ဂရန်ဆိုသည်မှာ

ဂရန်ဆိုသည်မှာ

ဂရန်ဆိုသည်မှာ ဂရန်မြေဆိုတာ သတ်မှတ်ပြဋ္ဌာန်းချက်တွေ ၊ နည်းဥပဒေတွေ ရှိပြီးသားပါ။ လိုက်နာဖို့၊ ဘယ်လိုလိုက်နာရတယ်ဆိုတာ သိဖို့ပဲ လိုပါတယ်။ •ဂရန် ၁။ မြို့မြေများမှာ လူနေထိုင်ရန်(Residential Purposes)အတွက်ဖြစ်စေ၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး၊ မြို့ပြဖွံ့ဖြိုးရေး၊ စည်ပင်သာယာရေး စတဲ့ ကိစ္စရပ်များအတွက် ဖြစ်စေ၊ မြို့မြေကို တနည်းနည်း အသုံးပြုလိုရင် အစိုးရထံက မြေငှားစာချုပ်နဲ့ မြေငှားရမ်းသုံးစွဲခွင့် လျှောက်ထားရပါတယ်။ မြေငှားစာချုပ်ကို ဂရန်(Lease)လို့ ခေါ်ပါတယ်။ အပိုင်သဘောမျိုး ချထားတာကတော့ Grant လို့ ခေါ်ပါတယ်။ အခုတော့ Grant ရော၊ Lease ရောကို ဂရန်လို့ပဲ ခေါ်ကြပါတယ်။ •ဂရန်လျှောက်ထားခြင်း- ၂။ အစိုးရမြေကို (ငှားရမ်း)အသုံးပြုလိုတဲ့ ပုဂ္ဂလိကများ၊ ဋ္ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အသင်းများအနေနဲ့ သက်ဆိုင်ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန၊ ကော်လိပ်တော်အရာရှိထံ လိပ်မူပြီး ဂရန်လျှောက်ထားကြရပါတယ်။ အဲဒီအခါမှာ သက်ဆိုင်ရာ ခရိုင်/မြို့နယ်များရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနများက လျှောက်လွှာကို လက်ခံပြီး အမှုတွဲ ဖွင့်လှစ်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ထို့နောက် အမှုတွဲကို ကြေးတိုင်နှင့်မြေစာရင်းဦးစီးဋ္ဌာနရဲ့ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနရုံးများထံသို့ အစိုးရမှ ချထားပေးနိုင်သော မြေ ဟုတ်-မဟုတ်နှင့် မြေရာဇဝင်ကို စိစစ် မှတ်ချက်ပြု ပြန်ကြားပေးရန်လွှဲပြောင်းပေးပို့လေ့ရှိပါတယ်။ အဲဒီလို ပေးပို့တဲ့ မြို့/မြေ ဂရန်အမှုတွဲတွေကို မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနက မိမိဋ္ဌာနမှာရှိတဲ့ မြို့ကွက်မြေပုံ(Block Maps)၊ မြေရာဇဝင်မှတ်တမ်း(1-A Register)တွေနဲ့ တိုက်ဆိုင်စိစစ်ပြီး လျှောက်ထားတဲ့ မြေနေရာအတွက် မြေရာဇဝင် မှတ်တမ်း ဖော်ပြပေးခြင်း၊ ယင်းမြေနေရာသည် အစိုးရ မြေလွတ်မြေလပ် ဟုတ်-မဟုတ်နှင့် အစိုးရမှ ချထားပေးနိုင်သောမြေ Disposal Land ဟုတ်-မဟုတ် မှတ်ချက်ပြုခြင်း၊ မြို့မြေဧရိယာအတွင်း ကျရောက်ခြင်း ရှိ-မရှိနဲ့ အစိုးရအဆောက်အဦးနှင့် အခြားကိစ္စများ အသုံးပြုရန် လျာထားမြေများအတွင်း ကျရောက်ခြင်း ရှိ-မရှိတို့ကို စိစစ်ပေးခြင်း၊ မြေတန်ဖိုးနဲ့ မြေငှားခများ တွက်ချက်ပေးခြင်း စတဲ့ကိစ္စရပ်တွေကို ဆောင်ရွက်ပေးရပါတယ်။ ဂရန်ထုတ်ပေးတာက ထွေ/အုပ် ဖြစ်ပြီး၊ မြေကို စိစစ်ပေးတာက မြေစာရင်းဋ္ဌာန ဖြစ်ပါတယ်။ ဂရန်ချထားပေးမှုအတွက် ထွေ/အုပ်(G.A)ကသာ အဓိကတာဝန်ခံ ဆောင်ရွက်ပိုင်ခွင့်ရှိပြီး မြေစာရင်းဋ္ဌာနက မြေပုံ(မြေစာရင်း-၁၀၅)၊ မြေယာဇဝင်(မြေစာရင်း-၁၀၆)နဲ့ မြေပေါ်လက်ရှိဖြစ်မှု အခြေအနေကိုသာ စိစစ်ပြန်ကြားရန် တာဝန်ခံရတာဖြစ်ပေမယ့် မြေဆိုရင် မြေစာရင်းက လုပ်တာပဲဆိုတဲ့ အစွဲရှိလေတော့ ဂရန်ကိစ္စနဲ့ တိုင်ကြပြီဆိုရင် မြေစာရင်းဋ္ဌာနကိုချည်း ဦးတည်ပြီး မြေစာရင်းက မတရားဂရန်ထုတ်ပေးထားပါတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုင် တိုင်နေတာ တွေ့ရပါတယ်။ ဂရန်ချထားခြင်း လုပ်ငန်းအတွက် အောက်မြန်မာပြည် မြေနှင့်အခွန်တော် လက်စွဲဥပဒေ၊ အထက်မြန်မာပြည် မြေနှင့်အခွန်တော် စည်းမျဉ်းဥပဒေ၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများဥပဒေတို့က ပြဋ္ဌာန်းထားရှိတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ဋ္ဌာန ၂ ခုရဲ့ သမားစဉ် လုပ်ငန်းတွေကို သတ်မှတ်ထားပြီးသား ဖြစ်တာကို တိုင်တန်းတဲ့သူတွေ သေသေချာချာ သဘောမပေါက်ကြပါဘူး။ ဒါ့ကြောင့် ဂရန်ဆို မြေစာရင်းက ထုတ်ပေးနေတယ် ထင်ကြလို့ ဖြစ်ပါတယ်။ •ဂရန်လုပ်ငန်း၌ ကြေး/မြေ၏ အခန်းကဏ္ဍ ၃။ အမှန်ကတော့ ဂရန်အမှုတွဲကို တာဝန်ခံဆောင်ရွက်တာ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ကော်လိပ်တော်အရာရှိရုံးက ဖြစ်ပေမယ့် ဂရန်လျှောက်မယ့်မြေကို မြေပုံရေးဆွဲပေးရတာ၊ မြေရာဇဝင် ထုတ်ပြန်ပေးရတာအပြင် ဂရန်ပေးနိုင်တဲ့မြေ ဟုတ်-မဟုတ်ကို ဋ္ဌာနရှိ မြေပုံ၊ မြေရာဇဝင်၊ မှတ်တမ်း၊ အထောက်အထားများနဲ့ တိုက်ဆိုင်စိစစ်မှတ်ချက်ပြုရတာက မြေစာရင်းဋ္ဌာနဖြစ်လေတော့ ဂရန်ထုတ်ပေးနိုင်ဖို့ မြေစာရင်းက တာဝန်ယူထားရတဲ့ ကဏ္ဍကလည်း မသေးပါဘူး။ ဂရန်ပေးသင့်တဲ့မြေ မဟုတ်ရင် မဟုတ်ကြောင်း မြေစာရင်းဋ္ဌာနအနေနဲ့ ထောက်ပြရမယ့် တာဝန်ရှိပါတယ်။ ဒါပေမယ့် ပေါင်းစားရင် အရိုးတောင်နူးတယ်ဆိုတဲ့ ခေတ်ကြီးမှာ သမားစဉ်တွေလည်း ပျက်သွားတယ်ထင်ပါတယ်။ ဒါ့အပြင် စစ်အုပ်ချုပ်ရေးဆိုတဲ့ တစ်သွေး တစ်သံ တစ်မိန့်နဲ့ အာဏာရှင်ဆန်ဆန် တာဝန်ပေးအပ်မှုကို စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အောင့်အည်း ဆောင်ရွက်ပေးခဲ့ရတဲ့ ကာလတွေကလည်း တမေ့တမောဆိုတော့ အာဏာပိုင်တွေအကြိုက် လိုက်လုပ်ပေးရာက စာအုပ်ကြီးတွေ၊ လုပ်ထုံးလုပ်နည်းတွေကို အလေးမထား အဖတ်အရှု အလေ့အလာ မရှိတော့ဘဲ ကြုံသလို ဖြစ်သလို လုပ်ပေးတတ်သွားတဲ့ အကျင့်ဆိုး စွဲသွားကြတာ ဋ္ဌာနတိုင်းလိုလိုဖြစ်တော့ကာ ထွေ/အုပ်နဲ့ မြေစာရင်းလည်း မိုးခါးရေသောက်တဲ့အထဲ ရောယောင်ပါသွားတာ မဆန်းပါ။ •အခုခေတ် ဂရန်တချို့ ဥပဒေနဲ့ ညီရဲ့လား ၄။ လုပ်ထုံးလုပ်နည်းကို အလေးမထားခဲ့တဲ့ ကာလတွေရဲ့ အကျိုးဆက်အဖြစ် ယခုအခါမှာတော့ ဂရန်အမှုတွဲတွေ မြေစာရင်းဋ္ဌာနကို ပေးပို့လာတဲ့အခါ မြို့နယ်မြေစာရင်းဦးစီးဋ္ဌာနရုံးတွေဟာ မြို့နဲ့ကျေးရွာမြေများ လက်စွဲဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ လုပ်ငန်းစဉ်များအတိုင်း မိမိတို့ ဆောင်ရွက်ပေးရမယ့် ကိစ္စတွေကို ဥပဒေပြဋ္ဌာန်းချက်နဲ့အညီ နည်းလမ်းတကျ၊ စနစ်ကျနစွာ ဆောင်ရွက်ပေးမှု မရှိတော့တာတွေ၊ ပြည့်စုံစွာ စိစစ် မှတ်ချက်မပြုတော့တာတွေကို တွေ့ရှိလာရပါတယ်။ မြေစာရင်းဋ္ဌာနအနေနဲ့ ပဲခူးဆားလို နေရာတကာ ပါနေရတော့ တခြားအလုပ်တွေ ပိလွန်းတဲ့အခါ မြို့မြေကိစ္စတွေကို လှည့်မကြည့်နိုင်တာလည်း ပါပါတယ်။ စနစ်တကျ မစိစစ်တော့ဘဲ အလွယ်တကူ ဆောင်ရွက်လိုက်တဲ့အခါ အားနည်းချက်တွေ ရှိသွားပြီး အစိုးရမြေလွတ်မြေလပ် မဟုတ်တဲ့ အခြားမြေများ(ဥပမာ- သစ်တောကြိုးဝိုင်းမြေ၊ မီးရထားမြေ၊ လမ်းမြေ၊ ဆည်မြောင်းမြေ၊ စည်ပင်သာယာပိုင်မြေ၊ အစိုးရဋ္ဌာန/ပုဂ္ဂလိကသို့ ချထားပြီးမြေ) စတာတွေကို အစိုးရက ချထားပေးနိုင်သည့်မြေ Land at the disposal by Government လို့ မှားယွင်းမှတ်ချက်ပြုခြင်း၊ ယင်းမြေများကို ဂရန်ချထားပေးရန် ထောက်ခံခြင်း စတဲ့ လွဲမှားတဲ့ မှတ်ချက်ပြု ပြန်ကြားမှုတွေ ဖြစ်လာရပြီး အခြား မသက်ဆိုင်သူတွေအတွက် ချထားမပေးသင့်တဲ့ အစိုးရဋ္ဌာနပိုင်မြေများ၊ အစိုးရ သီးသန့်ထားတဲ့ မြေများပေါ်မှာ ပုဂ္ဂလိကများကို ဂရန်ထုတ်ပေးရန်အထိ ထောက်ခံပေးခဲ့ခြင်းများ ရှိသွားကြပါတယ်။ မြေစာရင်းဋ္ဌာနရဲ့ မြေရာဇဝင်ကို လွဲမှားစွာ မှတ်ချက်ပြု ထောက်ခံပေးချက်အပေါ် မူတည်ပြီး မချထားသင့်တဲ့ မြေများ/ ဂရန်ချထား မပေးနိုင်တဲ့မြေများကို မြေငှားဂရန် ထုတ်ပေးမိခဲ့လို့ ပြဿနာဖြစ်ပွားရတဲ့ ကိစ္စရပ်တွေ၊ အရှုပ်အရှင်းဖြစ်ရတာတွေ အများကြီး ပေါ်ပေါက်လာပါတယ်။ မနေ့တနေ့ကအထိ ဋ္ဌာနမှာ ဂရန်မြေအရှုပ်အရှင်းအတွက် အရေးယူခဲ့ရသူတွေ ရှိနေဆဲဖြစ်ပါတယ်။ ကြေး/မြေဋ္ဌာနဝန်ထမ်းတွေကို မြေရာဇဝင်မှတ်တမ်း မှားယွင်းထုတ်ပေးမှုအတွက်နဲ့ မြေပုံအမှား ထုတ်ပေးမှုအတွက် အရေးယူခံရတဲ့ ဖြစ်စဉ်တွေလည်း နားမဆံ့အောင် ကြားဖူးကြမှာပါ။ ကျွန်တော်တို့ချည်းပဲတော့ မဟုတ်ဖူးပေါ့။ G.A နဲ့ အခြားဋ္ဌာနက ဆရာတွေလည်း ထိတာပါပဲ။ စစ်ကိုင်တိုင်းက ဂရန်မှားပေးမိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးတို့၊ မော်လမြိုင်ရဲတပ်ဖွဲ့မြေ အငှားချတဲ့ကိစ္စအတွက် သက်ဆိုင်ရာ တိုင်းအဆင့် တာဝန်ရှိသူတို့ စသည်ဖြင့် မြေကိုင်သွားတာတွေ အများကြီးပါ။ မြေဆိုတာ ဒီဘက်ခေတ်မှာ တန်ဖိုးမြင့် ပစ္စည်းတစ်ရပ် ဖြစ်လာနေတော့ အကိုင်အတွယ်မှားခဲ့ရင် တစ်ချိန်မှာ အရိုးတွန်တတ်ပါတယ်။ အဲဒါကြောင့်မို့ ဋ္ဌာနက လူငယ်သွေးသစ်တွေအတွက်ရော ပြင်ပက ဗဟုသုတအဖြစ် သိမှတ်ချင်တဲ့ ပုဂ္ဂိုလ်များအတွက်ပါ ဂရန်ချထားမှုနဲ့ပတ်သတ်တဲ့ သိသင့်တဲ့ အချက်လေးတွေ၊ သမားစဉ် လုပ်ထုံးလုပ်နည်းလေးတွေကို တင်ပြပေးလိုက်ပါတယ်။ •မည်သည့်မြေများကို ဂရန်ချထားနိုင်သလဲ ၅။ ဂရန်အကြောင်း ပြောကြတဲ့အခါ မြို့မြေဆိုတာ ဘာလဲ၊ အစိုးရမှ စီမံချထားနိုင်သောမြေဆိုတာ ဘာလဲ ဆိုတာကို အစပြု ပြောရပါတယ်။ မြို့မြေ အဝန်းအဝိုင်းအတွင်း ကျရောက်ပြီး အစိုးရမှ ချထားနိုင်သောမြေ ဖြစ်မှသာလျှင် ဂရန်ပေးလို့ ရပါတယ်။ ဒါကြောင့်မို့ မြို့မြေနဲ့ပတ်သက်တဲ့ တည်ဆဲဥပဒေ၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်း၊ လမ်းညွှန်ချက်အချို့နဲ့ ဝေါဟာရရှင်းလင်းချက်တွေကို အောက်ပါအတိုင်း အကျဉ်းချုပ် ဖော်ပြလိုပါတယ်။ (က) အစိုးရစီမံချထားပိုင်ခွင့်ရှိသောမြေ ( LAND AT THE DISPOSAL OF GOVERNMENT ) အစိုးရမှ စီမံချထားပိုင်ခွင့်ရှိသောမြေ( Land at the disposal of Government )ဆိုတာကတော့ မြို့မြေမှာ အသုံးများတဲ့ ဝေါဟာရတစ်ခုပါ။ Disposal Land လို့ ခေါ်ကြပါတယ်။ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ အက်ဥပဒေ ပုဒ်မ(၂)၊ ပုဒ်မ(၃)၊ ပုဒ်မ(၄)တို့မှာ ဖော်ပြထားချက်အရ မြို့မြေ ရွာမြေအဖြစ် သတ်မှတ်ထားတဲ့ ဧရိယာအတွင်း ကျရောက်ပြီး မည်သူ တစ်ဦးတစ်ယောက်ကိုမျှ ပေးအပ်ထားခြင်း မရှိသေးတဲ့ မြေများ၊ လက်ရှိ ဦးပိုင်ပေါက် ပိုင်ဆိုင်ထားခြင်း မရှိတဲ့ မြေများ၊ မည်သူမျှ လက်ဝယ်ထားရှိပိုင်ခွင့် မရရှိသေးတဲ့ မြေများကို ခေါ်တာဖြစ်ပါတယ်။ အဲဒီ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိတယ်ဆိုတဲ့ မြေထဲမှာ လူနေထိုင်ရန်အတွက် လည်းကောင်း၊ စိုက်ပျိုးရေးအတွက် လည်းကောင်း အသုံးပြုခွင့်ရရှိထားတဲ့၊ သုံးနေတဲ့ မြေတွေ မပါရပါဘူး။ ထို့အတူ ရုံး၊ စက်ရုံအလုပ်ရုံ၊ တပ်ရင်းတပ်ဖွဲ့၊ မီးရထား၊ သစ်တော၊ ဆည်မြောင်း၊ လမ်း၊ တံတား စတဲ့ အစိုးရဋ္ဌာနများမှ အသုံးပြုရန် သတ်မှတ်ထားပြီးတဲ့ မြေများလည်း မပါဝင်ပါဘူး။ ထို့အတူ သာသနာ၊ သုဿန်၊ အင်းအိုင် စတဲ့ သီးခြား သတ်မှတ် ချထားပေးပြီးသော မြေများလည်း မပါဝင်ပါဘူး။ ယခင်က Disposal Land ဖြစ်ခဲ့လို့ မြေငှားဂရန် ထုတ်ပေးထားတဲ့ မြေသည်ပင် နိုင်ငံတော်ပိုင် မြေဖြစ်သော်လည်း အဆိုပါ ထုတ်ပေးထားတဲ့ မြေငှားဂရန် သက်တမ်းကုန်ဆုံးခြင်း မရှိသေးသမျှ အစိုးရမှ ချထားပေးနိုင်သောမြေအဖြစ် ချထားပေးလို့ မရနိုင်သေးပါဘူး။ ဂရန်သက်တမ်းအရ သုံးစွဲခွင့် ကျန်ရှိနေသေးတဲ့မြေကို ( Land at the disposal of Government )အစိုးရမှချထားနိုင်သောမြေလို့ မသတ်မှတ်နိုင်ပါဘူး။ တစ်ဦးတစ်ယောက်ကို ချပေးပြီးဖြစ်နေတဲ့ သက်တမ်းအတွင်း သက်တမ်းမကုန်မချင်း ယင်းမြေကွက်ကို အခြားတစ်ယောက်သို့ ပြောင်းလဲချထား၍ မရပါဘူး။ ချထားလိုရင်တော့ မူလအမှုတွဲကို ပြန်လည် ဖျက်သိမ်းပေးရပါမယ်။ (မူလချထားပေးမှုကို ပြန်ဖျက်မှ အစိုးရမြေလွတ် ပြန်ဖြစ်၊ ဒါမှသာ နောက်တစ်ယောက်ကို ချထားနိုင်ပါတယ်)။ သက်တမ်းမကုန်သေးတဲ့မြေကို ချထားမိရင် Law of Contract ပဋိဉာဉ်ဥပဒေကို ဖောက်ဖျက်ရာ ကျပါတယ်။ မြေတစ်ကွက်ကို ဂရန်ချထားပေးနိုင်ရန်မှာ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဖြစ်မှသာလျှင် ချထားပေးနိုင်တာဖြစ်တဲ့အတွက် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်-မဟုတ်အတွက် မြေယာမှတ်တမ်း ထိန်းသိမ်းကိုင်တွယ်တဲ့ မြေစာရင်းဋ္ဌာနရဲ့ မှတ်ချက်ဟာ အလွန်အရေးပါတယ်ဆိုတာ သတိပြုရပါမယ်။ အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ မဟုတ်ရင် မဟုတ်ကြောင်းကို မြေစာရင်းရဲ့ ပြန်ကြားချက်မှာ တိတိကျကျဖော်ပြရန် လိုပါတယ်။ (မြို့မြေမှူးကိုယ်တိုင်က Disposal Land ဆိုတာ ဘာလဲဆိုတာ မသိရင်တော့ မှတ်ချက်အမှားအယွင်းတွေကို ကော်လိပ်တော်အကြိုက် လိုက်လို့ပဲဖြစ်ဖြစ်၊ မိမိကိုယ်တိုင် အဂတိတရား မကင်းလို့ဖြစ်ဖြစ် မှတ်ချက်ပြုမိနိုင်ပါတယ်)။ အစိုးရဋ္ဌာနပိုင်မြေ၊ အခြား ပုဂ္ဂလိကမှ တရားဝင်ဂရန် ရရှိ၍ လက်ရှိထားသောမြေ၊ သာသနာမြေ၊ လမ်းမြေ၊ မီးရထားမြေ၊ သစ်တောမြေ၊ မြို့မြေမဟုတ်တဲ့ လ/န(၃၉) မရရှိသေးတဲ့ လယ်ယာမြေ၊ စသည်တို့ကို အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဆိုပြီး မြေစာရင်းဋ္ဌာန တာဝန်ရှိသူများအနေနဲ့ လုံးဝ မှတ်ချက်မပြုဖို့ သတိချပ်စေလိုပါတယ်။ •မြို့မြေနေထိုင်ပိုင်ဆိုင်ခွင့်( Right of Land ) မြို့များအတွင်းမှာရှိတဲ့ မြေတွေကို အစိုးရက ချထားသတ်မှတ်ပေးတဲ့ မြေပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ အခန်း ၂၊ ပုဒ်မ ၇ နှင့် ပုဒ်မ ၈ တို့မှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။ အဲဒီအချက်များနှင့် ညီညွတ်မှသာ မြေပေါ် နေထိုင် ပိုင်ဆိုင်ခွင့် ရှိပါတယ်။ ပုဒ်မ ၇။ အောက်ပါ မြေပိုင်ဆိုင်ခွင့် အခွင့်အရေးများမှအပ အခြား မည်သည့် ဆိုင်ရာဆိုင်ခွင့်ကိုမျှ မြို့နှင့်ကျေးရွာမြေများတွင် မရှိစေရ။ (က) အစိုးရမှ ချထားသည့် အပိုင်ဂရန်၊ အငှားဂရန်အရ ရှိသည့် ပိုင်ဆိုင်ခွင့်၊ (ခ) ကာလစည်းကမ်းသတ်ဥပဒေ (Limitation Act)အရ ပိုင်ဆိုင်သော အခွင့်အရေး၊ (ဂ) ပုဒ်မ ၈၊ ပုဒ်မ ၉၊ ပုဒ်မ ၁၀ တို့တွင် သတ်မှတ်ဖော်ပြထားသော ပိုင်ဆိုင်ခွင့်၊ (ဃ) အထက် ပုဒ်မ ၇၊ ပုဒ်မခွဲ (က)၊ (ခ)၊ (ဂ)တို့ပါ အခွင့်အရေးကို မူလပိုင်ဆိုင်သူထံမှ တရားဥပဒေနှင့်အညီ လွှဲပြောင်းရယူ ခံစားခွင့်၊ ပုဒ်မ ၈။ စာရင်းဝင်မြို့များ(Scheduled Town)နှင့် အစိုးရမှ အမိန့်ထုတ်ပြန် ကင်းလွတ်ခွင့် ပေးထားသော မြေများမှအပ အောက်ပါအချက်များနှင့် ညီညွတ်သူ မည်သူမဆို (Landholder's right)မြေရှင်ဆိုင်ရာအခွင့်အရေးကို ရရှိစေရမည်။ (က) မြို့နှင့်ကျေးရွာမြေများ ပြဋ္ဌာန်းအတည်မပြုမီ လွန်ခဲ့သော ၁၂ နှစ်မှ ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ မြေကို တဆက်တည်း ပိုင်ဆိုင် လက်ရှိထားလာသူ၊ (ခ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့ မတိုင်မီ အချို့သောကာလနှင့် ယင်းနေ့ နောက်ပိုင်း လက်ရှိဖြစ်နေသော ကာလ ၂ ရပ်ပေါင်း ၁၂ နှစ်ကာလ ပြည့်အောင် မြေကို လက်ရှိထား ပိုင်ဆိုင်လာသောသူ၊ (ဂ) သို့မဟုတ် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့မှစ၍ နောက်ပိုင်း ၁၂ နှစ်ကာလတိုင် တဆက်တည်း မြေကို ပိုင်ဆိုင်လက်ရှိထားလာပြီး ယင်းကာလများ၌ ၎င်းမြေနှင့်သက်ဆိုင်သည့် အရပ်ရပ်မြေခွန်တော်များ၊ အစိုးရသို့ ပေးသွင်းရမည့် အခွန်အခများ Public demands ကို ထမ်းဆောင်လာသူ မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ ပုဒ်မ ၉။ စစ်တွေ၊ ပုသိမ်နှင့် ပြည်မြို့များအတွက်-- (က) စစ်တွေမြေများအတွက် ၁၈၅၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊ (ခ) ပုသိမ်မြို့တွင် ၁၈၇၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊ (ဂ) ပြည်မြို့တွင် ၁၈၇၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ အစပြု၍ ယခုအက်ဥပဒေ အတည်ဖြစ်သည့် ၁၈၉၉ ခုနှစ်၊ စက်တင်ဘာလ ၉ ရက်နေ့အထိ အဆက်မပြတ် လက်ရှိ ဖြစ်နေပါက၊ မည်သူမဆို မြေပိုင်အခွင့်အရေး ရရှိစေရမည်။ ဆိုပြီး မြို့မြေပေါ်မှာ ပိုင်ဆိုင်ရမယ့် အခွင့်အရေးတွေ သတ်မှတ်ပေးခဲ့တာ တွေ့ရပါတယ်။ •မြို့မြေအတွင်း မြေချထားပေးမှု အမျိုးအစားများ ၆။ မြို့မြေလို့ သတ်မှတ်ထားတဲ့ မြေတွေကို အစိုးရက ကော်လိပ်တော်မှတဆင့် အများပြည်သူသို့ မြေအသုံးချလိုတဲ့ ဋ္ဌာန/အဖွဲ့အစည်းများကို ချထားတဲ့အခါ အသုံးချမှုကိုမူတည်ပြီး အမျိုးအစား ခွဲခြားချထားပါတယ်။ လူနေထိုင်ရန်၊ အဆောက်အဦး ဆောက်လုပ်ရန်၊ စက်မှုလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန်၊ သူဿန်မြေအဖြစ် အသုံးပြုရန်၊ သာသနာမြေ အသုံးပြုရန်၊ အများပြည်သူအကျိုးအတွက် ပန်းခြံ၊ အားကစားကွင်း၊ ဆေးရုံ၊ ကျောင်း၊ ကူးတို့ဆိပ်၊ ဈေး၊ တပ်မြို့ဆောင်ရွက်ရန် စသည်ဖြင့် ချထားပေးနိုင်ပါတယ်။ အရင်ကတော့ မြို့မြေအတွင်း လယ်ယာစိုက်ပျိုးရန်အတွက်ပါ ချထားပေးခဲ့ပေမယ့် နောက်ပိုင်း စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုက်စင်/ဂရန် မချပေးတော့ပါဘူး။ မြေကို ဘယ်လိုပုံစံနဲ့ ချထားသလဲဆိုတော့ အငှားပတ္တာ၊ ဂရန်၊ လိုင်စင် စတဲ့ နည်းလမ်းတွေနဲ့ ချထားပါတယ်။ Section 16: Land at the disposal of Government may be disposed of - (a) By grant or lease, conferring such interests there in and on such condition as the Governor may be by rule prescribe; (b) By license of the Revenue-officer. (က) အပိုင်ဂရန် (Revenue free Grant) အပိုင်ဂရန်ရဲ့ ခေါင်းစည်းကိုက Instrument of Grant for Religious/Public Purposes ဆိုတော့ သာသနာရေးကိစ္စတွေ၊ အများပြည်သူအကျိုးငှာ ဆောင်ရွက်မယ့်ကိစ္စတွေအတွက် ချထားပေးရမယ့် ဂရန်အမျိုးအစားဆိုတာ ရှင်းပြဖို့ မလိုတော့ပါဘူး။ လျှောက်ထားချပေးတဲ့ ကိစ္စရပ်အတွက် အသုံးပြုနေသမျှ ကာလပတ်လုံး မြေခွန်စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့်ပြုထားတဲ့ ဂရန့် ဖြစ်ပါတယ်။ သက်တမ်း မရှိပါဘူး။ ဒါပေမယ့် ချထားပေးတဲ့ မြေတစ်ကွက်လုံး ဖြစ်စေ၊ မြေကွက်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်စေ၊ ချထားပေးတဲ့ လုပ်ငန်းရပ်ကို အသုံးမပြုဘဲ အခြားကိစ္စရပ် ပြောင်းလဲ အသုံးချထားခဲ့ရင်တော့ တစ်ကွက်လုံးကို မြေခွန်ထိုက်သင့်စေရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မူရင်း ခွင့်ပြုထားတဲ့ ကိစ္စရပ်အတိုင်း မသုံးဘဲ အခြားကိစ္စကို ပြောင်းလဲ အသုံးပြုရင်ဖြစ်ဖြစ်၊ အသုံးပြုခွင့်ပေးထားတဲ့ မြေပေါ်က အဆောက်အဦ ကျောင်း ကန် ဇရပ်တွေက အသုံးမပြုနိုင်တော့လောက်အောင်ကို ပျက်စီးယိုယွင်းနေပြီး ပြင်ဆင်မှုမရှိ၊ လူသူကင်းမဲ့ ထိန်းသိမ်းစောင့်ရှောက်မှု မရှိတဲ့ အခြေအနေတိုင် ရောက်နေပြီဆိုရင်တော့ မြေပေါ်က အဆောက်အဦတွေရော၊ မြေကိုပါ အစိုးရက ပြန်သိမ်းနိုင်ပါတယ်။ ဂရန်ချထားတဲ့ ပုံစံက Land Revenue II / Grant ပုံစံ ဖြစ်ပါတယ်။ (ခ) နှစ်ရှည်အငှားဂရန် (Long Term Lease) လျှောက်ထားသော မြေကွက်ပေါ်မှာ တာရှည်ခိုင်ခံ့တဲ့ တိုက်တာ၊ အိမ်၊ အဆောက်အဦများ အခိုင်အမာ ဆောက်လုပ်ထားခဲ့မယ်ဆိုရင် နှစ်ရှည်ဂရန် ချထားပေးရမှာဖြစ်ပါတယ်။ ဂရန်ပုံစံက သက်တမ်းကုန်ရင် အသစ်လဲလှယ်ပေးခွင့်ရှိတဲ့ ဂရန်နဲ့ အသစ်လဲလှယ်ပေးခွင့် မရှိတဲ့ ဂရန်အတွက် ပုံစံ ခွဲခြားပေးရပါတယ်။ ဂရန်သက်တမ်းက သာမန်အားဖြင့်တော့ တစ်ကြိမ်ခွင့်ပြုရင် နှစ်(၃၀)အထိ ဖြစ်ပါတယ်။ နှစ်(၃၀) ဂရန်ကို အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတိုင်း အသစ်လဲလှယ်ပိုင်ခွင့်ရှိသော (With the power of Renewal up to Ninety Years)ဂရန်နဲ့၊ အနှစ်(၃၀)ပြည့်တာနဲ့ သက်တမ်းထပ်မံ၍ လဲလှယ်ခွင့်မရှိဘဲ သက်တမ်းကုန်ဆုံးသော (Without the power of Renewal)အသစ်လဲလှယ်ပိုင်ခွင့်မရှိသော ဂရန် ဆိုပြီး (၂)မျိုး ခွဲခြားပါတယ်။ အနှစ်(၃၀)သက်တမ်းကုန်ဆုံးတိုင်း (With the power of Renewal up to Ninety Years)အသစ်လဲလှယ်ပိုင်ခွင့်ရှိသော ဂရန် ဖြစ်ရင်တော့ အနှစ်(၉၀)တိုင်အောင် သုံးကြိမ်သုံးခါအထိ လဲလှယ်ပိုင်ခွင့် ရှိပါတယ်။ ယင်းဂရန်မျိုးဟာ နှစ်(၉၀)အထိ ပေးတယ်ဆိုပေမယ့်လည်း တောက်လျှောက်ပေးခြင်း မဟုတ်ဘဲ နှစ်(၃၀)စီ လီ၍ ပေးခြင်းသာ ဖြစ်ပါတယ်။ နှစ်(၃၀)သက်တမ်း ကုန်ဆုံးပါက အသစ်ထပ်မံ လျှောက်ထားရန်မလိုဘဲ တစ်ကြိမ်လျှင် နောက်ထပ် နှစ်(၃၀)စီ သက်တမ်းတိုးခွင့်ကိုသာ လျှောက်ရပါတယ်။ သက်တမ်းလာတိုးတာကို ငြင်းပယ်ခွင့် မရှိပါဘူး။ ဂရန်ချထားပေးတဲ့ ပုံစံက Land Revenue II / Lease I & I (a), Form of Lease of Town Land with the Power of Renewal up to Ninety Years ဖြစ်ပါတယ်။ အနှစ်(၃၀)သက်တမ်း ကုန်ဆုံးတာနဲ့ သက်တမ်း ထပ်မံ လဲလှယ်ခွင့်မရှိဘဲ ကုန်ဆုံးသွားတဲ့ (Without the Power of Renewal)အသစ်လဲလှယ်ပိုင်ခွင့် မရှိသော ဂရန် ဖြစ်ရင်တော့ သက်တမ်းကုန်ဆုံးတဲ့ နှစ်(၃၀)ပြည့်တိုင်း ဂရန်အသစ် ပြန်လျှောက်ရမှာ ဖြစ်ပါတယ်။ ဂရန်သက်တမ်းအသစ် လျှောက်ထားမှုကို မြေအငှားချပိုင်ခွင့်ရှိသူက ငြင်းချင်လည်း ငြင်းနိုင်၊ အသစ်ထပ်ပေးချင်မှလည်း ပေးနိုင်တဲ့ ဂရန် ဖြစ်ပါတယ်။ (အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၇ အရ) (ဂ) နှစ်တိုအငှားဂရန် (Lease of Short Term) မြေပေါ်မှာ အတော်အသင့် တောင့်တက်းခိုင်မာမှုရှိပြီး သင့်လျော်တဲ့ သက်တမ်းပမာဏ နေထိုင် အသုံးပြုနိုင်မယ့် အဆောပ်အဦ ဆောက်လုပ်ထားခြင်း (သို့မဟုတ်) ယင်းမြေကွက်ဟာ ယခင်က လိုင်စင် (သို့မဟုတ်) ကျူးကျော်အဆင့်သာ သတ်မှတ်ထားခဲ့ရာက ယခုမှ ဂရန်စတင်ပေးရန် ကြံရွယ်ခြင်းဖြစ်ပါက နှစ်တိုဂရန်ပဲ ချထားပေးရန် ဖြစ်ပါတယ်။ ခွင့်ပြုကာလ (၁၀)နှစ်မှ (၁၅)နှစ်အတွက် ကာလတို ချထားနိုင်ပါတယ်။ ယင်းအငှားဂရန်မှာလည်း ဂရန်သက်တမ်း ကုန်ဆုံးတိုင်း အသစ်ပြန်လျှောက်ရမည့် ဂရန် (Without power of Renewal)ဂရန် အမျိုးအစား ဖြစ်ပါတယ်။ သက်တမ်းကုန်ရင် အသစ်ထပ်ပေးမယ်လို့ အာမ မခံပါဘူး။ အသုံးပြုရတဲ့ ပုံစံမှာ Land Revenue II / L.B Lease I & I (a); Form of Lease for Short Term without Power of Renewal under the Lower Burma Town and Village Lands Act ဖြစ်ပါတယ်။ (အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ နည်းဥပဒေ- ၈ နှင့် ၂၉ အရ) (ဃ) လိုင်စင် ( License ) မြို့မြေ တိုးချဲ့အကွက်အသစ်များအတွက် လည်းကောင်း၊ မြို့ရွာများ စစ်ဘေး၊ မီးဘေး၊ လေဘေး ဒဏ်သင့်လို့ ပျက်စီးရာက ပြန်လည်ထူထောင်ရေးကာလမှာ လည်းကောင်း၊ တည်ငြိမ်တဲ့ နေထိုင်မှု မရှိသေးတဲ့အပေါ် မူတည်ပြီး သက်တမ်းတို နေခွင့်ပြုထားတဲ့ မြို့မြေနေထိုင်ခွင့် ဖြစ်ပါတယ်။ မြို့ပြရပ်ကွက် တည်ငြိမ်မှုမရှိသေးတဲ့ နေရာတွေမှာ ယာယီအားဖြင့် မြေခေတ္တအသုံးပြုနိုင်ရန်အတွက် လိုင်စင်ချထားခြင်း ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် (၃)နှစ်ထက်ပိုပြီး ခွင့်မပြုနိုင်ပါဘူး။ အထက်မြန်မာပြည် မြေနှင့်အခွန်နည်းဥပဒေ ၅၁(က)(၁) (၂)နှင့် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ (၇)၊ နည်းဥပဒေ (၈)တို့မှာ ဖော်ပြထားတဲ့ နှစ်ရှည်/နှစ်တို ဂရန်ချထားပေးသင့်တဲ့ မြေများမှ အပဖြစ်သော စနစ်တကျ မြို့ကွက်မရိုက်ရသေးတဲ့ နေရာတွေမှာ နှစ်ရှည် (သို့မဟုတ်) နှစ်တိုဂရန်များ ထုတ်မပေးရဘဲ {အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ လက်စွဲဥပဒေ၊ နည်းဥပဒေ အပိုဒ် (၃၀)နှင့် (၃၄)အရ} ယာယီပါမစ်နဲ့ လိုင်စင်ကိုသာ ထုတ်ပေးရလေ့ ရှိပါတယ်။ လိုင်စင်ချထားပေးတဲ့ အခွန်ပုံစံကတော့ Land Revenue II / L.B License 2 ဖြစ်ပါတယ်။ လိုင်စင်မှာ ထူးခြားတာက ဂရန်ချထားပေးသလောက် စိစစ်မှု မရှိတာ၊ တင်းကျပ်တဲ့စည်းကမ်း မထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ပုဒ်မ ၁၆ (က)မှာ ဂရန်တွေ၊ အငှားဂရန်တွေကို အစိုးရ(Governor) ဒါမှမဟုတ် အစိုးရကိုယ်စား ကော်လိပ်တော်အရာရှိ(အရေးပိုင်)က ချထားရန်နဲ့ လိုင်စင်ကိုတော့ ပုဒ်မ ၁၆ (ခ)မှာ Notification B အရ တာဝန်ပေးထားတဲ့ အခွန်အရာရှိက ပေးရန် လို့ ခွဲထားခြင်းကြောင့် ဖြစ်ပါတယ်။ ဘာကွာသလဲ မမေးပါနဲ့။ ကွာပါ့ ဗျား။ ပုဒ်မ ၁၆ (ခ)အရ လိုင်စင်ပေးနိုင်တဲ့ အခွန်အရာရှိဆိုတာ နယ်ပိုင်၊ မြို့ပိုင်ကနေ သူကြီးအထိတောင် အခွင့်အာဏာ အပ်ထားလို့ ဖြစ်ပါတယ်။ ဒီလို အလွယ်ချပေးနိုင်အောင် စီစဉ်ပေးသလို အချိန်တိုအတွင်း အလွယ်တကူ ပြန်သိမ်းနိုင်အောင် လုပ်ထားတဲ့ မြေပေါ့ဗျာ။ လိုင်စင်ပေးထားဆဲမှာကို (၃)လ အတွင်း မြေမှ ထွက်ခွာရန် နို့တစ်စာ ချပြီး အချိန်မရွေး နှင်ထုတ်နိုင်ပါတယ်။ (င) ပါမစ် ( Permit ) အစိုးရမီ ချထားပေးပိုင်ခွင်ရှိသော Disposal Land ကို အသုံးပြုနိုင်မည့် အခွင့်အရေး Right in land မှာ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ-၄ (၇)၊ ပုဒ်မ-၇ (က)နဲ့ ပုဒ်မ ၁၆ (က)၊ (ခ)တို့အရ Grant, Lease, License (၃)မျိုးဖြင့်သာ သုံးစွဲခွင့်ရရှိနိုင်ပါသည်။ ဒါပေမယ့် မြို့သစ်တွေ အကွက်ရိုက်တဲ့အခါ ချထားပေးလေ့ရှိတဲ့ ပါမစ်မြေဆိုတာ ရှိပြန်သေးတယ်။ ပါမစ်မြေကို သိနားလည်ဖို့ ခုခေတ်မှာ အရေးပါလာပါတယ်။ န.ဝ.တ တက်လာပြီး မြို့နယ်တိုင်းလိုလိုမှာ မြို့သစ် ရွာသစ်တွေ တည်ထောင်ကြတဲ့အခါ အကွက်ရိုက်ပြီး မြေပါမစ် ထုတ်ပေးကြတဲ့အတွက် မြို့သစ်မြေချပါမစ် Permit တွေ တစ်ပြည်လုံး ပလူပျံလာပါတယ်။ ပါမစ်ဆိုတာဟာ မြေနေရာ ချထားသည့်အမိန့်သာ ဖြစ်ပြီး မြေအသုံးပြုခွင့် အမိန့်၊ မြေပိုင်ဆိုင်ခွင့် အမိန့် မဟုတ်ပါဘူး။ မြို့မြေအတွင်း မြေပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်နဲ့ ပတ်သက်လို့ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာများ အက်ဥပဒေ အခန်း-၂၊ ပုဒ်မ ၇၊ ပုဒ်မ ၈၊ ပုဒ်မ ၁၆ တို့အရ သတ်မှတ်ထားရာမှာ ပါမစ်ကို ဖော်ပြထားတာ မတွေ့ပါဘူး။ အစိုးရမြေကို အသုံးပြုနိုင်ဖို့က သတ်မှတ်ကာလ တစ်ခုအတွက် မြေငှားရမ်းသုံးစွဲခွင့်ရရှိဖို့ ဂရန်စာချုပ် ချုပ်ဆို ငှားရမ်းရပါတယ်။ အစိုးရကိုယ်စား မြို့နှင
အောက်မြန်မာပြည် ပျားလိမ္မော်စိုက်ပျိုးရေးသင်တန်း (ပညာဒါန)

