မွေးမြူရေးသမားများအတွက် နေပီယာ (Napia) မြက်
=====================================
-- မွန်မြတ်စံ --
ကျွဲ၊နွား၊သိုး၊ဆိတ် အစရှိသည့် စားမြုံ့ပြန်သတ္တဝါများ (Ruminants) သည် နေ့စဉ်အစာနု(concentrate) ၄၀ ရာခိုင်နှုန်း နှင့် အစာကြမ်း (fodder) ၆၀ ရာခိုင်နှုန်း အချိုးကျကျွေးရန် လိုအပ်သည်။ယနေ့ခေတ်တွင် ဖွဲနု၊ဂျုံ၊ပဲဖတ်၊နှမ်းဖတ် အစရှိသည့် သီးနှံထွက် အစာနုများကို စနစ်တကျစီမံပြီး အစာနု(၂၀) ရာခိုင်နှုန်း၊ အစာကြမ်း (၈၀) ရာခိုင်နှုန်း ဖြင့် မွေးမြူရေး
နယ်ပယ်တွင် ကျွေးလာကြသည်။ ထို့ကြောင့် မွေးမြူရေးသမားများ အနေဖြင့် အစာချက်လိုအပ်ချက်နှုန်းသည် ပိုမိုတိုးလာသည်။ ထို့ပြင် မြေလွတ်
မြေရိုင်း မြေကွက်လပ်များတွင် စားကျက်မြေ ဧရိယာ ကြီကြီးမာမား မလိုအပ်ပဲ အရည်အသွေး ကောင်းမွန်သော စိုက်ပျိုးပြီ ဖြစ်ထွန်း အောင်မြင်သော အစာစိမ်းပင်များ စိုက်ပျိုးရန် လိုအပ်လာပါသည်။
မြန်မာနိုင်ငံရှိ ရေ၊မြေ၊ရာသီဥတု တွင် ကောင်းစွာစိုက်ပျိုး အောင်မြင်နိုင်သော
မြက်မျိုးများရှိသည်။ ယင်းတို့ အနက် နေပီယာ မြက်မျိုးသည်(Napia) အာရှ နှင့် အာဖရိက ဒေသများတွင် အင်မတန်မှ စိုက်ပျိုးဖြစ်ထွန်းသော မြက်မျိုး ပင်ဖြစ်သည်။နေပီယာမြက်ကို ဆင်မြက်(Elephant Grass) ဟုလဲ
ခေါ်ကြသည်။နေပီယာ မြက်မျိုးသည် ရှည်ပြီးပြားသော အရွက်
သဏ္ဌန် မြက်များဖြစ်သည်။ကြံရွက်နှင့် ဆင်သည်။သို့သော် ကြံရွက်ကဲ့သို့ မကြမ်း ၊မရှပေ။နူးညံ့ပြီး ကျွဲ၊နွားများ အတွက် စားချင်စဖွယ် နံ့၊ကောင်းမွန်သော အရသာ ရှိသည်။ နေပီယာမြက်မျိုးများတွင် များစွာသော မျိုးကွဲများရှိသည်။ Pennisetum purpureum spp.၊Napia 21 အစရှိသည့်
မြက်မျိုးများသည် မြန်မာပြည်တွင် အများဆုံး စိုက်ပျိုး ဖြစ်ထွန်းကြ
သည်။နေပီယာမြက်မျိုးများသည် အမြစ် တွယ်မှု ကောင်းပြီး ရာသီဥတုဒဏ် ခံနိုင်ရည်ရှိကြသည်။
နေပီယာမြက်မျိုးများသည် အခြားသော အစာကြမ်း များထက် ပရိုတိန်းရာခိုင်နှုန်း၊အမျှင်ဓာတ်၊လစ်ဂနင် ရာခိုင်နှုန်း ပိုများစွာ
ပါဝင်သောကြောင့် စားမြုံ့ပြန်သတ္တဝါများ ကို နေပီယာမြက် အစာကြမ်းကျွေးခြင်း ဖြင့် အာဟာရပိုမိုရရှိသောကြောင့် အသား
တိုးနှုန်း၊နို့ထွက်နှုန်း ပိုမို တိုးတက်ကောင်းမွန်လာနိုင်သည်။နေပီယာ
မြက်မျိုးများတွင် ပရိုတင်းဓာတ် ပါဝင်မှုနှုန်းမှာ ပျှမ်းမျှ ၁၀-၁၃ ရာခိုင်နှုန်း ရှိကြောင်းသိရသည်။
နေပီယာမြက်မျိုးများကို မျိုးစေ့များမှ အပင်ဖေါက်ပြီး စိုက်ပျိုးနိုင်သည်။ ထို့အပြင် စိုက်ပျိုးထားပြီး၊ ရိတ်သိမ်းထားပြီးသော နေပီယာမြက်မျိုးများ၏ ပင်စည်အဆစ်များကို ဖြတ်တောက်၍လည်း စိုက်ပျိုး နိုင်သည်။ ကြံပင်ကဲ့သို့ပင် အဆစ်တိုလေးများကို မြေမြုပ်ပြီး ထပ်မံချဲ့ထွင် စိုက်ပျိုးနိုင်သည်။
