မတ်ပဲ (Black Bean) ဈေးကွက်အခြေအနေ

အိန္ဒိယနိုင်ငံတွင် ရာသီ ဥတုဖောက်ပြန်မှုကြောင့် ပဲမျိုးစုံ လက်ကျန်နည်းသဖြင့် ၂၀၁၆ ၌ အသစ်ပေါ်မည့် မြန်မာနိုင်ငံမှ ပဲ များ ဈေးကောင်းရနိုင်သည်ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန် သည်အသင်းမှ သတင်းရရှိသည်။ အိန္ဒိယနိုင်ငံသည် မြန်မာ နိုင်ငံမှ အဓိက၀ယ်ယူနေသော ဆောင်းရာသီ စိုက်ပျိုးမည့် မတ်ပဲ၊ ပဲစင်းငုံတို့သည် မြန်မာပြည် တွင်း၌ လက်ကျန်နည်းနေသဖြင့် အသစ်ထွက်လာချိန်၌ တောင်သူများ ဈေးကောင်းရမည်ဟု အထက်ပါအသင်း အထွေထွေ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။‘‘အိန္ဒိယအ၀ယ်နဲ့ ပြည်တွင်း စက်ရုံက အ၀ယ်ကြောင့် ရှေ့ပိုင်း မှာ ထွက်တဲ့ ပဲဆိုရင် ပိုပြီးဈေး ကောင်းရနိုင်တယ်’’ဟု ဦးမင်းကို ဦးက ဆိုသည်။ လက်ရှိပြည်တွင်းဈေးကွက် တွင် ပဲစင်းငုံ လက်ကျန်မရှိဘဲ မတ်ပဲလက်ကျန်သာ အနည်းငယ် ကျန်ရှိနေသည်။ မျိုးပဲများအတွက်ရောင်းချပေးနေရခြင်းကြောင့် ပြည်ပသို့ မတ်ပဲရောင်းချမှုမှာ မကြာမီ ကုန်ဆုံးသွားနိုင်သည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင် မှ ပဲကုန်သည် တစ်ဦးက ပြော သည်။ နိုဝင်ဘာလဆန်းပိုင်းမှ စ တင်၍ အိန္ဒိယအစိုးရအား ပြည်တွင်း၌ ပဲမျိုးစုံဈေးနှုန်းမြင့်တက် နေမှုကို ထိန်းချုပ်ရန် ဥပဒေထုတ်ပြီး ဂိုဒေါင်များကို လိုက်လံစစ် ဆေးနေသော်လည်း ဆောင်းရာသီ စိုက်ပျိုးသည့် မတ်ပဲကို အိန္ဒိယကုန်သည်များက တစ်တန်လျှင် FOB (သင်္ဘောပေါ်ရောက် ဈေးနှုန်း) ကန်ဒေါ်လာ ၁,၄၅၀ ဖြင့် ကြိုတင် ၀ယ်ယူမှုများရှိခဲ့သည်။ လက်ရှိတစ်ဒေါ်လာလျှင် ၁,၂၈၃ ကျပ်ဖြင့်တွက်ပါက တစ်တန်လျှင်ကျပ် ၁၇ သိန်းခန့် ဈေးရှိနေ ကြောင်း သိရသည်။ လက်ရှိတွင် ပြည်တွင်း၌ ဆောင်းပဲစိုက်ပျိုးသည့် ရာသီဖြစ် ပြီး မျိုးပဲမတ်ပဲတစ်တင်းလျှင်ကျပ် ၇၅,၅၀၀ ဈေးရှိနေကြောင်း ကုန် သည်များထံမှ သိရသည်။ ပြည်သိမ်း

Share this

Related Posts

Previous
Next Post »