အောက်မြန်မာပြည် ပျားလိမ္မော်စိုက်ပျိုးရေးသင်တန်း (ပညာဒါန)

အောက်မြန်မာပြည် ပျားလိမ္မော်စိုက်ပျိုးရေးသင်တန်း (ပညာဒါန) ထပ်မံစာရင်းပေးနိုင်ပါသေးသည် ဥယျာဉ်ခြံစိုက်ပျိုးရေးလုပ်ငန်းသည် အတွေ့အကြုံလိုအပ်သောလုပ်ငန်းဖြစ်ပါသည်။ စတင်တည်ထောင်ချိန်တွင် ဟိုအပင်ကောင်းနိုးနိုး ဒီအပင်ကောင်းနိုးနိုး စီးပွားဖြစ်မည်ထင်သည့် အပင်များစိုက်ပျိုးသော်လည်း အချိန်တစ်ခုကြာ၍ အသီးထွက်သော် မည်သည့်အပင်မှ စီးပွားဖြစ်မထွက် မည်သည့်ဈေးကွက်သို့ပို့ရမှန်းမသိ သွင်းအားစုနှင့် လုပ်သားစရိတ်တောင်မကြေ မသီးဒုက္ခ သီးဒုက္ခ ဥယျာဉ်ခြံသမားဘဝ ဆိုသကဲ့သို့ အချိန်ကုန်လူပန်း မည်သို့ရှေ့ဆက်ရမှန်းမသိ ဖြစ်နေတက်ပါသည်။ ယခု ခွံစိမ်းပျားလိမ္မော်သင်တန်းတွင် င်္မျိုးထုတ်လုပ်ပုံ မြေဩဇာအသုံးပြုပုံတို့အပြင် ဥယျာဉ်ခြံ စီမံခံ့ခွဲမှု့ဖြစ်သော ရေလိုချိန်၌ ရေရရှိရေး လုပ်သား နှင့် ပေါင်းရှင်းလင်းရေး စသည့် စီမံခံ့ခွဲမှူ့များကို အနီးကပ်လေ့လာနိုင်မည်ဖြစ်ပါသည်။ ဥယျာဉ်ခြံစိုက်ပျိုးရေးတွင် ၁၀ နှစ်ကျော် အတွေ့အကြုံရှိပြီး လိမ္မော်စိုက်ပျိုးရေးတွင် ၈ နှစ်ကျော် အတွေ့အကြုံရှိသည့် စီးပွါးဖြစ်စိုက်ပျိုးနေသူထံမှ တိုက်ရိုက်အတွေ့အကြုံဖလှယ်ရယူနိုင်မည်ဖြစ်ပါသည်။ သင်တန်းကြေး, အစားအသောက်နှင့် နေရာထိုင်ခင်း အားလုံး အခမဲ့ဖြစ်ပါသည်။ သင်တန်းရက် ၁၀,၁၀,၂၀၁၅ မှ ၁၃,၁၀,၂၀၁၅ အထိ သင်တန်းနေရာ ဝေထွန်းလိမ္မော်ခြံ၊ ကမ်းမြှောင်ကျေးရွာ၊ ဥက္ကံမြို့ တိုက်ကြီးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။ ဆက်သွယ်ရန်ဖုန်း ၀၉ ၉၇၅၀၄၂၄၈၄ ၀၉ ၄၃၀၈၄၀၀၃ ၀၉ ၂၅၀၀၀၁၄၅၁ ၀၉ ၇၉၁၇၉၁၉၆၆
ပန်း စိုက်ပျိုးမှု တိုးတက်စေရန် အစိုးရမှ ချေးငွေနှင့် နည်းပညာများ ပံ့ပိုးရန်လိုအပ်

ပန်း စိုက်ပျိုးမှု တိုးတက်စေရန် အစိုးရမှ ချေးငွေနှင့် နည်းပညာများ ပံ့ပိုးရန်လိုအပ်

ပန်း စိုက်ပျိုးမှု တိုးတက်စေရန် အစိုးရမှ ချေးငွေနှင့် နည်းပညာများ ပံ့ပိုးရန်လိုအပ် ပြည်တွင်း ပန်း စိုက်ပျိုးရေး ဈေးကွက် တွင် ၀ယ်လိုအား အခြေအနေနှင့် ရောင်းလိုအား အခြေအနေ အချက်အလက် ကောက်ယူပေး ရန် အတွက် အစိုးရ ပိုင်းမှ ဆောင်ရွက်ပေး ရန်လိုပြီး ချေးငွေနှင့် နည်းပညာပိုင်း များလည်း ပံ့ပိုးပေးရန် လိုအပ်ကြောင်း ပြင်ဦးလွင်မြို့ နယ်မှ ပန်းအစု အဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း ကပြောသည်။ “ ပန်း စိုက်ပျိုးသူ အများစုက မိရိုး ဖလာနည်းနဲ့ စိုက်ပျိုး ထုတ်လုပ် နေကြပါ တယ်။ ပန်းထွက်ရာသီရောက်ရင် တခြား ဒေသတွေကလည်း အသီးသီးထွက်ရှိတဲ့ ပန်းမျိုးတွေနဲ့မတိုက်ခဲ့ရင်တော့ ငွေရပေမယ့် ဈေး ကွက်မှာပန်းမျိုးတိုက်တဲ့အခါ မျိုးကျရင် ဈေးကွက်ပျက်တာမျိုး ကြုံရတတ် ပါတယ်။ အဲဒီတော့ ပန်းမျိုး အမယ် မတူတာတွေစိုက်ပျိုးနိုင်ဖို့ကို အချက်အလက် ကောက်ယူဖို့ လိုအပ်တယ်။ နောက် တစ်ချက်က ပြည်တွင်း ပန်းဝယ်လိုအားနဲ့ ရောင်းလိုအားကို အချက်အလက် တိတိကျကျ ဆောင်ရွက်နိုင်ရင်တော့ ကောင်းပါတယ်။ ဒါကလည်း အစိုးရအနေ နဲ့ လုပ်ပေးမှ အဆင်ပြေမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ လက်ရှိတွင် ပန်းစိုက်ခင်းတစ်ဧက လျှင် ကျပ်ငွေ ၂၅ သိန်းကုန်ကျသော် လည်း အစိုးရပိုင်သမ၀ါယမဘဏ်မှ ယခင်နှစ်များ ကတစ်ဧကလျင် ချေးငွေ ကျပ်တစ်သိန်းသာ ချေးပေးခဲ့ပြီး ယခုနှစ်တွင် ကျပ်သုံး သိန်း အထိသာ ချေးပေးနိုင်သည့်အတွက် လောက်ငှမှု မရှိကြောင်း၊ ပန်းရောင်းချမှုတွင် ဈေးကွက် ၀င်စေရန် နည်းပညာပံ့ပိုးမှုများလို အပ် ကြောင်း သိရသည်။ “ အစိုးရပိုင်းက သင်တန်းတွေပေးဖို့ လိုတယ်။ စိုက်ပျိုးရိတ်သိမ်းနည်းပညာ၊ ပန်းထုပ် ပိုးနည်းပညာတွေပေါ့။ ပန်းက ပုံမှန် အတိုင်း ဈေးမှာ ရောင်းရင် ဈေးနည်းတယ်။ နည်းပညာနဲ့ ပန်းကိုလှပ သေသပ်အောင် ထုပ်ပိုးနိုင်ရင် ဈေးကွက်မှာ ဈေးပိုရတာပေါ့။ နောက် ပြီးတော့ သွင်းအားစုပိုင်းမှာ မြေသြဇာ တွေကို ကုမ္ပဏီတွေက တင်သွင်း ရောင်းချတော့ ဈေးမြင့်တယ်။ အရည်အသွေးပါဝင်တဲ့နှုန်း ထား မှန်၊ မမှန်ကိုလည်း စစ်ဆေးပေးဖို့လိုတယ်”ဟု ၎င်းက ဆက်လက်ပြော ကြားသည်။ အစိုးရပိုင်းမှရရှိသည့် ချေးငွေမလုံလောက် သည့်အတွက် ပန်းစိုက်ပျိုးသူ အများစုမှာ ပန်းဒိုင်ဆီမှ ကြိုတင်ငွေရယူ ကာဆောင်ရွက်ရသည့်အတွက် ပန်းရောင်း ချိန်တွင်ဈေးနှိမ် ၍ ၀ယ်ယူမှုများရှိကြောင်း သိရသည်။ ပြင်ဦးလွင်မြို့နယ်တွင် ပန်းစိုက်ပျိုး သူလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး ပြင်ဦးလွင် ပန်းအစုအဖွဲ့၏ အတွင်းရေးမှူး တစ်ဦး ဖြစ်သူ ကိုဇော်က” အခု ရက်ပိုင်း မှာတော့ ပန်းစိုက်တဲ့ တောင်သူတွေ အကုန်ရှုံး ကြတယ်။ ပန်းတစ်စည်း ထွက်ရှိဖို့ စိုက်ပျိုးစရိတ်က ၇၀၀ ကျပ်ရှိပေ မယ့် ရောင်းချရင် တစ်စည်း ကို ၄၀၀ ကျပ်ဘဲရှိတယ်။ အခု ပန်းထွက်ချိန် ဖြစ်တော့ ရောင်းလိုအားများပြီး ၀ယ်လိုအားနည်းနေတဲ့ သဘောပေါ့။ ရာသီဥတုပိုင်းက လည်း မိုးအရမ်းများနေတော့ အဆင်မပြေဘူး ဖြစ်နေတယ်” ဟု ပြောသည်။ ပြည်တွင်း ဈေးကွက်တွင် ပန်းရောင်း ချမှုမလွယ်ကူသည့် အတွက် ပြည်ပသို့ တင်ပို့ရောင်းချရန်လိုအပ်နေပြီး ပြည်ပဈေး ကွက်သို့ လှမ်းနိုင်ရန်အတွက် မျိုးကောင်း မျိုးသန့်နှင့် စိုက်ပျိုး နည်းပညာလည်း လိုအပ်ကြောင်း သိရသည်။“ ပြည်တွင်းဈေးကွက် ရောင်းဖို့ မလွယ်တဲ့အတွက် ပြည်ပဈေးကွက် မဖြစ်မနေရဖို့ လိုအပ်တယ်။ အဲဒီအတွက် စိုက်ပျိုးတဲ့ မိရိုးဖလာ နည်းပညာကို ပြောင်းလဲရ မယ်။ ပန်းကြာရှည်ခံအောင်လုပ်တာတို့၊ ထုပ်ပိုးတဲ့နည်းပညာတို့ လိုအပ်တယ်။ ကျွန်တော့ အနေနဲ့ ပြည်ပကို တင်ပို့ခဲ့ ပေမယ့် မ အောင်မြင်ပါဘူး။ ကျွန်တော် လုပ်တုန်း ကဆို လေယာဉ်ကွင်းမှာ ပန်းသေတ္တာတွေကို ဖောက်စစ်ဆေးတာတို့ရှိတဲ့အတွက် အချိန်ကြာပြီး အလေအ လွင့်များတယ်။ သယ်ယူစရိတ်တွေလည်းကြီးတော့ ပြည်ပ အတွက်က မလွယ်သေးဘူး။ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ ပြည်ပကုမ္ပဏီတွေ ကလုပ်ရင် တိုးတက်လာနိုင်တယ်”ဟု ကိုဇော်က ပြောသည်။ ရှိပြီးသား ပန်းမျိုးများကိုပင် ပြည်တွင်း၌ ရောင်းချရန်မလွယ်တော့ဘဲ မျိုး အသစ်များ စိုက်ပျိုးမှသာ အဆင်ပြေ နိုင်ကြောင်း၊ ၎င်း မျိုးအသစ်များ စိုက်ပျိုး ရာတွင်လည်း မျိုးစေ့ ၀ယ်ယူ ရရှိရန် အခက်အခဲ ရှိပြီး စိုက်ပျိုး ရာတွင်လည်း မျိုးတစ် မျိုးနှင့်တစ်မျိုး ကွဲပြားခြားနား မှုကြောင့် စိုက်ပျိုးရန် နည်းပညာပိုင်း များလည်း ရရှိ ရန် လိုအပ် လျက် ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီး ဟင်းရွက် စိုက်ပျိုး ထုတ်လုပ် တင်ပို့ ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင် က“ ပန်းကဏ္ဍက တခြား သစ်သီးဝလံ စိုက်ပျိုးရေး တွေထဲမှာ တိုးတက်မှု အနည်းဆုံး ဖြစ်ပါတယ်။ အဲဒီ အတွက် ပံ့ပိုးပေးဖို့လည်း များကြီး လိုအပ်တယ်။ မျိုးစေ့ အသစ်တွေ ရရှိဖို့ အတွက် အသင်းအနေနဲ့ နယ်သာလန် နိုင်ငံနဲ့ ချိတ်ဆက် ဆောင်ရွက် နေတယ်။ လက်ရှိ ပြည်တွင်းမျိုး အများစုက တရုတ်ကနေ သွင်းတာဖြစ်တယ်။ တရုတ် ကလည်း နယ်သာလန်မျိုးကို တဆင့်ယူ စိုက်ပျိုးပြီးမှ မြန်မာကိုတင်သွင်းတာဖြစ်တဲ့ အတွက် နယ်သာလန်နဲ့ တိုက်ရိုက်ချိတ် ဆက်နေပါတယ်”ဟု ၎င်းက မြန်မာ တောင်သူကြီးများ ဂျာနယ်သို့ ပြောသည်။ - ကိုဖြိုး မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ (၁၂) အမှတ်(၁၆၉)၊ အောက်တိုဘာ ၁၂ – ၁၈၊ ၂၀၁၅ ခုနှစ်
စိုက်ပျိုးရေး ကဏ္ဍတွင် တိုးချဲ့ပညာရေး၏ ကိုယ်တွေ့ ဖြစ်ရပ်များ

