" Marketing Plan ဘယ်လိုရေးမလဲ "

" Marketing Plan ဘယ်လိုရေးမလဲ "
-------------------------------------------
Marketing Plan တစ်ခု ရေးတော့မယ် ဆိုရင် ကျမ လေ့လာ ၊ သင်ယူ မိသလောက် ဖတ်မိသလောက် ဘာတွေ မဖြစ်မနေပါမလဲ ဆိုတော့
1)Executive Summary
2)Situational Analysis
3)Objectives
4)Strategy
5)Tactics
6)Action Plan နဲ့
7)Control တို့ ဖြစ်ပါတယ် ။

အဲ့ဒီမှာ နံပါတ် 1) ကို ခဏထားခဲ့ပြီး ကျမ နံပါတ် 2) Situational Analysis ကို အရင်ဆွေးနွေးပါမယ်။ ရှင်းအောင်ပြောရမယ်ဆိုရင် ဈေးကွက်ထဲမှာ ကိုယ်က ဘယ်နေရာရောက်နေလဲ ဆိုတာပါ ။ကိုယ်က ဈေးကွက်ထဲမှာ ရှိပြီးသား brand လား ၊ကိုယ့်ပစ္စည်း က ဈေးကွက်ထဲကို ခုမှ ၀င်မှာလား အခြေ အနေအားလုံးခြုံငုံ သုံးသပ်ရမယ် ပေါ့ ။အဲ့ဒီမှာ Marketing Audit အနေနဲ့ Macro နဲ့ Micro လုပ်ပါမယ် ။Market, Product, Competitors, Distributors, PESTLE Analysis တို့လုပ်ပါမယ်။လက်ရှိ Market အနေအထားက Market ထဲမှာ ကိုယ်ရောင်းမယ့် /ထုတ်မယ့် ပစ္စည်းက ဘယ်သူတွေ ၀ယ်နေတာလဲ ။ ဘယ်က လူတွေ ၀ယ်တာလဲ ။ ဘယ်လို လူမျိုးတွေက ၀ယ်နေတာလဲ ။Marketထဲမှာအနေအထားက ချောင်နေလား ။ ကျပ်နေလား စသည်ဖြင့်ပေါ့။ပြီးတော့ Product Review ရေးရပါမယ် ။ ကိုယ့်ဆီမှာအခုလက်ရှိ Product ဘယ်နှစ်မျိုး ရှိတယ် ။ဘယ်လိုSize တွေ ဘယ်နှစ်မျိုး ထားပြီး ဈေးနှုန်းတွေ ဘယ်လောက် ရှိတယ် ဆိုတာ ပြောရပါမယ် ။ရောင်းအားတွေက ဘယ်နယ်မှာတော့ ဘယ်လောက်ရှိ ပြီး Product Line ထဲမှာ ဘယ် Product ကတော့ Margin ဘယ်လောက် မြတ်နေတယ် ။ဘယ်ဟာကတော့ ရှုံးနေတယ် ဆိုတာမျိုးတွေ ရေးပါမယ်။Competitor Analysis အနေနဲ့ ကိုယ့်ရဲ့ အဓိက ပြိုင်ဘက်က ဈေးကွက်ထဲမှာ ဘယ်နေရာရောက်နေပြီး သူတို့ ဘယ်ဗျူဟာ နဲ့ သွားနေတယ် ။ သူတို့ Product ရဲ့ အရည်အသွေးက ဘယ်လို ရှိပြီး ဈေးနှုန်းဘယ်လောက်နဲ့ ဘယ်Channelကို ဖြန့်နေတယ် ။ Promotion ဘယ်လိုပေးနေပြီး ကြော်ငြာကတော့ ဘာတွေ လုပ်နေတယ် ဆိုတာမျိုးတွေကို တင်ပြရပါမယ်။Distribution ကတော့ ဘယ်နယ်တွေကို ဘယ်လိုဖြန့်လဲ ။ဘယ်Channel မှာ ဖြန့်ချိရေး က ဘယ်လိုသွားနေလဲ ။Wholesale ၊ Retail ၊ Modern Trade စသည့်ဖြင့် ဘယ်လို ဖြန့်ထားလဲ ။ဘယ်မြို့နယ်က ဘယ်Product ကိုOffer ဘယ်လောက်တက်ပြီး