လူကြီးတွေက လူငယ်တွေကို “ မင်းတို့ငယ်ပါသေးတယ်.. ငါတို့လောက် အတွေ့အကြုံ မရှိသေးဘူး”
လူငယ်တွေက လူကြီးတွေကို “ ဗဟုသုတမရှိ.. နည်းပညာမသိတဲ့ လူအိုတွေ”
ဒီလိုနဲ့ပဲ လူကြီးနဲ့ လူငယ် ပဋိပက္ခ စ ပါတော့တယ်..။
လူကြီးတွေက သူတို့ သိပြီး တတ်ပြီးသား တွေကို အထိမခံ သလို လူငယ်တွေကလည်း လူကြီးတွေ နားမလည်နိုင် .. လက်လှမ်းမမီတော့တဲ့ ပညာရပ်တွေကို အသုံးချပြီး သူတို့ရဲ့ အတတ်ပညာကို ပြဖို့ ကြိုးစား..။
ခေတ်သစ်တစ်ခေတ်ကို ထူထောင်ကြတဲ့ အခါ သမားရိုးကျ နည်းလမ်းတိုင်းဟာ အသုံးမကျ တော့ဘူး လို့ လဲ မထင်ကြပါနဲ့..။ နည်းသစ်တိုင်းဟာ ကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်လိမ့်မယ် လို့လဲ မထင်ပါနဲ့.။
C & C ဆိုတာ အရင်တုန်းက Command and Control လို့ အဓိပ္ပါယ် ဖွင့်ခဲ့ကြတယ်..။ (တကယ်လဲ အသုံးတည့်ခဲ့တယ်)
ဟုတ်တာပေါ့ အရင်က စစ်တိုက်တဲ့ အခါ အမိန့်နဲ့ကွပ်ညှပ်ရတာလေ..။ လူလူချင်းယှဉ် သတ္တိချင်း ခွန်အားခြင်း ယှဉ်ရတာလေ..။ တက်ဆိုတက် တိုက်ဆိုတိုက် ဆုတ်ဆိုဆုန် တသွေးတသံတမိန့်။
အခုလဲ C & C ပဲ.. ဒါပေမယ့် အဓိပ္ပါယ် ဖွင့် တဲ့အခါ ကျတော့ Collaboration and Cooperation လို့ ဖွင့်နိုင်သွားပြီ..။ စစ်ပွဲ တစ်ခုကို တိုက်ရာမှာ သုံးတာပါပဲ..။ အခု အခါ စစ်တိုက်မယ့် စစ်ဗိုလ်က တာဝန်ယူမှုက အဓိကဖြစ်သွားပြီ..။ ဒုံးကျည်တင်ထားတဲ့ မောင်းသူမဲ့ Drone တွေကို ထိန်းကျောင်းတဲ့ စစ်ဗိုလ်က စစ်မြေပြင်မှာ မဟုတ်တော့ဘူး..။ အအေးခန်းထဲမှာ ကော်ဖီသောက်ပြီး ခလုပ်တွေကို ထိန်းကျောင်းနေပြီ..။ သူတိုက်ပွဲဝင်နိုင်ဖို့ မြေပြင်က တပ်မှူးရဲ့ cooperation လိုတယ်..။ အဲဒီလို မဟုတ်ရင် မှုားပြီး ပစ်နိုင်တယ်..။ ဒီလို တိုက်ပွဲမျိုးမှာ Collaboration နဲ့ Cooperation မရှိလို့မရဘူး.။ ဒါကြောင့် အဟောင်း တွေကို ခါးခါးသီးသီးငြင်းပယ် စွန့်ပစ်မယ့် အစား မွမ်းမံ ပြင်သုံးကြည့်ကြရအောင်..လား..။
ချစ်ခင်စွာဖြင့်
ကောင်းလွန်း