ပန်းတိုင်သို့အရောက်လှမ်းလိုလျင်

ပန်းတိုင်သို့အရောက်လှမ်းလိုလျင်~~~ ၁-ရိုးသားမူ့ ၂-နာခံတတ်မှု့ ၃-အဖွဲ့အစည်း ၄-သစ္စာရှိမှု့ ၅-ယဉ်ကျေးဖော်ရွှေမှု့ ၆-ကျွမ်းကျင်တတ်မြောက်မှု့ ၇-အကောင်းမြင်ခြင်း ၈-NOW ပစ္စုပန် Honestly / ရိုးသားမှု ******************** သင့်အနေဖြင့် ဘယ်နေရာ ဘယ်အလုပ်ကိုပဲ လုပ်လုပ် အဓိကနေဖြင့် ရိုးသားမှုဆိုတဲ့ ဂုဏ်ပုဒ်နဲ့အညီ လုပ်ဆောင်တတ်ဖို့ အရေးကြီးပါတယ် မိမိအလုပ် မိမိအပေါင်းအသင်းတို့အပေါ် ရိုးသားမှုရှိရပါမယ် သင့်ရဲ့ ရိုးသားမှုဟာ သင့်ဘဝရဲ့ အနာဂတ်မီးရှူးတန်ဆောင်တစ်ခုပါ မရိုးသားဘူးဆိုရင်တော့ သင်သွားလေရာမှာ အရိပ်မည်းကြီးတစ်ခုလို ကပ်လျက်လိုက်နေပါလိမ့်မယ်.... Obedience / နာခံတတ်မှု ************************* သင့်အနေဖြင့် ဘယ်နေရာ ဘာအလုပ်ကိုပဲ လုပ်လုပ် နာခံတတ်မှု လေးစားတတ်မှု တာဝန်သိတတ်မှု တာဝန်ယူတတ်မှုတွေ ရှိဖို့ အရေးကြီးပါတယ် မိမိထက် ပိုသိသော ပို၍ တတ်မြောက်သော သူတို့သည် အသက်ကြီးသည်ဖြစ်စေ ရွယ်သူဖြစ်စေ အသက်ငယ်သူဖြစ်စေ လေးစားတတ်ရမယ် နာခံတတ်ရမယ် လိုက်နာတတ်ဖို့လိုပါတယ် မိမိသည် နည်းပညာတစ်ခုကို မသင်ယူမီ အဲ့ဒီနည်းပညာကို တတ်သလိုလို မတတ်သလိုလို မနာခံ မယူတတ်ဘဲ နေမည်ဆိုပါက ဘယ်သောအခါမျှ တတ်လာမည်မဟုတ်ချေ။ မိမိသည် အဖွဲ့အစည်းတစ်ခုမှာ အလုပ်တစ်ခု စတင်လုပ်ဆောင်တော့မည်ဆိုပါက မိမိထက် တတ်ကျွမ်းသူများ သင်ပေးသမျှကို နာခံတတ်ဖို့ လိုအပ်ပါတယ်....... Teamwork / အဖွဲ့အစည်း ************************ မိမိသည် အဖွဲ့အစည်း တစ်ခုနှင့် ပူးပေါင်းလုပ်ဆောင်တော့မည်ဆိုလျှင် Good Teamwork ကောင်းသော တူညီသော အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်နိုင်ရန် ကြိုးစားဖို့လိုပါတယ် အလုပ်တစ်ခုကို ပြဿနာတစ်ခုကို တစ်ယောက်တည်းဖြေရှင်းခြင်းထက် အားလုံးပူးပေါင်းဆောင်ရွက်ခြင်း ဖြေရှင်းခြင်းများဖြင့် ကိစ္စတစ်ခု အောင်မြင်စွာ ပြီးဆုံးနိုင်မည် Teamwork မရှိသော အဖွဲ့အစည်းတစ်ခု၏ လုပ်ငန်းခွင်သည် အောင်မြင်မှုနိယာမကို ရှာတွေ့နိုင်မည်မဟုတ်ချေ ထင်းစီးတစ်စီးကို တစ်ယောက်တည်း မချိုးနိုင်ပဲ အများပူးပေါင်း ချိုးကာမှ ကျိုးနိုင်လိမ့်မည်ဖြစ်သည်...... မိသားစုမှာလည်း မောင်နှမရင်းချာချင်း Family Teamwork မိသားစု Teamwork ရှိနေရပါမယ်.... မိမိသည် အဖွဲ့အစည်းတစ်ခုထဲမှာ လုပ်ဆောင်နေသူဖြစ်ပါက မိမိကြောင့် Teamwork မပျက်စေဘဲ ရှိရင်းစွဲ Teamwork ကို ပို၍ ခိုင်မြဲစေရန် ကြိုးစားကြဖို့လိုအပ်ပါတယ်........... Loyalty / သစ္စာရှိမှု ***************** မိမိသည် ဘယ်အလုပ်ကိုပဲ လုပ်လုပ် မိမိလုပ်သော အလုပ်အပေါ်မှာ သစ္စာရှိဖို့လိုပါတယ် အလုပ်အပေါ်မှာ သစ္စာရှိသလို မိမိကိုယ် အလုပ်ပေးထားသော လုပ်ငန်းရှင်ပေါ်မှာလည်း သစ္စာစောင့်သိတတ်ဖို့ လိုပါတယ် လုပ်ငန်းခွင်ပေါ်မှာ မဆိုထားဘိ မိမိအပေါင်းအသင်း မိမိသူငယ်ချင်း မိမိချစ်ခင်ရသောသူတို့အပေါ်မှာလည်း သစ္စာရှိဖို့ အရေးကြီးပါတယ်....... သစ္စာစောင့်သိတော့သူများသည် မိမိဂုဏ်သိက္ခာကို တန်ဖိုးထားတတ်သူများလည်း ဖြစ်ပေသည်... Integrity / ယဉ်ကျေးဖော်ရွေမှု *************************** * မိမိသည် ဘယ်နေရာ ဘယ်အဖွဲ့အစည်း ဘာအလုပ်ကိုပဲလုပ်သည်ဖြစ်စေ လူမှု့ကွန်ယက်မှာ ဆက်ဆံရေး ယဉ်ကျေးဖော်ရွေမှု ရှိဖို့လိုအပ်ပါတယ် သင်ချစ်လျှင် ကျွန်န်ုပ်မမုန်းပါ ဆိုပေမယ့် တခြားသူထံမှာ အပြုံးကို လိုချင်ရင် မိမိက ပထမဦးစွာ တဖက်သူကို ပြုံးပြပေးလိုက်ပါ မိမိအနေဖြင့် အမြဲတမ်းပြုံးနိုင်တဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ မိမိအပြုံးတစ်ခုဟာ မိမိနှင့် တခါမှမတွေ့ဖူးသောသူနဲ့ တွေ့ရှိမည်ဆိုလျှင်ပင် မိမိသည် တခြားသူအတွက် မမေ့နိုင်ဖွယ်ရာ လူတစ်ယောက်မှတ်ယူနိုင်ပေသည်... မိမိအပြုံးကြောင့် စိတ်ဒေါသထွက်နေသူကိုပင် အပြုံးပန်းများမျှဝေစေပြီး ဒေါသမီးကို ချုပ်ငြိမ်းသွားစေနိုင်ပါတယ် ယခုကစ၍ အတတ်နိုင်ဆုံး ပြုံးကြည့်ပါ..... တခြားသူကို အပြုံးလေးဖြင့် ပြောကြည့်ပိါ Efficiency / ကျွမ်းကျင်တတ်မြောက်မှု ******************************** မိမိသည် ဘယ်နေရာ ဘယ်အလုပ်ကိုပဲ လုပ်လုပ် မိမိတကယ်အသက်မွေးဝမ်းကြောင်းဖြင့် လုပ်ဆောင်လိုသော အလုပ်ကို အဓိကအနေဖြင့် ကျွမ်းကျင်တတ်မြောက်အောင် လုပ်ဆောင်နိုင်ဖို့ လုပ်ငန်းပိုင်းဆိုင်ရာ အသိပညာရပ်တွေ လေ့လာဆည်းပူးထားဖို့ လွန်စွာအရေးကြီးပါတယ်..... ဘယ်သောအခါမျှ နည်းပညာ သင်ယူလေ့လာမှု ကုန်ဆုံးနိုင်သည်ဟူ၍ မရှိပါ ..