ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခု ကိုဘယ်လိုစလုပ်မလဲ

ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခု ကိုဘယ်လိုစလုပ်မလဲ ---------------------------------------------------------- ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတခုကို စတင်လုပ်ကိုင်ဖို့ တချို့တချို့တွေမှာ စိတ်ကူးလေးတွေရှိကြပါတယ်။ ဒါပေမဲ့ ဘယ်လိုစလုပ်ရမှန်းမသိတာတွေ ဘယ်လိုဈေးကွတ်ရှာရမှန်းမသိတာတွေ ကအဓိကပြသနာဖြစ်နေကြပါတယ်။ စီးပွားရေးလို့ပြောလိုက်ရင် ကုန်စည်နဲ့ ၀န်ဆောင်မှု လုပ်ငန်းရယ်ဆိုပြီး ၂မျိုးပဲရှိပါတယ်။ အသေးစားနဲ့ အလက်စားစီးပွားရေးစတင်လုပ်ကိုင်မဲ့ သူတွေနဲ့ စတင်လုပ်ကိုင်နေတဲ့ သူတွေရဲ့ အဓိကပြသနာကတော့ မိမိရဲ့ ကုန်ပစ္စည်း သို့မဟုတ် ၀န်ဆောင်မှုကို Costumer (or) Client တွေကို ဘယ်လိုရှိဖွေရမလဲ မသိတာတွေနဲ့ ဈေးကွတ်အတွင်းမှာရှိတဲ့ မိမိတဲ့ရဲ့ ပြိုင်ဖက် ကုန်ပစ္စည်းတွေ (သို့) ၀န်ဆောင်မှုလုပ်ငန်းတွေထပ်သာအောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေက အခက်တွေစေမဲ့ အကြောင်းတရားတွေပါပဲ။ နောက်ထက် ပြသနာကတော့ မိမိရဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုလုပ်ငန်းတွေကို ထိရောက်အောင်ဘယ်လိုတွေကြောငြာရမလဲ ဘယ်လိုတွေ အရောင်းမြှင့်တင်ရမလဲဆိုတာတွေကို သေချာနားမလည်တဲ့အခါ ငွေသာကုန်ပြီး မထိရောက်တာတွေလဲ တွေ့နေရပါတယ်။ ဒီတော့ မိမိတို့ရဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို အောင်မြင်အောင်ဘယ်လိုလုပ်မလဲ ဘယ်လိုစလုပ်မလဲ ဘာတွေလိုအပ်ပါသလဲ။ လူတန်းစားအလွှာ အသီးသီး နားလည်လွယ်အောင် အတက်နိုင်ဆုံးရိုးရိုးရှင်းရှင်းဖော်ပြပေးလိုက်ပါတယ်။ ၁။ မိမိတို့ စတင်လုပ်ကိုင်မဲ့ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုလုပ်ငန်း ကိုစတင်ရွေးချယ်ပါ။အဆိုပါ ကုန်ပစ္စည်း (သို့) ၀န်ဆောင်မှုလုပ်ငန်းဟာ မိမိတို့ကျွမ်းကျင်ပြီးသား လုပ်ငန်း(သို့) လုပ်ငန်းသလောသဘာဝကို နားလည်ပြီးသားဖြစ်ရပါမည်။ ၂။ မိမိတို့ စတင်လုပ်ကိုင်နိုင်ဖို့အတွက် ဈေးကွတ်အခြေအနေကို နားလည်ဖို့လိုပါတယ်။ ဥပမာ - မိမိတို့ထုတ်ကုန်ဟာဈေးကွတ်တွင်းရှိပြီးသား ဖြစ်ခြင်း မဖြစ်ခြင်း၊ ရှိပြီးသားဖြစ်ပါက လက်ရှိဈေးကွတ်အခြေအနေ၊ Market Leader အခြေနေ၊ လက်ရှိဈေးကွတ်တွင်းရှိသော