Startup Idea တစ်ခုအတွက် စဉ်းစားရမယ့် အချက် (၁၀)ချက်

Startup Idea တစ်ခုအတွက် စဉ်းစားရမယ့် အချက် (၁၀)ချက်
12:49 PM featured, Startups

Idea ဆိုတာတကယ်တော့ အရေးမကြီးလှပါဘူး.။ တကယ်အရေးကြီးတာက အဲဒီ Idea ကို ဘယ်လိုအကောင်အထည် ဖော်မလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်.။ ကမ္ဘာ့အတော်ဆုံးပါဆိုတဲ့ Entrepreneur တွေတောင်မှ သာမာန် Idea လေးတစ်ခုကို လုပ်ရင်း ကျရှုံးသွားနိုင်ပါတယ်.။

Founder Institute ရဲ့ Founder နဲ့ CEO ဖြစ်သူ Adeo Ressi ဟာ idea ကို ချဉ်းကပ်ရာမှာ အသုံးဝင်တဲ့ Structure တစ်ခုကို ထုတ်ဖော်ခဲ့ပါတယ်.။ အောက်ပါအချက်များကို သင့် Idea နဲ့ တိုက်ဆိုင် စစ်ဆေးကြည့်ပါ.။ ကိုက်ညီတယ်ဆိုရင်တော့ သင်ဟာ အောင်မြင်မှုလမ်းစပေါ် ရောက်နေပြီလို့ ဆိုနိုင်ပါတယ်.။

(၁) သင့်နှလုံးသားက လိုလားတောင့်တနေတဲ့ အရာဖြစ်ရဲ့လား...
သင့်အနေနဲ့ ပိုက်ဆံရဖို့အတွက်ပဲ ရည်ရွယ်ထားတယ်ဆိုရင်တော့ ဒီနေရာမှာတင် ရပ်လိုက်ပါ.။ ပိုက်ဆံဆိုတာ သင့်ကို စိတ်ဓါတ်တက်ကြွအောင် လုပ်နိုင်တာမှန်ပေမယ့် အခက်အခဲနဲ့တွေ့တဲ့အခါ ကျော်လွှားဖို့ တွန်းအားပေးဖို့ မလွယ်ပါဘူး.။

သင့်ရဲ့ Idea ကို နောက် (၁၀) နှစ်ကြာအထိ ဒီပုံအတိုင်း ဆက်ပြီး လုပ်နိုင်မလား စဉ်းစားပါ.။

(၂) Simple ဖြစ်ရဲ့လား.။
Idea အကြီးကြီးတွေဟာ မွေးဖွားလာတာမဟုတ်ပါဘူး.။ အရင်ရှိပြီးသားပေါ်မှာ တိုးတက်ပြောင်းလဲလာခြင်း ဖြစ်ပါတယ်.။ Mark Zuckerberg ဟာ ထိုင်နေရင်းနဲ့ ထပြီး "ငါတော့ Social Network ထောင်ဦးမှ” လို့ စဉ်းစားမိတာမဟုတ်ပါဘူး.။

ကမ္ဘာကို ပြောင်းလဲခဲ့တဲ့ Idea တော်တော်များများဟာ အစပိုင်းမှာ ရိုးရိုးလေးစခဲ့ပြီး ခုကျနော်တို့ မြင်နေရတဲ့အနေအထားအထိကို အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့တာဖြစ်ပါတယ်.။ လူတစ်ယောက်ရဲ့ ပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းမလဲ ဆိုတာကနေ စတင်ပါ.။

(၃) ငွေဝင်မယ့်လမ်းကြောင်း အနည်းဆုံး တစ်ခု ရှိရဲ့လား.။
Startup အချို့ဟာ ဝင်ငွေလမ်းကြောင်း (၁) ခုထက်မနည်း ရှိနိုင်ပါတယ်.။ (၄-၅) ခုလဲဖြစ်နိုင်ပါတယ်.။ သင့်လုပ်ငန်းကနေ ဝင်ငွေလမ်းကြောင်း (၁) ခုတော့ အနည်းဆုံးရှာကြည့်ပါ.။ (၁) ခုမှကို ရှာမရဘူးဆိုရင်တော့ လုပ်မနေပါနဲ့တော့.။

