ဒိုင်ယာရီမရေးဖြစ်လိုက်တဲ့နေ့စွဲ..
22 September 2012 at 19:14
ဘာ.....စေ့စပ်လိုက်ပြီဟုတ်လား
ပေါက်ခွဲလိုက်တဲ့ ကြမ်းပြင်ပေါ်က
ဖုန်းအပိုင်းအစတွေနဲ့အတူ နှလုံးသားပါပါသွားခဲ့
ေ၀၀ါးနေတဲ့မျက်လုံးတွေလိုပဲ
အနာဂတ်ဟာ....(ေ၀၀ါးသွားပြီခိုင် )
လမ်းမတို့ တွန့်ကွေးလိုက်ကြ
ပူပြင်းလွန်းတဲ့ လရောင်ကိုကျောခိုင်း
တိုက်တဲ့လေအရိုင်းအစိုင်းတွေကြား
ဘယ်သူငါ့စိတ်ထဲမှာမြို့သစ်တည်ရဲလဲ
ရေခံမြေခံမကောင်းတဲ့ နှလုံးသားက
ရွက်ဖူးတွေကို ခြွေချပစ်လိုက်
ဘာစိတ်ကူးနဲ့ပဲရူးရူး
မထူးတော့မယ့်အချိန်....
ကောမြေအဖြစ် လှောင်ရယ်ခံလိုက်
မင်းယုံကြည်မယ်ဆိုရင် ဆယ်ခါပြန်သေဖို့
ဝန်မလေးတဲ့နှလုံးသားကို လှောင်ရယ်လိုက်
အားလုံးနဲ့အတူ မင်း..လှောင်ရယ်လိုက်ပါတော့။ ။
ရူးသွပ်ခဲ့ကြ အတိတ်ဟောင်းပေါ်မှာ
ငါတို့နှစ်ယောက်ပန်းချီကားဟာ
အစိမ်းရောင်မပါခဲ့ဘူး.....မင်းကချင်လွယ်အိတ်လေး
ငါ့ပုခုံးကိုဟီးလေးခိုထားတဲ့အချိန်ပေါ့ ခိုင်..
ချွေးစေးလေးတွေထွက်လာချိန်ထိ ဆုပ်ကိုင်ဖူးတဲ့လက်တစ်စုံ
လမ်းဟောင်းလေးတွေပေါ်က အရိပ်လေးနှစ်ရိပ်
အခုတော့တိတ်ဆိတ် ....မက်ဖူးတဲ့အိပ်မက်တွေကရုတ်တရက်
အလွမ်းတွေနဲ့ ငါတစ်ယောက်တည်းသရုပ်ပျက်ခဲ့ပေါ့
နတ်ဆိုးတို့ငါ့ကိုအောင်သေအောင်သားစားကြပြီ
နှလုံးသားမှာတံဆိပ်နှိပ်ကြဒဏ်ရာ....13
ကျိန်စာတွေနဲ့ဘ၀အဆက်ဆက်သာမုန်းလိုက်တော့..ခိုင်..ရေ.....
ဟိုမှာကြယ်တွေငိုကြ တစ်ညလုံးတွန့်ကြေခဲ့တဲ့မိန်းမတစ်ယောက်လို
ငါသိပ်ပင်ပန်းနေမိတယ်....။
ငါ့ကိုယာဇ်ပူဇော်မယ့်လရောင်တွေဝင်းလက်ကြပြီ
ငါကသတ်စရာမလိုတော့တဲ့ယာဇ်ကောင်လို့
ပြောပြလိုက်ပါဦး ...ငါသွားနှင့်ပြီ။( နောက်လှည့်မကြည့်ကြေး ..ခိုင်ရေ )
ထွက်ပြေးစမ်း လွတ်အောင်ပြေးထွက်လိုက်စမ်း
ဒီအဖြစ်ကလွတ်အောင်ပြေးထွက်လိုက်စမ်း
လွတ်လမ်းမရှိတော့ဘူးထင်ရဲ့
သစ်ပင်တစ်ပင်လို အမြစ်တွယ်ငြိမ်သက်နေတဲ့
အသည်းကွဲဂျစ်ပစီတစ်ကောင်ရဲ့စိတ်ဓာတ်
သူ့အရိပ်မှာပဲ..တစ်သက်လုံး
မှိုင်းမိအိပ်စက်နေတော့မယ်။
ကျွန်တော်နှုတ်ဆက်ခဲ့တယ် ဂျစ်ပစီတို့ရေ
ကဗျာအတွက် ဆက်လက်မချီတတ်နိုင်တော့တဲ့
ဒီဂျစ်ပစီကောင်ရဲ့ဈာပနကိုတော့ ပို့ဆောင်ကြပါဦး
ဆန့်ကျင်ဘက်နှစ်ခုဟာ တစ်ပြိုင်တည်းဖြစ်ခဲ့
သူ့ပျော်ရွှင်ခြင်းမှာ ကျွန်တော်ဝမ်းနည်းခဲ့ရ
လွတ်လွတ်လပ်လပ်ပျံခွင့်ပြုတယ် ခိုင်
အရင်တည်းကမချည်နှောင်ခဲ့ပါဘူး
ငါလိုချင်တာမင်းရဲ့ပျော်ရွှင်မှု
အဲဒါကို ငါ့သွေးနဲ့လဲယူရမယ်ဆိုလည်း
................................။
ငါ့နေ့တွေမှောင်ခဲ့ပြီ
အော့ဝဇ်အကျဉ်းစခန်းကို ဂျူးတွေမမေ့သလို
ငါမင်းကိုမမေ့ဘူး...ငါအကြောက်ဆုံးနေ့ရောက်ခဲ့ပြီပေါ့
ဘုရားကျောင်းကခေါင်းလောင်းသံတို့
ကျယ်လောင်စွာအော်ဟစ်ကြတော့
ညတို့အူကြ....သံရှည်စွဲပြီးအူကြတော့
နင့်စကားသံတွေ ငါ့ရင်မှာ
ရထားတစ်စင်းလိုခုတ်မောင်းနေခဲ့တယ်
နင်တပ်ဆင်ထားတဲ့ နံရံတွေလိုအေးစက်တဲ့
မျက်နှာဖုံးကိုငါမုန်းတယ်...ခိုင်။
ငါ့ကိုထားခဲ့ပါတော့....
နောက်ဆုံးတော့
ဘုရားကျောင်းလက်ထပ်ပွဲ အပြင်ဘက်မှာ
လိပ်ပြာတစ်ကောင် အသက်မဲ့သွားခဲ့တယ်။ ။ ဇော်သူရ..12.30pm
Share this