ကုန်ပစ္စည်းရဲ့ အားနည်းချက် အားသာချက် (ကုန်စည်)အစားထိုးကုန်စည်နဲ့ တွဲ့ဖက်ကုန်စည်တွေရဲ့ အခြေနေတွေစတာတွေကိုသိဖို့လိုပါတယ်။ အထက်တွင် အကျဉ်းချုပ်ဖော်ပြထားတဲ့ ဥပမာတွေကို သိဖို့ #Market_Research ပြုလုပ်ရပါမည်။ ၃။ မိမိတို့ ဖြန့်ချီမဲ့ ကုန်စည်(သို့)၀န်ဆောင်မှုလုပ်ငန်းအတွက် ဖြန့်ချီမဲ့ ဈေးကွတ်တခုကို Target ထားရပါမယ် ပြီးရင်တော့ မိမိတို့ Target ထားတဲ့အထဲက လူတန်းစားအလွာတွေနဲ့ သူတို့ရဲ့ အပြုအမူအလေ့အဓတွေကိုသိရှိနားလည်ဖို့လိုပါတယ်။ တနည်းအားဖြင့် #Organisational_Behaviour ကိုနားလည်ဖို့လိုပါတယ်။ ၄။ ကမိမိတို့ရဲ့ လုပ်ငန်းအတွက် ကြော်ငြာခြင်းတွေ အရောင်းမြှင့်တင်ခြင်းတွေစလုပ်ရပါတော့မယ်။ ကြော်ငြာတယ်ဆိုတာ အလွယ်တကူ အဆင်ပြေသလိုကြောငြာလို့မရပါဘူး။ မိမိတို့ Target ထားတဲ့ လူတန်းစား ဈေးကွတ် စတဲ့ အခြေနေတွေပေါ်မူတည်ပြီး အကန့်အသက်နဲ့ရှိတဲ့ ငွေကြေးပေါ်မှာ ကြောငြာရမှာပါ ဥပမာ - မိမိတို့က အမျိုးသမီးသုံးအလှကုန်ပစ္စည်း ထုတ်လုပ်ဖြန့်ချီတယ်ဆိုပါတော့ မိမိတို့ရဲ့အလှကုန်ကို ဘောလုံးဂျောနယ်ထဲ သွားကြော်ငြာမယ်ဆိုရင်တော့ မိမိတို့ ကြောငြာက ထိရောက်မှုအားနည်းတဲ့ ကြောငြာဖြစ်ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ဘောလုံးဂျာနယ်ကို အမျိုးသား ၉၈%ကသာလျင်ဖက်ကြလို့ပါ။ အထက်ပါဖော်ပြထားတဲ့ဥပမာလိုပဲ မိမိတို့ရဲ့ လုပ်ငန်းအတွက် ကြော်ငြာတဲ့အခါမှာ ငွေကုန်သလော်ထိရောက်မှုရှိဖို့လိုအပ်သလို အရောင်းမြှင့်တင်တဲ့ အပိုင်းမှာလဲ စွဲဆောင်မှုရှိဖို့လိုပါတယ်။ တန်းအားဖြင့် #Advertising_&_Promotion_Strategy ကိုနားလည်ဖို့လိုပါတယ်။ စာလဲရှည်သွားတော့ဒီလောက်နဲ့ပဲ ရပ်နားပရစေ ၀န်ထမ်းတွေခန့်အပ်ထားပြီးလုပ်ရမဲ့ လုပ်ငန်းဆိုရင်တော့ Human Resource Management အပိုင်းတွေ Leadership အပိုင်းတွေပါ နားလည်ဖို့လိုလာသလို့ Finance ပိုင်းတွေလဲ အရေးကြီးလာပါတယ်။ အထက်ဖော်ပြပါ အကြောင်းအရာတွေကို မိမိတို့ အနေနဲ့ လေ့လာခြင်း သင်ယူခြင်း များပြုလုပ်ပြီး အောင်မြင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်ကြပါစေ။ သင်တန်းတက်ချင်တယ်ဆိုရင်တော့ Own Business Management သင်တန်းကိုတက်ရောက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။ လေးစားစွာဖြင့်

Share this

Related Posts

Latest
Previous
Next Post »