GBK News..(1)

‘‘ ကျောင်းထောက်ပံ့ကြေးများ ထောက်ပံ့ရေးအစီအစဉ် အကောင်အထည်ဖေါ်ရေး မြို့နယ်အဆင့်ဆွေးနွေးပွဲ ကျင်းပ’’
ကြို့ပင်ကောက်                                                                                                                          ဇွန်(၂၃)
            ပဲခူးတိုင်ဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ Decentralized Fundings to School Project ကျောင်းထောက်ပံ့ကြေးများ ထောက်ပံ့ရေးအစီအစဉ် အကောင်အထည်ဖေါ်ရေး မြို့နယ်အဆင့်လုပ်ငန်းဆွေးနွေးပွဲအခမ်းအနားကို ဇွန်လ(၂၃)ရက်နေ့ နံနက်(၈:၃၀) နာရီက အ.ထ.က ကြို့ပင်ကောက် ရွှေညီလာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
            အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဆရာကြီးဦးသောင်းရွှေမှ အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးသန်းလွင်မှ လုပ်ငန်းဆွေးနွေးပွဲနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြော ကြားခဲ့သည်။
            အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန၊ တိုင်းလက်ထောက်ကြီးကြပ် ဦးမျိုးဇော်ထွန်းနှင့် ဒေါ်ဖြူမီမီစိုး၊ ခရိုင်ဦးစီးအရာရှိ ဒေါ်မိုးသော်တာ၊ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊  လက်ထောက်ပညာရေး မှူး၊ စာရေး(၃)တို့ကတက်ရောက်ပြီး၊ အထက်တန်းကျောင်းအုပ်၊ အလယ်တန်းကျောင်းအုပ်၊ မူလတန်း ကျောင်းအုပ်၊ ဆရာ၊ ဆရာမ(၁၆၃)ဦးအား ကမ္ဘာ့ဘဏ်မှ အတိုးမဲ့ချေးငွေ အမေရီကန်ဒေါ်လာ သန်း(၈၀)နှင့် သြစတေးလျနိုင်ငံ Multi Donar Trest Fund(MDTF) မှ အမေရီကန်ဒေါ်လာသန်း(၂၀)စုစုပေါင်း၊ သန်း(၁၀၀)ဖြင့် အကောင်အထည်ဖေါ်ဆောင်ရွက်မည့် အခြေခံပညာအဆင့်၊ ကျောင်းသား၊ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေားချီးမြှင့်ရေး၊ စမ်းသပ်အစီအစဉ်နှင့်ကျောင်းထောက်ပံ့ကြေးပေးရေး အစီအစဉ်များကို ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရေး အစီအစဉ်အကောင်အထည်ဖေါ်မည့် အဆင့်အလိုက် တာဝန်ယူ ဆောင်ရွက်ရမည့် ဆရာ၊ဆရာမ(၁၆၃)ဦး တို့ကို ဇွန်လ(၂၃၊ ၂၄၊ ၂၅) (၃)ရက်ပို့ချပေးမည်ဖြစ်ကြောင်း သတင်းရ ရှိသည်။

Post By: Ko Zayar Tun

Share this

Related Posts

Previous
Next Post »