ဘယ်မြို့နယ်မှာတော့ ရောင်းအားဘယ်လောက်ကျနေတယ် ဆိုတာမျိုး ရေးရပါမယ် ။ အဲ့ဒီမှာ Location အလိုက် Culture အလိုက် Season အလိုက် Sale Volume က ကွာနိုင်ပါတယ်။ ဥပမာ - တရုတ်တန်း မှာ Indrian Dress ရောင်းအားမရှိ တာမျိုး ဖြစ်သွားနိုင်တဲ့ အတွက် Distribution မှာ Hard Data ကို သေချာကိုင်၊ Supply နဲ့ Demand ကို သုံးသပ်ပြီး ဘယ်နယ်ကို ဘာဖြန့်မယ် ။ ဘယ်ကိုတော့ ဘယ်လို Promotion ပေးမယ်ဆိုတာမျိုးကို ရေးပေးရပါမယ်။
PESTLE Analysis မှာ Political ပိုင်းက ပြောင်းလဲမှုတွေ ရှိရင် ကိုယ့်ပစ္စည်း ကို ဘာတွေသက်ရောက်မှုရှိမလဲ ။ Economic ပိုင်းမှာရော၊Social နဲ့Cultural ကိုပါ ကြည့်ရပါမယ် ။Technological တိုးတက်မှုတွေဖြစ်လာရင် ရော ဘာတွေ ဖြစ်နိုင်မလဲ။ Legal ပိုင်းရဲ့ ပြောင်းလဲမှု တွေကရော ကိုယ့်Product ကို ဘယ်လိုတွေ သက်ရောက်မှုရှိသွားနိုင်မလဲ ၊Ecological ပိုင်းကရော ဆိုပြီး စဉ်းစားရပါမယ် ။ပြီးရင် MkIS (Marketing Information System)ကို အခိုင်အမာ တည်ဆောက်ထားဖို့လိုပါမယ်။
အဲ့ဒီတွေ ပြီးတာနဲ့ ကျမတို့ SWOT Profile ကိုရေးပေးရပါမယ်။SWOT မှာ PESTLE နဲ့ ပြန် ချိတ်ပြီး ကိုယ်ကဘာတွေ အားသာချက် ရှိတယ် ၊ ဘာတွေ တော့ အားနည်းနေတယ်၊ အပြင်ကသက်ရောက်မှုတွေ အနေနဲ့ ဘယ်လိုအခွင့်အရေးတွေတော့ ဘယ်အချိန်မှာ ရှိနိုင်တယ် ၊ဘယ်လို Feature တွေက တော့ ကိုယ့်ကို ခြိမ်းခြောက်မှုတွေ ဖြစ်လာမယ့် Factors ဖြစ်လာနိုင်တယ်ဆိုတာမျိုးတွေကို ဆွေးနွေးပေးရပါမယ်။
နံပါတ် 3) Objectives ရေးပါမယ်။ Objective ဆိုတာက ကိုယ်ဘယ်ရောက်အောင်သွားချင်လဲ ဘာဖြစ်ချင်လဲ ဘယ်လောက်မြတ်ချင်လဲ အဲ့ဒီကို ဘယ်လောက်ကြာရင်ရောက်အောင်သွားမလဲ ဆိုတာကိုရေးရမှာပါ။ဒီအကြောင်းအရာမှာ Strategic Goals, Sales Objectives, Brand Objectives,Communication Objectives တွေ ရေးပေးရပါမယ်။အဲ့ဒီတော့ ကိုယ့် Objectives အောင်မြင်ဖို့ အတွက် လိုအပ်တဲ့ KSF Issues (Key Success Factors)တွေ ရေးပေးရပါမယ်။ကိုယ်လိုချင်တဲ့ Objectives ကိုရေးတဲ့နေရာမှာ SMART ( Specific, Measurable, Achievable, Realistic, Timed ) ဖြစ်ဖို့လိုပြီး PLC (Product Life Cycle) တို့ BCG တို့နဲ့ ပြန်ချိတ်ဖို့လိုပါမယ်။ကိုယ့် Product က ဘယ် Stage မှာလဲ ၊ Market ကရော ဘယ်အခြေအနေလဲ၊ ပြီးတော့ PESTLE ကရော ကိုယ့်အတွက် ဘယ်လိုအချက်တွေ သက်ရောက်လာမလဲ စသည်ဖြင့် …ပြန်ချိတ်ပြီး ရေးပေးရပါမယ်။ဥပမာ - ကိုယ့် Product ခုမှ စမယ်ဆိုပါစို့ ။ မားကတ်ထဲကို စ၀င်ဝင်ချင်း 12 လအတွင်းမှာ မားကတ်ဝေစု 20 % ရရန် ဆိုတာမျိုး ရေးပေးရပါမယ် ။