စိုက်ပျိုးရေး ကဏ္ဍတွင် တိုးချဲ့ပညာရေး၏ ကိုယ်တွေ့ ဖြစ်ရပ်များ

စိုက်ပျိုးရေး ကဏ္ဍတွင် တိုးချဲ့ပညာရေး၏ ကိုယ်တွေ့ ဖြစ်ရပ်များ Extension သည် တိုးချဲ့ခြင်းဟု ဆိုလိုသည်။ စိုက်ပျိုးရေး ကဏ္ဍတွင် တိုးချဲ့ပညာ ပေးရေး ဆိုသည်မှာ “စိုက်ပျိုးရေး နည်းပညာ များကို ကျယ်ပြန့်စွာ သိရှိ နိုင်အောင် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း”ဟု ဖွင့် ဆို၏။ Agricultural Extension စိုက်ပျိုး ပညာပေးရေး ကဏ္ဍသည် ဘာသာရပ် တစ်ခုသ ဖွယ် နက်နဲ ကျယ်ဝန်း၏။ သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအားလုံးကို သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ပတ်သက်ဆက်စပ်နေ သော နည်းပညာရပ်များ နှံ့ စပ်သိကျွမ်းလာ လျက် အရည်အသွေး၊ အရေအတွက် ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် ရည်ရွယ် ချက်ဖြင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက် ခြင်းပင် ဖြစ်၏။ ကမ္ဘာ့ဘဏ် အကူအညီဖြင့် Paddy (1)(2) စီမံကိန်း ကာလ အတွင်း လယ်ယာ မြေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဖြင့် ရေ ကာတာ၊ ရေ တံခါးများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည်နှင့် အတူ စိုက်ပျိုးပညာ ပေးခြင်း လုပ်ငန်းစဉ်လည်း တစ်ဟုန်တိုး ပြုလုပ်ခဲ့ကြ၏။ T & V ခေါ်သော Training & Visiting လေ့ကျင့် ပညာပေးခြင်း လုပ်ငန်းစဉ် များကို ကျေးရွာများ အနှံ့ ကွင်းဆင်း လှည့်လည် ပညာပေး ခဲ့ကြ၏။ အထူး အထွက်တိုး စပါးစိုက်ပျိုးနည်းစနစ် ၁၀ ချက်အား ဖော်ထုတ်လျက် ၀န်ထမ်းများကိုယ် တိုင် တောင်သူ့အိမ်အရောက် ဓာတ်မြေ သြဇာများကို ထမ်းပိုး သယ်ပိုးရင်း ကြိုးတန်းဆွဲ ကောက်စိုက် ပေးခဲ့ကြ၏။ အာဏာပိုင် အဖွဲ့အစည်း၏ ပံ့ပိုးမှု၊ ဌာန၏ လားရာမှန်ကန်မှုဖြင့် ရွေ့ခဲ့ကြသည်မှာ အားရစရာ အလွန် ကောင်း၏။ နွံထဲမှ လှည်းဘီးကို ပြိုင်တူတွန်းခဲ့ ကြသည်။ ဗါမငခကူအကမေူ နထအနညျငသည ရွှေ ရောင်ကာလများဖြစ်ခဲ့၏။ ကုန်လွန်ခဲ့ပြီး သော ကာလ အကြောင်းတရား အမျိုးမျိုးတို့ ကျော်လွန်ပြီးသည့် ယခု အချိန်တွင် Agricultural Extension သည် မြေပဒေသာ စိုက်ပျိုးရေး ပြတိုက် အတွင်း၌သာရှိတော့၏။ အထက်ဖော်ပြပါ အတိတ်ကာလ အကြောင်း အမျိုးမျိုးတို့ကို မဖော်ပြလို သော်လည်း ကွင်းဆက်ပြတ်မသွာစေခြင်းငှာ အရိပ်အမွှက်မျှ ဖော် ပြလိုက်ပါမည်။ ကုန်လွန် ခဲ့သည့် ကာလများတွင် “ကိန်းဂဏန်း”သည် အဓိကဖြစ်၏။ တိုးတက်မှုသည် အပေါင်းလက္ခာကိုဆောင်ရမည်။ ရလဒ် ကို ဂဏန်းဖြင့် ပြကိုပြနိုင် ရမည်။ Aerial Extension ဆိုသည့် စိုက်ဧကတိုးချဲ့ရေး တွင်လည်း ပညာပေးသမားတို့ပါ၏။ အဲဒီအရင် ကလည်း “ပူးတွဲ-၄” ကြောင့် စိတ် ဖောက် ပြီး ဆေးရုံတက်၊ ဆေးရုံမှ အော်ဟစ်ထွက် ပြေးရသူပင်ရှိခဲ့ဆို၏။ နောက်ပိုင်း စိုက်ဧကတိုးဖို့ လုပ်ကြ ပြန်တော့လည်း ဆိုခဲ့သည့်အတိုင်း စိုက်၊ ကြပ်ဆိုသည့် သူခိုးသေဖော်ညှိအဖွဲ့ အတွင်း ထိပ်ပိုင်းခေါင်းဆောင်ဖြစ်ခဲ့၏။ ဌာနအစည်းအဝေးများ၌ ရှေ့တန်းက နေရာရ၏။ အရေးပါ၏။ သို့သော် အရာ ကား မရောက်။ “ အစိုးရတစ်ခု လွှဲပြောင်းပေးခဲ့ ရကာ စိုက်ပျိုးရေးကြောင့်”ဟုပင် လက်ညှိုး ထိုးခံခဲ့ရ၏။ ပညာရှင်များ ရင်နာတတ်လျှင် သေအပ်၏။ စင်စစ် အသုံးချခံခဲ့ရခြင်းသာ ဖြစ်၏။ ပညာရှင်အလုပ် ပညာရှင် မလုပ်၊“ ပြင်” လိုက်ကြ “ ညာ” လိုက်ကြနှင့် နည်းပညာကို “အရှင်”ထား၍ ကစားခဲ့ခြင်းသာ ဖြစ်၏။ တဖြည်းဖြည်းနှင့် စိုက်ဧကလည်း တိုးစရာမရှိ။ ဧရိယာတိုးချဲ့ရေးတွင်လည်း တာဝန်ခံခဲ့ရပြီး၊ လက်ညှိုးထိုးခံခဲ့ရခြင်း အဖတ်တင်ခြင်း သိရှိလာခဲ့သည့် နောက် “တစ်ဧက အထွက်နှုန်းတိုးရေး” သည်သာ တို့နှင့်ဆိုင်သည်ဟု (တာဝန်ကို အမိန့်ဖြင့် ပေးသူကလည်းပေး၊ ယူသူကလည်းယူဖြင့်) ပခုံးပြောင်း လွှဲအပ်တာဝန်ယူခဲ့ကြပြန်၏။ ထိုအခါ လေထဲမှ နည်းပညာများကှိုညအနမညနအ မှိသတညူသေိ လုပ်လျက် မအောင် မြင်သောနည်း ပညာများကို ကြော်ငြာရင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် လက်စွမ်းပြကြ၏။ အမှန်စင်စစ် လယ်သမားပညာပေးဖို့ အတွက် တိုင်းဒေသကြီးအကြီးအကဲ အတွက် Televise အရေးကြီးသည့် ခေတ် ဖြစ်၏။ လယ်သမား နားလည် လည်၊ မလည်လည်၊ တိုင်းအကြီး အကဲကြိုက်ရင် ပြီး၏။ (တိုင်းအကြီး အကဲလည်း နားမလည်ပါ။) LCC (leaf color chart) ဆိုလျှင် စီကြ၏။ ဆိုင်းဘုတ်ကြီးများ အလံ တလွင့်လွင့် ဖြင့် ဝေဆာတင့်တယ်၏။ မြေသြဇာစမ်းသပ်ကွက် RTOP ဆိုလျှင်လည်း R ကြပြန်၏။ တိုင်းတစ်တိုင်းတွင် တိုင်းအကြီးအကဲ တိုင်းခန်းလှည့်လည် စဉ် ထောင်ထားသော ဆိုင်းဘုတ်များကို အင်္ဂလိပ်လိုရေး ထားသည့်အတွက် လယ်သမား နားလည်အောင် မြန်မာပြန်ရေးရန် ညွှန်ကြား၏။ ထို့ကြောင့် နောက်တစ်ကြိမ် ခရီးစဉ် တွင် မြန်မာပြန်ထား၏။ ထိုအခါ ပိုဆိုး သွား၏။ မြန်မာပြန်တော့မှ ရှင်းရှင်းလင်း လင်းသိသွားသော တိုင်းအကြီး အကဲက ၎င်းနည်းပညာ အသုံးမတည့်ဟုဆိုသဖြင့် ထိုပုဂ္ဂိုလ်ရှိနေသ၍ မပြသရဲတော့။ အမှန် မှာ မြေသြဇာစမ်းသပ်ကွက်များ လုပ်ပြခြင်း ဖြစ်သည်။ ယူရီးယား(ပုလဲ)မပါလျှင် အထွက်နှုန်းမည်မျှထွက်သည်ကို စမ်းသပ် သည့်အကွက်၌ “ပုလဲမပါ ”ဟု မြန်မာပြန် ကာမှ “ ပုလဲမပါရင် ဘယ်ထွက်မလဲ၊ ဒါ များ စမ်းနေရသေးတယ်”ဟုဆိုပြီး ၎င်း နည်းပညာ ကျဆုံး သွားခြင်း ဖြစ်သည်။ နောက်တစ်ခုရှိသေး၏။ မြန်မာပြည် တွင် ကြဲခင်းများ၏။ လူကြီး မကြိုက်ကြ၊ စိုက်ခင်း လုပ်ရအောင်လည်း လယ်သမားက မတတ်နိုင်။ ထို့ကြောင့် ကြဲခင်းများ အတန်းလိုက်ဖြစ်စေရန် အလို့ငှာ ကြိုးတန်းဆွဲ၍ လက်ဖြင့် အစေ့ချကြသည်ကို နည်း ပညာကို ဖြန့်ဝေကြ၏။ တောင်ပေါ်မြေ ပြန့် မခွဲခြားဆို သကဲ့သို့ ဆည်ရေသောက်၊ မိုး ကောင်းသောက်မခွဲခြား တပြေးညီလုပ်ပြ ကြပြန်၏။ တိုင်းအကြီးအကဲတစ်ဦး လှည့်လည် မည့်ခရီးစဉ်၌ ထုံးစံ အတိုင်း ပြပွဲလုပ်၏။ မျိုးစေ့ချချိန် လူကြီးက ကျော်သွား၏။ အပြန်မှဝင်၏။ ထိုအခါ ကိုရွှေမိုးက ပညာပေးလိုက် သဖြင့် အတန်းလိုက်ချထားသော စပါးစေ့များ ပေါလောပေါ် နေ၏။ တိုင်းအကြီး အကဲက အမိန့်ချ၏။ “ထိုနည်းပညာသည် လယ်သမား ဒုက္ခရောက်မည့် နည်းပညာ”ဟုဆိုလေသောကြောင့် ထိုအကြီးအကဲ ရှိနေသမျှ မပြရဲတော့။ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ အပြား ထိုအဖြစ်အပျက်မျိုးတို့ ကြုံလေခဲ့ ကြပေမည်။ နောင်တစ်ချိန်ချိန် နှီးနှော ဖလှယ်ပွဲမျိုးတွေတောင် လုပ်ကြ ဖို့ကောင်း သည်။ ဌာနသည် ပညာကို ထိပ်ပိုင်းအား အလွန်ပေးချင်၏။ စိုက်ပျိုးရေးခေတ်ဖြစ် သဖြင့် လာသမျှအကြီးအကဲကလည်း စိတ်ဝင်စားနေ သည့်အချိန်မို့ ပညာပေးစာအုပ် စာတမ်းများအား လူကြီးသို့ ပေးကြ၏။ ထိုအခါ ၎င်းစာအုပ်များဖြင့် မိမိတို့ကို ပညာပြန်ပေးကြလေတော့၏။ ဒီစာ အုပ်မှာ ဒီလို၊ ဟိုစာအုပ်မှာ ဟိုလို ရေးထား ပါလား၊ ဘာကိုအမှန်ယူရမလဲဟု နားရင်းပူထူအောင် မေးခွန်းထုတ်ကြတော့၏။ “ဖော်ရှိုး”လုပ်ရင်း “ ဖိုးရှော့” ဖြစ်ခဲ့ကြ၏။ ပြယုဂ် လုပ်ရင်း အခန့်မသင့်၍ “ ပြုတ်ရ”သူများလည်း ဒုနှင့်ဒေး။ ကဲ ခင်ဗျားကို နည်းပညာတွေ ဒီလောက်တောင်ကောင်းနေရင် နှစ်ကုန်လို့ စပါးအထွက် တိုးရင်းတိုး၊ မတိုးရင်တော့ါသ ဆိုသဖြင့် စပါးရိတ်ချိန်၌ မြေစာရင်းဌာနကို မျက်နှာ ချိုသွေးကြ၏။ သူက စံကွက်ဖြင့်အထွက် နှုန်း စိစစ်သူကိုး၊ မြေစာရင်းကလည်း (မယက)(ခယက)ကြောင့် ဒသမတိုး၊ တစ်တင်းတိုးဖြင့် တိုးပေးပါ၏။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် GDP တွေလည်း တ၀ုန်းဝုန်း၊ ဆန်ဖူလုံ မှုသည်လည်း တဖုံးဖုံး တက်လာ ကြ၏။ သည်တိုင်းမှူးမှ နောက် တိုင်းမှူး ပြောင်းလာချိန် ၎င်းကိန်းဂဏန်း များအား မယုံဆိုပြန် သဖြင့် တရုန်းရုန်းဖြင့် နေ့ရောညပါ အစည်းအဝေး လုပ်ကြရင်း လျှော့ကြ ပြန်ပါ၏။ သည်လိုဖြင့် စိုက်ပညာရှင် ၀န်ထမ်း မလို။ လယ်သမား သူ့ဟာသူ စိုက်လိမ့် မည်ဆိုပြီး ပညာပေး ၀န်ထမ်း အင်အားများ လျော့ပါး ပွန်းတီး သွားခဲ့ရ ၏။ ပညာပေးစခန်း ဖျက်သိမ်း၊ လယ်သမားနှင့် ပညာရှင်တို့ စိမ်းသွားလေတော့၏။ ရုံးတွင် ကျီးနှင့် ဖုတ် ဖုတ်၊ မဖြစ်မနေ ရွာဆင်းလျှင် တစ်ခါခေါ် လည်းမလာ၊ သုံးလေးခါခေါ်လည်းမလာ၊ ရှောင်နေကြတော့၏။ စိုက်ပျိုးရေးဌာနမှာ နည်းပညာပေါ်လစီတွေလည်း တစ်ယောက်ပြောင်း တစ်မျိုး ပြောင်းကြ၏။ ဌာနက လည်း တီးလုံးနှင့် ကကွက်လိုက်အောင် တီထွင်စရာတွေကလည်း များမှများဖြစ် ၏။ “စပါးတင်းသန်း ၂,၀၀၀ ထွက်ရှိဖို့ တီကောင်မွေးကြစို့”ဟုလည်း အော်ခဲ့ဖူး ၏။ စပါးခင်းအတွင်း ရေမှော်လည်း စိုက်ခဲ့ကြ၏။ ဘဲလည်းမွေးခဲ့ကြ၏။ “ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း အနာသက်သာတာပေါ့”ဆိုသည့် ဦးဗဂျမ်း ကာကွန်းကဲ့သို့ပင် တွေးပေးကြစေလိုပါ သည်။ ပြန်သုံးသပ်ကြစေလို ပါသည်။“တောင်သူ အခြေပြု” ခေတ်တွင် ကျွန်တော်တို့ Extension ဘာလုပ်ကြမလဲ။ “ Farmer Needs” က ဘာလဲ၊ သိအောင် ကြိုးစား၊ ပြန့်ပွားအောင် အားထုတ်ပါမှ တစ်ချိန်ချိန် မိမိရုံး ရှေ့ ဆိုင်းဘုတ် များဖြင့် စီတန်း လှည့်လည်မှု ဆန္ဒပြခံရမှု ကင်းဝေးမည် ဖြစ်၏။ တောင်သူ ထံသွား၊တောင်သူ့ နားနေ၊ အမှန် တကယ် ကွင်းပြဿနာ များကို အခြေခံ၍ လိုအပ်သည့် ပညာပေး လုပ်ငန်းများကို လက်ပွန်းတတီးလုပ်မှ တောင်သူချစ်မည်။ ဒါမှတကယ့် Farmer Needs ဖြစ်ပါ မည်။ နိုင်ငံတော်က “စပါး”ထွက်လို၏။ တောင်သူက “ ငွေ”လို၏။ စပါးထွက်တိုင်း ငွေရသည်မဟုတ်၊ ကုန်ကျ စရိတ်နည်းမှ ငွေ ရသည့် စပါးစိုက်ခင်းမှ တွက်ချေကိုက်ပါ မည်။ ဒေသတစ်ခုနှင့် တစ်ခု မပြောနှင့် လယ်ကန်သင်း တစ်ကွက်နှင့် တစ်ကွက်မတူ၊ မျိုးမတူ၊ စနစ်မတူ၊ ရေနေရေထိုင်မတူ၊ မြေသြဇာသုံးစွဲမှုချင်းမတူ၊ အထွက်တိုးဖို့ တစ်ခုတည်း အာရုံစိုက်နေရုံဖြင့် Agriculture Extension ဖြစ်ပါ ပြီလား။ ယခု နောက်ပိုင်း ၀န်ထမ်းငယ် များလည်း ဇဝေဇ၀ါ သူတို့ကြည် ရသည်မှာ ဆရာကြီး မောင်ထင်၏ လေဖြင့် “ ကမ္ဘာ စစ်ကြီးပြီးချိန် လူဖြစ်ရ သကဲ့သို့ပင်”Hybrid လား၊ GAP လား၊ ဒါတွေ ကလည်း တောင်သူ အများစုက “ဟင့်အင်း” တွေက များတော့ မပြောရဲ၊ မဆိုရဲ မစည်း ရုံးရဲရာမှ၊ ပညာလည်း မပေး၊ ဘာမှလည်း မလုပ်ကြတော့ပါ။ Bottom up ဟုဆို၏။ Change ဟု ကြွေးကြော် ကြ၏။ မူလစိတ်ကို ပြင်ကြရမည် ဖြစ်ပါသည်။ တစ်နွေ၊ တစ်မိုးလာတစ်ခါ စံပြကွက် လက်တစ်ဝါးဖြင့် အချိန်ကုန်ရင်း၊ ကျန် လယ်သမားပေါင်းများစွာကို လျစ်လျှူရှု ထားသည့် Agriculture Extension သမား ပေါင်းတို့ခင်ဗျား။ အထက်၌ ရေးသားခဲ့သော Agriculture Extension သမိုင်းကြောင်းအား နမူနာ ယူလျက် အောက်ခြေ အတွင်းမှ Farmer Needs အစစ်ကို Bottom up လုပ်ရင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၊ ရေ မြေအလိုက် သင့်တင့်သည့် နည်း ပညာများ အရ မှန်ကန်သည့် ပေါ်လစီ ဖြစ်လာစေရန် Extension Mind Set အား ကြိုးစားပြင်ယူ ကြပါစို့ဟု ဆော်သြနှိုးဆော်ရေးသားလိုက် ရပါသည်။ - မျိုးသူ (စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ (၁၂) အမှတ် (၁၆၈)၊ အောက်တိုဘာ ၅ – ၁၁၊ ၂၀၁၅ ခုနှစ်
စိုက်ခင်းတခုကို ကွင်းဆင်းရာတွင် သိသင့်သည့် အချက်အလက်များ

စိုက်ခင်းတခုကို ကွင်းဆင်းရာတွင် သိသင့်သည့် အချက်အလက်များ

စိုက်ခင်းတခုကို ကွင်းဆင်းရာတွင် သိသင့်သည့် အချက်အလက်များ စိုက်ခင်းတခုကို လေ့လာချိန်မှာ မြေ မျိုး ပိုး ဥတု အဟာရုဟာ အမြဲ မစဉ်းစားလို့ မရပါဘူး။ မျိုးတခုတည်း ကောင်းရုံ မြေကောင်းရုံနဲ့ စိုက်ခင်းတခု ဖြစ်မလာပါဘူး။စိုက်ခင်း တခုကို ကွင်းဆင်းလို့ အရွက် ပင်စည် အကိုင်း အသီးမှာ ဒဏ်ရာလက္ခဏာတွေ့တိုင်းလဲ ပိုးကျတာ မဖြစ်နိုင်သလို ရောဂါနဲ့ အဟာရချို့တဲ့လို့လည်း ဖြစ်တတ်တာ မေ့မရပါဘူး။ အရင် ကျွန်တော် ကျောင်းပြီးခါစက အခုလိုပဲ အပင်ပိုးကျတာ ရောဂါကျတာလောက်ပဲ သုံးသပ်အဖြေထုတ်ခဲ့သလို မြေချဉ်တာငံတာလောက်ကို မြေ ၂နေရာ ၃နေရာလောက်ထောက်ပြီး ချဉ်တယ် ငံတယ် လုပ်ခဲ့ပါတယ်။တကယ်တန်းကျ ကျနော်လဲ အမှားယွင်းခဲ့ပါတယ်အခုလိုပဲ လူအတော်အများ မှားတတ်ပါတယ်။ ကျွန်တော်တို့ စိုက်ခင်းတခုကို သိတဲ့နားလည်တဲ့ လူတယောက်အနေနဲ့ တောင်သူက အားကိုးလို့ အကူညီပေးဆင်းကြည့်ချိန်မှာ မြေ မျိုး ပိုး ဥတု အဟာရ နည်းပညာ ကုန်ကျစရိတ်ကအစ အားလုံး ကနဦး မဖြစ်မနေမေးရပါတယ်။ဒါမှ စိုက်ခင်း ထဲက ပြသနာကို ၆၀% အဖြေထုတ်နိုင်သလို အကြံကောင်းပေးနိုင်မှာပါ။တောင်သူက အပင်လေးနှုတ် အရွက်လေးပြ ဘာဖြစ်တာမေး ဖြေသူဘက်ကလည်း ဘာဆေးဖျန်း ဆိုတာလောက်ကတော့ ထိရောက်တဲ့ဖြေရှင်းမှု မရနိုင်ပါဘူး။ပျကျလို့ ပိုးငတ်ဆေးပေး မနိုင်ဆေးပြင်းပေး လူသာလဲသွားမယ် ပျမသေတဲ့ ပြသနာမျိုးတွေ အများကြီး ရှိပါတယ်။ပိုး ရောဂါ အပေါ်မှာ ခြုံငုံ သုံးသပ်ရင် ပတ်ဝန်းကျင် ပိုးရောဂါလက်ခံတဲ့ ရာသီ ပိုးရောဂါ ဟာ အမြဲ ဆက်စပ်ပြီး ပိုးရောဂါဟာ စိုက်ခင်းတခု တည်ထောင်တာနဲ့ သူ့သဘာဝကိုက ရှိပြီးသားပါ။ဒါကို အမြစ်ပြတ် ချက်ချင်း သုတ်သင်လို့မရပါဘူး။သူတို့ကို စားသောက်နေတဲ့ နှံကောင်လို ကျိုင်းလို အကောင်တွေအတွက် အစာဖြစ်စေပါတယ်။တနည်းပြောရင် ပိုးတွေကို မိတ်ဆွေပိုးတွေ အတွက် အစာအဖြစ်ထားပေးရပါတယ်။ဆေးသုံးရမယ့်အချိန်က မိမိစိုက်ခင်း လိုအပ်တဲ့ ပိုးအရေအတွက်ထက် များချိန်မှာသာ ဆေးဖျန်းတာကို ဆေးပျော့ပျော့ကနေ ဆေးအပြင်း တဆင့်ချင်းဖျန်းသင့်တာပါ။တခါဖျန်းရင် ရှေ့ကဖျန်း နောက်က သေဆိုတာမျိုးကို ကြိုက်နေရင်တော့ ပိုးသတ်ဆေး ပီးတဲ့ ပိုးတွေ ရောဂါတွေ နောက်ဆက်တွဲ ထိန်းမရတာတွေ ရောက်လာတတ်ပါတယ်။ဒါဆောင် ရာသီဖောက်ပြီး ပိုးရောဂါ မနိုင်တာမျိုးဆို ဆေးကို အဆင့်ဆင့် ထိန်းထိန်းသိမ်းသိမ်းမလုပ်ခဲ့ရင် အကြီးအကျယ် ပြသနာတတ်ပါပြီ။ နောက်ဆက်ပြောဆွေးနွေးကြည့်ရအောင်ပါ။ မျိုး နဲ့ပတ်သက်ပြီး ဆောင်ပုဒ် ရှိပါတယ်။မျိုးစေ့ မမှန် ပင်မသန် ဒီဆောင်ပုဒ်အတိုင်း ကျနော်တို့တောင်သူတွေ ဘယ်လို လက်ခံနေပါသလဲ။လက်ရှိတောင်သူတွေ ပဲ စပါးစိုက်သူများအနေဖြင့် မိမိကိုယ်တိုင် မျိုးခံတဲ့သူများရှိသလို ပွဲရုံတွေကနေ အလွယ်ဝယ်ယူ စိုက်ကြပါတယ်။ အပင်ပေါက်နှုန်း အထွက်နှုန်း ရောဂါ ရာသီဒဏ်ခံနိုင်မှု စတာတွေကို ကျနော်တို့တောင်သူတွေ ဘယ်လိုတိုင်းတာသလဲ။မိမိအိမ်တွင်း မျိုးကို သုံးမယ်ဆိုရင် မျိုးထိန်းသိမ်းနည်း အဆင့်ဆင့် မျိုးကောင်းမျိုးသန့်ရွေးချယ်မှု နည်းလမ်းကို စနစ်တကျ ရှိ မရှိစတာတွေကို လေ့လာသင့်ပါတယ်။မိမိအိမ်ကမျိုးကို ခံတာကို မျိုးကောင်းမျိုးသန့်မခေါ်နိုင်သလို လက်ရှိအနေအထားမှာ မျိုးရိုးဗီဇ အနေဖြင့်တွင်ရင်တောင် တီ တွတ် အဆင့်လောက် ရှိနေတတ်ပါတယ်။ မြေနဲ့ပတ်သက်ရင်တော့ တောင်သူ၁၀၀မှာ ၄၀လောက် မြေချဉ်တာ ငံတာ သိရှိနားလည်နေကြပါပြီ်အချို့တောင်သူကြီးများဆိုလျှင် soil pH meter မြေချဉ်ငံတိုင်းစက် ကိုယ်စီတောင် ထားရှိ တိုးတက်လာတာတွေ့ရပါတယ်။ဒါပေမယ့် နဲနဲလေး လွဲချော်မှုတွေကို မြင်နေရပါတယ်။ဥပမာ မြေတဧကလောက် အခင်းမှာ မြေချဉ်ငံတိုင်းစက်လေးနဲ့ ၃နေရာ ၄နေရာလောက်ထောက်ပြီး ချဉ်လွန်းနေတယ် ငံလွန်းနေတယ်ဆိုရင် မှားနေပါပြီ။အချို့သူတွေကြတော့ မြေနမူနာယူခဲ့ မြေစမ်းပေးမယ် ဆိုပြီး မြေနမူနာယူနည်းမပြောပဲ ကြုံတဲ့နေရာက ယူလာခဲ့ပြီး မြေကိုတိုင်းမယ် pH ၅.၅နဲ့၆.၅ကြားမရှိလျှင် မြေတွေပျက်နေပြီ မကောင်းဘူး အော်နေလို့မရပါဘူး မမှန်ပါဘူး။တကယ်တန်းက မြေကို ချဉ်တာ ငံတာတိုင်းမယ်ဆိုရင် အပင်ခြေရင်း မြေဆွေးပုံ နွားချေးပုံထားတဲ့ မြေကို မယူရပါဘူး။မြေတိုင်းကိရိယာနဲ့ လိုက်တိုင်းမယ်ဆိုရင်လည်း တဧကကို နေရာအနည်းဆုံး ၁၀နေရာအထက် တိုင်းပြီး ထွက်လာတဲ့ ကိန်းဂဏန်းအားလုံးကို ပေါင်းပြီး အကြိမ်ရေနဲ့စားမှသာ ၆၀% သာမှန်တဲ့ အဖြေကို ရပါတယ်။နေရာတွေကို အကြိမ်များလို့သွားရတာခက်ခဲမယ်ဆိုလျှင် မြေတိုင်းကိရိယာက တခြားလူဆီမှာ သွားတိုင်းရမှာဆိုလျှင်လည်း မြေကြီး တပြည်စာလောက်ရဖို့ အောက်ပါနည်းအတိုင်းဆောင်ရွက်ရပါတယ်။စိုက်ခင်းနယ်နိမိတ်မှ ပေ၃၀ အကွာမှ စပြီး ၁၀နေရာခန့်က မြေနေရာများကို ကျပန်းမှတ်သား ယူရပါတယ်။မြေကို အင်္ဂလိပ် အက္ခရာ V ပုံ ပေါက်ပြားနဲ့ပေါက်ပြီး အတွင်းသားမြေကို ဖယ်ပါ။Vမျက်နှာပြင်ကို ဘေးမှ လက်မဝတ်ခန့် ထက်ပြီး V ပုံစံ ထပ်လှီးပြီး မြေကို ယူရပါတယ်။အလို ၁၀နေရာကမြေကို အခင်းတခုအောက်တွင် စုပြီး သမအောင်မွှေပေးပါ။ပြီးလျှင် အခင်းပေါ်ဖျန့်ခင်းပြီး ၄ခေါက်ချိုး ပြီး တပုံကိုယူပါ။မြေကို အခင်းတွင် ဖြန့် ပြီး တပုံယူနည်းအတိုင်း မြေကြီးတပြည်သားအထိ ရောက်အောင် ယူရပါမယ်။ထိုမြေကြီးကိုမှ မြေတိုင်းကိရိယာထောက်မှာသာ အဖြေကောင်းတခုကိုရပါတယ်။မြေနေရာ များများစုဆောင်းပြီး လုပ်ကိုင်မှသာ အမှား အကင်းဆုံး မြေချဉ်ငံကိန်း တခုကို ရရှိပါလိမ့်မယ်။ဒါတောင် မိုးရွာစဉ် မိုးရွာပြီး တရက်အတွင်းမြေကို စမ်းရင် အဖြေမှန်မရနိုင်ပါဘူး။စိုက်ခင်း တခုမှာ မြေချဉ်ငံကိန်း၅.၅ မှ၆.၅ သည် အကောင်းဆုံး တရားသေမှတ်လို့မရနိုင်ပါဘူး။မိုးတွင်းကာလ တောင်ပေါ်ဒေသအများစုနဲ့ မိုးများတဲ့ဒေသတွေမှာ မြေချဉ်ကိန်း အလွန်မင်းကျဆင်းတတ်တဲ့သဘောရှိတတ်ပါသေးတယ်။တကယ် အခြေနေမှန်သုံးသပ်တတ်ဖို့ကအရမ်းအရေးပါတဲ့ ကဏ္ဏတခုဖြစ်တာကြောင့် ကျွမ်းကျင်နားလည်တဲ့ စိုက်ပျိုးရေးသမားတွေနဲ့ တိုင်ပင် လုပ်ကိုင်ဆောင်ရွက်သင့်ပါတယ်။တချို့နေရာတွေမှာ မြေသြဇာ အလွန်အကျွံသုံးလို့ မြေပျက်ရင် မြေတွေ ချဉ်တတ် ငံတတ်ပေမယ့် မြေချဉ်တိုင်း ငံတိုင်း မြေသြဇာ အလွန်ကျွံသုံးတယ်လို့ယူဆလို့မရပါဘူး။တခါတရံမှာ ရာသီဥတုကြောင့် မြေမှာ ပြသနာ တတ်တာမျိုးလဲရှိတတ်ပါတယ်။တောင်ပေါ်ဒေသ ခဲမြေလိုနေရာမျိုးမှာ မြေအောက်မှာ ကျောက်ဖျာ သဘောရှိတတ်လို့ ခြောက်သွေ့ရာသီမှာ ရာသီသီးနှံတွေ ဖြစ်ထွန်းပေမယ့် မိုးတွင်းမှာ စိမ့်ဖန်းလွန်းပြီး အပင်စိုက်မရတတ်တာ ရာသီကြောင့်ပါ။မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ဒီရေတတ်ရင် ဆားကန်ရေနဲ့ နူန်းတင်ကျန်လေ့ရှိပါတယ်။ဒါကို မိုးကောင်းတဲ့ဒေသတွေဖြစ်တဲ့အတွက် မိုးရေချိန်လက်မ ပြည့်မှီအောင်ရွာချိန်မှာ မိုးရေနဲ့အတူ ဆားတွေဟာ ပင်လယ်ထဲပြန်ဆင်းပြီး နူန်းတင်မြေနုတွေ ဖြစ်ထွန်းပြီး စိုက်ပျိုးရေးအောင်မြင်ခဲ့ကြပါတယ်။ယခုလက်ရှိအနေအထားမှာ မိုးရေချိန် လက်မ ပြည့်မှီအောင် မရွာနိုင်တော့လို့ ဆားပေါက်မြေတွေများလာတာ ရာသီကြောင့်ဆိုတာ ငြင်းစရာမရှိပါဘူး။နောက်ဆုံးဖြစ်တဲ့ အဟာရကတော့ မြေသြဇာသုံးတာများလာလို့ ပြောစရာက စနစ်တကျကျွေးတတ်ဖို့ အရေးကြီးလာပါတယ်။မြေကြီးတခုမှာ မြေသြဇာတွေ ကျွေးတိုင်း အပင်အတွက် အဟာရ မဖြစ်တတ်ပါဘူး။တခါတရံမှာ လိုအပ်တာထက် ပိုကျွေးလို့ အဆိပ်ဖြစ်ကုန်သလို မြေကြီးအတွင်း ရှိရမယ့် တီ အကျိုးပြု မှို ဘက်တီးရီးယားတွေ အဖျက်စီး ခံရပါတယ်။မြေသြဇာကို အကြိမ်ရေများများ ပမာဏနဲနဲ နဲ့ ခွဲခြားစိတ်ဖြာ ကျွေးတာ ကောင်းတဲ့ အလေ့အထ တခုပါ။ဒါပေမယ့် အင်းလေးလိုဒေသ ရေပေါ်စိုက်ခင်းတွေအတွက်တော့ အခုပြောတဲ့နည်းက အဆင်မပြေနိုင်ပါဘူး။ မြေတွင်း အဟာရကမြေချဉ်ငံကိန်းနဲ့ ဆက်စပ်မှုဖြစ်နေတာ ထူးခြားချက်ပါ။မြေတွင်း မြေဆွေးဓာတ်ကို များများထည့်သွင်းပြီး ဓာတုမြေသြဇာကို လျော့ချနိုင်ဖို့က အလွန် အရေးကြီးတဲ့ အချက်ပါ။ကျနော် အခုပြောဆို တင်ပြနေတာတွေဟာ ကျနော် ရောက်ခဲ့တဲ့နေရာ ဒေသတွေမှာ မြင်တွေ့သမျှတွေအပေါ် ခြုံငုံတင်ပြခြင်းဖြစ်ပါတယ်။တကယ်လည်း မှားယွင်းနေကြလို့ နည်းလမ်းကောင်းများရရင် ဆောင်နိုင်ရှောင်နိုင်ရန်တင်ပြခြင်းဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။ ခန့်ဇော်ထက် Agricultural Consultancy Organization Myanmar ACOM
အသီးများကြီးထွားဖွံ့ဖြိုးရေးအတွက်ဓါတ်မြေဩဇာ