(၄) ဝင်ငွေရဖို့ အဆင့်ဘယ်နှဆင့်လောက် ကျော်ဖြတ်ရမလဲ.။
သင့်အတွက် ပထမဆုံးအကြိမ် ဝင်ငွေရဖို့ အဆင့်ဘယ်လောက်လောက်လိုမလဲဆိုတာ စဉ်းစားပါ.။ အဆင့် (၃) ဆင့်အတွင်း ရမယ်ဆိုရင် အကောင်းဆုံးပါ.။

(၅) Customer ကိုသိရဲ့လား.။
သင့်ရဲ့ Product/Service ကို အငမ်းမရလိုအပ်နေတဲ့ Customer တစ်ယောက်တော့ ရှိကိုရှိရပါမယ်.။ အဲဒီ Customer ကိုရှာပါ.။ သူ့လိုအပ်ချက်အတိုင်း လိုက်လုပ်ပါ.။

ရှာမရဘူးဆိုရင် ကိုယ့်ကိုကိုယ် Customer အနေနဲ့စဉ်းစားပါ.။ ကိုယ့်အတွက်ကိုယ် လုပ်ပါ.။

(၆) ဈေးကွက်ကို သိရဲ့လား.။
ဘယ်အတိုင်းအတာထိ အောင်မြင်မှုရနိုင်မလဲ ဆိုတာကို စဉ်းစားပါ.။ ကိုယ်ဖောက်ရမယ့် ဈေးကွက်ကို သတ်မှတ်ပြီး လေ့လာပါ.။

(၇) ကြီးမားတဲ့ ဈေးကွက်တွေကို ရည်ရွယ်ပါ.။
လူ (၁၀)သန်းအောက်သာ user ရှိနိုင်တဲ့ ဈေးကွက်တွေထဲက ကုမ္ပဏီတွေဟာ ဒေါ်လာဘီလီယံချီပြီး တန်ဖိုးရှိလာဖို့ မလွယ်ကူပါဘူး.။ ဒါကြောင့် ဈေးကွက်အသေးစားလေးတွေကို သိမ်းပိုက်ရင်း အချိန်ကုန်မခံပါနဲ့.။ ပိုကြီးတဲ့ ဈေးကွက်ကို ရည်ရွယ်တက်လှမ်းပါ.။

(၈) Unique ဖြစ်ပါ (သို့) ဝှက်ဖဲရှိပါ.။
သင်ရည်ရွယ်တဲ့ ဈေးကွက်အတွင်းရှိပြီးသား သင့် Product/Service နဲ့ ပြိုင်ဘက်တွေထက် သင့်မှာသာတဲ့အချက် ဘာရှိပါသလဲ.။ သင်က ပိုကျွမ်းကျင်လား.။ ဝှက်ဖဲကိုင်ထားသလား.။ သို့မဟုတ် သင်တစ်ယောက်တည်းရှိသလား စဉ်းစားပါ.။

(၉) Negative အတွေးအခေါ်တွေကို ဖျက်ဆီးပါ.။
သင့် Idea ကို ဆန့်ကျင်ဖျက်ဆီးတဲ့ အခြား Negative အတွေးအခေါ်တွေကို ရှာပါ.။ တစ်ခုပြီးတစ်ခု ဖြေရှင်းကြည့်ပါ.။

(၁၀) Idea ကို မျှဝေပါ.။ အကြံဥာဏ်တောင်းခံပါ.။
ကိုယ့် Idea ကို သူများယူသွားမလားလို့ မစိုးရိမ်ပါနဲ့.။ Feedback တောင်းခံပါ.။ ရတတ်သလောက် လူများကို မေးပါ.။

အထက်ပါအချက်များကို တစ်ခုပြီးတစ်ခု လုပ်ဆောင်ပြီးပြီဆိုရင်တော့ သင်ဟာ ပြေးလမ်းပေါ်ရောက်ပါပြီ.။ သင့် Idea ကို စတင်အကောင်အထည်ဖော်လို့ရပြီ ဖြစ်ပါတယ်။

Aung Mon Chan:

Share this

Related Posts

Previous
Next Post »