4)Strategy အကြောင်းဆက်စဉ်းစားပါမယ်။ Strategy ဆိုတာက ကိုယ့်Objectives ဆီကို ဘယ်လို ရောက်အောင်သွားမလဲ ဆိုတဲ့ လမ်းကြောင်း ကို ဆွေးနွေးမှာပါ။အဲ့ဒီ Strategy မှာSegmentation, Targeting, Positioning, Differentiation ဆိုတဲ့ အကြောင်းအရာတွေရေးပါမယ်။Segmentation မှာ နယ်မြေ ဒေသအလိုက် ၊ကျား/မအလိုက်၊အသက်/အရွယ်အလိုက်၊၀င်ငွေ အတန်းအစားအလိုက်၊ စိတ်ပိုင်းဆိုင်ရာခံစားမှု တွေ အလိုက်၊နေထိုင် ပြုမူမှု အဆင့်အတန်းတွေ အလိုက် အုပ်စု အဖွဲတွေ ခွဲခြားပေးရပါမယ်။ ဥပမာ Skin Care Products ရောင်းမယ်ဆိုရင် ရန်ကုန်မြို့က အသက် 16 နှစ်ကနေ 25 နှစ်အတွင်း ပိုက်ဆံဘယ်လောက် သုံးနိုင်တဲ့ အလှကြိုက်ပြီး အသားအရည်ထိန်းသိမ်းချင်တဲ့ မိန်းခလေးတွေဆိုတာမျိုး လူဦးရေ ဘယ်လောက်ကို ကုန်ပစ္စည်း ဘယ်လောက်အရေအတွက် ရောင်းမလဲ ဆိုတာမျိုး Research Data ကနေ ပြန်ပြီးခွဲခြားတွက်ချက်ရမှာပါ ။အဲ့ဒီက ထွက်လာတဲ့ Results ကို Production, Distribution နဲ့ ပြန်ချိတ်၊ကုန်ပစ္စည်း အရေအတွက်ဘယ်လောက်ထုတ်လုပ်ပြီး ဘယ်လိုဖြန့်မယ် ဆိုတာ Logistics & Supply Chain Process ပါ တစ်ခါတည်း ထည့်တွက်ဖို့ လိုပါမယ်။ ဒါက ကျမ ကြုံလို့ တစ်ခါတည်း စိတ်ထဲဆက်စပ်မိတာတွေ ရေးလိုက်တာပါ ။အဓိကကတော့ Segmentation ဆိုတာက မားကတ်တိုင်းမှာ သူ့ အစိတ်အပိုင်းလေးတွေနဲ့သူ ရှိပြီးသားပါ။အဲ့ဒါကို ကိုယ်ရောင်းမယ့် ကုန်ပစ္စည်းအလိုက် အစုအဖွဲလေးတွေ ခွဲထုတ်ရမယ်ဆိုတာ ကို ဆိုလိုတာပါ။Targeting မှာတော့ ကိုယ် က ဘယ်သူတွေကို ရောင်းမှာလဲ ဆိုတာ ကို သတ်မှတ်ရမှာပါ။ ရှိရှိသမျှ လူတွေ အကုန်လုံးကို ကိုယ့် Product စားသုံးသူ /၀ယ်ယူသူ ဖြစ်စေချင်လို့ မရပါဘူး ။ ဥပမာ - ဂျာနယ် တစ်ခု ဆိုပါတော့ …မြန်မာနိုင်ငံရဲ့ လူဦးရေ အကုန်လုံးစာအတွက်ဆိုပြီး စောင်ရေ သန်းချီ ထုတ်ဖို့ မလိုပါဘူး ။အိမ်ထောင်စု ဘယ်နှစ်ခု ရှိလဲ ။ အဲ့ဒီ အိမ်ထောင်စုမှာမှ ကိုယ့်ဂျာနယ်ကို ဘယ်လို လူမျိုး