အသီးများကြီးထွားဖွံ့ဖြိုးရေးအတွက်ဓါတ်မြေဩဇာ

ဦးဖရက်သိန်းဖေ Author added 7 new photos. November 2 at 8:30pm အသီးများကြီးထွားဖွံ့ဖြိုးရေးအတွက်ဓါတ်မြေဩဇာ 🍈🍉🍏🍊🍋🍐🍑🍅🍆🍒🍓🍇🍎🍌🍍 ယနေ့မျက်မှောက်အသီးများစိုက်ပျိုးထုတ်လုပ်ရေးတွင် အထွက်နှုန်းသာမကအသီးအရည်အသွေးကောင်းမွန် ရေးအတွက်ကယ်လ်စီးယမ်(ခေါ်)ထုံးဓါတ်နှင့်ဘိုရွန် ဒြပ်စင်များပါသောမြေဩဇာကိုအထူးအလေးပေး ကျွေးကြသည်။ကယ်လ်စီယမ်သည်ဆဲလ်တစ်ခုနှင့် တစ်ခုအကြားနံရံတွင်ကယ်လ်စီယမ်ပက်ကိတ် Calcium pectate အဖြစ်ရှိနေသည်။ဤသို့ဖြင့် အသီး၏နံရံရှိဆဲလ်များကိုဖွံ့ဖြိုးစေသည်။ကယ်လ်စီ ယမ်သည်အပင်အတွင်းဝင်ရောက်ရန်နှေးကွေးရုံမက အပင်အတွင်းသို့ရောက်ရှိသွားသောအခါ၌လည်း တစ်နေရာတွင်အထိုင်ချပြီးသောအခါအခြားတစ်နေ ရာသို့ရွှေ့ပြောင်းရန်အလွန်ခဲယဉ်းသည်။နိုက်ထရိုဂျင်၊ ဖော့စ်ဖရပ်၊ပိုတက်စီယမ်တို့ချို့တဲ့လာပါကအသစ် အသစ်ဖြစ်ပေါ်သောအညွန့်များ၊ရွက်နုများတွင်ထို ဒြပ်စင်များရောက်ရှိရန်ခက်ခဲလာသည်။ထိုအခြေ အနေမျိုးတွင်အရွက်အိုများအတွင်းရှိထိုဒြပ်စင်များ ရွက်နုများ၊အညွန့်ထိပ်ဖျားများဆီသို့လွယ်ကူစွာရွှေ့ ပြောင်းသွားကြသည်။ထိုအင်္ဂါအနုများဆီသို့ထိုဒြပ် စင်များရောက်ရှိလာခြင်းကြောင့်ချို့တဲ့မှုလက္ခဏာ များမပေါ်ပေါက်တော့ပေ။ထိုသို့ထိုဒြပ်စင်များရွှေ့ ပြောင်းပေးလိုက်ရသောရွက်အိုများမှာအရွယ်မရောက် မှီ၊အချိန်မတိုင်မှီပျက်ဆီးကြွေကျသွားကြသည်။ ကယ်လ်စီယမ်ချို့တဲ့သောအပင်များ၌ကား ရွက်အိုများအတွင်းရှိကယ်လ်စီယမ်များရွက်နုများ၊ အညွန့်များဆီသို့မပြောင်းရွှေ့နိုင်၍ထိုအင်္ဂါအနုများ တွင်ကယ်လ်စီယမ်ချို့တဲ့မှုခံစားရပြီးအညွန့်ကန်းခြင်း၊ ကောက်ကွေးခြင်း၊ရွက်နုများသေးငယ်ခြင်း၊မဖွံ့ဖြိုး ခြင်းနှင့်ကြုံတွေ့ရသည်။ ကယ်လ်စီယမ်များသည်အပင်အတွင်းအစွန်အဖျား နေရာများဖြစ်သောသီးခွံများဆီသို့ရောက်ရှိရန်အခက်ခဲ ဆုံးဖြစ်သည်။ထိုနေရာများဆီသို့အရွေ့နှေးသော ကယ်လ်စီယမ်များရောက်မလာသောအခါသီးကင်းကြွေ ခြင်း၊အသီးထိပ်ဖျားပိုင်းပုပ်ခြင်း၊အသီးကောင်းစွာ မကြီးခြင်း၊အသီးအက်ကွဲခြင်းများဖြစ်ပေါ်တတ်သည်။ ကယ်လ်စီးယမ်များတစ်နေရာမှတစ်နေရာသို့ရွှေ့နိုင်ရန် ဘိုရွန်ကအကူအညီပေးသည်။ထို့ကြောင့်၎င်းကို ကယ်လ်စီယမ်သယ်ဆောင်ပစ္စည်း Calcium carrier ဟုခေါ်သည်။ ဘိုရွန်သည်အပင်၏ပန်းပွင့်များမှအဖိုဗီဇ သယ်ဆောင်သောဝတ်မှုံ pollen များဖွံဖြိုးရေးတွင် အရေးပါသောဒြပ်စင်ဖြစ်သည်။ဝတ်မှုံများမူမှန်စွာ ဖွံ့ဖြိုးရေးအတွက်ဘိုရွန်လိုအပ်သည်။ဝတ်မှုံများ အရွယ်ရောက်ပြီး ဝတ်မှုံကူးပြီး ဝတ်ဆံမတိုင်ထိပ်သို့ ရောက်ပြီးအညှောက်ဖောက်ရာတွင်လည်းဘိုရွန် လိုအပ်သည်။ဘိုရွန်လုံလောက်စွာရရှိမှဝတ်မှုံများ မူမှန်စွာအညှောက်ပေါက်စေနိုင်သည်။ဘိုရွန်၏ အခန်းကဏ္ဍမှာဤမျှနှင့်မပြီးသေးပါ။ဘိုရွန်သည်ဝတ် မှုံများအညှောက်ပေါက်ရာမှထွက်လာသောဝတ်မှုံ ပြွန် pollen tube မူမှန်စွာ၊ကောင်းမွနိစွာရှည် ထွက်နိုင်ရန်လိုအပ်ပြန်သည်။ဝတ်မှုံအညှောက်ပေါက် ပြီးသန္ဓေအောင်ရာမှအသီးဖွံ့ဖြိုးခြင်းကိုဖြစ်စေသည်။ အချုပ်ဆိုရသော်သီးကင်းစတင်ဖွံ့ဖြိုးရာမှအဆုံးတိုင် ကြီးထွားဖွံ့ဖြိုးရန်အတွက်ဘိုရွန်လိုအပ်သည်။ ဘိုရွန်သည်သီးခွံများဖွံ့ဖြိုးရန်အတွက်ပမာဏများစွာ လိုအပ်သောကယ်လ်စီယမ်များကိုထိုအဝေးဆုံးနေရာ အထိတာဝန်ယူပို့ပေးသည်။တစ်နည်းဆိုသော်အသီး များကြီးထွားဖွံ့ဖြိုးရန်အတွက်ကယ်လ်စီယမ်နှင့်ဘိုရွန် အထူးလိုအပ်သည်။စိုက်ပျိုးသူအနေနှင့်အသီးများများ စိုက်ပျိုးထုတ်လုပ်ရာတွင်ကယ်လ်စီယမ်နှင့်ဘိုရွန်ကို အထူးအလေးထားကျွေးရန်လိုအပ်သည်။ ဘိုရွန်သည်အပင်များအတွင်းအနည်းငယ်သာ လိုအပ်သော်လည်းထိုလိုအပ်သောအနည်းငယ်ထက် အနည်းငယ်ပိုသွားပါကလည်းအဆိပ်သင့်စေပြန်သည်။ ထို့ကြောင့်ဘိုရွန်ကိုအသုံးပြုရာတွင်အထူးအလေးထား အသုံးပြုရန်လိုအပ်သည်။ဘိုရွန်၏အခြားဂုဏ်သတ္တိတစ် မျိုးမှာမှိုရောဂါများကိုနှိမ်နင်းနိုင်သော - တစ်နည်း အားဖြင့်မှိုသတ်ဆေးအစွမ်းရှိပါသည်။သင်္ဘောသီးများ ထုတ်လုပ်ရာတွင်သင်္ဘောသီးများဘိုရွန်ချို့တဲ့ပြီးအသီး နူရောဂါမဖြစ်စေရန်ဘိုရွန်ကိုကြိုတင်ကျွေးထားရန်လို အပ်သည်။ ငရုတ်သီး၊ခရမ်းချဉ်သီး၊ခရမ်းသီး၊စပျစ်သီး၊သင်္ဘော သီး၊ဖရဲသီးမှအစအသီးမျိုးစုံအတွက်လိုအပ်သော ကယ်လ်စီယမ်နှင့်ဘိုရွန်မြေဩဇာများကျွေးရာတွင် ရေမပျော်သောဓါတ်ပေါင်းများကြောင့်အခက်အခဲရှိ နေပါသည်။ ရေပျော်သော ကယ်လ်ဘိုရိုလ် Calboro ကဲ့သို့မြေဩဇာများဈေးကွက်မှဝယ်ယူအသုံး ပြုနိုင်ပါသည်။ယင်းသည်ရေပျော်မြေဩဇာဖြစ် ၍အရွက်ဖျန်းမြေဩဇာအဖြစ်လည်းအသုံးပြု နိုင်သည်။ 🍍ဦးဖရက်သိန်းဖေ 🍎၂/၁၁/၂၀၁၅ 🍋၀၉၇၉၂၈၈၁၃၃၄
မတ်ပဲ (Black Bean) ဈေးကွက်အခြေအနေ

မတ်ပဲ (Black Bean) ဈေးကွက်အခြေအနေ

အိန္ဒိယနိုင်ငံတွင် ရာသီ ဥတုဖောက်ပြန်မှုကြောင့် ပဲမျိုးစုံ လက်ကျန်နည်းသဖြင့် ၂၀၁၆ ၌ အသစ်ပေါ်မည့် မြန်မာနိုင်ငံမှ ပဲ များ ဈေးကောင်းရနိုင်သည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်းမှ သတင်းရရှိသည်။ အိန္ဒိယနိုင်ငံသည် မြန်မာ နိုင်ငံမှ အဓိက၀ယ်ယူနေသော ဆောင်းရာသီ စိုက်ပျိုးမည့် မတ်ပဲ၊ ပဲစင်းငုံတို့သည် မြန်မာပြည် တွင်း၌ လက်ကျန်နည်းနေသဖြင့် အသစ်ထွက်လာချိန်၌ တောင်သူများ ဈေးကောင်းရမည်ဟု အထက်ပါအသင်း အထွေထွေ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။‘‘အိန္ဒိယအ၀ယ်နဲ့ ပြည်တွင်း စက်ရုံက အ၀ယ်ကြောင့် ရှေ့ပိုင်း မှာ ထွက်တဲ့ ပဲဆိုရင် ပိုပြီးဈေး ကောင်းရနိုင်တယ်’’ဟု ဦးမင်းကို ဦးက ဆိုသည်။ လက်ရှိပြည်တွင်းဈေးကွက် တွင် ပဲစင်းငုံ လက်ကျန်မရှိဘဲ မတ်ပဲလက်ကျန်သာ အနည်းငယ် ကျန်ရှိနေသည်။ မျိုးပဲများအတွက်ရောင်းချပေးနေရခြင်းကြောင့် ပြည်ပသို့ မတ်ပဲရောင်းချမှုမှာ မကြာမီ ကုန်ဆုံးသွားနိုင်သည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင် မှ ပဲကုန်သည် တစ်ဦးက ပြော သည်။ နိုဝင်ဘာလဆန်းပိုင်းမှ စ တင်၍ အိန္ဒိယအစိုးရအား ပြည်တွင်း၌ ပဲမျိုးစုံဈေးနှုန်းမြင့်တက် နေမှုကို ထိန်းချုပ်ရန် ဥပဒေထုတ်ပြီး ဂိုဒေါင်များကို လိုက်လံစစ် ဆေးနေသော်လည်း ဆောင်းရာသီ စိုက်ပျိုးသည့် မတ်ပဲကို အိန္ဒိယကုန်သည်များက တစ်တန်လျှင် FOB (သင်္ဘောပေါ်ရောက် ဈေးနှုန်း) ကန်ဒေါ်လာ ၁,၄၅၀ ဖြင့် ကြိုတင် ၀ယ်ယူမှုများရှိခဲ့သည်။ လက်ရှိတစ်ဒေါ်လာလျှင် ၁,၂၈၃ ကျပ်ဖြင့်တွက်ပါက တစ်တန်လျှင်ကျပ် ၁၇ သိန်းခန့် ဈေးရှိနေ ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ဆောင်းပဲစိုက်ပျိုးသည့် ရာသီဖြစ် ပြီး မျိုးပဲမတ်ပဲတစ်တင်းလျှင်ကျပ် ၇၅,၅၀၀ ဈေးရှိနေကြောင်း ကုန် သည်များထံမှ သိရသည်။ ပြည်သိမ်း
Time Management

Time Management

Time Management (အချိန်ကိုက် စီမံခန့်ခွဲနည်း) Fail to Plan – Plan to Fail (အစီစဉ်ရေးဆွဲရန် ပျက်ကွက်ခြင်းသည် - ကျရှုံးဖို့အတွက် စီစဉ်ခြင်းဖြစ်သည်။) Time is Money အချိန်ဟာငွေကြေးဆိုပြီး . . ငွေကြေးရင်းနှီးမြုပ်နှံမှုသဖွယ် ကမ္ဘာမှာတင်စားခေါ်ဝေါ်နေကြပြီး မိတ်ဆွေအားလုံးရဲ့ နေ့စဉ်ဘ၀တွေမှာလည်း တန်ဖိုးရှိရှိအသုံးချနေကြတဲ့ Time Management လုပ်ဆောင်မှုတွေမှာ ပိုမိုပြီးပြည့်စုံနိုင်စေဖို့ စီမံခန့်ခွဲမှုနည်းလမ်းကောင်းလေးတွေကို စုစည်းရေးသားပေးလိုက်ပါတယ်။ (1) Define your Plan (လုပ်ဆောင်မည့်အစီအစဉ် သတ်မှတ်) – Time Management ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ဆိုရင် Plan က အဓိကအရေးကြီးပြီး When, How, What စသည့်ဖြင့် လုပ်ဆောင်မည့် ပုံစံတွေကို စိတ်ကူးပုံဖော်ပြီး ပထမဆုံး အသေးစိတ်ပိုင်းခြားသတ်မှတ်နိုင်ဖို့လိုပါမယ်။ (2) Estimate Sequencing (နောက်ဆက်တွဲနှင့် အမြင့်ဆုံးကြာချိန်) အဆင့်ဆင့်သတ်မှတ်ပြီးတဲ့ Plan တွေမှာ (Expect the Unexpected မမျှော်လင့်ထားတာတွေကို မျှော်လင့်ထားဖို့) ကိုယ်မထင်ထားတဲ့ အရာတွေဟာ ပေါ်ပေါက်လာတက်လို့ အရံအချိန်တခုကိုသတ်မှတ်ပြီး အမြင့်ဆုံးကြာနိုင်ချိန်ကို တွေးထားရမှာဖြစ်ပါတယ်။ (3) Schedule Activity (အစီစဉ်တကျ လုပ်ဆောင်) Plan နဲ့ Sequencing ကို သတ်မှတ်ပြီးရင်တော့ Schedule လုပ်ငန်းစဉ်မှာပါတဲ့အတိုင်း အချိန်ကိုက်ပြီးစီးနိုင်ရန်အတွက် အဆင့်ဆင့်အကောင်ထည်ဖော် ဆောင်ရွက်မှုတွေနဲ့ စတင်နိုင်ဖို့လိုအပ်လာပြီဖြစ်ပါတယ်။ (4) Control Target (ဦးတည်ချက်သို့ ထိန်းချုပ်) Schedule အတိုင်း လုပ်ငန်းဆောင်ရွက်ချက်တွေကိုတော့ သတ်မှတ်ထားတဲ့ အချိန်ကာလအတွင်းပြီးစီးနိုင်ဖို့ရာ Control က အမြဲတမ်းလိုလိုလုပ်နေနိုင်မယ်ဆိုလျှင် Time Management (အချိန်ကိုက် စီမံခန့်ခွဲခြင်း) ဆိုတဲ့ အမှားနည်းနည်း/ ရှုံးဆုံးမှုသက်သာစွာ အချိန်တိုတိုအကျိုးရှိရှိ ပြီးစီးအောင်မြင်နိုင်မှာဖြစ်လို့ မိတ်ဆွေများရဲ့ မနက်ဖြန်တိုင်းမှာ လုပ်ငန်းစဉ်တွေကို အချိန်ကိုက်ပြီးစီးနိုင်ဖို့ Time Management ပုံစံလေးနဲ့ အကြံပြုရေးသားလျှက် နိဂုံးချုပ်လိုက်ပါရစေ။ ----------------------------------------------------------------------------- Time Management Word; - Fail to Plan – Plan to Fail (အစီစဉ်ရေးဆွဲရန် ပျက်ကွက်ခြင်းသည် - ကျရှုံးဖို့အတွက် စီစဉ်ခြင်းဖြစ်သည်။)
ဓာတ်မြေသြဇာနှင့် အဆိပ်သင့်ခြင်း

ဓာတ်မြေသြဇာနှင့် အဆိပ်သင့်ခြင်း

Myanmaalinn's photo. Myanmaalinn's photo. Myanmaalinn added 2 new photos. 14 hrs · Yangon · ဓာတ်မြေသြဇာနှင့် အဆိပ်သင့်ခြင်း ====================== သိပ္ပံစာရေးဆရာကိုကိုအောင် ကမ္ဘာ့လူဦးရေ အဆမတန်တိုးပွားလာနေခြင်းသည် ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှု ကိန်းဂဏန်းများကို ပို၍ကြီးထွားလာစေသည်။ တိုးပွားလာသောလူဦးရေနှင့် အညီ စိုက်ပျိုးမြေများကို ချဲ့ထွင်ကြသော်လည်း အလှမ်း ကွာဝေးလွန်းလှသောစိုက်ခင်းများတွင် ပြုစုပျိုးထောင် စိုက်ပျိုးရသော စရိတ်စကများက ကြီးလေးသည့်အတွက် စိုက်ပျိုးလက်စ မြေဧရိယာအတွင်း၌ပင် ကောက်ပဲသီးနှံ များကို အထွက်တိုးအောင် နည်းမျိုးစုံဖြင့် ကြံဆလာကြ သည်။ ဤသို့အားဖြင့် ကောက်ပဲသီးနှံအထွက်နှုန်းကို တိုး ပွားစေသည့် ဓာတ်မြေသြဇာများသည် စိုက်ပျိုးတောင်သူ တို့၏ အားကိုးအားထားပြုစရာ ဖြစ်လာခဲ့တော့သည်။ စပါး၊ ဂျုံ၊ ပဲ၊ နှမ်း၊ ပြောင်းစသော ရာသီသီးနှံများကို စိုက်ပျိုးရန်စဉ်းစားသည့်အခါ ဓာတ်မြေသြဇာသုံးစွဲရေး ကိုသာ ရှေ့တန်းတင်လာကြသည်။ ကောက်ပဲသီးနှံ စိုက်ခင်းများတွင် ဓာတ်မြေသြဇာသုံးစွဲမှု ကာလကြာမြင့် လာသည့်အခါ မြေဆီလွှာကိုထိခိုက်မှုများ သိသိသာသာ ဖြစ်ပေါ်လာသည်။ ကောက်ပဲသီးနှံများ ရှင်သန်ကြီးထွားဖွံ့ဖြိုးစေရေး အတွက် ဒြပ်စင် ၁၆ မျိုး လိုအပ်သည်။ ထိုဒြပ်စင်များမှာ ကာဗွန်ဒိုင်အောက်ဆိုက်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင်၊ ဖော့စ်ပရပ်စ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆာလ်ဖာ၊ ဘိုရွန်၊ ကလိုရင်း၊ ကော့ပါး၊ အိုင်းယွန်း၊ ဇင့်၊ မင်းဂနီးစ်နှင့် မိုလီဒီနမ်တို့ ဖြစ်ကြသည်။ အဆိုပါ ဒြပ်စင် ၁၆ မျိုးအနက် ကာဗွန်ဒိုင်အောက် ဆိုက်၊ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ကို လေထုထဲက အရန်သင့်စုပ်ယူရရှိကြသည်။ ကျန်ဒြပ်စင်များကိုမူ မြေကြီးထဲက စုပ်ယူရရှိရန် လိုအပ်သည်။ မြေကြီးထဲမှ တစ်ဆင့်ရရှိနိုင်သော ဒြပ်စင်များအနက် နိုက်ထရိုဂျင် သည် ကောက်ပဲသီးနှံများ၏ အပင်ပိုင်းဆိုင်ရာကြီးထွားမှု ကို ပံ့ပိုးဖြည့်ဆည်းပေးပြီး ဖော့စ်ပရပ်စ်ကမူ ကောက်ပဲ သီးနှံများ၏ လိင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို အဓိကအား ဖြင့် ပံ့ပိုးဖြည့်ဆည်းပေးသည်။ ထိုအချက်ကိုသိရှိထား ကြသော ဓာတ်မြေသြဇာထုတ်လုပ်သူများသည် နိုက်ထ ရိုဂျင်နှင့် ဖော့စ်ပရပ်စ်တို့ ထူးထဲစွာဖြည့်စွက်ထားသော ဓာတ်မြေသြဇာများကို ထုတ်လုပ်ရောင်းချလျက် ရှိနေ ကြသည်။ ထိုသို့သော ဓာတ်မြေသြဇာများကို သုံးစွဲစိုက်ပျိုးမှု နှစ်ကာလကြာရှည်လာသည့်အခါ ယင်းစိုက်ပျိုးမြေသည် နိုက်ထရိုဂျင်နှင့် ဖော့စ်ပရပ်စ်တို့သာြ<ွကယ်ဝနေပြီး ကျန်ဒြပ်စင်များ တဖြည်းဖြည်းနှင့် ချို့တဲ့ဆုံးရှုံးလာတော့ သည်။ ထိုအခြေအနေသည် ကောက်ပဲသီးနှံအထွက်နှုန်းကို ကျဆင်းသွားစေရုံမျှမက ထွက်ရှိလာသောကောက်ပဲ သီးနှံ၏ အရည်အသွေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက် စေသည်။ ကောက်ပဲသီးနှံမျိုးစိတ်များသည် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားနေကြသလို မြေကြီးထဲက စုပ်ယူစားသုံး ကြရသော ဒြပ်စင်များ၏အချိုးအဆသည်လည်း မျိုးစိတ် တစ်ခုနှင့်တစ်ခု မတူညီကြပေ။ အပင်မျိုးစိတ် တစ်ခု တည်း၌ပင်လျှင် ကြီးထွားဖွံ့ဖြိုးမှုမတူညီပါက မြေကြီး ထဲက ဒြပ်စင်များကို စုပ်ယူသည့်ပမာဏနှင့် အချိုးအဆ တို့ကလည်း အမျိုးမျိုးကွဲပြားခြားနားကြသည်။ ဤသို့သော သဘောသဘာဝများကြောင့် ချို့တဲ့ဆုံးရှုံး သွားသော ဒြပ်စင်အားလုံးကို ပြန်လည်ဖြည့်တင်းမပေးဘဲ နိုက်ထရိုဂျင်နှင့် ဖော့စ်ပရပ်စ်တို့ကိုသာ ထပ်ကာတလဲလဲ ဖြည့်ဆည်းပေးနေခြင်းသည်လည်းကောင်း၊ ကျန်ဒြပ်စင် များကို ဖြည့်ဆည်းပေးရာ၌လည်း ဆုံးရှုံးမှုပမာဏအလိုက် အချိုးညီညီ ဖြည့်ဆည်းမပေးနိုင်ခြင်းသည်လည်းကောင်း မြေဆီလွှာကိုထိခိုက်ပျက်စီးစေသော အကြောင်းတရား များ ဖြစ်လာရတော့သည်။ တစ်နည်းဆိုရသော် ရှိသင့် သောဒြပ်စင်များ မရှိတော့ခြင်းနှင့် ဓာတ်မြေသြဇာများ ကြောင့် အဆမတန်ပိုလျှံလွန်ကဲလာသော ဒြပ်စင်များ သည် မြေဆီလွှာ၏ ဇီဝဓာတုဖြစ်စဉ်များကို ကမောက် ကမဖြစ်သွားစေခြင်းပင် ဖြစ်သည်။ ထို့ပြင် ဓာတ်မြေသြဇာများကို စီမံထုတ်လုပ်ရာ၌ ပါဝင်ရောနှောလာလေ့ရှိသည့် ခဲနှင့် ကက်ဒမီယမ် ကဲ့သို့ သော ဒြပ်စင်များကြောင့် မြေဆီလွှာနှင့်တကွ သဘာဝ ပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေသည်။ ဓာတ်မြေသြဇာများကို အဖန်တလဲလဲ ထပ်ဆင့်သုံးစွဲလာ သည့်အခါ ကောက်ပဲသီးနှံများသည် ဒြပ်စင်များကို လိုအပ်သည်ထက် ပိုမိုလွန်ကဲစွာ စုပ်ယူထားကြရပြီး အပင်ထဲ၌ ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် သိုလှောင်ထိန်း သိမ်းထားကြရသည်။ ထိုအခါ အပင်များသည် သိသိသာသာအရည်ရွှမ်း လာပြီး အမိုင်နိုအက်စစ်နှင့် သကြားဓာတ်များလည်း ပိုမိုများပြားလာကြသည်။ အမိုင်နိုအက်စစ်နှင့် သကြား ဓာတ်ကို နှစ်ခြိုက်ကြသော အပင်ဖျက်ပိုးမွှားများလည်း အဆမတန်ပေါက်ပွားလာကာ အပင်များကို အုပ်စုလိုက် ဖျက်ဆီးကုန်ကြတော့သည်။ ဤသို့အားဖြင့် ဓာတ်မြေ သြဇာကိုသုံး၍ စိုက်ပျိုးထားသောအပင်များသည် ဖွံ့ဖြိုး ကြီးထွား သန်မာကြသည့်တိုင် အပင်ဖျက် အင်းဆက် ပိုးမွှားများ၏ အုပ်စုလိုက်ဖျက်ဆီးခံရခြင်းမှ လွတ်ကင်း စေရန်အတွက် ပိုးသတ်ဆေးကို အများအပြားသုံးစွဲကြ ရတော့သည်။ ကောက်ပဲသီးနှံစိုက်ခင်းများတွင် သုံးစွဲနေကြသော ပိုးသတ်ဆေးများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်ပိုးသတ် ဆေးအဆိပ်သင့်သူ သုံးသန်းနှင့် အဆိပ်သင့်မှုကြောင့် သေဆုံးရသူ ၂၂ဝဝဝဝ အထိရှိနေကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက သုတေသနပြုတွေ့ရှိရသည်။ ပိုးသတ် ဆေးသည် ဦးနှောက်နှင့်အာရုံကြောများ ထိခိုက်ခြင်း၊ ကင်ဆာဖြစ်ပွားခြင်း၊ သားမြုံမှုကိုဖြစ်စေပြီး မျိုးပွားမှုကို ထိခိုက်ခြင်းများ ဖြစ်စေနိုင်ကြောင်း သိပ္ပံပညာရှင်တို့က သတိပေးထားကြသည်။ ထို့ပြင် ကောက်ပဲသီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေး များကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြခြင်းကြောင့် ပိုးသတ်ဆေးဓာတ်ကြွင်းများသည် ကမ္ဘာ့မြေလွှာအတွင်း သို့ စိမ့်ဝင်ရောက်ရှိကာ မြေအောက်ရေများအတွင်း၌ ပျော်ဝင်လျက်ရှိနေကြသည်။ မြေအောက်ရေများကို တူးဖော်ရယူပြီး ခေတ်မီနည်းစနစ်များသုံးကာ သောက် ရေသန့်များအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိနေကြ သော်လည်း သောက်ရေသန့်အများစုတွင် ပိုးသတ် ဆေးဓာတ်ကြွင်းများ ပျော်ဝင်လျက်ရှိနေကြောင်းကို သုတေသနပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။ ပိုးသတ်ဆေးဓာတ်ကြွင်းများ ပျော်ဝင်နေသောရေသည် ကျောက်ကပ်၏ခံနိုင်ရည်စနစ်နှင့် ဗဟိုနာဗ်ကြောတို့ကို ပြင်းထန်စွာထိခိုက်စေသည့်အပြင် ကင်ဆာရောဂါများ လည်း ဖြစ်ပွားလာနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်တို့က ထုတ်ဖော် ကြေညာထားကြသည်။ ဓာတ်မြေသြဇာများကြောင့် သဘာဝမြေဆီလွှာ၏ ဇီဝဓာတုဖြစ်စဉ်များ ကမောက်ကမဖြစ်ကာ မြေဆီလွှာ ပျက်စီးသွားရသလို...ဆက်စပ် ဆိုးကျိုးများအဖြစ် လည်း စိုက်ပျိုးထွက်ရှိလာသော ကောက်ပဲသီးနှံများတွင် ပိုးသတ်ဆေးများ ကပ်ငြိကျရောက်နေမှုကြောင့် စားသုံး သူများအား ပိုးသတ်ဆေး အဆိပ်သင့်စေခြင်းနှင့် သောက်သုံးရေများတွင် ပါရှိလာသော ပိုးသတ်ဆေး ဓာတ်ကြွင်းများကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ နှင့် ရင်ဆိုင်ကြုံတွေ့ကြရခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဓာတ်မြေသြဇာအားကိုးဖြင့်စိုက်ပျိုးသော ကောက်ပဲ သီးနှံများ၏ သဘာဝအရ သီးနှံဖျက်ပိုးအများအပြားကျ ရောက်မှုကို ကာကွယ်တိုက်ဖျက်ရန် ပိုးသတ်ဆေး အမြောက်အမြားကို သုံးစွဲကြရသောကြောင့် ပိုးသတ် ဆေးအဆိပ်သင့်မှုနှင့် ပိုးသတ်ဆေးဓာတ်ကြွင်း အဆိပ် သင့်မှုတို့ကို ဖြစ်ပေါ်စေသလို... ဓာတ်မြေသြဇာ ကြောင့် တိုက်ရိုက်ဖြစ်ပွားရသော အဆိပ်သင့်မှုမျိုးက လည်း နေရာအနှံ့တွင် ဖြစ်ပေါ်လျက်ရှိနေသည်။ စိုက်ခင်းများတွင်အသုံးပြုသော ဓာတ်မြေသြဇာ အများအပြားသည် မြေလွှာအောက်အနက်ပိုင်းအထိ စိမ့်ဝင်စီးဆင်းသွားပြီး ဓာတ်မြေသြဇာတွင် ပါဝင်နေ သည့် အဆိပ်သင့်စေသော ဓာတုဒြပ်စင်များက မြေ အောက်ရေများထဲ၌ပျော်ဝင်ကာ ကမ္ဘာ့မြေလွှာအောက်ရှိ ရေထုကြီးကိုပါ ညစ်ညမ်းပျက်စီးစေလျက် ရှိသည်။ ဓာတ်မြေသြဇာထဲတွင် ရာခိုင်နှုန်းအများဆုံး ပါဝင် နေသော နိုက်ထရိုဂျင်ဒြပ်စင်များသည် မြေလွှာအောက် သို့ စိမ့်ဝင်ရောက်ရှိပြီး နိုက်ထရိတ်များအဖြစ် မြေအောက် ရေထဲ၌ ပျော်ဝင်လျက်ရှိနေသည်။ နိုက်ထရိတ်ပျော်ဝင်မှု နှုန်းသည် ရေတစ်လီတာတွင် ၁ဝ မီလီဂရမ်အထိ ဖြစ်လာခဲ့လျှင် ကျန်းမာရေးကိုထိခိုက်စေသော မြေ အောက်ရေအဆိပ်သင့်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ မြေအောက်ရေတစ်လီတာတွင် နိုက် ထရိတ် ပျော်ဝင်မှုနှုန်းသည် ၂၅ မီလီဂရမ်အထိ မြင့်တက် လာမည်ဆိုပါက သွေးကိုအဆိပ်သင့်စေနိုင်သောအဆင့် ထိတိုင် ရောက်ရှိလာပြီ ဖြစ်သည်။ ထိုရေမျိုးကို အသက် နှစ်နှစ်အောက် ကလေးငယ်များ သောက်သုံးမိပါက သွေးအဆိပ်သင့်ရောဂါကို ဖြစ်ပွားစေနိုင်သည်။ Blue Baby Syndrone ( Gobal Warming Potentials ))တွင် ကာဗွန်ဒိုင် အောက်ဆိုက်ထက် ၂၁ ဆ ပိုမိုစွမ်းရည်ရှိသည့်အား လျော်စွာ ဓာတ်မြေသြဇာများကြောင့် ထွက်ပေါ်လာ သော မီသိန်းဓာတ်ငွေ့များသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် မိုးလေဝသအခြေအနေများ ကစဥ့် ကလျားဖြစ်စေမှုတို့အတွက် အဓိကကျသော လက်သည် တရားခံကြီးပင် ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ဓာတ်မြေသြဇာများ ကြောင့် ရေညှိ၊ ရေမှော်ပင်များကို ပြုန်းတီးသွားစေသည် ဖြစ်ရာ အောက်ဆီဂျင်ဓာတ်ငွေ့များကို ထုတ်လုပ်ပေးနေသော သဘာဝအရင်းအမြစ်များကို ဖျက်ဆီးနေသည့် တရားခံ လည်း ဖြစ်သည်။ မြစ်ချောင်း၊ အင်းအိုင်နှင့် ပင်လယ် သမုဒ္ဒရာအောက်ရှိ ရေညှိ၊ရေမှော်ပင်များသည် နေရောင် ခြည်ဖြင့် အလင်းဖွဲ့အစာချက်သည့် ရှင်သန်ရပ်တည်မှု ဇီဝယန္တရားကြောင့် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ တစ်မျိုးဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုက်များကို စုပ်ယူ နေရင်း တစ်ချိန်တည်းမှာပင် အောက်ဆီဂျင်ဓာတ်ငွေ့ များကိုလည်း ထုတ်လွှတ်ပေးလျက်ရှိနေကြသည်။ ဤမြေကမ္ဘာကြီးအတွက်လိုအပ်သော အောက်ဆီဂျင် ဓာတ်ငွေ့စုစုပေါင်း၏ ၇ဝ ရာခိုင်နှုန်းကို ရေညှိ၊ ရေမှော် ပင်များက ထုတ်လွှတ်ပေးနေကြခြင်းဖြစ်ရာ... ဆိုးကျိုး ဖြစ်စေသည့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များကို စုပ်ယူ ဖယ်ရှားပြီး ကောင်းကျိုးပြုစေသည့် အောက်ဆီဂျင် ဓာတ်ငွေ့များကို ထုတ်လွှတ်ပေးနေသော သဘာဝအရင်း အမြစ်များကို ဓာတ်မြေသြဇာများက ပြုန်းတီးသွားအောင် လုပ်ဆောင်လျက်ရှိနေကြသည်။ ဓာတ်မြေသြဇာများသည် မြေဆီလွှာအတွင်းရှိ အော်ဂဲ နစ်ပစ္စည်းများကို လျင်မြန်စွာဆွေးမြည့်သွားစေသော ကြောင့် မြေဆီလွှာအတွင်း၌ အာဟာရဓာတ်လိုအပ်မှုကို ကြီးထွားလာစေသည်။ မြေဆီလွှာအတွင်း အာဟာရ လိုအပ်မှု ကြီးထွားလာခြင်းသည် ထပ်မံစိုက်ပျိုးမည့် ကောက်ပဲသီးနှံပင်များအတွက် ဓာတ်မြေသြဇာများကို အသုံးပြုရန် အကြောင်းဖန်လာပြန်တော့သည်။ ဤသို့ အားဖြင့် ဓာတ်မြေသြဇာ သုံးစွဲနေကျ စိုက်ပျိုးမြေများ သည် ဓာတ်မြေသြဇာကိုပင် ထပ်ကာလဲလဲသုံးစွဲရန် အကြောင်းဖြစ်ပေါ်လျက် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဓာတ်မြေသြဇာတို့၏ ပတ်သက်မှုသံသရာစက်ဝန်းသည် အဆက်မပြတ် လည်ပတ်နေတော့သည်။ ထိုသံသရာစက်ဝန်းကြီး အဆက်မပြတ်လည်ပတ် နေမှုကြောင့် လူသားတို့နှင့် သဘာဝပတ်ဝန်းကျင် တစ်ခု လုံးသည် ဓာတ်မြေသြဇာကြောင့် အဆိပ်သင့်ခြင်းဟူသော အိပ်မက်ဆိုးကြီးကို ဆက်၍ဆက်ခါ မက်နေကြရဦးမည် သာ ဖြစ်ပေတော့သည်။
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများ-အဆက်

