စိုက်ပျိုးရေး ကဏ္ဍတွင် တိုးချဲ့ပညာရေး၏ ကိုယ်တွေ့ ဖြစ်ရပ်များ

စိုက်ပျိုးရေး ကဏ္ဍတွင် တိုးချဲ့ပညာရေး၏ ကိုယ်တွေ့ ဖြစ်ရပ်များ Extension သည် တိုးချဲ့ခြင်းဟု ဆိုလိုသည်။ စိုက်ပျိုးရေး ကဏ္ဍတွင် တိုးချဲ့ပညာ ပေးရေး ဆိုသည်မှာ “စိုက်ပျိုးရေး နည်းပညာ များကို ကျယ်ပြန့်စွာ သိရှိ နိုင်အောင် ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း”ဟု ဖွင့် ဆို၏။ Agricultural Extension စိုက်ပျိုး ပညာပေးရေး ကဏ္ဍသည် ဘာသာရပ် တစ်ခုသ ဖွယ် နက်နဲ ကျယ်ဝန်း၏။ သီးနှံစိုက်ပျိုး ထုတ်လုပ်သူများအားလုံးကို သီးနှံစိုက်ပျိုး ထုတ်လုပ်ခြင်းနှင့် ပတ်သက်ဆက်စပ်နေ သော နည်းပညာရပ်များ နှံ့ စပ်သိကျွမ်းလာ လျက် အရည်အသွေး၊ အရေအတွက် ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရန် ရည်ရွယ် ချက်ဖြင့် ပညာပေး လုပ်ငန်းများ ဆောင်ရွက် ခြင်းပင် ဖြစ်၏။ ကမ္ဘာ့ဘဏ် အကူအညီဖြင့် Paddy (1)(2) စီမံကိန်း ကာလ အတွင်း လယ်ယာ မြေဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်ဖြင့် ရေ ကာတာ၊ ရေ တံခါးများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်သည်နှင့် အတူ စိုက်ပျိုးပညာ ပေးခြင်း လုပ်ငန်းစဉ်လည်း တစ်ဟုန်တိုး ပြုလုပ်ခဲ့ကြ၏။ T & V ခေါ်သော Training & Visiting လေ့ကျင့် ပညာပေးခြင်း လုပ်ငန်းစဉ် များကို ကျေးရွာများ အနှံ့ ကွင်းဆင်း လှည့်လည် ပညာပေး ခဲ့ကြ၏။ အထူး အထွက်တိုး စပါးစိုက်ပျိုးနည်းစနစ် ၁၀ ချက်အား ဖော်ထုတ်လျက် ၀န်ထမ်းများကိုယ် တိုင် တောင်သူ့အိမ်အရောက် ဓာတ်မြေ သြဇာများကို ထမ်းပိုး သယ်ပိုးရင်း ကြိုးတန်းဆွဲ ကောက်စိုက် ပေးခဲ့ကြ၏။ အာဏာပိုင် အဖွဲ့အစည်း၏ ပံ့ပိုးမှု၊ ဌာန၏ လားရာမှန်ကန်မှုဖြင့် ရွေ့ခဲ့ကြသည်မှာ အားရစရာ အလွန် ကောင်း၏။ နွံထဲမှ လှည်းဘီးကို ပြိုင်တူတွန်းခဲ့ ကြသည်။ ဗါမငခကူအကမေူ နထအနညျငသည ရွှေ ရောင်ကာလများဖြစ်ခဲ့၏။ ကုန်လွန်ခဲ့ပြီး သော ကာလ အကြောင်းတရား အမျိုးမျိုးတို့ ကျော်လွန်ပြီးသည့် ယခု အချိန်တွင် Agricultural Extension သည် မြေပဒေသာ စိုက်ပျိုးရေး ပြတိုက် အတွင်း၌သာရှိတော့၏။ အထက်ဖော်ပြပါ အတိတ်ကာလ အကြောင်း အမျိုးမျိုးတို့ကို မဖော်ပြလို သော်လည်း ကွင်းဆက်ပြတ်မသွာစေခြင်းငှာ အရိပ်အမွှက်မျှ ဖော် ပြလိုက်ပါမည်။ ကုန်လွန် ခဲ့သည့် ကာလများတွင် “ကိန်းဂဏန်း”သည် အဓိကဖြစ်၏။ တိုးတက်မှုသည် အပေါင်းလက္ခာကိုဆောင်ရမည်။ ရလဒ် ကို ဂဏန်းဖြင့် ပြကိုပြနိုင် ရမည်။ Aerial Extension ဆိုသည့် စိုက်ဧကတိုးချဲ့ရေး တွင်လည်း ပညာပေးသမားတို့ပါ၏။ အဲဒီအရင် ကလည်း “ပူးတွဲ-၄” ကြောင့် စိတ် ဖောက် ပြီး ဆေးရုံတက်၊ ဆေးရုံမှ အော်ဟစ်ထွက် ပြေးရသူပင်ရှိခဲ့ဆို၏။ နောက်ပိုင်း စိုက်ဧကတိုးဖို့ လုပ်ကြ ပြန်တော့လည်း ဆိုခဲ့သည့်အတိုင်း စိုက်၊ ကြပ်ဆိုသည့် သူခိုးသေဖော်ညှိအဖွဲ့ အတွင်း ထိပ်ပိုင်းခေါင်းဆောင်ဖြစ်ခဲ့၏။ ဌာနအစည်းအဝေးများ၌ ရှေ့တန်းက နေရာရ၏။ အရေးပါ၏။ သို့သော် အရာ ကား မရောက်။ “ အစိုးရတစ်ခု လွှဲပြောင်းပေးခဲ့ ရကာ စိုက်ပျိုးရေးကြောင့်”ဟုပင် လက်ညှိုး ထိုးခံခဲ့ရ၏။ ပညာရှင်များ ရင်နာတတ်လျှင် သေအပ်၏။ စင်စစ် အသုံးချခံခဲ့ရခြင်းသာ ဖြစ်၏။ ပညာရှင်အလုပ် ပညာရှင် မလုပ်၊“ ပြင်” လိုက်ကြ “ ညာ” လိုက်ကြနှင့် နည်းပညာကို “အရှင်”ထား၍ ကစားခဲ့ခြင်းသာ ဖြစ်၏။ တဖြည်းဖြည်းနှင့် စိုက်ဧကလည်း တိုးစရာမရှိ။ ဧရိယာတိုးချဲ့ရေးတွင်လည်း တာဝန်ခံခဲ့ရပြီး၊ လက်ညှိုးထိုးခံခဲ့ရခြင်း အဖတ်တင်ခြင်း သိရှိလာခဲ့သည့် နောက် “တစ်ဧက အထွက်နှုန်းတိုးရေး” သည်သာ တို့နှင့်ဆိုင်သည်ဟု (တာဝန်ကို အမိန့်ဖြင့် ပေးသူကလည်းပေး၊ ယူသူကလည်းယူဖြင့်) ပခုံးပြောင်း လွှဲအပ်တာဝန်ယူခဲ့ကြပြန်၏။ ထိုအခါ လေထဲမှ နည်းပညာများကှိုညအနမညနအ မှိသတညူသေိ လုပ်လျက် မအောင် မြင်သောနည်း ပညာများကို ကြော်ငြာရင်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် များတွင် လက်စွမ်းပြကြ၏။ အမှန်စင်စစ် လယ်သမားပညာပေးဖို့ အတွက် တိုင်းဒေသကြီးအကြီးအကဲ အတွက် Televise အရေးကြီးသည့် ခေတ် ဖြစ်၏။ လယ်သမား နားလည် လည်၊ မလည်လည်၊ တိုင်းအကြီး အကဲကြိုက်ရင် ပြီး၏။ (တိုင်းအကြီး အကဲလည်း နားမလည်ပါ။) LCC (leaf color chart) ဆိုလျှင် စီကြ၏။ ဆိုင်းဘုတ်ကြီးများ အလံ တလွင့်လွင့် ဖြင့် ဝေဆာတင့်တယ်၏။ မြေသြဇာစမ်းသပ်ကွက် RTOP ဆိုလျှင်လည်း R ကြပြန်၏။ တိုင်းတစ်တိုင်းတွင် တိုင်းအကြီးအကဲ တိုင်းခန်းလှည့်လည် စဉ် ထောင်ထားသော ဆိုင်းဘုတ်များကို အင်္ဂလိပ်လိုရေး ထားသည့်အတွက် လယ်သမား နားလည်အောင် မြန်မာပြန်ရေးရန် ညွှန်ကြား၏။ ထို့ကြောင့် နောက်တစ်ကြိမ် ခရီးစဉ် တွင် မြန်မာပြန်ထား၏။ ထိုအခါ ပိုဆိုး သွား၏။ မြန်မာပြန်တော့မှ ရှင်းရှင်းလင်း လင်းသိသွားသော တိုင်းအကြီး အကဲက ၎င်းနည်းပညာ အသုံးမတည့်ဟုဆိုသဖြင့် ထိုပုဂ္ဂိုလ်ရှိနေသ၍ မပြသရဲတော့။ အမှန် မှာ မြေသြဇာစမ်းသပ်ကွက်များ လုပ်ပြခြင်း ဖြစ်သည်။ ယူရီးယား(ပုလဲ)မပါလျှင် အထွက်နှုန်းမည်မျှထွက်သည်ကို