တွေက ဖတ်မှာလဲ ။ အဲ့ဒီမှာမှ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့နေရာတွေ ပယ်ဦး ။ ဘယ် မြို့နယ် / ဘယ်လိုလူတွေ အတွက် ကတော့ ဖြစ်နိုင်ခြေ ရှိတယ်။ ဘယ်နေရာတွေ/ ဘယ်လိုလူတွေ က တော့ ကိုယ့် Target မဖြစ်နိုင်ဘူး ဆိုတာမျိုး ပြန်စဉ်းစားပီးမှ စပြီး အစောင်ရေ ဘယ်လောက် ထုတ်မယ်ဆိုတာမျိုး ပေါ့ ။ ကိုယ်က ပြည်တွင်းမားကတ်ကို ပဲ သွားမှာလား ။ ပြည်ပ အထိပါ တင်ပို့ရောင်းချ မှာလား ။လူနည်းစုအတွက်လား ။ လူများစုအတွက်လား ။လူနေမှု အဆင့်အတန်း / ၀င်ငွေ စသည်ဖြင့်ပေါ့ လိုအပ်တာတွေ အကုန် လိုက်စဉ်းစားပြီး သေချာ ရွေးပြီး ရေးပေးရမှာပါ။ ကိုယ်ပစ်မယ့် မားကတ် ကို ကိုယ့် ဘာသာ ကွက်တိချိန် ပစ်တတ်ဖို့ တော့ လိုပါတယ် ။Positioning လုပ်တော့မယ် ဆိုရင် ပြိုင်ဘက်ကုန်ပစ္စည်းတွေနဲ့ ကိုယ်ကို ကွဲပြားအောင် /ခြားနားအောင် ကိုယ့် ရဲ့ Customer စိတ်ထဲမှာ ကိုယ့်ကို ဘယ်လိုမြင်စေချင်သလဲ ဆိုတာမျိုး ကို သတ်မှတ် လုပ်ဆောင်ရမှာပါ။ဥပမာ -Services Company တစ်ခုက “ သင့်ရဲ့ စိတ်ကျေနပ်သွားမှုက ကျွန်ုပ်တို့ ရဲ့ အောင်မြင်မှုပါပဲ “ ဆိုတာမျိုး ပြောမယ်ဆိုရင် သူက ဘာနဲ့ Offer လုပ်လိုက်တာလဲဆိုတော့ သူ့ဆီလာတဲ့ Customer ကို အကောင်းဆုံးစိတ်ကျေနပ်မှုရအောင်ကို ၀န်ဆောင်မှုပေးမယ်/ပေးနေတဲ့ Company တစ်ခုလို့ ပြောလိုက်တာမျိုး /မြင်စေချင်တာမျိုးပါ ။အဲ့ဒီတော့ ကိုယ်ဘာနဲ့ Offer လုပ်မှာလဲ ။ ကိုယ့်ကို စားသုံးသူ စိတ်ထဲမှာ ဘယ်လိုမြင်နေစေချင်လဲ ဆိုတာကို ရေးရမှာပါ ။အဲ့ဒီမှာ Differentiation နဲ့ သွားချိတ်ပါတယ် ။ Positioning ကို ပိုထိရောက်စေမှာက မတူကွဲပြားအောင်လုပ်ခြင်းပါ ။ ကိုယ်က မားကတ်ကို မတူညီတဲ့ / ပိုကောင်းတဲ့ / တန်ဖိုးပိုရှိတဲ့ ဘယ်လို Offer တွေ ပေးပြီး လုပ်မှာလဲ ဆိုတာမျိုး ရေးရပါမယ်။ကိုယ်တကယ်မြင်စေချင်တဲ့ ၊ ပေးနိုင်တဲ့ ဂတိမျိုး ကိုရွေးချယ်ပြီးသူများနဲ့ မတူတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ရပါမယ်။ အဲ့ဒီမှာ Over Promise တွေ Under Promise တွေ ဖြစ်လို့မရပါဘူး ။အဲ့ဒီလိုဖြစ်ခဲ့လို့ ကိုယ့် Positioning ,Differentiation ကို ထိခိုက်ရင် ကိုယ့် Brand ကိုလည်း လာရောက်ထိခိုက်မှာကိုပါ သတိထားပြီး သေချာ မှန်ကန်အောင် အကုန်လုံးနဲ့ ပြန်ချိတ်ပြီး နည်းဗျူဟာ ချမှတ်ပြီး ရေးရမှာပါ ။
