ဘဝမှာအောင်မြင်ချင်သူတိုင်းမွေးမြူထားသင့်တဲ့စိတ်ထား မြင့်မြတ်တဲ့စိတ်

ဘဝမှာအောင်မြင်ချင်သူတိုင်းမွေးမြူထားသင့်တဲ့စိတ်ထား
မြင့်မြတ်တဲ့စိတ်
****************
မိတ်ဆွေအချင်းချင်း စကားပြောတဲ့အခါမှာ အငြင်းအခုံစကားနိုင်လုပြီး မပြောဆိုရပါဘူး။ တစ်ဦးရဲ့ သဘောထားကို တစ်ဦးကနားလည်နိုင်အောင် ကြိုးစားရပါလိမ့်မယ်။ ခွင့်လွှတ်တယ်ဆိုတဲ့စိတ်မွေးမြူထားကြရပါမယ်။ သူနဲ့ကိုယ်နဲ့ရှေ့လျှောက်ရမယ့်လမ်းတွေဟာအများကြီးရှိပါတယ်။ စကားလေးတစ်ခွန်းဟာ ဘာမှမပြောလောက်ပေမယ့် တဖြည်းဖြည်းနဲ့ပြောကြပါများလာတော့ အဓိပ္ပာယ်ယူဆချက်အမျိုးမျိုးတွေဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး နားလည်မှုတွေလွဲသွားကြတာကို တွေ့မြင်ရပါတယ်။ ဒီလိုနားလည်မှုတွေ ၊ အထင်လွဲမှုတွေရှိလာတဲ့အခါမှာ အတူတူတွဲပြီးလုပ်ချင်စိတ်တွေကုန်သွားတတ်ပါတယ်။ လူတိုင်းဟာ သူ့ရှု့ထောင့်နဲ့သူတော့မှန်နေတတ်ကြပါတယ်။ လူတိုင်းဟာ သူ့အခန်းကဏ္ဍနှင့်သူတော့ ငါဟာအရေးကြီးဆုံးပုဂ္ဂိုလ်ပဲလို့ ရင်ထဲကနေပြောနေတတ်ကြတဲ့ လူတွေကများပါတယ်။ ဒါကြောင့်မိမိအနေနဲ့တဖက်လူရဲ့ဆန္ဒသဘောထားကိုလေးစားပါ။ တဖွဲ့ချင်းတဖွဲ့ချင်းရဲ့တာဝန်တွေကို လေးလေးစားစားနဲ့အသိအမှတ်ပြုစေချင်ပါတယ်။ သူမှားတယ်လို့ဘယ်တော့မှ မပြောပါနဲ့ လူတိုင်းဟာ ကိုယ့်ကိုယ်ကို အထင်ကြီးကြပါတယ်။ မိမိလုပ်တဲ့အလုပ်သည်သာလျှင် တကယ့်ကိုကောင်းတယ် အဓိပ္ပာယ်ရှိတယ်လို့ ယူဆတတ်ကြပါတယ်။ ဒါတွေဟာသတ္တဝါတို့ရဲ့ သဘာဝ တစ်ခုဖြစ်တဲ့အတွက်ကြောင့် အပြစ်လို့ မဆိုချင်ပါဘူး။ ယနေ့(၂၁)ရာစုကမ္ဘာကြီးမှာ မိမိတစ်ဦးတည်းယူလို့မရတဲ့ အခွင့်အလမ်းတွေကို အဖွဲအစည်းအားကိုသုံးပြီးရယူနေကြရတာပဲဖြစ်တယ်။ ဒါကြောင့်အားလုံးစွမ်းဆောင်နိုင်မှ ကြိုးစားနိုင်မှသာလျှင် ကိုယ်စီကိုယ်စီရဲ့ အလိုဆန္ဒတွေပြည့်ဝမှာဖြစ်တယ်။ အဖွဲ့အစည်းနဲ့လုပ်ရတဲ့အရာမှန်သမျှဟာ ကိုယ့်တစ်ကိုယ်ကောင်းကိုပဲကြည့်လို့မရပါဘူး။ အများအတွက် ဆိုတဲ့စိတ်ထားနဲ့ လုပ်မှကိုယ့်အတွက်ရရှိမှာဖြစ်တယ် ။ ဒါကြောင့်သူမှားတယ်လို့ဘယ်တော့မှမပြောပါနဲ့။ ကိုယ်ကိုယ်တိုင်အမှားပြုမိလျှင်လည်းဝန်ခံပါ။ သူများရဲ့အမှားကို ထောက်ပြချင်လျှင်လည်း သွယ်ဝိုက်တဲ့နည်းကို သုံးပြီးမိမိအမှားကစပြောပါ။ ပြီးမှသူတစ်ပါးကို အကျိုးအကြောင်းပြပြီးထောက်ပြပါ။ တိုက်ရိုက်အမိန့်ပေးမည့်အစား မေးခွန်းအပေးအယူလုပ်ပြီး အဖြေကိုထုတ်ပေးရမှာဖြစ်တယ်။ တစ်ဖက်လူမျက်နှာပျက်စရာမဖြစ်ပါစေနဲ့။ အသေးအမွှားလေးတွေကအစ တဖက်သားကို ဂရုစိုက်ချီးကျူးစကားပြောပါ။ ပြုပြင်စရာတွေ့ရင် ပြုပြင်ရလွယ်ကူပါတယ်ဆိုတဲ့ အသိစိတ်တဖက်လူမှာ ဖြစ်ပေါ်သွားပါစေ။ ကိုယ့်အလိုကျ သူ့ကိုလုပ်ပေးရတဲ့အခါမှာ ကိုယ်ကိုယ်တိုင်ဝမ်းပန်းတသာရှိသလို သူ့ကိုလည်းစိတ်ချမ်းသာမှုအပြည့်ရရှိပါစေ။ ဒါကြောင့်ခင်မင်ဖော်ရွေမှုဖြင့်အစပျိုးပါ။ တဖက်လူနှုတ်က ဟုတ်ကဲ့၊ ဟုတ်ပါတယ်ဆိုတဲ့ “Yes” ဆိုတဲ့စကားလုံးကိုသင့်နားမှာ ခဏခဏကြားရပါလိမ့်မယ်။ တဖက်သား စကားတွေပြောချင်သလောက် ပြောပါစေ ခွင့်လွှတ်ပါတယ်ဆိုတဲ့ နားလည်နိုင်ခြင်းအပြည့်နှင့်နားထောင် နိုင်ခြင်းရှိရမယ်။ တဖက်လူရဲ့အတွေးအပြောဆန္ဒတွေကို မေတ္တာတရားအပြည့်ဖြင့်မျှဝေခံစားပါ။ အဲဒီလိုပြုလုပ်နေခြင်းဟာ ကိုယ်ရဲ့မြင့်မြတ်တဲ့စိတ်တွေကို နှိုးဆွပေးနေတာပဲဖြစ်တယ်။ ဒါကြောင့် ဒီနေ့ကစပြီး ကိုယ်ဘဝမှာတကယ်အောင်မြင်ခြင်လျှင် အထက်ပါဥပဒေအတိုင်း ငါရဲ့မြင့်မြတ်တဲ့စိတ်ကို မွေးမြူလိုက်တော့မယ်လို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့ တိုက်တွန်းလိုက်ရပါတယ်...ခင်ဗျာ...
39 people like this.

Share this

Related Posts

Previous
Next Post »