နေပီယာမြက်ပင်များနှင့် ပဲနွယ်ပင်များကို တဘောင်စီ ယှဉ်တွဲ
စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးမည့် မြေဆီလွှာကိုလည်း မစိုက်ခင် ထွန်ယက်ခြင်း၊ ပေါင်းသင်ခြင်း၊မြေသြဇာကျွေးခြင်း အစရှိသည်ဖြင့်
မြေဆီလွှာပြုပြင်ပြီး စိုက်ပျိုးပါက မြက်ပင်များ ပိုမို ကြီထွား
မည်ဖြစ်သည်။ပုံမှန်အားဖြင့် မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်
ရေလောင်ပေးရမည်။ နေပီယာမြက်ပင်များကို ၆-၇ ပတ်သားတွင် ရိတ်သိမ်းပြီး ကျွေးနိုင်သည်။
ယခုကဲ့သို့ ပူပြင်းသောနွေရာသီ တွင် စားကျက်မြေများရှားပါး
လာခြင်း၊ပူပြင်းခြေက်သွေ့လာခြင်း တို့ကြောင့် အစာကြမ်းများကို လတ်ဆတ်စွာ၊အာဟာရအရည်အသွေး ပြည့်မှီစွာ ၊အရသာရှိစွာ ကျွေးနိုင်ရန် ခက်ခဲ လာကြသည်။ အစာကြမ်းများကို နွေရာသီများတွင်လဲ မူလအာဟာရဓာက်များအတိုင်း မလျော့ဘဲ ပေါများ စွာ ကျွေးနိုင်လျှင်
မွေးမြူရေးသမားများနှင့် တောင်သူလယ်သမားများအတွက် လွန်စာအကျိုးရှိမည်ဟု ထင် သည်။ထို့ကြောင့် အစာကြမ်း(အစာစိမ်း) ဥပမာ မြက်၊ပြောင်းပင် အစရှိသည် များကို “မြက်ချဉ်ဖတ်”တည် ပြီးကျွေးပါက အာဟာရတန်ဖိုးများကို ပြည့်ပြည့်ဝဝ ကျွေးနိုင်မည်။
“မြက်ချဉ်ဖတ်တည်နည်း”သည် အလွန် ရိုးရှင်းလွယ်ကူပြီး လွန်စွာ
ကောင်းကျိုးပြုသော နည်ပင်ဖြစ်သည်။ မြက်(သို့)အစာကြမ်း၊အစာစိမ်းများကို သင့်တော်သည့် အရွယ်အစား အဖြစ် ဖြတ်တောက်ပြီး လေလုံ ပလတ်စတစ်အိတ် (သို့)လေလုံဆလင်ဒါပုံး၊အဖုံးပါ ကော်ပုံးများထဲကို
လေမဝင်အောင် သိပ်ထည့် ပေးပါ။လေမခိုအောင် အထူးဂရုပြုရမည်။
ထို့နောက် လုံနေအောင်ပိတ်ပါ။ အိတ်ဆိုလျှင်လည်း ကြိုးဖြင့် စည်းနှောင်ရမည်။နောက်ဆုံးတွင် ခြောက်သွေ့သော၊နေမပူသော
နေရာမျာတွင် သိုလှောင်ထားပါ။ လိုအပ်သလောက် ပမာဏများကို အိတ်များဖြင့် သိုလှောင်ထားနိုင်သည်။ထို့နောက် မူလအာဟာရ တန်ဖိုအတိုင်း အလွယ်တကူ ထုတ်ယူကျွေးနိုင်သည်။အထူးဂရုပြုလုပ်ဆောင်ရမည်မှာ
မြက်ချဉ်ဖတ် သိပ်စဉ်တွင် လေမဝင်စေရန်နှင့် လိုသလောက်ထုတ်ယူ
ကျွေးမွေးပြီးလျှင်လဲ လေမဝင်အောင် ပြန်လည် ထုတ်ပိုးရန်ပင် ဖြစ်သည်။
သို့ဖြစ်ပါ၍ မွေးမြူရေးသမားများ အနေဖြင့် နေပီယာမြက်များကို စိုက်ပျိုးပြီး မြက်ချဉ်ဖတ်တည်ကာ နွေရာသီ အထိပါ စားကျက်မြေအကျယ်ကြီး မလိုအပ်ဘဲ အရသာရှိသော၊လတ်ဆတ်သော၊အာဟာရ တန်ဖိုး မြင့်သော အစာများကို သိုလောင်ကျွေးမွေးနိုင်သောကြောင့် နေပီယာမြက်စိုက်ပျိုးရန်
နှင့် အလွန်အသုံးဝင် သော အာဟာရတန်ဖိုး ထိမ်သိမ်းနိုင်သည့် မြက်ချဉ်ဖတ် တည်နည်း အကြောင်းကို မွေးမြူရေးသမားနှင့် တောင်သူလယ်သမားများ ၏ ကောင်းကျိုးကို မျှော်ကိုး၍ အကြံပြုရေးသားလိုက်ပါသည်။
မွေးရေ/ကျေးလက်'s photo.
Share this