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများ-အဆက်

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းများ-အဆက် Farmland Consolidation Projects In Naypyitaw အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆိုသည်မှာ - ၁။ ပုံသဏ္ဍာန် ပြောင်းလဲခြင်း Shape of boundary ၂။ အရွယ်အစား သတ်မှတ်ခြင်း Size ဟူ၍ူ ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခု ဆက်လက်ဖော်ပြခြင်း ဖြစ်ပါသည်။ ၃။ ရေသွင်းရေထုတ်စနစ် Irrigation & Drainage System အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း မဆောင်ရွက်မှီ မူလ ဆည်ရေသောက် လယ်မြေများ ဆည်ရေ ရယူသုံးစွဲရသည့်နည်းလမ်းမှာ ခွက်ဆင့်သောက်စနစ် ဟုခေါ်သော မြောင်းမကြီးများနှင့် အနီးဆုံးရှိသည့် လယ်များမှ တဆင့် ဆည်ရေကို အဆင့်ဆင့် သယ်ယူသုံးစွဲရခြင်း ဖြစ်ပေသည်။ Plot-To-Plot System ဟုခေါ်ပါသည်။ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်သည့်အခါ လယ်ကွက်တစ်ခုချင်းစီ အတွက် ဆည်ရေရယူ သုံးစွဲနိုင်သည့် မြောင်းစနစ်ကို ထည့်သွင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်သည့် လယ်ကွက်တစ်ခုချင်းစီ၏ နံဘေးတွင် ရေသွင်းမြောင်း၊ ရေနှုတ်မြောင်းများ ကပ်လျှက်ပါရှိမည် ဖြစ်ပေသည်။ ၄။ မြေညှိခြင်း Farm Leveling လယ်ကွက်တစ်ခု၏ မြေပြင်ညီ အနေအထား Farm Level သည် ၀% Gradient ဖြစ်လျှင် အကောင်းဆုံး ဖြစ်ပေမည်။ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် Laser Leveller ကို အသုံးပြုကြပါသည်။ Gradient ကွာခြားမှု အနည်းအများအပေါ် မူတည်၍ Dozer မြေညှိစက်ဖြင့် သော်လည်းကောင်း Leveller ဖြင့် သော်လည်းကောင်း အသုံးပြုနိုင်သော ရံပုံငွေ ပမာဏအပေါ် မူတည်ကာ ဆောင်ရွက်ကြရပေသည်။ ၅။ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း Construction of Farm Road မူလလယ်ယာမြေများတွင် စိုက်ပျိုးရေးထွက်ကုန်များ သယ်ယူပို့ဆောင်ရန်အတွက် အခြားသူတပါးတို့၏ လယ်ကွက်များမှ ဖြတ်သန်းသွားလာရမည်။ နွားလှည်း၊ ကျွဲလှည်းကိုသာ အသုံးပြုနိုင်မည်။ အလုပ်သမားကို အားကိုးရမည်။ စိုက်ပျိုးထုတ်လုပ်မှုစရိတ် ပိုမိုသုံးစွဲရသည်ဟု ဆိုနိုင်ပါသည်။ အဆင့်မြင့်လယ်ယာမြေ ဆောင်ရွက်သည့်အခါ လယ်ကွက်တိုင်းအတွက် ကုန်ထုတ်လမ်းများ ရှိလာမည် ဖြစ်ပေသည်။ Combined Harvester ရိတ်သိမ်းခြွေလှေ့စက်အား ငှားရမ်းသုံးစွဲနိုင်မည်။ ထော်လာဂျီဖြင့်လည်းကောင်း ကားဖြင့်လည်းကောင်း သယ်ယူနိုင်မည်။ မိမိ၏ လယ်ကွက်ရှိရာသို့ အလွယ်တကူ ၀င်ထွက်သွားလာနိုင် မည်ဖြစ်သဖြင့် ပိုမိုဂရုစိုက် ဆောင်ရွက်နိုင်မည် ဖြစ်ပေသည်။ ၆။ ရေယူရေနုတ်အဆောက်အအုံများ ဆောက်လုပ်ခြင်း Construction of Irrigation & Drainage Facilities အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်ရာတွင် လိုအပ်သော ရေပေးမြောင်း၊ ရေနုတ်မြောင်းများ၊ ကုန်ထုတ်လမ်းများ ဖောက်လုပ်ဆောင်ရွက်သည့်အခါ ရေယူရေနုတ် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ကုန်ထုတ်လမ်းဖြတ်ပြွန်များ ဆောက်လုပ်ခြင်း၊ မြောင်းဖြတ်တံတားများ ဆောက်လုပ်ခြင်း အစရှိသည့် မဖြစ်မနေ ထည့်သွင်း ဆောင်ရွက်ရန် လိုအပ်သည့်လုပ်ငန်းများ ပါဝင်လာမည် ဖြစ်ပေသည်။ ၇။ ပိုင်ဆိုင်မှုမြေနေရာများ ပြန်လည်ခွဲဝေ သတ်မှတ်ပေးခြင်း Reallocation သတ်မှတ်ထားသည့် အဆိုပြု ဧရိယာတစ်ခုတွင် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက် ပြီးသောအခါ ယင်းဧရိယာအတွင်းရှိ တောင်သူများအား ယင်းတို့၏ မူလပိုင်ဆိုင်မှုများအတိုင်း ပြန်လည်ခွဲဝေ ပေးရပေမည်။ မြေနေရာများအားလည်း မူလပိုင်ဆိုင်သည့် မြေနေရာများနှင့် အနီးစပ်ဆုံးရှိသည့် နေရာများအတိုင်း ပြန်လည်ခွဲဝေ သတ်မှတ်ပေးရပေမည်။ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း၊ ရေမြောင်းများ ဖောက်လုပ်ခြင်းတို့အတွက် အသုံးပြုရသည့် မြေနေရာများအား ယင်းဧရိယာရှိ တောင်သူများမှ အချိုးကျ ခွဲဝေ ကျခံရမည် ဖြစ်ပါသည်။ အထက်ဖော်ပြပါအချက်(၇)ချက်သည် အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်ရာတွင် ဆောင်ရွက်ရမည့် အခြေခံအချက်များဟု ဆိုနိုင်ပါသည်။
General Knowledge

General Knowledge

(1)----ရေ၀င်ဆန့်တွက်နည်း (2)----သစ်တွက်နည်း (3)----မြေတွက်နည်း (4)----ဘိလပ်မြေတွက်နည်း (5)----မြန်မာ ရတု ရေတွက်ပုံ (6)----အကြိမ်ရေ ရေတွက်ပုံ (7)----အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ်စကားတိုများ (1)ရေ၀င်ဆန့်တွက်နည်း **************************** အုတ်ရေကန်ဝင်ဆန့်မှု တွက်ချက်နည်းကပိုလွယ်ပါတယ် အလျား×အနံ×အမြင့်=ကုဗပေ ရတယ် အဲဒီကုဗပေနဲ့ ၁ ကုဗပေမှာ ရေ ၆•၂၅ ဂါလံ နဲ့ မြှောက် ရတာဝင်ဆန့်တဲ့ ရေဂါလံပေါ့ ========================= (2)သစ်တွက်နည်း ******************** မြန်မာလက်သမားတို့၏သစ်တွက်နည်းဝေမျှပါသည်။ သစ်တစ်တန်=၄၀၀လက္မ သတ်မှတ်ပါသည်။ ဥပမာ ၂"X၁"( အရှည်၁၈ ပေ)=၂"ဟုသတ်မှတ်သည်။ ၄၀၀ ÷၂= ၂၀၀ ထို့ကြောင့် ၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။ ၂"၁"(အရှည်၁၈ပေ) ၂၀၀ ချောင်းသည် တစ်တန်ဖြစ်သည်။ ၃"၁"=၃"(အားလုံးပေရှည် ၁၈ပေမှတ်ယူရပါမည်) ၄"၁"=၄"(၁၀၀ချောင်း) ၅"၁"=၅"(၄၀၀စား၅ (၈၀ချောင်း) ၆"၁"=၆"(၆၆.၆ ချောင်း) ၃"၀.၅"=၁.၅"(၂၆.၆၆ ချောင်း) ၄"၀.၅"=၂"(၂၀၀ ချောင်း) ၄"x၄"=၁၆ လက္မ(၂၅ ချောင်း) ၅"x၅"=၂၅လက္မ(၁၆ ချောင်း) ဥပမာ။တန်ဘိုး တစ်တန်=၄၀၀၀၀၀ကျပ် ၄၀၀၀၀၀%၄၀၀= ၁၀၀၀ ကျပ်(၁"တန်ဘိုးဖြစ်သည်)် ၂"x၁၀၀၀=၂၀၀၀၀ကျပ်(၂"၁" ၁၈ပေတစ်ချောင်း၏တန်ဘိုးဖြစသည်။် အမြန်ဆုံးသောသစ်တွက်နည်း ဥပမာ ... သစ်တစ်တန် ၆၅၀၀၀၀ ဈေးဖြင့် ၄''x၂ '' (လေးနှစ်) ၁၈ ပေ တစ်ချောင်း တန်ဖိုးကို တွက်ကြည့်မယ် ဈေးနှုံး ကိုတည် ဒသမ သုညသုည နှစ်ငါး ဖြင့်မြှောက် (၆၅၀၀၀၀ × •၀၀၂၅ ) ရလဒ်ကို သစ် ချောင်း ၏ ဒု × ဗျက် (၄''×၂'') ရလဒ်ဖြင့် ပြန် မြှောက်လိုက်ပါ ဒါဆို ၄" × ၂" (လေးနှစ်) ၁၈ပေ တစ် ချောင်း၏ တန်ဖိုး ရပါပြီ.... ၆၅၀၀၀၀× •၀၀၂၅ = ၁၆၂၅ ၄× ၂ = × ၈ ------------- ၁ ၃၀၀၀ လေးနှစ်တစ်ချောင်းတန်ဖိုး ၁၃၀၀၀ ဖြစ်ပါသည်... မည်သည့် ဒု ဗျက် မည်သည့် ဈေး နှုံး မဆို တွက်ကြည့် နိုင်ပါ သည်။ ============================= (3) မြေတွက်နည်း မြေဧက ဖွဲ့ နည်း တွက်နည်း **************************** တစ်ဧက = ၄၃၅၆၀ စတုရန်းပေ လေးနားညီ စတုရန်း= လျား ၂၀၈.၇၁ ပေ x နံ ၂၀၈.၇၁ ပေ။ နှစ်နားညီ စတုဂံ = လျားxနံ ÷ 43560နှစ်နားပြိုင် တြာဗီဇီယံ = ပြိုင်နား နှစ်ခုပေါင်း ÷၂ x နံ ÷ 43560 တိဂံ = .၅xအခြေxအမြင့် ÷ 43560 တြိဂံ = ½ အခြေxအမြင့် ÷ 43560 ထောင့်မှန် တြိဂံ - အခြေxအမြင့် = ရလာဒ် ÷ ၂ ÷ 43560 စက်ဝိုင်း - အချင်းဝက်x အချင်းဝက်x 3.1416 ÷ 43560 စက်ဝိုင်း - အချင်းxအချင်းx .၇၈၅၄ ÷ 43560 ပုံသေ မြှောက်ကိန်း .၇၈၅၄.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို (အနားလေးဖက်) ၄ နှင့်စားပြီး စတုရန်းကွက် ဖေါ်သည်။ အနားငါးမျက်နှာ ၆မျက်နှာနှင့် အနားများစွာ = စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ် ပြီးတွက် ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။ *** ခြံမြေကွက်အကျယ်အဝန်းအရ စိုက်ပင် တွက်နည်း ( ဒေါက်တာချစ် စိုက်ပျိုးရေး စာအုပ်မှ…. )( ၁) လျား x နံ ရှိ စိုက်ပင် အရေအတွက်ကို မြှောက်။ (၂) ခြံကွက်၏ လျား x နံ မြှောက်ကိန်း ÷ ပင်ခြား ကွာဝေးမြှောက်ကိန်းမြေကွက် လျား ၃၀၀ x နံ၂၀၀ = ၆၀၀၀၀ စတုရန်းပေ သစ်ပင် ၁၂ ပေခြား စိုက်လျှင် ၁၂ x ၁၂ = ၁၄၄၆၀၀၀၀ ÷ ၁၄၄ = ၄၁၆ ပင် ဖိုခနောက်ဆိုင်စိုက်လျှင် ၁၅% အပိုထွက်မည် ၄၁၆ x .၁၅ = ၆၂၄၁၆ + ၆၂= ၄၇၈ ပင် ( ၃) ဧကပြည့် ( ၁ ဧက ) တွက်လျှင်စိုက်ပင်အကွာအဝေး နှစ်ခုမြှောက်ကိန်း နှင့် ၄၃၅၆၀ ကိုစား။ စိုက်ပင်ကွာဝေး ၁၉ x ၁၉ = ၃၆၁၄၃၅၆၀ ÷ ၃၆၁ = ၁၂၀ဖိုခနောက်ဆိုင်စိုက်လျှင် ၁၂၀ x .၁၅ = ၁၈ ပင်ပိုထွက်၁၂၀ + ၁၈ = ၁၃၈ ပင် =============================== (4) ဘိလပ်မြေတွက်နည်း **************************** ဘိလပ်မြေ အုတ်သဲကျောက် ဘယ်လောက်ကုန်မလဲ မေးတတ်လို့  အကြမ်းတွက်လို့ ရအောင်ပါ။ မြန်မာပြည် ဆောက်လုပ်ရေးမှာ ကျင်းနဲ့  ပြောကြပါတယ်။ ကုဗကျင်းနဲ စကွဲယားကျင်း ဆိုပြီးရှိပါတယ်။ ကုဗကျင်းက အလျား အနံ အမြင့် ၃ ခု မြှောက်တာပါ။ ၃ ခုမြှောက်လို့ ၁၀၀ ရရင် ၁ ကျင်းပါ။ ၅၀ ဆို ကျင်းဝက် ၂၅ ဆို ကျင်းတစ်မတ် စသဖြင့်ပါ။ ကုဗကျင်းကို ၉ လက်မနဲ့ အထက် အုတ်စီခြင်းတို့  ကွန်ကရစ်လောင်းခြင်းတို့  မြေကြီးတူးခြင်းတို့ မှာ အများဆုံးသုံးပါတယ်။ ရှိသမျှ အလျားအနံအမြင့်တွေ လိုက်မြှောက် ပေါင်းလိုက်ရင် ကုဗကျင်းထွက်လာပါပြီ။ မြေကြီး၁ ကျင်းဆို ၁၀ပေပတ်လည် ၁ ပေ အနက် ရှိရပါမယ်။ 1:3:6 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၃ အိတ်ခန့်  သဲကျင်းဝက် ကျောက် ၁ ကျင်း 1:2:4 အချိုး ကွန်ကရစ် ဘိလပ်မြေ ၁၈ အိတ်ကျော်ခန့်  သဲကျင်းဝက် ကျောက် ၁ ကျင်း 1: 1-1/2 အချိုး ကွန်ကရစ် ဘိလပ်မြေ ၂၅ အိတ်ခန့်  သဲကျင်းဝက် ကျောက်၁ ကျင်းအုတ်ဖိနပ်တွေမှာ အသုံးများတဲ့ ၉ လက်မအထက် အုတ်စီခြင်း ကုဗတစ်ကျင်းဆို ၁၃၅၀ လုံးဘိလပ်မြေကတော့ သုံးတဲ့အချိုးမှာမူတည်ပါတယ်။ အများသုံးတဲ့ 1:4 အချိုးဆို ဘိလပ်မြေ ၆ အိတ်နီးပါး။ သဲ ၂၈ ကျင်းတစ်မတ် သာသာလောက်။ စကွဲယားကျင်း အလျားနဲ့  အနံ ပဲမြှောက်ပြီး ၁၀၀ ဆို ၁ ကျင်း။ ၄လက်မခွဲ အုတ်စီခြင်း ဆေးသုတ်ခြင်းတို့  အမိုးမိုးခြင်းတို့  ကြွေပြားကပ်ခြင်းတို့ မှာ သုံးပါတယ်။ နံရံတွေမှာ အသုံးများတဲ့ ၄.၅ လက်မ အုတ်စီခြင်း မှာ အုတ် ၅၅၀ လုံး1:4 အချိုး ဘိလပ်မြေ 2.7 အိတ် သဲ .11 ကျင်းသံချောင်းတစ်ချောင်းဟာ ဆိုက်မှန်ပါက ပေ ၄၀ ၁၂ မီတာရှိရပါတယ်။ သို့ ပေမယ့် ၃၉ပေ ၆ လက်မလောက်ဆို မှန်တယ်ပြောရပါမယ်။ ဘာမားဖြစ်ကတော့ အတိအကျပြောလို့  မရပါဘူး။ တစ်တန်မှာရှိရမယ့် အချောင်းရေက 10 မီလီ ၃မူး ( ၃/၈) မှာ ပေ၄၀ အရှည် ၁၃၅ ချောင်း ၁၂ မီလီ ၅မူး ( 1/2) မှာ ၈၈ ချောင်း ၁၆ မီလီ ၆မူး ( 5/8) မှာ ၅၃ ချောင်း ၂၀ မီလီ ၃မတ် (3/4) မှာ ၃၃ ချောင်း ၂၅ မီလီ ကျပ်လုံးမှာ (1) မှာ ၂၁ ချောင်းရှိပါတယ်။ ဘိလပ်မြေ ၁ အိတ်ဟာ ၅၀ ကီလိုလေးပြီး အိတ်၂၀ ဟာ ၁ တန်ပါ။ သံချောင်းတွေဆက်ဖို့ လိုရင် တိုင်တွေမှာ အနည်းဆုံး အဆ ၄၀ ထပ်မိနေစေ ရပါမယ်။ ထုပ်တွေ ယက်မတွေမှာတော့ အဆ ၆၂ လောက်ထိသုံးတတ်ပါတယ်။ ခိုချင်ရင်တော့ ၅၀ဆလောက် ဆို ရလောက်ပါတယ်။ အခုနောက်ပိုင်း မီတာနဲ့ သုံးလာပါတယ်။ ဆက်သွယ်ချက်က၁မီတာ 1M မှာ ၃ ပေ ၃ လက်မ ၃ မူးရှိပါတယ်။ လက်သမားနဲ့  ယှဉ်ပြောလို့ ရတဲ့အခေါ်ပါ။ 1 M မီတာ= 3.281 ပေ 1 လက်မ= 25.4 mm မီလီမီတာ1 ( 1m X 1m) မီတာ စကွဲယား= 10.78 ပေစကွဲယား ကွန်ကရစ် 1 (1mX 1mX 1m) မီတာကျု = 35.32 ကုဗပေ Cuftရေကန်တစ်ခု ရေဂါလံ ဘယ်လောက်ရှိလဲတွက်ချင်ရင်၁ကုဗပေမှာ ၆.၂၄ ဂါလံရှိပါတယ်။ အလျား အနံ အမြင့် တစ်ပေစီရှိတဲ့ ပုံးတစ်လုံးဟာ ရေ ၆.၂၄ ဂါလံဆန့် ပါတယ်။ ဒါကြောင့် ၆ပေအလျား ၄ ပေအနံ ၃ ပေ အမြင့်ရှိတဲ့ရေကန်ဟာ6 X 4 X 3 X 6.24=449.28ရေ ၄၅၀ ဂါလံဆန့် ပါတယ်။ ရေတစ်ဂါလံ ၁၀ ပေါင်လေးလို့  ၄၅၀၀ ပေါင်လေးပါတယ်။ ၂၂၄၀ ပေါင် ၁ တန်လေးလို့  ၂ တန်လောက် အလေးချိန်ရှိပါမယ်။ ရေကန်ကို အပေါ်မှာ ထားရင် dead load ဝန်သေ ၂ တန်ကို ခံနိုင်အောင် သံချောင်း ကော်လံတိုင် ဆိုဒ် ကို သုံးရပါမယ်။ တွက်တတ်လားမေးရင်တော့ မသိပါဘူး။ 1 ဂါလံမှာ ၄.၅၄၆ လီတာရှိပါတယ်။ အခုနောက်ပိုင်း စတီးရေတိုင်ကီတွေက လီတာနဲ့  ပြထားတတ်လို့  ပြန်တွက်ကြည့်လို့ ရပါလိမ့်မယ်။ သစ်တစ်တန်ဟာ၁လက်မပတ်လည် မှာ( 1 X 1) မှာ ၇၂၀၀ ပေ အရှည်ရှိရပါမယ်။ ၂X၁ နှစ်တစ် တစ်တန်ဟာ ( 7200÷2= 3600 ပေအရှည်)3 X 2 တစ်တန် ( 7200÷6=1200 ပေအရှည်)စသဖြင့် တွက်ယူကြည့်ပါ။ ========================= (5) မြန်မာ ရတု ရေတွက်ပုံ ရှေးမြန်မာတို့ ၏ရတု ၊ အကြိမ်ရေ ၊ ကိန်းဂဏန်း ရေတွက်ပုံ ။ =============================== ၁ နှစ်မြောက် = စက္ကူရတု ၂ နှစ်မြောက် = ဂွမ်းရတု ၃ နှစ်မြောက် = သားရေရတု ၄ နှစ်မြောက် = ပိုးရတု ၅ နှစ်မြောက် = သစ်သားရတု ၆ နှစ်မြောက် = သကြားရတု ၇ နှစ်မြောက် = သက္ကလပ်ရတု ၈ နှစ်မြောက် = ကြေးရတု ၉ နှစ်မြောက် = ဥဿ ဖရားရတု ၁၀ နှစ်မြောက် = သံဖြူရတု ၁၁ နှစ်မြောက် = သံမဏိရတု ၁၂ နှစ်မြောက် = ချည်ရတု ၁၃ နှစ်မြောက် = ဇာပန်းရတု ၁၄ နှစ်မြောက် = ဆင်စွယ်ရတု ၁၅ နှစ်မြောက် = သလင်းရတု ၂၀ နှစ်မြောက် = ကြွေရတု ၂၅ နှစ်မြောက် = ငွေရတု ၃၀ နှစ်မြောက် = ပုလဲရတု ၃၅ နှစ်မြောက် = ကျောက်စိမ်းရတု ၄၀ နှစ်မြောက် = ပတ္တမြားရတု ၄၅ နှစ်မြောက် = နီလာရတု ၅၀ နှစ်မြောက် = ရွှေရတု ၅၅ နှစ်မြောက် = မြရတု ၆၀ နှစ်မြောက် = စိန်ရတု ၇၅ နှစ်မြောက် = ဒုတိယစိန်ရတု ၉၀ နှစ်မြောက် = န၀ရတ်ရတု ============================== (6) အကြိမ်ရေ ရေတွက်ပုံ ၁=ပထမ ၂=ဒုတိယ ၃=တတိယ ၄=စတုတ္ထ ၅=ပဉ္စမ ၆=ဆဋ္ဌမ ၇=သတ္တမ ၈=အဋ္ဌမ ၉=န၀မ ၁၀=ဒဿ မ ၁၁=ဧကာဒဿ မ ၁၂=ဒွါဒဿ မ ၁၃ =တေရဿ ၁၄ =စတုဒဿ ၁၅=ပဉ္စာဒဿ ၁၆=သေဠာဿ၁ ၁၇=သတ္တဒဿ ၁၈=အဋ္ဌာရဿ ၁၉=ဧကုန၀ီဿ ၂၀=၀ီဿ ၂၁=ဧကာဝီဿ ၂၂=စမ္မ၀ီဿ ၂၃=ကြိဝီဿ ၂၄=စတုဝီဿ ၂၅=ပဉ္စာဝီဿ ၂၆=ဆ၀ီဿ ၂၇=သတ္တာဝီဿ ၂၈=အဋ္ဌာဝီဿ ၂၉=ဧကုနတိံဿ ၃၀=တိံဿ ============================= (7) အသုံးဝင်သော နှစ်လုံးတွဲ အင်္ဂလိပ်စကားတိုများ (1) About when? = ဘယ်တော့လောက်လဲ (2) All set? = အားလုံး အဆင်သင့် ဖြစ်ပြီးလား (3) Any clues? = ဘာ သဲလွန်စများ ရှိလဲ (4) Any discount ? = ဈေးလျှော့ဦးမလား (5) Any seats? = ခုံလွတ်ရှိသေးလား (6) Anything else? = ဘာလိုသေးလဲ (7) Anything new? = ဘာထူးသေးလဲ (8) Anything wrong ? = ဘာဖြစ်တာလဲ (9) Apparently so = အဲဒီလို ထင်တာပဲ (10) Back off ! = သွားစမ်းပါ (11) Bad news ! = စိတ်မကောင်းပါဘူး (ဆိုးလိုက်တဲ့ သတင်း) (12) Be patient ! = စိတ်ရှည်ရှည်ထားစမ်းပါ (13) Be reasonable ! = နည်းလမ်းတကျ စဥိးစားကြည့် (14) Beautiful job ! = ကောင်းလိုက်တဲ့ လက်ရာ (15) Big deal ! = ဒါလေးများ (16) Bless me ! = ဘုရားရေ (17) Bless you ! = ဆုတောင်းပေးပါတယ်ကွာ (18) Bye now ! = သွားပြီဗျို့  (19) Can't complain ! = ဘာမှပြောစရာ မရှိဘူး (20) Certainly not ! = ဘယ်ဟုတ်ပါ့မလဲ (21) Chill out ! = မကြောက်နဲ့ (22) Could be ! = ဖြစ်နိုင်ပါတယ် (23) Damned fool ! = သောက်ရူး (24) Drop dead ! = သွား...သေလိုက် (25) Enjoy yourself ! = ပျော်ရွှင်ပါစေ (26) Fat chance ! = မဖြစ်နိုင်တာပဲ (27) Female troubles ! = မိန်းမတွေက သိပ်ပစိပစပ်များတာ (28) For shame ! = ရှက်စရာ ကောင်းလိုက်တာ (29) Get lost ! = ထွက်သွားစမ်း (30) Go on ! / Keep on ! / Carry on ! /Go ahead ! = ဆက်လုပ် ဆက်ပြော (31) Good job ! = တယ်ဟုတ်ပါလား (32) Got that ? = နားလည်ရဲ့လား (33) Guess what ? = မှန်းကြည့်စမ်း (34) Hands off ! = မထိနဲ့ (လက်ရှောင်) (35) Hard times ! = အတော် စိတ်ရှု ပ်ဖို့ ကောင်းတာပဲ (36) Hot air ! = မဟုတ်တရုတ်တွေ (37) How come ? = ဘယ်လို ဖြစ်ရတာတုန်း (38) How maddening ! = စိတ်ညစ်အောင် တော်တော် လုပ်တာပဲ (39) It stinks ! = နံစော်နေတာပဲ (40) It's handy ! = အသုံးတည့်ပါတယ် (41) Looking good ! = ကြည့်လို့ ကောင်းတယ် (42) Lucky you ! = မင်း...တော်တော် ကံကောင်းတာပဲ (43) My treat ! = ငါ့ ဧည့်ခံတာပါ /ကျွန်တော်၊မ ကျွေးမယ် (44) Not likely ! = မဖြစ်နိုင်ဘူး / ဝေးပါသေးရဲ့ (45) Not yet ! = မပြီးသေးဘူး (46) Over here ! = ဒီမှာ ဟေ့ (47) Watch out ! = သတိထား (48) You guys ! = ကိုယ့်လူတို့ (49) Why bother ? = ဘာလို့ ဒုက္ခရှာနေတာလဲ (50) Think positively ! = အကောင်းဖက်က တွေးစမ်းပါ (51) Search me ! = ပန်းပေးတယ် / ကျွန်ုပ် မသိပါ (52) You see ? = သိလား (53) Have fun ! = ပျော်ကြ ...ပျော်ကြ.../ ပျော်သလို နေကြပါ (54) Enjoyable ! Delighted! = ကြို က်တယ် (55) Honest work! = သမ္မာ အာဇီဝ အလုပ်ပဲ (56) Right away ! = အခုချက်ချင်း (57) Come on ! = လာလေကွာ (58) Shut up ! = ပါးစပ်ပိတ် (59) Thumbs up ! = အောင်ပြီဟေ့ (60) Hold sit ! = ရပ်လိုက် /ခဏ နေဦး (61) Hold still ! = မလှု ပ်နဲ့ ငြိမ်ငြိမ်နေ (62) God forbid ! = ဖွ လွဲစေဖယ်စေ (63) Poorly paid ! = လခ မစွံဘူး (64) Need anything ? = ဘာလိုချင်ပါသလဲ (65) That's weired ! = ကိုးရို့ကားယားကြီး (66) It can ! = အဲဒါ ဖြစ်နိုင်တယ် (67) Mutual reliance ! = ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့ (68) Pardon me ! = တဆိတ်လောက် (69) Need to talk ! = ပြောစရာရှိလို့ (70) So talk ! = အဲလိုဆို ပြောလျေ (71) Chat ! What? = ဘာပြောမှာလဲ ပြောလေ (72) Stop that ! = တော်ပါ မပြောပါနဲ့တော့ (73) Well enough ! = အခြေအနေ ကောင်းပါတယ် (74) What happen ? = ဘာဖြစ်နေလဲ (75) Any hardship ? = ဘာခြားနားနေလို့လဲ (76) How's everything ? = အစစအရာရာ အဆင်ပြေရဲ့လား (77) Take that ! = ကဲကွာ (78) Look alive ! = မြန်မြန်လုပ် (79) Show time ! = လှုပ်ရှားလိုက်ကြစို့ (80) Let go ! = လွှတ်စမ်း / လွှတ်လိုက်ပါ (81) Go ...go ! = လုပ်ထားကွ (82) Nature calls! = အိမ်သာ သွားလိုက်ဦးမယ် (83) Duty calls ! = ကိစ္စလေး ပေါ်လာလို့ သွားလိုက်ဦးမယ် (84) Near miss ! = ထပ်လွဲသွားတယ်ကွာ (85) far out ! = မိုက်တယ်ကွာ (86) Thank God ! = တော်ပါသေးရဲ့ (87) Holy cow ! / Good Heavens! =အမလေး (88)My ...my ! = အမလေး ...လေး (89) Who cares ? = ဘာဂရုစိုက်စရာရှိလဲ (90) Who supervise ? = ဘယ်သူ ကမကထလုပ်တာလဲ (91) Better talk != ပြောသင့်တာပေါ့ကွာ (92) Doing okay ? = အိုကေလား (93) Been okay ! = အိုကေပါတယ် (94) And you ? = ခင်ဗျာကော ဘယ်လိုလဲ (95) Have courage ! = တရားနဲ့ ဖြေပါဗျာ (96) Which country ? = ဘယ်နိုင်ငံကလဲ (97) Have it ! = စားပါဦး (98) What thing ? = ဘာတွေလဲ (99) Dutch treat ! = ကိုယ်စားတာကိုယ်ရှင်း (100) Where to ? = ဘယ်လဲ (101) Just here! = ဒီနားလေးတင် (102) Phone calling ! = ဖုန်းလာနေတယ် (103) Keep trying ! = ဆက်ကြိုးစားပါ (104) What about ? = ဘာတွေပြောနေတာလဲ (105) Just gossip ! = အတင်းပြောနေကြတာပါ (106) No doubt ! = အဲဒါတော့ သံသယ မရှိနဲ့ (107) Lovely voice ! = ကောင်းလိုက်တဲ့ အသံ (108) Can't wait = မစောင့်နိုင်ပါဘူး (109) Dear me ! = အဲလို ဒုက္ခပါပဲ (110) So soon ! = မကြာတော့ပါဘူး (111) Really splendid ! = တစ်ကယ့် သားနားတယ် (112) Just relax ! = စိတ်အေးအေးထားပါကွာ (113) You wish ! = မင်းပြောသလို ဖြစ်ပါစေ (114) No lie ? = လိမ်တာ မဟုတ်ဘူးနော် (115) Mind that ! = အဲဒါကို သတိရပါ (116) Enjoying yourself ? = မင်း ပျော်နေလားဟင်( 117) All time ! = အချိန်တိုင်းပါပဲ (118) Hurry on ! = သွက်သွက်လုပ်ပါ (119) Hold , please ! = ခနလေး နေပါဦး (120) This taken ? = ဒီခုံ လူရှိလား (121) You decide ! = မင်းပဲ ဆုံးဖြတ်လိုက် (122) Stop worrying ! = မစိုးရိမ်နဲ့တော့ (123) Any difference ? = ဘာကွာလို့လဲ (124) Fairly act ! = သရုပ်ဆောင်ကောင်းတယ် (125) Most pleased ! = ကျေနပ်သွားပြီ (126) Behind you ! = နောက်မှာ အန္တရာယ် (127) Noisy talk ! = ဆူညံနေတာပဲ
ကွမ်းယာသည်ရဲ့

