင့်ဝယ်ယူသုံးစွဲနိုင်ချေရှိသူတွေရဲ့အာရုံစူးစိုက်နိုင်စွမ်းဟာအကန့်အသတ် နဲ့ပါ။လူတွေဟာကိုယ်ဂရုစိုက်တဲ့အရာတွေကိုပိုပြီးအာရုံစူးစိုက်ကြပါတယ်။ကိုယ်သိပ်ဂရုမစိုက်တဲ့အရာကို တော့အာရုံစိုက်မှုနည်းပါတယ်။ဒါကြောင့်လူတစ်ယောက်ရဲ့အာရုံစိုက်မှု
ကိုရအောင်လုပ်တာဟာကမ္ဘာမှာရှိ တဲ့တခြားစိတ်ဝင်စားစရာတွေနဲ့သင်ယှဉ်ပြိုင်နေရတာပါ။သတိပြုခံချင်ရင်သင့်ရဲ့ပြိုင်ဘက်တွေထက်ပိုမိုစိတ် ၀င်စားဖို့ကောင်းအောင်လုပ်ဖို့လိုပါတယ်။
သင်ဘာလုပ်နေလဲဆိုတာကိုဘယ်သူမှဂရုမစိုက်ရင်ဘာမှမထူးတော့ပါဘူး။
လမ်းပေါ်မှာအ၀တ်ဗလာနဲ့လိုက် အော်ရင်တော့လူတွေရဲ့အာရုံစိုက်မှုကိုရနိုင်ပါတယ်။
သို့ပေမယ့်စီးပွားရေးလုပ်ရာမှာတော့လူတွေအာရုံစိုက်မှုကိုရတိုင်းကောင်းတာတော့မဟုတ်ပါဘူး။
ကိုယ့်ရဲ့ကုန်ပစ္စည်းကိုဝယ်ယူမယ့်သူတွေရဲ့အာရုံစိုက်မှုကိုရယူနိုင် ပါမှအကျိုးရှိတာပါ။
သင့်ကိုအာရုံစိုက်ပြီးသင့်ထုတ်ကုန်ကိုအမှန်တကယ်တကယ်ဝယ်ယူမှအကျိုးရှိတာပါ။ဒါ မှမဟုတ်ရင်တော့သင့်အချိန်ကိုဖြုန်းတီးရာပဲရောက်ပါလိမ့်မယ်။
သူများအာရုံစိုက်ခံရတာဟာကောင်းပါတယ်။ဒါပေမယ့်စီးပွားရေးလုပ်တာအမြတ်ရဖို့ပါ။ပေါ်ပြူလာဖြစ်အောင် ပြိုင်ရတဲ့ပြိုင်ပွဲမဟုတ်ပါဘူး။ပြည်တွင်းရုပ်သံမှာတင့်ဆက်ခံရတာ၊
web site တွေမှာအတင်ခံရတာဟာအရမ်း ကောင်းပါတယ်။သို့ပေမယ့်ဒီလိုအရာတွေကသင့်ပစ္စည်းတွေတကယ်ရောင်းရအောင်သိပ်မလုပ်နိုင်ပါဘူး။လူ တွေအားလုံးရဲ့
အာရုံစိုက်မှုရအောင်မကြိုးစားပါနဲ့။
သင့်ကုန်ပစ္စည်းတွေကိုဝယ်ယူနိုင်ချေရှိတဲ့သူတွေရဲ့အာရုံစိုက်မှုကိုသာရအောင်ယူပါ။
ဒါဆိုရင်သင့်စီးပွားရေး အောင်မြင်လာပါလိမ့်မယ်။
သင့်ပစ္စည်းတွေကိုတန်ဖိုးရှိအောင်၊သုံးစွဲသူတွေအတွက်အသုံးဝင် အောင်ဖန်တီးပေးနိုင်ရုံနဲ့
မလုံလောက်ပါဘူးဗျာ။သင်ဖန်တီးထား တဲ့ပစ္စည်းတွေကသုံးစွဲသူတွေအတွက်အရမ်းအသုံးဝင်တယ်။အ ရမ်းသင့်တော်တယ်။သို့ပေမယ့်သင်ထုတ်လုပ်ဖန်တီးလိုက်တဲ့ ပစ္စည်းကိုဘယ်သူမှမသိရင်၊ဘယ်သူမှသတိမပြုမိရင်အချည်းနှီးပါ ပဲဗျာ။ဘယ်သူမှမသိရင်သူတို့ဟာသင့်ရဲ့ဝယ်ယူသုံးစွဲသူတွေဖြစ်လာမှာမဟုတ်ပါဘူးဗျာ။
အောင်မြင်တဲ့စီးပွားရေးတိုင်းဟာဝယ်ယူသုံးစွဲသူတွေစိတ်ဝင်စား အောင်နည်းလမ်းတွေကိုအမြဲတမ်းရှာကြပါတယ်။
Marketing ဆိုတာက ၀ယ်ယူသုံးစွဲသူတွေကိုရှာဖွေတဲ့ပညာရပ် ပါဗျာ။အကောင်းဆုံးစီးပွားရေး
လုပ်ငန်းတွေဟာဝယ်ယူသုံးစွဲသူ တွေကိုအလျင်မြန်ဆုံးနဲ့ ကုန်ကျမှုအနည်းဆုံးရှာဖွေနိုင်တဲ့သူတွေ ပါ။ဝယ်ယူသုံးစွဲသူတွေကိုများများရှာဖွေနိုင်လေလေ သင့်စီးပွား ရေးလုပ်ငန်းအောင်မြင်လေလေပါပဲ။
Marketing ဟာ ရောင်းချခြင်းဆိုတဲ့ selling နဲ့မတူပါဘူးဗျာ။အဲ direct marketing ကျတော့ဝယ်ယူသူတွေကိုဆွဲဆောင်တဲ့အချိန် နဲ့ရောင်းချတဲ့အချိန်ကိုတိုအောင်ချုံ့ထားတာပါ။
ဝယ်ယူသုံးစွဲသူတွေသတိပြုမိအောင် လူသိများလာအောင်လုပ် တာကို marketing လို့ခေါ်ပါတယ်။ sales ဆိုတဲ့ ရောင်းချခြင်းကျ တော့ ၀ယ်ယူသူနဲ့ရောင်းချသူကြားသဘောတူညီမှုရအောင်လုပ်တာကိုခေါ်ပါတယ်။
Marketing ကိုစီးပွားရေးသာမက၊နိုင်ငံရေး၊ NGO , INGO စတဲ့ လူမှုအခြေပြုအဖွဲ့အစည်းတွေမှာ
ပါကျင့်သုံးနေကြပါတယ်။
အရိုးရှင်းဆုံးထပ်ပြောပါရစေ။ Marketing ဆိုတာ ၀ယ်ယူသူတွေ သတိပြုမိအောင်၊
လူသိများအောင်လုပ်တာပါပဲ။
စီးပွားရေးအသိပညာတိုးပွားနိုင်ကြပါစေ ဗျာ။
Credit By: စီးပွားရေးပညာ