အသက်ရှင်သ၍ သင်ယူလေ့လာမှုဆိုတာ ဆည်းပူးနေရမည်ဖြစ်ပါတယ် သင်ယူလေ့လာမှုတိုင်းကိုလည်း လက်တွေ့ကျကျ လုပ်ဆောင်နိုင်ပါမှ တကယ့်လုပ်ငန်းခွင် ကျွမ်းကျင်တတ်မြောက်မှုဆိုတာ ရရှိခံစားလာရမှာပါ ...... Optimistic / အကောင်းမြင်ခြင်း **************************** မိမိအနေဖြင့် မိမိပတ်ဝန်းကျင် အပေါ်မှာ အကောင်းမြင်နိုင်တဲ့ စိတ်လေးအဓိက ထားနိုင်ဖို့လိုပါတယ် မိသားစုမှာဖြစ်စေ အဖွဲ့အစည်းမှာဖြစ်စေ ဖြစ်ပေါ်လာတဲ့ အကောင်းအဆိုးတွေအပေါ်မှာ မူတည်ပြီး အမြဲတမ်းအကောင်းမြင်တတ်တဲ့ အတွေးသဘောထားလေးတွေ ရှိနေဖို့လိုအပ်ပါတယ် အပေါင်းအသင်းတွေအပေါ်မှာလည်း အကောင်းမြင်တတ်တဲ့ သဘောထားတွေ ပြည့်ဝနေဖို့လိုပါတယ် လူတိုင်းဟာ အမှားနဲ့မကင်းနိုင်သလို လူတယောက်ကို အကောင်းမမြင်ဘဲ ဆိုးကွက်တွေကို ရှာရတာ လွယ်ကူပါတယ် အကောင်းမမြင်တတ်တဲ့ လူတယောက်ဟာ အဖွဲ့အစည်းနဲ့ပူးပေါင်းဆောင်ရွက်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး မိမိကိုယ်ကို အကောင်းမြင်တတ်တဲ့ အတွေးတွေနဲ့ စိတ်သဘောထားတည်ဆောက်နိုင်သလို ကိုယ့်ပတ်ဝန်းကျင်ကိုလည်း အကောင်းမြင်တတ်တဲ့ နည်းလမ်းတွေ စိတ်သဘောထားတွေ ပေးစွမ်းနိုင်ဖို့ အရေးကြီးပါတယ်...... Now / ယခု ************ မိမိသည် ဘယ်အရာ ဘာအလုပ်ကိုပဲ လုပ်လုပ် ယခုအချိန်သည်သာလျှင် အရေးကြီးဆုံးဖြစ်ပေသည် သင်ဘယ်သောအခါကမှ မစတင်ခဲ့သော အလုပ်တစ်ခုကို ယခုအချိန်ကစ၍ လုပ်ဆောင်မည်ဆိုလျှင် သင် နောက်ကျတဲ့သူ မဖြစ်သေးပါ သင့်အနေဖြင့် ယခုစတင်ပြီး မလုပ်ခြင်းကသာ နောက်ကျခြင်း ဖြစ်ပေသည် အဓိကအရေးကြီးတာက သင်စလှမ်းမယ့် ခြေတစ်လှမ်းပါပဲ ယနေ့အောင်မြင်နေသော ပုဂ္ဂိုလ်တိုင်းသည် ခုန်ပျံကျော်လွှား၍ အောင်မြင်မှုတောင်ထိပ်သို့ ရောက်လာခြင်းမဟုတ် ယခုဆိုတဲ့ ခြေတစ်လှမ်းက စတင်ခဲ့ခြင်း ဖြစ်ပေသည် သင်သာ ယခုအချိန်က သင်ယူလေ့လာမှုတွေ ပြုလုပ်တော့မယ်ဆိုလျှင် မဝေးတော့တဲ့အနာဂတ်မှာ NOW ယခုအချိန်ဆိုတဲ့ တန်ဖိုးလေးကို နားလည်လာမှာ သေချာပါတယ် ....... Zaw Zaw Myit

Share this

Related Posts

Previous
Next Post »