ကွမ်းယာသည်ရဲ့

#‎ကွမ်းယာသည်ရဲ့‬ 5S Methodology# ဘာရယ်မဟုတ် သင်တန်းပီးလို့ Taxi စောင့်နေစဉ်၊ ဆရာ ဆရာ ကျွန်တော့် ကွမ်းယာဆိုင်လေးလာကြည့်ပေးပါတဲ့။ ကျွန်တော် Lecture Notes တွေဘာတွေ Photocopy ဆွဲခိုင်းနေကြ ကွမ်းယာသည်လေး။ Taxi စောင့်နေလို့ သူ့ဆိုင်ထိုင်ရင် အမြဲတိုင်း ဟိုမေး ဒီမေးလုပ်တတ်သူ။ မြင်းခြံကအညာသားလေး အဖေလေဖြတ်လို့ ဒုတိတယနှစ် စက်မှုစွမ်းအားကို ကျောင်းထွက် Practical လုပ်စရာမလိုတဲ့ သမိုင်းအဓိက အဝေးသင်ယူ၊ ရန်ကုန်ရောက်ရောက်ချင်းမုန့်ဟင်းခါးရောင်းရာက အခု ကွမ်းယာဆိုင်။ ဆရာ့ Notes တွေတပည့် Copy ကူးထားတာဆရာ အခု ဆရာရေးထားတဲ့ Notes ထဲက စ ၅ လုံး ဗျူဟာသဘောကျလို့တဲ့။ ၂ ရက်ကို ၈သောင်း ယူတဲ့ Lean Philosophy နဲ့ JIT ကိုသူမတတ်နိုင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပတ်က Copy ဆွဲထားတာ ၅ စုံ သူလာမေးတာ ၆ စုံတစ်စုံပိုတယ်။ ဆရာ ကျွန်တော်ဖတ်ချင်လို့ ကူးလာတယ်တဲ့၊ ကျွန်တော် ပေးသာပေးလိုက်တာ ပွင့်ပွင့်လင်းလင်းပြောရင် ကွမ်းယာသည်တစ်ယောက်ဆီက JIT ကို Apply လုပ်မယ့် Application တွေကိုမမျှော်မှန်းဘူး။ ဒီနောက်ပိုင်းမှာတော့ အမြဲတိုင်း တခွန်းစနှစ်ခွန်းစမေးတော့ ကျွန်တော်ပြန်ဖြေတယ်။ တက္ကစီရှားတဲ့ အချိန်ဆို ဆရာထိုင် ဆရာထိုင် ဆို ခုံတလုံးပေးပြီး တက္ကစီသူငှါးပေးတယ်။ အဲဒီသင်တန်းဘက်က သိပ်မရောက်ဖြစ် များသောအားဖြင့် Lean Class ပဲရှိတော့ ရက်နည်းသလိုအတန်းလည်းနည်းတယ်။ဆရာ 5S ကိုတပည့်လုပ်ထားတယ် ကြည့်ပေးပါဦးဆိုပဲ။ ဒါနဲ့ လှည့်ကြည့်လိုက်တော့ ကျွန်တော် အတော်အံ့သြသွားတယ်။ ခါတိုင်းမြင်နေကျ ကော်ပုန်း အနောက်အပြာရောင်နေနဲ့ ထည့်ထားတဲ့ ထုံးဟာ အကြည်ရောင်ကော်ပုန်းထည့်ထားတယ်။ နောက် ထုံးတွေပေနေတဲ့ ဆေးဘူးလေးတွေနေရာမှာ မီးဖိုဆောင်မှာ သုံးတဲ့ အချိုမှန့် ဆားထည့်တဲ့ ပလပ်စတစ်အကြည်ခွက်တန်းလေး စာတွေရေးထားတယ် ဘာဆေးဆိုတာ၊ ဇွန်းအသေးတချောင်း၊ ကွမ်းယာတဲ့ ထုံးတွေပေ၊ ကျောက်ဖြစ်ပြီးဝါနေတဲ့မှန်အစား မှန်ကြည်လေးတွေ့ရတယ်။ အောက်ကစားပွဲခုံဗီဒိုအဖုံးမှာ A4 ပလပ်စတစ်လောင်းထားတဲ့ A4 မှာ မည်သည့်ကွမ်းယာဆို မည်သည့်ဆေးကိုမည်သို့ထည့်မည်ဆိုတဲ့ Procedure၊ ထုံးဖျော်တာကို နွားနို့ နဲ့ စပါကလင်မ်သို့ရောမည်ဆိုတဲ့ Procedure တွေပါတွေ့ရတယ်။ ဘာတွေဘာကြောင့်ဆိုတာသူနားမလည်ပေမယ့် Sort, Set in Order, Shine, Standadized ရဲ့သဘောတရားကို နားလည်တယ်။ Sustain ကိုသူပြောသွားတာ ဆရာ အခုကွမ်းယာပြီးလို့ကျသွားတဲ့ ထုံးကို ချက်ချင်းသုတ်ပြီး မုန်ကိုသန့်အောင်ထားတယ်တဲ့။ ကော်ပုန်းတွေ ကေိာခွက်အကြည်တွေဟာ သူ Visual Management အတွက်သုံးတာ ဆိုတာကျွန်တော်မြင်တယ်၊ Procedure တွေရေးထားတာမြင်တယ်။ ဆရာထူးခြားတယ်တဲ့ အခု ၁၀ တန်းတက်တဲ့ ညီလေးကွမိးယာရင်လည်း ကျွန်တော်ယာတဲ့ကွမ်း ကျွန်တော်စပ်တဲ့ ထုံးနဲ့အနီးစပ်ဆုံးတူတယ်တဲ့။ တူမှာပေါ့ Procedure နဲ့ ယာတာကိုး။ မြန်မာပြည်မှာ ပထမဆုံးကျွန်တော်မြင်တဲ့ Traditional Approach နဲ့ကနေ သွေဖီတဲ့ Lean Operation ပါ။ တချိန်ထဲမှာ ကျွန်တော့် သင်တန်းကြော်ငြာအောက်က အလစ်ပဲစိ Comment ပိုင်ရှင်တွေ သင်တန်းထဲက ပညာတတ်ဘွဲ့ရတပည့်ဆိုသူများကို မြင်လာတယ်။ စိတ်မကောင်းဘူး။ သင်တန်းမတက်နိုင်တဲ့ ကွမ်းယာသည် Lecture Notes တစုံကော်ပီဆွဲပီး စာဖတ်တဲ့ ကွမ်းယာသည်တောင်မမှီဘူး။ ဆကာ ဘယ်လိုလဲဆရာတဲ့။ အေး......မင်းသာ စက်မှုဆက်တက်လို့ BE ဘွဲ့ရရင် ကြောက်စရာကောင်းတဲ့ အင်ဂျင်နီယာဖြစ်လာမယ်။ တက္ကဆီပေါ်အတက် စဉ်းစားမိတာ နိုင်ငံရေးပြောင်း ပညာရေးပြောင်းရင် ထွက်ပေါ်လာမယ့် မီးခဲပြာဖုံး Innovators တွေ မြန်မာပြည်မှာများပါတကား။ Zeyar Than Win
 ဆင်းရဲခြင်းလေးမျိုး

ဆင်းရဲခြင်းလေးမျိုး

ဘဝမှာ အမှန်တကယ်ချမ်းသာ ချင်တယ်ဆိုရင် သင့်အနေနဲ့ ဆင်းရဲခြင်းကို မုန်းတီးနေဖို့လိုပါတယ် ဆင်းရဲခြင်းက ရုန်းထွက် နိုင်ဖို့ အားထုတ်ရပါလိမ့်မယ် ချမ်းသာ ကြွယ်ဝမူ့ကို အာရုံစိုက်ထားရပါလိမ့်မယ် ကဲ ဆင်းရဲခြင်း ဆိုတာ ဘာတွေလဲ လေ့လာကြည့်ရအောင် We Chat မှာ တွေ့တာလေး ပြန်လည်ဖော်ပြလိုက်ပါတယ် Bigdream Mdy ------------------------------------------------------- ဆင်းရဲခြင်းလေးမျိုး ****************** ၁. ငွေကြေးဆင်းရဲတာ သုံးစွဲစရာငွေအလုံအလောက်မရှိခြင်း ကိုယ့်ကိုကိုယ် မကျွေးမွေးနိုင်ခြင်း မိသားစုကိုမကျွေးမွေးနိုင်ခြင်း ။ ၂.အချိန်ဆင်းရဲတာ ဘဝကိုအသုံးချဖို့အချိန်မရှိတာ ကိုယ်လုပ်ချင်တဲ့အရာလုပ်ဖို့အတွက် အချိန်မရှိတာ ၊ တစ်ချို့လည်းပိုက်ဆံရှိပေမဲ့အချိန်မရှိဘူး ၊ တစ်ချို့ဆိုပိုတောင်ဆိုး အချိန်မရှိတဲ့အပြင် ပိုက်ဆံလည်းမရှိကြဘူး ။ပြီးယင်ဒီ နံပါတ်၃ အရာ ကို အပြစ်တင်တယ် ။ ၃.အခွင့်အရေးဆင်းရဲတာ အခွင့်အရေးကောင်းကောင်းတွေဘဝထဲကိုဝင်မလာဘူး ၊ တစ်ချို့လည်းပြောကြတယ် ငါတို့လည်းကြိုးစားတယ် အလုပ်လုပ်နေတယ် ဒါပေမဲ့ဘာကြောင့်ခုထိမအောင်မြင်မချမ်းသာနိုင်သေးတာလည်း ၊ ကျွန်တော်တို့အယင်ဆုံးနားလည်ထားကြရမှာကလူချမ်းသာအားလုံး အသီးသီးကြိုးစားခဲ့ကြရတယ် ။ဒါပေမဲ့ကြိုးစားတိုင်းလည်း မအောင်မြင်နိုင်ပါဘူး..ဘာကြောင့်လဲဆိုတော့ နေရာမှားပြီးကြိုးစားနေယင် ၁၀ နှစ်ကြာသွားလည်း အလကားပဲ မချမ်းသာလာနိုင်ပါဘူး.. ပင်ပင်ပန်းပန်းလုပ်ကိုင်နေယုံနဲ့ အောင်မြင်မယ်ချမ်းသာနိုင်မယ်ဆိုယင် အထမ်းသမားတွေ ကုန်တင်ကုန်ချသမားတွေချမ်းသာကုန်ရောပေါ့အဲ့ဒီအသက်မွေးဝမ်းကြောင်း အလုပ်တွေက မကောင်းဘူးရယ်လို့မပြောပါဘူး ချမ်းသာလာဖို့အခွင့်အလမ်းနည်းပါးတယ် လို့သာဆိုလိုတာပါ….. ဒါကြောင့်ကျွန်တော်တို့ work hard တစ်မျိုးတည်းနဲ့မလုံလောက်တော့ပါဘူး ၊ work smart လည်းလုပ်ရပါမယ်..အခွင့်အလမ်းကောင်းတွေရှာဖွေပြီး ကြုံလာတဲ့အခါ ဖမ်းဆုပ်ယူထားဖို့ ချီတုံချတုံမဖြစ်နေပါစေနဲ့..အခွင့်အရေးဆင်းရဲတာထက် ပိုဆိုးဝါးတာကတော့ အကြိမ်ပေါင်းများစွာ ကျွန်တော်တို့မှာအခွင့်အလမ်းတွေ ကြုံတွေ့ကြရပေမဲ့ကိုယ်တိုင်ကို က သူ့ကိုဖမ်းဆုတ်ထားဖို့ နှောင့်နေးနေတတ်ကြတာဟာနံပါတ်၎အမျိုးအစားလိုဆင်းရဲခြင်း ဖြစ်ပေါ်စေပါတော့တယ် ။ ၄.အတွေးအခေါ်ဆင်းရဲတာ ကိုယ့်ရဲ့ အတွေးထဲဘက်ပေါင်းစုံကနေ တွေးတယ်..ဒါပေမဲ့ကိုယ့်ရဲ့အစွမ်းအစ ကို ကိုယ်တော့အထင်သေးတယ်..အနုတ်သဘောပဲတွေးတယ်..မအောင်မြင်မှာ ကိုပဲတွေးနေတယ်.. မလုပ်နိုင်မှာကိုပဲတွေးနေတယ်.. ပြီးတော့အခွင့်အလမ်းတွေ လက်လွတ်သွားတာကိုပဲ ထိုင်ကြည့်နေယင်း.ပိုက်ဆံ မွဲ ၊အချိန်မွဲ တယ် အခွင့်အလမ်းကောင်းကောင်း တွေကြုံတွေ့ရတယ်.. ဒါပေမဲ့ အတွေးအခေါ်မွဲနေသေးရင်တော့ အာမခံတာ ဘဝကဘယ်လိုမှပြောင်းလဲနိုင်ဦးမှာမဟုတ်ဘူး …………… ဒီကနေ့ ကိုယ့်ကိုအထင်သေးတဲ့သူရှိရင် ကိုယ်ကြိုက်ပါ့မလား? မကြိုက်ပါဘူး လို့ဖြေရင် ဘာကြောင့်ကိုယ့်ရဲ့အရည်အသွေးကို ကိုယ်အထင်သေးရမှာလည်း လူတစ်ရာက မလုပ်နိုင်ပါဘူးလို့ ဘယ်လိုပဲလာပြောနေကြပါစေ ကိုယ့်ကိုယ်ကိုသာ ငါလုပ်နိုင်တယ်ရယ်လို့ ပြောနေရင် လုပ်ကိုလုပ်နိုင်ပါတယ် Credit: သင်သိရင်သင်ချမ်းသာလိမ့်မယ်
ဒိုင်ယာရီမရေးဖြစ်လိုက်တဲ့နေ့စွဲ..

ဒိုင်ယာရီမရေးဖြစ်လိုက်တဲ့နေ့စွဲ..

ဒိုင်ယာရီမရေးဖြစ်လိုက်တဲ့နေ့စွဲ.. 22 September 2012 at 19:14 ဘာ.....စေ့စပ်လိုက်ပြီဟုတ်လား ပေါက်ခွဲလိုက်တဲ့ ကြမ်းပြင်ပေါ်က ဖုန်းအပိုင်းအစတွေနဲ့အတူ နှလုံးသားပါပါသွားခဲ့ေ၀၀ါးနေတဲ့မျက်လုံးတွေလိုပဲ အနာဂတ်ဟာ....(ေ၀၀ါးသွားပြီခိုင် ) လမ်းမတို့ တွန့်ကွေးလိုက်ကြ ပူပြင်းလွန်းတဲ့ လရောင်ကိုကျောခိုင်း တိုက်တဲ့လေအရိုင်းအစိုင်းတွေကြား ဘယ်သူငါ့စိတ်ထဲမှာမြို့သစ်တည်ရဲလဲ ရေခံမြေခံမကောင်းတဲ့ နှလုံးသားက ရွက်ဖူးတွေကို ခြွေချပစ်လိုက် ဘာစိတ်ကူးနဲ့ပဲရူးရူး မထူးတော့မယ့်အချိန်.... ကောမြေအဖြစ် လှောင်ရယ်ခံလိုက် မင်းယုံကြည်မယ်ဆိုရင် ဆယ်ခါပြန်သေဖို့ ၀န်မလေးတဲ့နှလုံးသားကို လှောင်ရယ်လိုက် အားလုံးနဲ့အတူ မင်း..လှောင်ရယ်လိုက်ပါတော့။ ။ ရူးသွပ်ခဲ့ကြ အတိတ်ဟောင်းပေါ်မှာ ငါတို့နှစ်ယောက်ပန်းချီကားဟာ အစိမ်းရောင်မပါခဲ့ဘူး.....မင်းကချင်လွယ်အိတ်လေး ငါ့ပုခုံးကိုဟီးလေးခိုထားတဲ့အချိန်ပေါ့ ခိုင်.. ချွေးစေးလေးတွေထွက်လာချိန်ထိ ဆုပ်ကိုင်ဖူးတဲ့လက်တစ်စုံ လမ်းဟောင်းလေးတွေပေါ်က အရိပ်လေးနှစ်ရိပ် အခုတော့တိတ်ဆိတ် ....မက်ဖူးတဲ့အိပ်မက်တွေကရုတ်တရက် အလွမ်းတွေနဲ့ ငါတစ်ယောက်တည်းသရုပ်ပျက်ခဲ့ပေါ့ နတ်ဆိုးတို့ငါ့ကိုအောင်သေအောင်သားစားကြပြီ နှလုံးသားမှာတံဆိပ်နှိပ်ကြဒဏ်ရာ....13 ကျိန်စာတွေနဲ့ဘ၀အဆက်ဆက်သာမုန်းလိုက်တော့..ခိုင်..ရေ..... ဟိုမှာကြယ်တွေငိုကြ တစ်ညလုံးတွန့်ကြေခဲ့တဲ့မိန်းမတစ်ယောက်လို ငါသိပ်ပင်ပန်းနေမိတယ်....။ ငါ့ကိုယာဇ်ပူဇော်မယ့်လရောင်တွေဝင်းလက်ကြပြီ ငါကသတ်စရာမလိုတော့တဲ့ယာဇ်ကောင်လို့ ပြောပြလိုက်ပါဦး ...ငါသွားနှင့်ပြီ။( နောက်လှည့်မကြည့်ကြေး ..ခိုင်ရေ ) ထွက်ပြေးစမ်း လွတ်အောင်ပြေးထွက်လိုက်စမ်း ဒီအဖြစ်ကလွတ်အောင်ပြေးထွက်လိုက်စမ်း လွတ်လမ်းမရှိတော့ဘူးထင်ရဲ့ သစ်ပင်တစ်ပင်လို အမြစ်တွယ်ငြိမ်သက်နေတဲ့ အသည်းကွဲဂျစ်ပစီတစ်ကောင်ရဲ့စိတ်ဓာတ် သူ့အရိပ်မှာပဲ..တစ်သက်လုံး မှိုင်းမိအိပ်စက်နေတော့မယ်။ ကျွန်တော်နှုတ်ဆက်ခဲ့တယ် ဂျစ်ပစီတို့ရေ ကဗျာအတွက် ဆက်လက်မချီတတ်နိုင်တော့တဲ့ ဒီဂျစ်ပစီကောင်ရဲ့ဈာပနကိုတော့ ပို့ဆောင်ကြပါဦး ဆန့်ကျင်ဘက်နှစ်ခုဟာ တစ်ပြိုင်တည်းဖြစ်ခဲ့ သူ့ပျော်ရွှင်ခြင်းမှာ ကျွန်တော်ဝမ်းနည်းခဲ့ရ လွတ်လွတ်လပ်လပ်ပျံခွင့်ပြုတယ် ခိုင် အရင်တည်းကမချည်နှောင်ခဲ့ပါဘူး ငါလိုချင်တာမင်းရဲ့ပျော်ရွှင်မှု အဲဒါကို ငါ့သွေးနဲ့လဲယူရမယ်ဆိုလည်း ................................။ ငါ့နေ့တွေမှောင်ခဲ့ပြီ အော့ဝဇ်အကျဉ်းစခန်းကို ဂျူးတွေမမေ့သလို ငါမင်းကိုမမေ့ဘူး...ငါအကြောက်ဆုံးနေ့ရောက်ခဲ့ပြီပေါ့ ဘုရားကျောင်းကခေါင်းလောင်းသံတို့ ကျယ်လောင်စွာအော်ဟစ်ကြတော့ ညတို့အူကြ....သံရှည်စွဲပြီးအူကြတော့ နင့်စကားသံတွေ ငါ့ရင်မှာ ရထားတစ်စင်းလိုခုတ်မောင်းနေခဲ့တယ် နင်တပ်ဆင်ထားတဲ့ နံရံတွေလိုအေးစက်တဲ့ မျက်နှာဖုံးကိုငါမုန်းတယ်...ခိုင်။ ငါ့ကိုထားခဲ့ပါတော့.... နောက်ဆုံးတော့ ဘုရားကျောင်းလက်ထပ်ပွဲ အပြင်ဘက်မှာ လိပ်ပြာတစ်ကောင် အသက်မဲ့သွားခဲ့တယ်။ ။ ဇော်သူရ..12.30pm
ပန်းတိုင်သို့အရောက်လှမ်းလိုလျင်

ပန်းတိုင်သို့အရောက်လှမ်းလိုလျင်

ပန်းတိုင်သို့အရောက်လှမ်းလိုလျင်~~~ ၁-ရိုးသားမူ့ ၂-နာခံတတ်မှု့ ၃-အဖွဲ့အစည်း ၄-သစ္စာရှိမှု့ ၅-ယဉ်ကျေးဖော်ရွှေမှု့ ၆-ကျွမ်းကျင်တတ်မြောက်မှု့ ၇-အကောင်းမြင်ခြင်း ၈-NOW ပစ္စုပန် Honestly / ရိုးသားမှု ******************** သင့်အနေဖြင့် ဘယ်နေရာ ဘယ်အလုပ်ကိုပဲ လုပ်လုပ် အဓိကနေဖြင့် ရိုးသားမှုဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ လုပ်ဆောင်တတ်ဖို့ အရေးကြီးပါတယ် မိမိအလုပ် မိမိအပေါင်းအသင်းတို့အပေါ် ရိုးသားမှုရှိရပါမယ် သင့်ရဲ့ ရိုးသားမှုဟာ သင့်ဘဝရဲ့ အနာဂတ်မီးရှူးတန်ဆောင်တစ်ခုပါ မရိုးသားဘူးဆိုရင်တော့ သင်သွားလေရာမှာ အရိပ်မည်းကြီးတစ်ခုလို ကပ်လျက်လိုက်နေပါလိမ့်မယ်.... Obedience / နာခံတတ်မှု ************************* သင့်အနေဖြင့် ဘယ်နေရာ ဘာအလုပ်ကိုပဲ လုပ်လုပ် နာခံတတ်မှု လေးစားတတ်မှု တာဝန်သိတတ်မှု တာဝန်ယူတတ်မှုတွေ ရှိဖို့ အရေးကြီးပါတယ် မိမိထက် ပိုသိသော ပို၍ တတ်မြောက်သော သူတို့သည် အသက်ကြီးသည်ဖြစ်စေ ရွယ်သူဖြစ်စေ အသက်ငယ်သူဖြစ်စေ လေးစားတတ်ရမယ် နာခံတတ်ရမယ် လိုက်နာတတ်ဖို့လိုပါတယ် မိမိသည် နည်းပညာတစ်ခုကို မသင်ယူမီ အဲ့ဒီနည်းပညာကို တတ်သလိုလို မတတ်သလိုလို မနာခံ မယူတတ်ဘဲ နေမည်ဆိုပါက ဘယ်သောအခါမျှ တတ်လာမည်မဟုတ်ချေ။ မိမိသည် အဖွဲ့အစည်းတစ်ခုမှာ အလုပ်တစ်ခု စတင်လုပ်ဆောင်တော့မည်ဆိုပါက မိမိထက် တတ်ကျွမ်းသူများ သင်ပေးသမျှကို နာခံတတ်ဖို့ လိုအပ်ပါတယ်....... Teamwork / အဖွဲ့အစည်း ************************ မိမိသည် အဖွဲ့အစည်း တစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်တော့မည်ဆိုလျှင် Good Teamwork ကောင်းသော တူညီသော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးစားဖို့လိုပါတယ် အလုပ်တစ်ခုကို ပြဿနာတစ်ခုကို တစ်ယောက်တည်းဖြေရှင်းခြင်းထက် အားလုံးပူးပေါင်းဆောင်ရွက်ခြင်း ဖြေရှင်းခြင်းများဖြင့် ကိစ္စတစ်ခု အောင်မြင်စွာ ပြီးဆုံးနိုင်မည် Teamwork မရှိသော အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းခွင်သည် အောင်မြင်မှုနိယာမကို ရှာတွေ့နိုင်မည်မဟုတ်ချေ ထင်းစီးတစ်စီးကို တစ်ယောက်တည်း မချိုးနိုင်ပဲ အများပူးပေါင်း ချိုးကာမှ ကျိုးနိုင်လိမ့်မည်ဖြစ်သည်...... မိသားစုမှာလည်း မောင်နှမရင်းချာချင်း Family Teamwork မိသားစု Teamwork ရှိနေရပါမယ်.... မိမိသည် အဖွဲ့အစည်းတစ်ခုထဲမှာ လုပ်ဆောင်နေသူဖြစ်ပါက မိမိကြောင့် Teamwork မပျက်စေဘဲ ရှိရင်းစွဲ Teamwork ကို ပို၍ ခိုင်မြဲစေရန် ကြိုးစားကြဖို့လိုအပ်ပါတယ်........... Loyalty / သစ္စာရှိမှု ***************** မိမိသည် ဘယ်အလုပ်ကိုပဲ လုပ်လုပ် မိမိလုပ်သော အလုပ်အပေါ်မှာ သစ္စာရှိဖို့လိုပါတယ် အလုပ်အပေါ်မှာ သစ္စာရှိသလို မိမိကိုယ် အလုပ်ပေးထားသော လုပ်ငန်းရှင်ပေါ်မှာလည်း သစ္စာစောင့်သိတတ်ဖို့ လိုပါတယ် လုပ်ငန်းခွင်ပေါ်မှာ မဆိုထားဘိ မိမိအပေါင်းအသင်း မိမိသူငယ်ချင်း မိမိချစ်ခင်ရသောသူတို့အပေါ်မှာလည်း သစ္စာရှိဖို့ အရေးကြီးပါတယ်....... သစ္စာစောင့်သိတော့သူများသည် မိမိဂုဏ်သိက္ခာကို တန်ဖိုးထားတတ်သူများလည်း ဖြစ်ပေသည်... Integrity / ယဉ်ကျေးဖော်ရွေမှု *************************** * မိမိသည် ဘယ်နေရာ ဘယ်အဖွဲ့အစည်း ဘာအလုပ်ကိုပဲလုပ်သည်ဖြစ်စေ လူမှု့ကွန်ယက်မှာ ဆက်ဆံရေး ယဉ်ကျေးဖော်ရွေမှု ရှိဖို့လိုအပ်ပါတယ် သင်ချစ်လျှင် ကျွန်န်ုပ်မမုန်းပါ ဆိုပေမယ့် တခြားသူထံမှာ အပြုံးကို လိုချင်ရင် မိမိက ပထမဦးစွာ တဖက်သူကို ပြုံးပြပေးလိုက်ပါ မိမိအနေဖြင့် အမြဲတမ်းပြုံးနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ မိမိအပြုံးတစ်ခုဟာ မိမိနှင့် တခါမှမတွေ့ဖူးသောသူနဲ့ တွေ့ရှိမည်ဆိုလျှင်ပင် မိမိသည် တခြားသူအတွက် မမေ့နိုင်ဖွယ်ရာ လူတစ်ယောက်မှတ်ယူနိုင်ပေသည်... မိမိအပြုံးကြောင့် စိတ်ဒေါသထွက်နေသူကိုပင် အပြုံးပန်းများမျှဝေစေပြီး ဒေါသမီးကို ချုပ်ငြိမ်းသွားစေနိုင်ပါတယ် ယခုကစ၍ အတတ်နိုင်ဆုံး ပြုံးကြည့်ပါ..... တခြားသူကို အပြုံးလေးဖြင့် ပြောကြည့်ပိါ Efficiency / ကျွမ်းကျင်တတ်မြောက်မှု ******************************** မိမိသည် ဘယ်နေရာ ဘယ်အလုပ်ကိုပဲ လုပ်လုပ် မိမိတကယ်အသက်မွေးဝမ်းကြောင်းဖြင့် လုပ်ဆောင်လိုသော အလုပ်ကို အဓိကအနေဖြင့် ကျွမ်းကျင်တတ်မြောက်အောင် လုပ်ဆောင်နိုင်ဖို့ လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာရပ်တွေ လေ့လာဆည်းပူးထားဖို့ လွန်စွာအရေးကြီးပါတယ်..... ဘယ်သောအခါမျှ နည်းပညာ သင်ယူလေ့လာမှု ကုန်ဆုံးနိုင်သည်ဟူ၍ မရှိပါ ..အသက်ရှင်သ၍ သင်ယူလေ့လာမှုဆိုတာ ဆည်းပူးနေရမည်ဖြစ်ပါတယ် သင်ယူလေ့လာမှုတိုင်းကိုလည်း လက်တွေ့ကျကျ လုပ်ဆောင်နိုင်ပါမှ တကယ့်လုပ်ငန်းခွင် ကျွမ်းကျင်တတ်မြောက်မှုဆိုတာ ရရှိခံစားလာရမှာပါ ...... Optimistic / အကောင်းမြင်ခြင်း **************************** မိမိအနေဖြင့် မိမိပတ်ဝန်းကျင် အပေါ်မှာ အကောင်းမြင်နိုင်တဲ့ စိတ်လေးအဓိက ထားနိုင်ဖို့လိုပါတယ် မိသားစုမှာဖြစ်စေ အဖွဲ့အစည်းမှာဖြစ်စေ ဖြစ်ပေါ်လာတဲ့ အကောင်းအဆိုးတွေအပေါ်မှာ မူတည်ပြီး အမြဲတမ်းအကောင်းမြင်တတ်တဲ့ အတွေးသဘောထားလေးတွေ ရှိနေဖို့လိုအပ်ပါတယ် အပေါင်းအသင်းတွေအပေါ်မှာလည်း အကောင်းမြင်တတ်တဲ့ သဘောထားတွေ ပြည့်ဝနေဖို့လိုပါတယ် လူတိုင်းဟာ အမှားနဲ့မကင်းနိုင်သလို လူတယောက်ကို အကောင်းမမြင်ဘဲ ဆိုးကွက်တွေကို ရှာရတာ လွယ်ကူပါတယ် အကောင်းမမြင်တတ်တဲ့ လူတယောက်ဟာ အဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး မိမိကိုယ်ကို အကောင်းမြင်တတ်တဲ့ အတွေးတွေနဲ့ စိတ်သဘောထားတည်ဆောက်နိုင်သလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကောင်းမြင်တတ်တဲ့ နည်းလမ်းတွေ စိတ်သဘောထားတွေ ပေးစွမ်းနိုင်ဖို့ အရေးကြီးပါတယ်...... Now / ယခု ************ မိမိသည် ဘယ်အရာ ဘာအလုပ်ကိုပဲ လုပ်လုပ် ယခုအချိန်သည်သာလျှင် အရေးကြီးဆုံးဖြစ်ပေသည် သင်ဘယ်သောအခါကမှ မစတင်ခဲ့သော အလုပ်တစ်ခုကို ယခုအချိန်ကစ၍ လုပ်ဆောင်မည်ဆိုလျှင် သင် နောက်ကျတဲ့သူ မဖြစ်သေးပါ သင့်အနေဖြင့် ယခုစတင်ပြီး မလုပ်ခြင်းကသာ နောက်ကျခြင်း ဖြစ်ပေသည် အဓိကအရေးကြီးတာက သင်စလှမ်းမယ့် ခြေတစ်လှမ်းပါပဲ ယနေ့အောင်မြင်နေသော ပုဂ္ဂိုလ်တိုင်းသည် ခုန်ပျံကျော်လွှား၍ အောင်မြင်မှုတောင်ထိပ်သို့ ရောက်လာခြင်းမဟုတ် ယခုဆိုတဲ့ ခြေတစ်လှမ်းက စတင်ခဲ့ခြင်း ဖြစ်ပေသည် သင်သာ ယခုအချိန်က သင်ယူလေ့လာမှုတွေ ပြုလုပ်တော့မယ်ဆိုလျှင် မဝေးတော့တဲ့အနာဂတ်မှာ NOW ယခုအချိန်ဆိုတဲ့ တန်ဖိုးလေးကို နားလည်လာမှာ သေချာပါတယ် ....... Zaw Zaw Myit

