စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်အံ့။

စိုက်ပျိုးရေးဖြင့် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတည်ဆောက်အံ့။ ကျွန်တော်ကို တောင်သူတွေ မေးနေကျ မေးခွန်းက ပိုးကျလာရင် ဘာဆေးဖျန်းရမလဲ။ ကျွန်တော် ပြန်မေးတတ်တဲ့ မေးခွန်းကလဲ ဆေးဖျန်းတိုင်း ပိုးတကယ်နိုင်ရဲ့လား။ ဒီမေးခွန်း၂ခုက အကြောင်းအရာတူပေမယ့် မေးခွန်းက ဆန့်ကျင်ဘက်ဖြစ်နေတတ်တယ်။ သူတို့ ကျနော့်ကို အင်း အဲ ဆိုပြီး ငြိမ်သွားတတ်တယ်ဗျ။ ဒီလိုမေးခွန်းနဲ့ နေရာတိုင်းမှာ တန်ပြန်မေးခဲ့ပေမယ့် အခုချိန်ထိ စိတ်တိုင်းကျတဲ့ အဖြေကို မရခဲ့ဖူးပါဘူး။ တကယ်ကို စိတ်မကောင်းစရာပါ။ ကျွန်တော်တို့နိုင်ငံဟာ စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဆိုပြီး လေတလုံး မိုးတလုံးသာလုပ်နေတယ် စိုက်စနစ် နည်းပညာအလေ့အထ တွေက ခေတ်နောက်ကျနေသလို ဗရမ်းပတာ ဖြစ်နေတယ်လို့ မြင်လာမိတယ်။စိုက်ပျိုးရေး ဝန်ထမ်းတွေမှာ တောင်သူကြားထဲ ကွင်းဆင်းဖို့ထက် မရောင်ရာဆီလူး အထက်ကပေးတဲ့ တာဝန် ဝတ္တရားတွေမှာ နစ်မွန်းနေသလို ရွာဆင်းဖို့ ကွင်းဆင်းဖို့တောင် ဆီဖိုး ဌာနက ထုတ်မပေးနိုင်တဲ့အခြေနေ။ ဝန်ထမ်းတွေမှာ အပြစ်မရှိပါဘူး။ထိပ်ဆုံးက ဘာမှမသ်ဘဲ ခိုင်းနေတဲ့လူနဲစုမှာ တာဝန်ရှိပါတ်။စိုက်ပျိုးရေးကဏ္ဏဆိုပီး Mtv skynet က လာတော့လည်း ကုမ္ပဏီ ပရိုမိုးရှင်းလုပ်သလောက်ပဲရှိ ယူစရာ နည်းပညာ ကနဲ ။စနစ်တွေ တည်ထောင်တော့ အကျိုးထိရောက်ဖို့ တကယ်လုပ်တော့ effiency ဖြစ်ပြီး အဆိပ်ဖြစ်တဲ့အဆင့်။တကယ်တော့ တောင်သူတွေဆီမှာ ပိုးကျဆေးဖျန်း ရောဂါဖြစ် ဆေးဖျန်း ဘာပိုးကျလို့ ဘာလုပ်ရမှန်းမသိတဲ့အခြေနေ။ စိုက်ပျိုးရေးအသိပညာ ဖွံ့ဖြိုးမှုကနည်း အချို့အချို့သောလူတွေက စပါးစိုက်မွဲမယ် ဘာစိုက်ဆိုတဲ့ အပင်ဆိုလို့ မြက်ပင်တောင်မမြင်ဖူးပဲ လျောက်ဖွ။ ကျနော် ဧရာဝတီဘက်မှာ စပါး ပဲ မျိုးပြသနာတွေရှိတာမြင်လို့ ဓနုဖြူတောင်သူ ဆယ်ရောက်လောက်ကိုရွေးပြီး မျိုးကောင်းမျိုးသန့်စိုက်ခိုင်းခဲ့တာ အခုဆို သူတို့ကိုယ်တိုင် မျိုးပြောင်းလဲခြင်းအရသာကို တွေ့နေရပြီ။ သူတို့က မျိုးအသစ်ပြောင်းလဲချိန်မှာ ဆေးဖျန်းရတာ သက်သာသလို အထွက်ကလဲ သိသိသာသာ တိုးလာတယ်။ရိုးရိုးစပါး ရောင်းရင် ၈သိန်း မျိုးရောင်းရင် ၁၀သိန်းဈေး မျိုးပဲ ရောင်းမယ်တဲ့။၃နှစ်တခါ မျိုးပြောင်းပြီး စိုက်မယ်ဆိုပါတယ်။ဒီလိုဆိုရင် စပါးစိုက်တာ မွဲအုံးမလားဗျာ။ မသိပဲ တတ်ရောင်ကားလုပ်ပြီး လျောပ်မပြောသင့်ပါဘူး။ကျေးဇူးပြု၍ ထင်ရာမပြောပါနဲ့ တောင်းပန်ပါတယ်။ထင်ရာပြောတိုင်း လျောက်ပြောနေမယ် ဆိုလျှင် စိုပ်ပျိုးရေးတက္ကသိုလ် စိုက်ပျိုးရေးဒီပလိုမာဆိုတဲ့ကျောင်းတွေ ထားစရာကိုမလိုပါဘူး။ ဆေးဖျန်းတိုင်းသာ နိုင်မယ်ဆိုရင် မတ်ပဲ ပဲတီစိမ်းမှာကျနေတဲ့ ယင်ဖြူ ငမြောင်တောင်ကို နိုင်အောင် သတ်ကြည့်ပါအုံး။စိုက်စနစ် အလေ့အထ ကောင်းများ မပါပဲနဲ့ ဆေးသာကုန် လူသာပမ်း အထွက်က မတိုး ပဲဖြစ်နေပါလိမ့်မယ်။ ကျွန်တော် ရေးတဲ့စာသည် မည်သူတဦးတယောက်ကိုမှ ရည်ညွှန်းခြင်းမရှိပါ။Senior ,Junior BAgများ မျက်စိနောက် အနှောင့်အယှက်ဖြစ်ပါက တောင်းပန်ပါတယ်။ Khant Zaw Htet

Share this

Related Posts

Previous
Next Post »