There is .... / There are .... အသုံးအနှုန်းများ

There is .... / There are .... အသုံးအနှုန်းများ
----------------------------------
အင်္ဂလိပ်စာလေ့လာရာတွင် There is .... / There are .... အသုံးအနှုန်းများ ဆိုတာ အလယ်တန်းအထက်တန်း ကျောင်းသူ/သားတို့ကိုသာမက တက္ကသိုလ်ကျောင်းသူ/သားများကိုပါ ဒုက္ခကြီးကြီးပေးလေ့ရှိတယ်။ ဒါကြောင့် There is .... / There are .... ဖြင့်ရေးသားတဲ့အတခါ တော်တော်များများ မှားတတ်ကြတယ်။
ဒီနေ့တော့ There is .... / There are .... အသုံးအနှုန်းများ နဲ့ပတ်သက်၍ အလွယ်ကူဆုံးနည်းကို လေ့လာကြာရအောင်။ ကိုင်...ဘယ်လိုသုံးကြမလဲ။

There is .... / There are .... ကိုသုံးမယ်ဆိုရင် အောက်ပါ စည်းကမ်းချက်များကို ကြေညက်အောင် လေ့လာကျက်မှတ်ထားဖို့တိုက်တွန်းပါတယ်။
There is .... / There are .... ကို အသုံးရသည့်နေရာ
There is .... / There are .... ကို
(၁)Article (အာတီကယ် - နာမ်ညွှန်းစကားလုံး) "a, an" ပါသော ကတ္တားပုဒ်များ
(၂) Some, all, any, no စသည့် ပမာဏပြ နာမဝိသေသနပါသော ကတ္တားများ
(၃) Two, three, many, a few စသည့် သင်္ချာပြနာမဝိသေသနပါသော ကတ္တားများ
(၄) Countable Plural Noun ကတ္တားများ
(၅) Uncountable Singular Noun ကတ္တားများ
(၆) ယူနစ်တစ်ခုရဲ့အစိပ်အပိုင်းများ
(၇) Some, anyone, no one, something, anything, nothing စသည့်မတိကျ၊ မသေချာသော လူ/ အရာဝတ္ထုတို့ရှိခြင်း တို့ကို There is .... / There are .... အသုံးအနှုန်းများဖြင့် ရေးသားပြောဆိုရလေသည်။
-- Countable Nouns နှင့် Uncountable Nouns တို့ကို ဤနေရာတွင် လေ့လာပါ။
-- Singular Nouns နှင့် Plural Nouns တို့ကို ဤနေရာတွင် လေ့လာပါ။
-- Adjective အမျိုးအစားများကို ဤနေရာတွင်လေ့လာပါ။
-- Articles အကြောင်းကို ဤနေရာတွင် လေ့လာပါ။
ဥပမာ။ ။
(a) There is a girl in the class room.
စာသင်ခန်းထဲတွင် ကောင်းမလေးတစ်ယောက်ရှိတယ်။
(b) A girl is in the class room.
(a) There will be some girls in the class.
သင်တန်းထဲမှာ ကောင်းမလေးအချို့ရှိကြလိမ့်မည်။
(b) Some girls will be in the class.
(a) There were boys in the room.
ကောင်းလေးတွေ အခန်းထဲတွင်ရှိကြတယ်။
(b) Boys were in the room.
(a) There will be milk in the bottle.
ပုလင်းထဲမှာနို့ရှိမှာပါ။
(b) Milk will be in the bottle.
(a) There are 60 seconds in a minute.
တစ်မိနစ်တွင် စက္ကန့်ခြောက်ဆယ်ရှိတယ်။
(b) 60 seconds are in a minute.
(a) There are 24 hours in a day.
တစ်ရက်မှာ ၂၄ နာရီရှိတယ်။
(b) 24 hours are in a day.
(a) There is nobody in the office.
ရုံးခန်းထဲမှာ ဘယ်သူမှမရှိဘူး။
(b) Nobody is in the office.
(a) There are seven days in a week.
တစ်ပတ်မှာ ၇ ရက်ရှိတယ်။
(b) Seven days are in a week.
မှတ်ချက်။ ။
အထက်ပါ ဥပမာဝါကျအသီးသီးရှိ (a) နှင့် (b) တို့တွင် (b) ဝါကျပုံစံလည်း သဒ္ဒါ (Grammar) နည်းအရ လုံးဝမှန်ကန်၏။ သို့သော်လည်း Usage မရှိ။ ထိုကြောင့် (a) ပုံစံ There is..../ There are... ဖြင့်သာရေးသား ပြောဆိုပါလေ။
________________________
There is .... / There are .... ကို အသုံးမပြုရသည့်နေရာ
There is .... / There are .... ကို
(၁) the, this, that, these, those ပါသော ကတ္တားများ
(၂) I, we, you, you, he, she, it, they နာမ်စား ကတ္တားများ
(၃) my, our, your, his, her, theirs, its တို့ဖြင့်တွဲထားသော (my book, his sisters, etc.) ကတ္တားများ တို့ဖြင့် လုံးဝ (လုံးဝ) မသုံးရ။
ဥပမာ။
အောက်ပါကဲ့သို့မရေးရပါ။
There am I in the class room.
ကျွန်တော် စာသင်ခန်းထဲမှာရှိတယ်။
There are the books on the table.
စာများဟာ စားပွဲပေါ်တွင်ရှိကြတယ်။
There is your sister in the office.
မင်းရဲ့ညီမလေးဟာ ရုံးခန်းထဲမှာရှိတယ်။
အထက်ပါဝါကျတို့အား အောက်ပါကဲ့သို့ရေးသားရလေသည်။
I am in the class.
ကျွန်တော် စာသင်ခန်းထဲမှာရှိတယ်။
The books are on the table.
စာများဟာ စားပွဲပေါ်တွင်ရှိကြတယ်။
Your sister is in the office.
မင်းရဲ့ညီမလေးဟာ ရုံးခန်းထဲမှာရှိတယ်။
မှတ်ချက်။ ။ There will be.... ဟုသုံးသော်လည်း There shall be .... ဟုမသုံးရ။
အားလုံးကိုကျေးဇူးတင်ပါတယ်။
____အကောင်ချေ (ကျောက်ရိုး)

Share this

Related Posts

Previous
Next Post »