ကွမ်းယာကို ရွှေအဖြစ်ဖန်တီးခဲ့သူ

Up to Date Yesterday at 21:44 • . " ကွမ်းယာကို ရွှေအဖြစ်ဖန်တီးခဲ့သူ ( သို့မဟုတ် ) အောင်သမာဓိ - ဦးအောင်ဆန်းဝင်း " ---------------------------------------------------- လွန်ခဲ့သော ( ၂၅ ) နှစ်ခန့် စဉ်းကူးမြို့နယ် ဇရပ်ကွင်း ဆိုတဲ့ ရွာငယ်လေး၏ ဖုန်တစ်လိမ့်လိမ့် ထနေတဲ့ မြေသားလမ်းကလေးဘေးတွင် ကွမ်းယာရောင်းနေသောကောင်လေးတစ်ယောက်က... ယခု ရန်ကုန်နှင့် မန္တလေးမြို့ကြီးတွေမှာ ရွေဆိုင်(၅)ဆိုင်နှင့် ရွှေသန့်စင်လုပ်ငန်းများကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့တယ်... ဆိုရင် စာဖတ်သူအံ့အားသင့်သွားစရာ အကြောင်းရှိပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေကြားမှာ ယနေ့အထိ တွင်တွင်ကျယ်ကျယ် အသုံးပြု့ပြောဆိုနေတဲ့ စကားပုံတစ်ခု ရှိပါတယ်။ " စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတုန်း ကွမ်းယာသည်က ကလန့်ကလန့်နဲ့ " ။ စိန်ကောင်းကျောက်ကောင်း ရောင်းဝယ်နေတဲ့ကြားတဲ့ ကွမ်းယာသည်က ကလန့်လန့်လုပ်ခဲ့ခြင်းကြောင့် ကောင်လေးတစ်ယောက်ဟာ ကွမ်းယာသည်မှ စိန်ကောင်းကျောက်ကောင်း ကုန်သည်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ စိန်နှင့် ရွှေတို့သည် ကမ္ဘာ့အဆင့်မီထုတ်လုပ်နိုင်ခြင်းကြောင့်လည်း ISO 9001. 2008 ဆုကို ချီးမြင့်ခြင်းခံခဲရပြန်ပါတယ်။ ထိုသူဟာ " အောင်သမာဓိ " စိန်ရွှေရတနာရောင်းဝယ်ရေးနှင့် ရွှေသန့်စင်လုပ်ငန်းပိုင်ရှင် "ဦးအောင်ဆန်းဝင်း" ဖြစ်ပါသည်။ သူဟာ မန္တလေးဓာတ်သတ္တုတူးဖော်ရေး အသင်းရဲ့ ဒုဥက္ကဌ အဖြစ်လည်း တာဝန်ယူထားပါသည်။ ◑◑◑ ၁၉၆၃ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် အဖဦးထွန်းရွှေ နှင့် အမိဒေါ်ကြည်မြိုင်တို့မှ မန္တလေးတိုင်း မတ္တရာမြို့နယ် "ရေနံ့သာကျေးရွာ" တွင် မွေးဖွားခဲ့ပြီး စဥ့်ကူးမြို့နယ် "လက်ပံလှရွာ" မှာ ကြီးပြင်းခဲ့ပြီး မွေးချင်းခြောက်အနက် ဒုတိယမြောက်သား ဖြစ်သည်။ ၁၉၈၃တွင် ဇနီးဖြစ်သူ ဒေါ်မော်စီ နှင့် အိမ်ထောင်ကျပြီး သားတစ်ယောက်နှင့် သမီးသုံးယောက် ထွန်းကားခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် "အောင်သမာဓိ" ရွှေသန့်စင်လုပ်ငန်းကို မန္တလေးမြို့၌ စတင်လုပ်ကိုင်ခဲ့ပြီး ယခုအခါ အောင်သမာဓိရွှေဆိုင်ကို မန္တလေးမြို့တွင် ၃ ဆိုင်နှင့် ရန်ကုန်မြို့တွင် ၂ ဆိုင် ဖွင့်လှစ်ထားရှိသည်။ ထို့အပြင် အခမဲ့ရွှေသင်တန်းကိုလည်း သင်ကြားပို့ချပေးလျက်ရှိပေသည်။ ◑◑◑ ‪#‎_ငယ်ဘဝဖြတ်သန်းမှု_‬ ငယ်စဉ်က အင်မတန်ချို့တဲ့သော သူဆင်းရဲသား ဘဝတစ်ခုကို ဖြတ်သန်းခဲ့ပါတယ်။ သူကျောင်းနေစဉ်အရွယ်မှာပင် အိမ်အလုပ်တွေကို မနားမနေကူလုပ်ပေးခဲ့ရပါတယ်။ ညဘက်ဆိုရင် ဓားသွေး၊ မနက် ၄ နာရီ အိပ်ရာမှထပြီး ရွာအနီးရှိ တောထဲသို့ ထင်ခုတ်ထွက်ရတယ်။ ညနေ ၅ နာရီအချိန်လောက်မှသာ အိမ်ပြန်ရောက်ပါတယ်။ ည ၁၀ နာရီကျော် ၁၂ နာရီမှာ အိပ်ရာထပြီး မိခင်ဖြစ်သူ မိုးကုတ်သို့သွားရောင်းမယ့် မျှစ်နဲ့ ခရမ်းချဉ်သီးသေတ္တာများကို ကားပေါ်သို့ ထမ်းတင်ပေးရပြန်ပါတယ်။ ◑◑◑ ‪#‎လက်ဦးဆရာ‬ အသက် ၄ နှစ်ခွဲ ၅ နှစ်အရွယ်တွင် မိဘများက ရွာဦးကျောင်းဆရာတော် ဥုးလက္ခဏ ထံတွင် အပ်နှံခဲ့ကြပါတယ်။ မူလတန်းကျောင်းသားဘဝကို ဘုန်းကြီးကျောင်းတွင် ပညာသင်ခဲ့ရပါတယ်။ ဆရာတော်၏ စည်းကမ်းကြီးမှုနှင့် ဆိုဆုံးမမှုတို့ကိုလည်း ယနေ့အထိ မမေ့သေးကြောင်း သူက ယခုလိုဆိုပါတယ်... ဆရာတော်၏ စည်းကမ်းကြီးမှုနှင့် ဆိုဆုံးမမှုတို့ကို ယခုအချိန်ထိပင် ကျွန်တော် မှတ်မိနေသေးသည်။ ဘုန်းကြီးကျောင်းမှာ မနက်လင်းသောအခါ ဆွမ်းခံထွက်ကြရတယ်။ ဆွမ်းခံထွက်ရာတွင် အိမ်က ဆွမ်းချိုင့်လည်း ဝင်ယူရသေးသည်။ နေ့ခင်းနေ့လည်တွင် ကျောင်းစာနှင့် တရားစာများသင်ရပြီး နေ့ခင် တစ်ရေးအိပ်ကြရသည်။ ညနေဘုရားဝတ်မတက်မီ ကျောင်းသားအားလုံး လက်အုပ်ချီ မတ်တပ်ရပ်ပြီး တန်းစီကာ အိမ်စာလုပ် မလုပ် စစ်ဆေးပြီး မလုပ်တဲ့သူများက ဆရာတော်ရိုက်တာ ခံကြရသည်။ ညပိုင်း ဘုရားဝတ်တက်ရင်လည်း ဘေးအိမ်က သူငယ်ချင်းကြားအောင် အသံကျယ်ကျယ်ဖြင့် ဝတ်တက်ရသေးသည်။ နောက်နေ့တွင် ဆရာတော်က ဘုရားဝတ်မတက်သည့် သူများကို ကြိမ်လုံးဖြင့် ရိုက်လေ့ရှိသည်။ တစ်နေ့တွင် ကျွန်တော်ဘုရား ဝတ်မတက်ဘူးဟု တိုင်သောကြောင့် ဆရာတော့်ကြိမ်းလုံးဖြင့် အစင်းရာထင်အောင် အရိုက်ခံလိုက်ရသည်။ တိုင်သည့် ကျောင်းသားကို ကျွန်တော်မသိလိုက်ရပေ။ ဆရာတော်ထံတွင် ၆ လမျှသာနေခဲ့ရသော်လည်း ဆရာတော်ကို ကြောက်ရွံ့လေးစားခဲ့ရသည်မှာ ကျွန်တော့်အတွက် ယနေ့တိုင် အရိုးထိတိုင် စွဲနေသေးသည်။ ဆရာတော်က ငှက်ပျောသီးဆိုရင်လည်း သုံးပိုင်း ပိုင်းပြီး တစ်ပိုင်းစားရသည်။ ငှက်ပျောသီးတစ်ပိုင်း စားရသည့် အရသာ... ကျောကော့အောင် အရိုက်ခံရသည့် ခံစားမှုနှင့် ဆရာတော်၏ စည်းကမ်းကြပ်မတ်မှုများ၏ ကျေးဇူးတို့က ကျွန်တော့်ဘဝအတွက် အမှတ်ရစေမည့် အရာများပင်ဖြစ်သည်။ ဆရာတော်ကို တစ်ရွာလုံးက လေးစားကြည်ညိုကြသည်။ ရိုက်နှက်ဆုံမသည့်အတွက်လည်း မိဘများက ယခုခေတ်လိုမျိုး စောဒကမတက်ရဲပေ။ ◑◑◑ ‪#‎_ကျောင်းဆရာရှားပါးမှုနှင့်_သူ့ရဲ့ပညာရေးအခြေနေ_‬ ဆယ်တန်းမအောင်သည်မှာ ကျွန်တော့်ဘဝအတွက် အခက်အခဲတစ်ခု ဖြစ်ခဲ့သည်။ လက်ပံလှကျောင်းတွင် အလယ်တန်းအထိ သင်နိုင်သော်လည်း ငါးတန်းနှင့် ခြောက်တန်းအထိသာ ဆရာပြည့်စုံမှုနှင့် သင်နိုင်သည်။ ခုနှစ်တန်းရောက်သည့် အချိန်တွင် ကျောင်းဆရာ မပြည့်စုံပေ။ တစ်ကျောင်းလုံးတွင် ကျောင်းဆရာ ( ၂ ) ယောက် သာရှိသည်။ သချာင်္နှင့် ကျန်ဘာသာ အားလုံးကိုသင်ခဲ့ရပြီး အင်္ဂလိပ်စာသင်ပေးမည့် ဆရာမှာ မရှိပေ။ ကံကောင်းစွာဖြင့် ( ၈ ) တန်း ဖြေခါနီး နှစ်လလောက်အလိုတွင်းမှ နောက်ထပ်ဆရာနှစ်ယောက် ထပ်ရောက်လာသည်။ ကျောင်းအုပ်ကြီးက ကျန်ဘာသာအားလုံးကို သင်ပေးပြီး စာမေးပွဲဖြေခါနီး တစ်လလောက် အလိုတွင်မှ အင်္ဂလိပ်စာအတွက် အဓိကပုံသေနည်းများကိုသာ သင်ခဲ့ရသည်။ ကံကောင်းစွာဖြင့် (၈) တန်းကို အစိုးရစစ်ဖြင့် ခက်ခက်ခဲခဲအောင်သွားခဲ့သည်။ အဲဒီအချိန်တုန်းက အလယ်တန်းပညာရေး ရှားပါးသည့်အချိန်ဖြစ်သည့်အတွက် (၈)တန်း ကို အောင်သွားခဲ့သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရရင် အခြေခံ မရှိခဲ့ပေ။ ◑◑◑ ‪#‎_ဆုံးခန်းမတိုင်မီရပ်နားလိုက်ခဲ့ရသော_ကျောင်းပညာရေး_‬ အလယ်တန်းကနေ အထက်တန်းကို ရောက်သွားသော အခါတွင် အထက်တန်းကို လက်ပံလှရွာမှ ၅ မိုင်းဝေးသော စဥ့်ကူးမြို့သို့ ခက်ခက်ခဲခဲ ကျောင်းတက်ခဲ့ရသည်။ အများနည်းတူ စက်ဘီးမစီးနိုင်လို့ ငါးမိုင်ခရီးကို နှစ်နာရီလောက် လမ်းလျှောက်ပြီး ကျောင်းတက်ခဲ့ရသည်။ ဆယ်တန်းကျောင်းသာဘဝတွင် တစ်ခါတစ်ရံ ထမင်းချိုင့် မပါသွားခဲ့သည်လည်း ရှိခဲ့ဖူးသည်။ (၈)တန်းကို ခက်ခက်ခဲခဲအောင်ပြီး (၉)တန်း ရောက်သောအခါ Physics, Chemistry တို့ကို သင်ရသည့်အခါတွင် အင်္ဂလိပ်စာအခြေခံ မပါသည့်အတွက် ဆယ်တန်းအောင်ရန် ခဲယဉ်းသွားခဲ့သည်။ အင်္ဂလိပ်စာကို မပိုင်ခဲ့တာတွေ၊ ကျူရှင်ရှိလည်း တက်ရန် မတက်နိုင်ခဲ့သောကြောင့် ဆယ်တန်းရောက်သောအခါ ကမောက်ကမဖြစ်ပြီး နောက်ဆုံးတွင် ဆယ်တန်းမအောင်ခဲ့ပေ။ (၉)တန်းကတည်းက စာမလိုက်နိုင်ခဲ့သောကြောင့် မဖြေခင် ဆယ်တန်းကျမည်ကို ကြိုသိနေခဲ့သည်။ ဆယ်တန်းပြန်ဖြေရမည့် စရိတ်ကလည်း အကုန်အကျများသောကြောင့် ပြန်မဖြေတော့ဘဲ အလုပ် လုပ်ရန် စဉ်းစားခဲ့သည်။ ◑◑◑ ‪#‎_ဖြစ်ချင်တာမဖြစ်တော့_ဖြစ်သင့်တာလုပ်တယ်_‬ (၁၀)တန်းနှင့် (၁၀)တန်းအောင် အဆင့်ကို ဦးစားပေးခေါ်ယူနေသည့် စပါးတာလီစာရေးကို သွားဖြေခဲ့ပါသေးတယ်။ သို့သော်လည်း သူဟာ တာလီစာရေး စာမေးပွဲလည်း မအောင်မြင်ခဲ့ပေ။ သူ့အတွက် အဲဒီ့အချိန်ဟာ ဆောက်တည်ရာရှာမရအောင် စိတ်ဓာတ်အကျခဲ့ဆုံးကာလ အခိုက်အတန့် ပါပဲ။ ဘာလုပ်စရာ ရှိသေးလဲ... သူဘာလုပ်မလဲ...။ ၁၉၈၃ ခုနှစ်လောက်မှာ သူနေထိုင်တဲ့ စဥ့်ကူးမြို့နယ်နှင့် ကပ်လျက်ရှိသည့် သပိတ်ကျင်းမြို့နယ်တွင် ရွှေတောများ ခေတ်စားနေသည့် ကာလ... နွယ်ရုံ၊ ကျည်တောက်ပေါက်၊ ဇရပ်ကွင်း၊ ကွင်း(၃၀) စတဲ့ နေရာတွေမှာတော့ ရွှေကျင်ကြတဲ့ ရွှေတောတွေဟာ အင်မတန်နာမည်ကြီးပါတယ်။ လူတွေအများကြီး ရွှေတောတက် ရွှေကျင်ကြ၊ ရွှေရှာဖွေကြပါတယ်။ သူလည်း အများနည်းတူ လုပ်ကိုင်ချင်စိတ်တယ်။ သို့သော်...သူ့ပုံစံက ဗလမရှိ၊ ပိန်သေးသေးနဲ့ လူ့ဖလံလေးရယ်။ တူးဟယ်...ဆွဟယ်...ပိုးဟယ်...ထမ်းဟယ်... သူဘယ်လို လုပ်နိုင်မလဲ။ ဒီတော့ သူ့တစ်ပိုင်တစ်နိုင် ငွေစကလေးနဲ့ ရွှေတောဝန်းကျင်မှာ ဆိုင်ကလေးတစ်ဆိုင် ထဖွင့်လိုက်တယ်။ " အောင်အောင် " ကွမ်းယာ...။ ◑◑◑ ‪#‎လူကြီးတစ်ယောက်ကဘယ်တော့မှ_ကလေးအလုပ်မလုပ်ဘူး‬ ရွှေတောဟု ဆိုသည်နှင့် ငွေတွေဒလဟောဝင်ပြီး ဒလဟောသုံးဖြုံးကြတဲ့ လူတွေရှိမယ်၊ အပျော်အပါး၊ မိန်းမ၊ အသောက်အစား၊ လောင်းကစား၊ မူးယစ်၊ အဲ့ဒီလို လူငယ်တစ်ယောက်ရဲ့ ဘဝကို ပျက်စီးစေမည့် နေရာမျိုးမှာ ဆိုဆုံးမမည့်သူမပါဘဲ သူ ဘယ်လိုနေထိုင် ကျော်လွှားခဲ့သလဲဆိုတာကို အင်တာဗျူးတစ်ခုမှာ ဖြေသွားတာကို ဖတ်ကြည့်ပါဦး... " ရွှေတောမှာ တစ်ယောက်တည်းနေရတဲ့ အဲဒီ့ကာလက ဘယ်လောက်အရေးကြီးလဲ ကိုမီသာဇင်၊ ဖင်စီဒိုင်း၊ ဘိန်းဖြူ၊ ဘိန်းမည်းက လက်တစ်ကမ်းမှာ၊ လောင်းကစားတွေကလည်း တံခါးမရှိ၊ ဓားမရှိပေါ့၊ (ဦးအောင်က ကိုယ်အမူအရာ လက်ဟန်နဲ့ ဆက်ပြောပြတယ်) ဒီနေရာက ဂျင်ဝိုင်း၊ ဟိုဘက်က ဖဲဝိုင်း၊ ဒီဘက်က အရက်ဆိုင်၊ အရက်ဆိုင်နားမှာ အပျော်အပါးမိန်းကလေးတွေ ဒီပတ်ဝန်းကျင်မျိုးထဲ ကျွန်တော်ရောက်ပါတယ်၊ ကိုယ့်ကိုကိုယ် မထိန်းချုပ်နိုင်ရင် ဘာဖြစ်သွားမလဲ လူတစ်ယောက်ပျက်စီးဖို့ အလွယ်ကလေး၊ ကျွန်တော်က ကွမ်းယာသည်တစ်ယောက်အနေနဲ့ ရွှေတောမှာ အလုပ်သွားလုပ်နေရတာ၊ ကိုယ့်ကိုကိုယ်ပဲ Manager(တာဝန်ယူစီမံထိန်းကြောင်း) လုပ်နေရတာလေ၊ မနက်လင်းရင် ဘယ်နှစ်နာရီးကို ဆိုင်ဖွင့်ရမယ်၊ ညဘယ်အချိန် ဆိုင်ပိတ်ရမယ်၊ နောက်နေ့အတွက် လိုအပ်မည့် ကွမ်းရွက်၊ ကွမ်းသီးဘယ်လောက် ဖြည့်ရမယ်၊ မှာရမယ် ဆိုတာတွေပဲ စိတ်ထဲမှာရှိတော့ အပျော်အပါးတွေ၊ အညံ့ တွေဘက်ရောက်သွားဖို့ အချိန်သိပ်မရှိဘူး၊ လူကြီးလို တာဝန်ယူနေရတဲ့ လူတစ်ယောက်က ဘယ်တော့မှ ကလေးအလုပ် မလုပ်ဘူး " ◑◑◑ ‪#‎အမြဲဆန်းသစ်နေအောင်_အာရုံစိုက်လေ့လာ‬ သူဟာ ရွှေတောမှာ ကွမ်းယာရောင်းရင်း အိမ်ထောင်ကျခဲ့ပြီး အမျိုးသမီး(အန်တီမော်စီ) ကိုပါ ရွှေတောသို့ ခေါ်လာပြီး ကွမ်းယာဆက်ရောင်းခဲ့ပါတယ်။ ကွမ်းယာဖို့ ပညာရရန် ကွမ်းယာဆိုင်တွင် ကွမ်းဘယ်လိုယာ၊ ကွမ်းသီးဘယ်လိုထည့်၊ အာမွှေးဘယ်လိုထည့်သည် ဆိုတာကို အမြင်ဖြင့် ၁၅ ရက်လောက် သင်ယူခဲ့ရပါတယ်။ ပတ်ဝန်ဟးကျင်၌ နာမည်ကြီးသည့်ဆိုင် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့ဟာ ကြီးပွားတာ မကြီးပွားတာထက် နာမည်ပိုကြီးချင်နေတာပါ။ ထိုသို့ ဖြစ်လာအောင်လည်း သူကိုယ်တိုင် လေ့လာခဲ့ပါတယ်။ ရွှေတောတွင်းရှိ ရွှေဆိုင်ကြီးများ၊ ကုန်စုံဆိုင်ကြီးများ ကြားမှာ သူ့ကွမ်းယာဆိုင်ကလေးက ခနော်ခနဲ့။ ◑◑◑ ‪#‎ပိုကောင်းသည့်အရသာစမ်းသပ်‬ " မန္တလေးရောက်ရင် နာမည်းကြီးကွမ်းယာဆိုင်များတွင် ဝယ်စားပြီး၊ သူတို့ဘယ်လိုလုပ်သည်ကို လေ့လားခဲ့သည်၊ ကိုယ့်ကွမ်းယာကိုလည်း အမြဲဆန်းသစ်နေအောင်လည်း ကွမ်းသီးကို အဆင်သင့်စိတ်ထားတာက သတ်သတ်၊ ကွမ်းသီးအလုံးကြီးတွေကိုဝယ်ပြီး ကိုယ်တိုင်စိတ်ထားတာက သတ်သတ်လုပ်ပြီး ပိုကောင်းသည့် အရသာကို စမ်းသပ်ခဲ့သည်။ ကွမ်းယာလာဝယ်သူများက ကိုယ်တိုင် စိတ်ထားသည့် ကွမ်းသီးဖြင့်ယာထားသည့် ကွမ်းယာက ပိုကောင်းကြောင်းသိလာခဲ့သည်။ အိန္ဒိယမှလည်း အာမွှေးဆေးမျိုးစုံ ဝင်လာသည့်အတွက် ဘယ်ဆိုင်က ဘယ်ဆေးထည့်တာကအစ လေ့လာခဲ့သည်။ ကိုယ်လုပ်သည့်အလုပ်ကို အမြဲဆန်းသစ်နေအောင် အာရုံစိုက်လေ့လာခဲ့သောကြောင့် ရွှေတောတွင် ... " အောင်အောင် " ကွမ်းယာ ဟု နာမည်ကြီးလာသည်။ ◑◑◑ ‪#‎ရွှေကုန်သည်တွေကြီးပွားတာကိုမြင်ပြီး‬ ရွှေတောမှာ ၅ နှစ်ကျော်ထိ နေထိုင်ခဲ့ရသော်လည်း ရွှေအကြောင်း ဘာမှနားမလည်ခဲ့ပါဘူး။ ကွမ်းယာရောင်းရင်း ဘာအလုပ်လုပ်ရင် ကြီးပွားနိုင်မလဲ ဆိုသည်ကိုလည်း အမြဲတွေးနေခဲ့ပါတယ်။ ဆိုင်ကို ငွေအကြွေလာလဲ သည့် ရွှေကုန်သည်များနှင့် ရင်းနှီးခင်မင်ခဲ့ရပြီး ရွှေတော ငွေလွှဲပုံ၊ ရွှေသည်ပုံများကို မြင်ပါများလာသောအခါ ရွှေကုန်သည်လောကထဲ ဝင်ချင်သည့်စိတ် ဖြစ်လာပါတော့တယ်။ ရွှေကုန်သည်တွေ ကြီးပွားတာကိုမြင်ပြီး အားကျလာတယ်။ ရွှေကုန်သည် ဖြစ်ချင်သောကြောင့် တစ်ဖက်တွင်လည်း ကွမ်းယာရောင်းရင်း ရွှေကုန်သည်များထံတွင် လုပ်ခ မယူဘဲ ရွှေအဝယ်ဆိုင်တွင် ကူလုပ်ပေးခဲ့တယ်။ ◑◑◑ ‪#‎ဝါးကျည်ထောက်စုဗူးကလေး‬ လုပ်ငန်းတိုးတက်အောင်မြင်ရန် ကြိုးစားရန်အတွေးများဖြင့် ကွမ်းယာရောင်နေသည့် အချိန်တွင် မျှော်လင့်တကြီးစုထားခဲ့ရတဲ့ စုဗူးကလေးကို အခိုးခံလိုက်ရတာဟာ သူ့ဘဝအတွက် အခက်အခဲ အကြီးအကျယ် ကြုံတွေ့ခဲ့ရပြန်ပါတော့တယ်။ ထိုခေတ်က ဝါးပိုးဝါးဖြင့် ပြု့လုပ်ထားသော ဝါးကျည်ထောက်စုဗူးကလေးပါ။ ထိုကိစ္စကြောင့်ပင် သူက... " ကျွန်တော်ကလည်း မြင်လွယ်သည့်နေရာတွင် ထားခဲ့တာကြောင့် အိပ်နေသည့် အချိန်တွင် ကိုယ့်အလုပ်သမားကပင် အလွယ်တကူ ခိုးယူသွားတာပါ၊ ကျွန်တော့်ဘဝတွင် အခက်အခဲကြုံတိုင်း အခက်အခဲကို အခွင့်အရေး လုပ်ခဲ့တာပါ၊ အခက်အခဲတွေပေါ်လာတိုင်း ငါ့ဘဝအတွက် အခွင့်အရေးတစ်ခု ပေါ်လာပြီလို့သာ သဘောထားလိုက်တယ်၊ ဂိမ်းတစ်ခုပေါ်လာပြီလို့ သဘောထားပြီး ထိုဂိမ်းကိုကျော်နိုင်ရင် ပြဿနာတစ်ခု ဖြေရှင်းသွားနိုင်မယ်လို့ ကျွန်တော် ခံယူထားတယ်" ◑◑◑ ‪#‎ကွမ်းယာအောင်အောင်မှ_ရွှေသမားအောင်အောင်‬ လူတစ်ယောက် ကြီးပွားရန်အတွက် ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေကောင်း၊ ဆရာကောင်းများရှိပြီး ကြီးပွားနိုင်မည့်အချိန်ကို စောင့်နိုင်ရမှာ ဖြစ်တယ်၊ ကျွန်တော့်ဘဝ၏ အလှည့်အပြောင်းတစ်ခုဖြစ်သည့် အချိန်သို့ ရောက်လာခဲ့တယ်၊ ကွမ်းရောင်းရင်း တစ်ဖက်တွင်လည်း ရွှေအဝယ်ဆိုင်များတွင် ကူညီလုပ်ကိုင်ရင်းဖြင့် ကျွန်တော့်ဆရာဖြစ်လာမည့် ရွှေကုန်သည်နှင့် တွေ့ဆုံခဲ့သည်။ ဆရာတွေက မန္တလေးသွားတဲ့အခါ အောင်အောင် လိုက်ခဲ့ကွာလို့ ခေါ်ရင် ရွှေထုပ်ကိုင်ပြီး ကျွန်တော်က နောက်က လိုက်ရတာ၊ ရွှေတောထဲ ရွှေဝယ်သွားပြီ ဆိုရင် ကျွန်တော်က ပိုက်ဆံထုပ်ထမ်းပြီး လိုက်ရတာ၊ ကိုဖိုးကွန့်၊ ကိုကုလား၊ ကိုမန်းရီ တို့သုံးယောက်က ကျွန်တော့် အဓိက ဆရာတွေပါ၊ ဆရာ့ကျေးဇူးကြောင့်လည်း မန္တလေးရောက်သောအခါ ရွှေလှော်သည့်အလုပ်၊ ရွှေသန့်စင်သည့် အလုပ်၊ နောက်ဆုံးရွှေရောင်းသည်ကိုလည်း ကိုယ်တိုင်တွေ့မြင်လိုက်ရသောကြောင့် ကျွန်တော့်အတွက် ပညာရခဲ့ပါတယ်၊ ရွှေတောပြန်ရောက်တော့ ကွမ်းယာရောင်းရင်း တစ်မတ်သား၊ ငါးမူးသားဝယ်ပြီး ရွှေတောတွင် "ကွမ်းယာအောင်အောင်" မှ "ရွှေအောင်အောင်" ဖြစ်လာတယ်၊ ထိုအချိန်မှ စပြီး ကျွန်တော် ရွှေကုန်သည်အဖြစ် ခြေလှမ်းစခဲ့ပါတယ်၊ ရွှေတို ရွှေစရောင်းဝယ်ရင်း ငွေနည်းနည်းစုမိလာသောအခါတွင် ကျွန်တော့်ဘဝတွင် ဒုတိယအကြိမ် အလိမ်ခံလိုက်ရပြန်တယ်၊ ယခုတစ်ကြိမ်တွင်မူ ကိုယ်မကျွမ်းကျင်သည့် အလုပ်တွင် ရှယ်ယာထည့်ရင်း နောက်ဆုံးတွင် အလိမ်ခံလိုက်ရသောကြောင့် ရှိသမျှစည်းစိမ် အားလုံးဆုံးရှုံးခဲ့ရတော့တယ်၊ ◑◑◑ ‪#‎အားလုံးကိုလေးစားတယ်_သို့သော်__‬ ကျောက်ကုန်သည်တစ်ယောက်နှင့် ရင်းနှီးပြီး ရှိသမျှစည်းစိမ်ကို ပုံအောလိုက်ခြင်းဖြစ်သည်။ ကွမ်းယာလာဝယ်စားရင်း ထိုသူနှင့် စတင်ရင်းနှီးခဲ့တယ်။ ထိုသူကလည်း ကျောက်တစ်ကွင်းကို ငွေ ၁၀၀ ဖြင့် ဝယ်လာပြီး ကျွန်တော့်မျက်စိရှေ့မှာပင် ၂၀၀ ဖြင့် ပြန်ရောင်းလိုက်သည်ကို တွေ့ထားရသောကြောင့် အမြတ်များသည်ကို သိလိုက်ရတယ်။ လုပ်ချင်စိတ်လည်း ဖြစ်ခဲ့သောကြောင့် မင်္ဂလာလက်ဖွဲ့ရသော ပိုက်ဆံများ၊ မိန်းမဆွဲကြိုးနဲ့ နာကပ်များပါ အကုန်ရောင်းပြီး စုစုပေါင်း ပိုက်ဆံ လေးသောင်းကို ယိုးဒယားသို့ ကျောက်ရောင်းရန် ယုံယုံကြည်ကြည်ဖြင့် ရှယ်ယာထည့်ခဲ့သည်မှာ ကျွန်တော့်ဘဝအတွက် ဘဝသင်ခန်းစာ ရရှိစေခဲ့တယ်။ ယိုးဒယားကို မရောက်ဖူးသည့်အပြင် လုပ်ငန်းအကြောင်းကိုလည်း ဘာမှ နားမလည်ဘဲ သူ့အပေါ် ယုံကြည်စိတ်တစ်ခုဖြင့်သာ ရင်းနှီးမြုပ်နှံခဲ့တယ်။ ထိုသူက အခုထိ ပြန်မလာခဲ့ပေ။ ထို ကျောက်ကုန်သည်က ကျွန်တော့်ဘဝအတွက် "ဘယ်သူ့ကိုမှ မယုံကြည်ရန်" ဘဝသင်ခန်းစာ ပေးခဲ့သည်။ ယခု အချိန်ထိ ကျွန်တော် ဘယ်သူ့ကိုမှ အလွယ်တကူမယုံတော့ပေ။ အားလုံးကို လေးစားတယ်။ သို့သော် ဘယ်သူ့ကိုမှ အလွယ်တကူ မယုံတက်ပေ။ မယုံကြည်တက်သည့် အကျင့် ရှိသည့်အတွက် ဘယ်အရာကိုမဆို ကိုယ်တိုင်လေ့လာလေ့ရှိတယ်။ အခုခေတ်ကာလအရ Facebook ကနေ သတင်းမျိုးစုံ၊ နေရာ ပေါင်းစုံကနေ လူမျိုးစုံတို့က အမျိုးမျိုးရေးသားလာကြသည်ကို တွေ့ရသည်။ နားထောင်ပါ။ သို့သော်... (၁) ဆင်ခြင် သုံးသပ်ရမည်။ (၂) ဟုတ်မဟုတ် စုံစမ်းရမည်။ (၃) ကိုယ်ကိုယ်တိုင် ဆင်ခြင်ပြီး ဖြစ်နိုင်ခြေရှိလျှင် စုံစမ်းပါ။ အကယ်၍ ဟုတ်ခဲ့လျှင် မယုံဘဲ၊ လက်တွေ့အတည်ပြု့ပြီးမှ သာလျှင် ယုံကြည်သင့်ပေသည်။ အလွယ်တကူ မယုံတက်သည့် အကျင့်က ကျွန်တော့်အတွက် ဘဝပေးသော သင်ခန်းစာပင်ဖြစ်သည်။ ထိုအပြင် မကျွမ်းကျင်သည့် အလုပ်ကို ရှိသမျှစီးပွားရေး ဟုပြုံပြီးထည့်လျှင် ဒုက္ခရောက်မည် ဆိုသည်ကိုလည်း တစ်သက်လုံးသင်ခန်းစာပေးခဲ့သည်။ " အောင်အောင် - ကွမ်းယာ " ကနေ " အောင်သမာဓိ - ရွှေဆိုင် " တစ်ခါတည်း ဖြစ်လာခဲ့တာ မဟုတ်ပေ။ "အောင်အောင် - ရတနာရွှေဆိုင်" ဖွင့်ခဲ့သော်လည်း မအောင်မြင်ခဲ့သောကြောင့် နောက်ထပ် "စိန်ရတု - ရတနာရွှေဆိုင်" ဖွင့်တော့ နောက်ထပ် အရှုံးပေါ်ခဲ့သည်။ ထပ်ပြီး နာမည်မပါတဲ့ ရွှေဆိုင် ဖွင့်ခဲ့သော်လည်း သုံးကြိမ်စလုံး အရှုံးပေါ်ခဲ့သည်။ ◑◑◑ ‪#‎ကျွဲးခြေရာခွက်ထဲကရေကို_ပင်လယ်မထင်ပါနဲ့_‬ ဒီလိုနဲ့ နှစ်နှစ်လောက် ကြာသောအခါတွင် စီးပွားရေးနည်းနည်း အဆင်ပြေလာတဲ့အချိန် ရွှေတောများ ခန်းခြောက်လာခဲ့ပါတော့တယ်။ ထိုအချိန်မှာတော့ သူလည်း ရွှေကုန်သည်အဖြစ် တစ်စခန်း ရပ်နားခဲ့ရပါတယ်။ တစ်နေ့တွင် စဥ့်ကူးမြို့နယ်နွယ်ရုံရွှေတော၌ ကျောက်ခဲကနေ ရွှေများထွက်သည့် ရွှေရပ်ကွက်ပေါ်ကြောင်း သိရပြီး ရွှေတောသုံးပစ္စည်းများကို ဝယ်ယူပြီး သွားရောက်လုပ်ကိုင်ပါတယ်။ အဲ့ဒီမှာ "သိန်းတစ်ရာ" အမည်ရှိ ကျောက်ခွဲစက်တွင် အသုံးမပြု့ဘဲ ရှိနေသည့် ဆိုင်းဘုတ်ကလေးတစ်ခုကို သူတွေ့ရတယ်။ " အောင်သမာဓိ - ရွှေဆိုင် " ဆိုပဲ။ ဆိုင်ဘုတ်အပြင် ရွှေကောင်တာ၊ ရွှေချိန်ခွင်များကို ခွင့်တောင်းကာ ဝယ်ယူလာပါတော့တယ်။ ဒီလိုဖြင့် "အောင်သမာဓိ" ဆိုသော နာမည်ဖြင့် ရွှေဆိုင်ကလေး ပြန်ဖွင့်တယ်။ တရားဝင် ရွှေလိုင်စင်လျှောက်ကာ ရွှေဝယ်ယူခဲ့ပြန်ပါတယ်။ အကြိမ်ကြိမ်လဲကျမှုတွေထဲမှ ဇွဲရှိရှိဖြင့် ကြိုးစားရုန်းကန်လာခဲ့ရခြင်းကြောင့်သာ " အောင်သမာဓိ - ရွှေဆိုင် " ဟု ပေါ်ပေါက်လားခဲ့ရခြင်း ဖြစ်ပါတယ်။ လုပ်ငန်းအောင်မြင်မှုနဲ့ ပတ်သက်၍ သူက... " ကျွန်တော် လုပ်ငန်းတွင် အဆင်ပြေလာသည်မှာ ကိုယ့်လုပ်ငန်းကို အမြဲမမပြက် လေ့လာနေရမှုကြောင့် ဖြစ်တယ်။ ဒီလို လေ့လာနေမှသာလျှင်လည်း တိုးတက်မှာ ဖြစ်တယ်၊ ကိုယ့်ကိုကိုယ် "ကျွဲးခြေရာ ခွက်ထဲကရေကို ပင်လယ်လို့ ထင်နေရင်တော့ ထိုကျွဲးခြေရာခွက်ထဲမှာပဲ ရှိနေလိမ့်မယ် " ◑◑◑ ‪#‎_အခမဲ့ရွှေသင်တန်းများ_‬ သူဟာ ယခုလက်ရှိတွင် ရွှေဝယ်လုပ်ငန်းအပြင် ရွှေလှော်ဖို ထောင်ထားပြီး ရွှေသန့်စင်လုပ်ငန်း၊ ရွှေပန်းတိမ်လုပ်ငန်းနှင့် ရွှေအရောင်းဆိုင်တို့ကိုပါ တွဲဖွင့်ထားသည်။ " ရွှေရည်ပြည့်မှန်..အာမခံသည့်..အောင်သမာဓိ " ဆိုသော စကားအတိုင်း ရွှေရည်ပြည့်ရန်အတွက်ကိုယ်ပိုင်ရွှေသန့်စင်လုပ်ငန်းမှ ထုတ်လုပ်လျှက် ရှိသည်။ (၅)ရက် အတွင်း ဝယ်ယူသွားသော ရွှေအား ပြန်ရောင်းလျှင်လည်း အလျော့အတွက်အပြည့်ပြန်ပေးသည်။ ထိုအပြင် "အောင်သမာဓိ"၏ ထူးခြားချက်မှာ ရွှေလုပ်ငန်းပြန့်ပွားရေးအတွက် အခမဲ့ရွှေသင်တန်းများ ဖွင့်လှစ်ပေးထားခြင်းပါပဲ။ အခမဲ့ ရွှေသင်တန်းနှင့် ပတ်သက်ပြီး... " မြန်မာတွေက အင်မတန်မြတ်နိုးကြတယ်၊ ဒါပေမယ့် ရွှေအကြောင်းကိုတော့ ကောင်းကောင်းမသိဘူး၊ ဒါကြောင့် သာမန်လူတွေ ရွှေအကြောင်းကို ထဲထဲဝင်ဝင်သိဖို့ ရွှေလုပ်ငန်းကို စီးပွားဖြစ် လုပ်ကိုင်ချင်သူတွေ အတွက် ရွှေဆိုင်၊ ရွှေလှော်ဖို၊ ရွှေပန်းတိမ်လုပ်ငန်းတွေ လုပ်ကိုင်နိုင်သည် အထိ အခမဲ့ ရွှေသင်တန်းတွေ ဖွင့်လှစ်ပေးပါတယ်၊ အခမဲ့ ဆိုတဲ့အတိုင်း သင်တန်းတက်ရောက်သူက တစ်ပြားတစ်ကျပ်မှ ပေးစရာမလိုဘူး၊ ထမင်း၊ ကော်ဖီ မုန့်များဖြင့် အခမဲ့ ဧည့်ခံကျွေးမွေးတယ်၊ ရပ်ဝေးက လာရောက်သူတွေအတွက်ဆိုရင် နေရေးထိုင်ရေး စားရေးသောက်ရေးကအစ အခမဲ့တာဝန်ယူပေးတယ်၊ ရွှေအကြောင်းသာမကပဲ လူမှုရေး၊ စီးပွားရေး၊ အကြောင်းအရာ ပေါင်းစုံကိုပါ ရွှေသင်တန်းမှာ မျှဝေပါတယ်၊ မြန်မာ့စီးပွားရေး လုပ်ငန်းတွေ နိုင်ငံတကာအဆင့်မီစေဖို့ အောင်သမာဓိရွှေသင်တန်းသားတွေကို အိန္ဒိယ၊ တရုတ်နိုင်ငံတွေမှာ လေ့လာရေးခရီးစဉ်အဖြစ် သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးချုပ် တွေနဲ့ပူးပေါင်းပြီး စီစဉ်ပေးတယ်၊ စိန်၊ရွှေ၊ရတနာ လုပ်ငန်းကြီးတွေကို သူတို့တွေ ထဲထဲဝင်ဝင် လေ့လာခွင့် ရကြတယ် " ◑◑◑ ‪#‎အလျော့အတွက်နှင့်လက်ခ‬ သူ့ရဲ့ ရွှေသင်တန်းသားများကိုလည်း ရွှေတောနှင့် ပန်းတိမ်လုပ်ငန်းသို့လည်း လက်တွေ့လေ့လာခွင့်ရအောင် လက်တွေ့ခေါ်ပြသေးတယ်။ ဒါအပြင် တွက်ချက်နည်းကိုပါ သင်ကြားပေးတယ်။ ရွှေတွင် အလျော့အတွက်နှင့် လက်ခနှစ်မျိုးရှိရာ ရွှေဆိုင်အများစုတွင် အလျော့အတွက်နှင့် လက်ခ နှစ်မျိုးစလုံးယူကြပါတယ်။ သူ့ဆိုင်တွင် ရွှေဝယ်သူများကို လက်ခမယူပဲ အလျော့အတွက်သာ ယူသော စနစ်ဖြင့် Customers များကို ဝန်ဆောင်မှု ပေးလျှက်ရှိပါတယ်။ သူ၏ (အခမဲ့)ရွှေသင်တန်းသားများကိုလည်း သူ့ဘဝအကြောင်း ပြောပြပါတယ်။ ဆရာကြီးရွှေဥဒေါင်း၊ ဆရာဖေမြင့် တို့၏ စာအုပ်များကလည်း သူ့ဘဝရဲ့ စိတ်ဓာတ်ခွန်းအား ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။ ယခုအောင်မြင်ခဲ့ပြီးနောက် ယခင်က သူဖြတ်သန်းခဲ့ရတဲ့ ဘဝကို ပြန်ပြောင်း သုံးသပ်ပြောပြထားပုံကို ကျွန်တော်တို့ နားထောင်ကြည့်ရအောင်... ◑◑◑ " ကျွန်တော့်ဘဝတွင် စီးပွားရေးသုံးကြိမ်တိုင်တိုင် ကျရှုံးခဲ့ဖူးသည်။ အဘယ်ကြောင့် စီးပွားရေးကျလဲ ဆိုသည်မှာ မကျွမ်းကျင် မသိနားမလည်သည့် အရာများကို လုပ်ခြဲ့ခင်းကြောင့် ကျရှုံးခဲ့ခြင်း ဖြစ်တယ်၊ ကျရှုံးပြီး ပြန်တက်လာသည့် အချိန်တွင် နောက်ထပ်ကျရန် မရှိတော့ပေ၊ ဆိုလိုသည်မှာ ကိုယ်တက်နိုင်တာ ကိုယ်လုပ်လျှင် မှားစရာ အကြောင်းမရှိပေ၊ ထိုကြောင့် မကျွမ်းကျင်ပဲ မသိနားမလည်ပဲ လုပ်လျှင် ဒုက္ခရောက်တက်သည်ကို သတိထားရန် လိုအပ်တယ်၊ ကျွန်တော့် ဘဝသင်ခန်းစာအရ ကိုယ်မကျွမ်းကျင်သည့် အလုပ်တွင် မည့်သည့်အခါမျှ ရင်းနှီးမြုပ်နှံခြင်း မရှိတော့ပဲ လက်ရှိတွင်လည်း ရွှေလုပ်ငန်းကလွဲပြီး အခြား ဘယ်လုပ်ငန်းမှ မလုပ်တော့ပေ၊ သို့သော် ရွှေနဲ့ ဆက်စပ်သည့် လုပ်ငန်းများကိုသာ တိုးချဲ့လုပ်ကိုင်လျှက် ရှိပါတယ်၊ "အောင်သမာဓိရွှေဆိုင်" ဖြစ်လာစေရန် ဘဝတွင် အခက်အခဲ အချိုးအကွေ့ များစွာဖြင့် ရင်ဆိုင်ခဲ့ရပါတယ်၊ စီးပွားရေးလုပ်ငန်းတွင်သာမက လူမှုရေးကိစ္စများတွင်လည်း အခက်အခဲများကို ရင်ဆိုင်ကျော်လွှား ခဲ့ရပြန်တယ်၊ ကျွန်တော် ငယ်စဉ်ဘဝတွင် အမေက သားတွေအားလုံးကို စည်းကမ်းတင်းကြပ်စွာဖြင့် ထိန်းကြောင်းခဲ့တယ်၊ အမေ့ကျေးဇူးကြောင့် ယနေ့အချိန်ထိ ညီအစ်ကိုအချင်းချင်း ဆဲဆိုခြင်း မရှိခဲ့ပေ၊ ဆေးလိပ် ကွမ်းမစားရပေ၊ ကျွန်တော် ကွမ်းယာရောင်းသည့် အချိန်တုန်းက အမေက... "ကွမ်းစားရင်းနဲ့ ငါ့ဆီမလာခဲ့နဲ့" ပြောထားသည့်အတွက် အမေ့ဆီသွားရင် သွားတိုက်ပြီးမှ သွားရတယ်၊ အမေ့ကို ကြောက်ရွံ့ရိုသေရတယ်၊ သားချည်း ၆ ယောက် မွေးထားသည့် အမေက သားအားလုံးကို ချစ်သည့်အတွက် ဘယ်သူ့ကိုမှ အိမ်ထောင်ချမပေးသည့်အပြင် ပထမဆုံး အိမ်ထောင်ကျသောသူကို ဘယ်သူနဲ့မှ သဘောမတူပေ၊ ထိုနည်းတူစွာ ကျွန်တော် အိမ်ထောင်ပြု့ရန် ဖြစ်လာသော အခါတွင် ကိုယ့်ဘက်
နေပီယာပတ်ချောင်း(၁)မြက် Napier Pakchong (1) Grass