နံပါတ် 5)Tactics ကတော့ 4 P’s /7 P’s / 8 P’s တွေပါ အဲ့ဒါတွေ ကို Strategy မှာ အကုန်ပြန်ချိတ်ရပါမယ် ။ကိုယ်ထုတ်မယ့် / ရောင်းမယ့် ပစ္စည်းက ဘာပစ္စည်းလဲ ? ဘယ်ဈေးနဲ့ရောင်းမှာ လဲ ? ဘယ်နေရာတွေကိုရောင်းမှာလဲ? ဘယ်လို Promotion တွေ ပေးမလဲ ? ဘယ်သူတွေကို ရောင်းမှာလဲ ? ဘယ်လို နေရာ /ပုံစံ / အပြင်အဆင် / ထုတ်ပိုးမှု /၀န်ဆောင်မှုနဲ့လဲ? ဘယ်လောက် Processes ကအချိန်ယူမှာလဲ ? မြန်မှာလား ? ကြာမှာလား? အဲ့ဒါတွေ အကုန်လုံးကို ဘယ်လို လုပ်ထားလဲ ဆိုတာမျိုးတွေကိုပါ အကုန်ထည့်ရေးပေးရပါမယ် ။အဲ့ဒီမှာ အရံ အနေနဲ့ ကျမတို့ Emergency Plan ရှိဖို့လည်းလိုအပ်ပါတယ် ။ အဲ့ဒီလို Strategy ကိုရေးပြီး ဆုံးဖြတ်ပြီးရင်တော့ Budgets နဲ့ Schedules ကို ထည့်ဆွဲဖို့ပါ လုပ်ရမှာပါ ။ဒီPlan ဟာရေရှည်လား ရေတိုလား ။ ရာသီချိန်ပဲလား ဆိုတာမျိုး အပေါ်မူတည်ပြီး ဘယ်လောက် အရင်းအနှီးထည့်မှာလဲ၊ဘယ်တော့ အရင်းကြေမှာလဲ ၊ ဘယ်တော့ စမြတ်မှာလဲ ၊ ဒီplan အတွင်းမှာ ဘယ်လောက်ထိ မြတ်နိုင်လဲ ဆိုတာမျိုး ကိုယ့် Product Nature အလိုက် ROI ကို ချိန်ပြီး Break- Even Analysis ကို ပါတွက်ချက်ပြီး ( PLC ပါ ပြန်ချိတ်ရန်) ထည့်ရေးပေးလိုက်ရမှာပါ ။
နံပါတ် 6) အနေနဲ့ Action Plan လုပ်ရမှာပါ ။ ကျမ တို့  ဘယ်လောက် Plan ထားထား ၊ တကယ်လုပ်ဖြစ်မှ လုပ်ဖြစ်တာပါ ။ Plan တာက လွယ်ပါတယ် လုပ်ဖြစ်ဖို့ က ခက်တော့ အဲ့ဒီလို လုပ်ဖြစ်ဖို့ အတွက် ဥပမာ -ကျမ ဆိုရင်ပဲ ဒီ Plan ရေးမယ်လို့ပြောပြီး 2 ရက်ကြာမှ ရေးဖြစ်တာမျိုး ပါ ။အဲ့ဒီတော့ ကျမ တို့ မှာ Dead Line ရှိဖို့ လိုပါတယ် ။ ဒါဘယ်ရက်ကနေ ဘယ်ရက်အထိဆိုတာမျိုး ဘယ်နေ့ အပြီးလုပ်မှာလဲ Scope မှာ တစ်ခါတည်း ထည့်ရေး ။ ကိုယ်ဖြစ်ချင်တဲ့ ကိုယ်လုပ်မယ့် Date တွေ အကုန်ရေး ။တကယ်ဖြစ်အောင်လုပ်ဖို့ Action Plan ရှိမှကို အဆင်ပြေမှာပါ ။တကယ်တော့ Action Plan ဆိုတာ Implementationပါပဲ ။အကောင်အထည်ပေါ်အောင် လုပ်ရမှာဖြစ်တဲ့အတွက်ဒီအပိုင်းက တကယ့်ကို Operation အပိုင်းဖြစ်သွားပါပြီ။ အဲ့ဒီမှာ 7P’s နဲ့ ပြန်ချိတ်ပြီး အချိန်တွေ /နေ့ရက်တွေ / တာဝန်ယူမှုအပိုင်းတွေ အကုန်လုံးကို သီးခြား သေချာခွဲပြီး နေ့အလိုက် ၊ အပတ်စဉ်အလိုက် ၊ လအလိုက် သေချာစွာ လုပ်ဆောင်ရမှာပါ ။ ဥပမာ -Product တစ်ခုကို Launch လုပ်ပြီဆိုတာနဲ့ ကြော်ငြာ ကအရင်ပါသွားပြီး ပစ္စည်းက မားကတ်ထဲမှာ ကိုယ့်လက်ထဲကနေ သေချာ အဆင်မပြေသေးဘဲ လွှတ်လိုက်ရတာတို့ ၊ပစ္စည်းက မားကတ်ထဲရောက်နေပြီ ကြော်ငြာက မင်းသမီးရက်ချိတ်လို့မရလို့TV မှာ မပါသေးတာတို့ ၊ ကြော်ငြာ Design က Confirm ထွက်မလာသေးလို့ ဂျာနယ်ကြော်ငြာထည့်ဖို့ရက်နောက်ဆုတ်လိုက်ရတာတို့ စသည်အားဖြင့် ဖြစ်နိုင်ခြေ ရှိတာတဲ့ ကမောက်ကမတွေ မဖြစ်အောင် Action Plan နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ရမှာတွေကို ရေးရပါမယ်။
နံပါတ် 7) Control အကြောင်းရေးရပါမယ် ။ သူကလည်းတကယ်ကို အရေးကြီးတဲ့ အစိတ်အပိုင်းပါပဲ ။ကိုယ်လုပ်လိုက်တဲ့ Strategy နဲ့ Action Plan က အကျိုးရှိရဲ့လား ၊ အောင်မြင်မှုရရဲ့လား ဆိုတဲ့ အပိုင်းတွေကို ပြန်ပြီး လေ့လာ သုံးသပ် ဆုံးဖြတ်ရမှာပါ ။ကိုယ်ရှေ့မှာ လုပ်ထားတာတွေကို ကိုယ့် Marketing Team နဲ့ရော Senior Managenent နဲ့ ပါ ပူးပေါင်းပြီး စဉ်ဆက်မပြတ် ပြန်သုံးသပ် ၊ ပြန်ကြည့် ၊ လွဲနေခဲ့တယ်ဆိုရင် မှန်ကန်တဲ့ လုပ်ရပ်တွေ ပြန်လုပ်ဖို့ တိုင်ပင် ၊ပြန်လုပ် ဒါမျိုးတွေ ရေးရပါမယ်။
နောက်ဆုံး နိဂုံးချူပ်ချင်တာကတော့ ကျမတို့ ဒီလို အဆင့်ဆင့် ရေးပြီးပြီ ဆိုရင် နံပါတ် 1) မှာ ချန်ထားခဲ့တဲ့ Executive Summary ကို ပြန်ရေးပါမယ် ။ Executive Summary ဆိုတာက ကိုယ့်ရဲ့ Senior Management / Director / MD က အလုပ်များနေတဲ့ သူဆိုရင် သူအတွက် Plan တစ်ခုလုံးကို အစအဆုံးဖတ်ဖို့ အချိန်မရှိခဲ့ရင် အနှစ်ချူပ် ဖတ်ဖို့ Content Pages Number နဲ့ တကွ ရေးပေးရမှာပါ ။ သူက သူသိချင်တာတွေ လွယ်လွယ် ကူကူ အတိုချူပ် သိမယ် ၊သိချင်တာကို စာမျက်နှာ နံပါတ်ကိုကြည့်ပြီးတန်းဖတ်လို့ရမယ် ဆိုတာမျိုးလုပ်ပေးရမှာပါ ။Plan ထဲမှာ ပါတဲ့ အရေးကြီးတဲ့ အချက်တွေကိုထုတ်ပြီး အနှစ်ချူပ်ရေးပြီး Plan File စာရွက်တွေရဲ့ ထိပ်ဆုံးမှာ ညှပ်ပြီးတင်ပေးလိုက်ဖို့ပါပဲ ။ ဒီလောက်ဆိုရင် Marketing Plan ရေးဖို့ လိုအပ်နေသူတွေ အတွက် အကြမ်းအားဖြင့် အဆင်ပြေမယ် အသုံးဝင်မယ်လို့ ယူဆပါတယ်။ နောက်ပိုင်းအချိန်ရရင်လည်း သိခဲ့သမျှ ၊ဖတ်ခဲ့သမျှ ကို Sharingလုပ်ပေးချင်ပါတယ် ။
Hsint Sanda

Share this

Related Posts

Previous
Next Post »