နေပီယာပတ်ချောင်း(၁)မြက် Napier Pakchong (1) Grass

နေပီယာပတ်ချောင်း(၁)မြက် Napier Pakchong (1) Grass ******************************************************************* ******************************************************************** နွားမွေးမြူရေးအတွက်အဓိကကျသော မြက်စိုက်ပျိုးခြင်းကိုမြေယာကျေးလက်ကြီးပွားတိုးတက်ရေး ကော်ပိုရေးရှင်း (မြေကျေးရှင်း) လက်ထက်မှစ၍ မြန်မာနိုင်ငံ၏ ဒေသအနှံ့အပြားတွင် ပြည်ပမှမြက်မျိုးစေ့များ တင်သွင်း၍ စိုက်ပျိုးခဲ့ပါသည်။ ဆက်လက်၍ခေတ်အဆက်ဆက်တွင် မွေးမြူရေးနှင့်သက်ဆိုင်သော ဌာနဆိုင်ရာ အသီးသီးသည်လည်း မြက်မျိုးများ၊ ပဲပင်မျိုးနွယ်(Legumes)များစသည့် အမျိုးမျိုးသော မျိုးစေ့များကို နွားစာအလို့ငှာ ပြည်ပမှတင်သွင်း၍ စိုက်ပျိုးခဲ့ကြပါသည်။ ဤသို့ဆောင်ရွက်ခဲ့မှုများကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်းကျင်တွင် ပါရာမြက်၊ နေပီယာမြက်၊ ဂျပန်မြက်၊ စင်ထရို(Centrosema)နှင့် စတိုင်လို(Stylo)မြက်မျိုးများသည် အလေ့ကျသဖွယ်ဆက်လက် ရှင်သန်ပြီး နွားခြံနှင့် အချို့နေရာများတွင် ကျန်ရှိနေပါသည်။ အိမ်နီးချင်းထိုင်းနိုင်ငံတွင် နေပီယာ၊ ရူဇီ၊ ပန်ဂိုလာနှင့် ဂီနီမြက်မျိုးများကို ထိုင်းနိုင်ငံ၏ရာသီဥတုနှင့် မြေအမျိုးအစားတို့နှင့် ကိုက်ညီပြိး အထွက်တိုး အောင်သုတေသနပြု၍ မျိုးမြှင့်တင် ဆောင်ရွက်နေကြပါသည်။ အထူးသဖြင့် နေပီယာမြက်မျိုးကို Saraburi ခရိုင် Pakchong ရှိတိရစ္ဆာန်အာဟာရ သုတေသနဌာနမှ မျိုးမြှင့်တင်ပြုပြင်၍ နေပီယာပတ်ချောင်း(၁) ဟုအမည်ပေးပြီး ထိုင်းနိုင်ငံတစ်ဝန်းရှိ နို့စားနွား မွေးမြူရေးခြံများသို့ ဖြန့်ဖြူးပေးပြီးစိုက်ပျိုးလျှက် ရှိကြောင်း သိရပါသည်။ FAO ၏ Regional Dairy Task Force(RDTF)အစည်းအဝေးကို ၂၀၁၁ခုနှစ်၊ အောက်တိုဘာလတွင် ချင်းမိုင်မြို့၌ ကျင်းပသောအခါ ဒေါက်တာထွန်းအောင်နှင့် ကျွန်တော်တက်ရောက်ခဲ့ပါသည်။ ၄င်းအစည်းအဝေးတွင် DLD လက်အောက်ရှိ လန်ပန်တိရစ္ဆာန် အာဟာရသုတေသနနှင့် ဖွံ့ဖြိုးရေး ဌာန(Lampang Animal Nutrition Research and Development Center) မှ နို့စားနွားခြံများအတွက် အစာကြမ်းထုတ်လုပ်ခြင်း (Establishing Forage Production for Dairy Farms) အကြောင်းကို ပါဝါပွိုင့်ဖြင့်ရှင်းလင်းတင်ပြပါသည်။ တင်ပြချက်အပြီးတွင် အပြည်ပြည်ဆိုင်ရာတိရစ္ဆာန်အာဟာရကျွမ်းကျင်သူ Dr. Amphon Waritthitham မှ မြန်မာအဖွဲ့ကိုလာရောက်နှုတ်ဆက်ရင်း ၄င်း၏တင်ပြချက်ကို စိတ်ဝင်စားမှုရှိပါ သလားးဟု မေးမြန်းသဖြင့် မိမိတို့မှ စိတ်ဝင်စားရုံမျှမက တင်ပြချက်တွင်ပါဝင်သော Napier Pakchoung မြက်မျိုးကို မြန်မာနိုင်ငံတွင် စမ်းသပ်စိုက်ပျိုးလိုကြောင်း တောင်းဆိုခဲ့ပါသည်။နောက်တစ်နေ့(၂၁-၁၁-၂၀၁၁)တွင် Lampang ဒေသရှိ Napier Pakchong မြက်စိုက်ခင်းသို့သွားရောက်လေ့လာသည့်အခါ Napier Pakchong မြက်အဆစ်နှစ်ဆစ်ပါသည့် ဖြတ်ပိုင်း (၁၂၀)စီကို လယ်သမားမှလက်ဆောင်အဖြစ်ပေးပြီး စိုက်နည်းစံနစ်ကိုပါ လက်တွေ့ပြသပါသည်။ ၄င်းမြက်မျိုးများကို မှော်ဘီမြို့နယ်ရှိ နွားခြံနှင့် အင်းစိန်မွေးကုဦးစီးဌာနမြေပေါ်တွင် မျိုးပွားစိုက်ပျိုးထားပါသည်။ ဌာနဆိုင်ရာဝန်ထမ်းအချို့နှင့် နွားမွေးမြူရေးလုပ်ငန်းရှင်များလည်း နေပီယာပတ်ချောင်းမြက်မျိုးများကို ထိုင်းနိုင်ငံမှ တင်သွင်း၍စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ နေပီယာမြက်မျိုးဟောင်းနှင့် နေပီယာပတ်ချောင်းမြက်တို့၏ ကွာခြားပုံကို ရှင်းလင်းတင်ပြလိုပါသည်။ နေပီယာမြက်မျိုးဟောင်း၏ အားနည်းချက်မှာ ပင်စည်တွင်အမွှေးများပါပြီး၊ အရွက်များသည် ဓါးကဲ့သို့ရှသဖြင့် မြက်ရိတ်သူအဖို့အဆင်မပြေဖြစ်စေပါသည်။ အသားဓာတ်ပါဝင်မှုနှင့် အထွက်နှုန်းလည်းမျိုးဟောင်းတွင် နည်းပါးပါသည်။ နေပီယာပတ်ချောင်းမြက်တွင် ပင်စည်၌အမွှေးမပါသည့်အပြင် အရွက်များလည်းမရှပါ။ မြက်ခင်းသို့ထည့်သွင်းပေးသော မြေသြဇာကိုလိုက်၍နေပီယာပတ်ချောင်းမြက်တွင် အသားဓာတ် ၁၁ မှ ၁၈%အထိပါရှိပြီး အထွက်နှုန်းမှာ ဒုတိယနှစ်တွင် တစ်ဧကမြက်အစို (၁၇၅)တန်အထိထွက်ရှိပါသည်။ နေပီယာပတ်ချောင်းမြက်ကို တစ်ကြိမ်စိုက်ပျိုးထားပါက (၅)နှစ်အထိဆက်တိုက် အသုံးပြုနိုင်ပါ သည်။ ၄၅~၆၀ရက် တစ်ကြိမ်ရိတ်၍ ကျွေးနိုင်ပါသည်။ပင်စည်၏အရိုးတွင် သကြားဓာတ်ပါဝင်သဖြင့် မြက်အစိုကိုစင်း၍ မြက်ချဉ်ဖတ်ပြုလုပ်ပါက သကာရည်(molasses)ထည့်သွင်းရန်မလိုပဲ ကောင်းစွာအချဉ်ပေါက် (Fermentaton)ပြီး (၃)ပတ်အကြာတွင် အရည်အသွေး ကောင်းမြက်ချဉ်ဖတ်ရရှိပါသည်။ ထိုင်းနိုင်ငံတွင် နေပီယာမြက်အစိုတစ်ကီလိုလျှင် (၁) ဘတ်နှင့်ရောင်းရ၍ မြက်ချဉ်ဖတ် တစ်ကီလိုကိ(ု ၁.၄)ဘတ်ရောင်းရ ကြောင်း လေ့လာသိရှိခဲ့ရပါသည်။ ဆက်လက်၍ မြက်စိုက်ပျိုးနည်းကိုတင်ပြပါမည်။ မြေပြုပြင်ခြင်း *************** ဦးစွာခြုံပင်၊ ဆူးပင်ပေါင်းပင်များကို ရှင်းလင်းရမည်။မြေပြုပြင်ရာတွင် သဘာဝမြေသြဇာ(နောက်ချေး) တစ်ဧကလျှင် (၁၀)တန် ကြဲပက်၍ မြေကိုညက်အောင်ထွန်ယက်ပါ။ နှစ်ရှည်ရိတ်သိမ်းနိုင်သည်ဖြစ်၍ မြေပြုပြင်ခြင်းကို စံနစ်တကျ သေချာအောင်ဆောင်ရွက်ရန် အရေးကြီးပါသည်။ စိုက်ပျိုးခြင်း ************** မိုးကာလ သို့မဟုတ် မြေတွင်အစိုဓာတ်ရှိပါက မြက်အဆစ်နှစ်ခုပါဖြတ်ပိုင်း၏ အရင်းပိုင်းအဆစ် တစ်ဆစ်မြှပ်သည် အထိ မြေကြီးအတွင်းသို့ခပ်စောင်းစောင်းထိုးသွင်းစိုက်ပါ။ ဒုတိယအဆစ်မှာ မြေပြင်နှင့် ထိလုနီးပါးရှိအောင် ထား၍စိုက်ပါ။ သို့မှသာ ပထမအဆစ်နှင့် ဒုတိယအဆစ်နှစ်ခုစလုံးမှ အစို့များပေါက်ပြီး ဒုတိယအဆစ်မှ မြစ်ပွှားများ မြေတွင်းသို့ဝင်၍ အပင်အားကောင်းစေနိုင်ပါသည်။တစ်နေရာတွင် ဖြတ်ပိုင်း၂/၃ခု ထိုးသွင်းပြီးစိုက်ပါ။ အပင်ခြား (၄၀)မှ (၆၀)စင်တီမီတာနှင့် အတန်းခြား (၈၀)မှ (၁၂၀)စင်တီမီတာခွာ၍ စိုက်ခြင်းဖြင့် ရေသွင်းရန်၊ မြေသြဇာကျွေးရန်၊ ပေါင်းလိုက်ရန်နှင့် ရိတ်သိမ်းရန်လွယ်ကူပါသည်။ ကုန်းကျသောမြေနှင့် ခြောက်သွေ့သော ရာသီဥတု တို့တွင် ကြံစိုက်သလိုအလျားလိုက်ခြား၍လည်းစိုက်နိုင်သည်။ ပေါင်းနှိမ်နှင်းခြင်း ******************* စိုက်ပြီးရက်(၃၀)ကြာက ပေါင်းလိုက်ပေးပါ။ပေါင်းအလွန်များပါက ဒုတိယအကြိမ်ပေါင်း လိုက်ပေးရန် လိုပါသည်။ ရေပေးသွင်းခြင်း ******************* - မိုးကာလတွင် စားကျက်ခင်းသည်ရေစီးရေဆင်းကောင်းရမည်။ - စိုက်ပျိုးသည့်နေ့နှင့် စိုက်ပျိုးပြီး(၃)ရက်အကြာတွင် ရေပေးသွင်းရမည်။ - ရေပေးသွင်းရမည့်အကြိမ်မှာ မိုးရွာသွန်းမှုနှုင့်ရာသီဥတုအပေါ်တွင်မူတည်ပါသည်။ - နွေကာလတွင် ၃-၄ ရက်တစ်ကြိမ်ရေသွင်းပေးပါ။ မြေသြဇာကျွေးခြင်း ********************* - ယူရီးယားသုံးပါက တစ်ဧကလျှင်(၅၀)ကီလိုဂရမ်နှုန်းဖြင့် ရိတ်သိမ်းပြီးချိန်တိုင်း ထည့်ပေးပါ။ - မြေဆီလွှာကောင်းရန်အတွက် တစ်ဧကတစ်နှစ်လျှင် နွားချေး ၇ ~ ၁၀တန်ထည့်ပေးပါ။ ရိတ်သိမ်းခြင်း ******************* - ပထမဦးဆုံးအကြိမ်ရိတ်သိမ်းခြင်းကို မြက်စိုက်ပျိုးပြီး ရက်(၆၀)မှ (၇၅)အတွင်းပြုလုပ်ပါ။ - နောင်တွင်(၃၀ မှ ၄၅)ရက်တစ်ကြိမ်ရိတ်ပါ။ - တစ်နှစ်လျှင် (၆)ကြိမ်မှ(၈)ကြိမ်ရိတ်နိုင်ပါသည်။ - မြက်ရိတ်သည့်အခါ မြေကြီးနှင့်ကပ်၍ရိတ်ပါက အစို့ပေါက်များများထွက်စေနိုင်ပါသည်။ - မြက်အငုတ်များကျန်လျှင် မှုန်းပေးပါ - မျိုးအဖြစ်အသုံးပြုရန်အတွက် အပင်ကို(၃)လ(၄)လထိထားပြီးမှ ရိတ်ပါ။ အပင်ရောဂါကာကွယ်ခြင်း ****************************** Napier Pakchong မြက်မျိုး၏ပင်စည်တွင် သကြားဓာတ်ပါဝင်သဖြင့် ကြံပင်တွင် ကျရောက် တတ်သော အူနီရောဂါကဲ့သို့ရောဂါများ ကျရောက်တတ်ပါသည်။ အူနီသောကြံပင်များ၊ အသုံးပြုပြီး ကြံပင်၊ ကြံဖတ်များအား မြက်စိုက်ခင်းအတွင်းသို့မရောက်ရှိစေရန် သတိပြုဖို့လိုပါသည်။ ပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်း ******************************** Napier Packchong မြက်သည် ရာသီမရွေး၊ မြေမရွေးဖြစ်ထွန်းသဖြင့် အခြားစိုက်ပျိုးမြေများသို့ ပျံ့နှံ့ရောက်ရှိ နိုင်မည့် အန္တရာယ်ရှိမရှိဆန်းစစ်ရန်လိုပါသည်။ ၄င်းမြက်မျိုးသည် ရက်(၆၀)ကျော်မှ အနှံထွက်သဖြင့် ရက် (၃၀ မှ ၄၅) အတွင်း အမြဲရိတ်ပါက အနှံမထွက်၍ ပတ်ဝန်းကျင်ကို ပျံ့နှံ့မှုမရှိနိုင်ပါ။ မျိုးပွားရန် အဆစ်ကိုသာအသုံးပြုခြင်းဖြင့် လိုအပ် သည့် နေရာတွင်သာ ကန့်သတ်စိုက်ပျိုးနိုင်ပါကြောင်းတင်ပြအပ်ပါသည်။ (ဒေါက်တာခင်လှိုင်)