စမ်းသပ် သည့်အကွက်၌ “ပုလဲမပါ ”ဟု မြန်မာပြန် ကာမှ “ ပုလဲမပါရင် ဘယ်ထွက်မလဲ၊ ဒါ များ စမ်းနေရသေးတယ်”ဟုဆိုပြီး ၎င်း နည်းပညာ ကျဆုံး သွားခြင်း ဖြစ်သည်။ နောက်တစ်ခုရှိသေး၏။ မြန်မာပြည် တွင် ကြဲခင်းများ၏။ လူကြီး မကြိုက်ကြ၊ စိုက်ခင်း လုပ်ရအောင်လည်း လယ်သမားက မတတ်နိုင်။ ထို့ကြောင့် ကြဲခင်းများ အတန်းလိုက်ဖြစ်စေရန် အလို့ငှာ ကြိုးတန်းဆွဲ၍ လက်ဖြင့် အစေ့ချကြသည်ကို နည်း ပညာကို ဖြန့်ဝေကြ၏။ တောင်ပေါ်မြေ ပြန့် မခွဲခြားဆို သကဲ့သို့ ဆည်ရေသောက်၊ မိုး ကောင်းသောက်မခွဲခြား တပြေးညီလုပ်ပြ ကြပြန်၏။ တိုင်းအကြီးအကဲတစ်ဦး လှည့်လည် မည့်ခရီးစဉ်၌ ထုံးစံ အတိုင်း ပြပွဲလုပ်၏။ မျိုးစေ့ချချိန် လူကြီးက ကျော်သွား၏။ အပြန်မှဝင်၏။ ထိုအခါ ကိုရွှေမိုးက ပညာပေးလိုက် သဖြင့် အတန်းလိုက်ချထားသော စပါးစေ့များ ပေါလောပေါ် နေ၏။ တိုင်းအကြီး အကဲက အမိန့်ချ၏။ “ထိုနည်းပညာသည် လယ်သမား ဒုက္ခရောက်မည့် နည်းပညာ”ဟုဆိုလေသောကြောင့် ထိုအကြီးအကဲ ရှိနေသမျှ မပြရဲတော့။ တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့ အပြား ထိုအဖြစ်အပျက်မျိုးတို့ ကြုံလေခဲ့ ကြပေမည်။ နောင်တစ်ချိန်ချိန် နှီးနှော ဖလှယ်ပွဲမျိုးတွေတောင် လုပ်ကြ ဖို့ကောင်း သည်။ ဌာနသည် ပညာကို ထိပ်ပိုင်းအား အလွန်ပေးချင်၏။ စိုက်ပျိုးရေးခေတ်ဖြစ် သဖြင့် လာသမျှအကြီးအကဲကလည်း စိတ်ဝင်စားနေ သည့်အချိန်မို့ ပညာပေးစာအုပ် စာတမ်းများအား လူကြီးသို့ ပေးကြ၏။ ထိုအခါ ၎င်းစာအုပ်များဖြင့် မိမိတို့ကို ပညာပြန်ပေးကြလေတော့၏။ ဒီစာ အုပ်မှာ ဒီလို၊ ဟိုစာအုပ်မှာ ဟိုလို ရေးထား ပါလား၊ ဘာကိုအမှန်ယူရမလဲဟု နားရင်းပူထူအောင် မေးခွန်းထုတ်ကြတော့၏။ “ဖော်ရှိုး”လုပ်ရင်း “ ဖိုးရှော့” ဖြစ်ခဲ့ကြ၏။ ပြယုဂ် လုပ်ရင်း အခန့်မသင့်၍ “ ပြုတ်ရ”သူများလည်း ဒုနှင့်ဒေး။ ကဲ ခင်ဗျားကို နည်းပညာတွေ ဒီလောက်တောင်ကောင်းနေရင် နှစ်ကုန်လို့ စပါးအထွက် တိုးရင်းတိုး၊ မတိုးရင်တော့ါသ ဆိုသဖြင့် စပါးရိတ်ချိန်၌ မြေစာရင်းဌာနကို မျက်နှာ ချိုသွေးကြ၏။ သူက စံကွက်ဖြင့်အထွက် နှုန်း စိစစ်သူကိုး၊ မြေစာရင်းကလည်း (မယက)(ခယက)ကြောင့် ဒသမတိုး၊ တစ်တင်းတိုးဖြင့် တိုးပေးပါ၏။ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် GDP တွေလည်း တ၀ုန်းဝုန်း၊ ဆန်ဖူလုံ မှုသည်လည်း တဖုံးဖုံး တက်လာ ကြ၏။ သည်တိုင်းမှူးမှ နောက် တိုင်းမှူး ပြောင်းလာချိန် ၎င်းကိန်းဂဏန်း များအား မယုံဆိုပြန် သဖြင့် တရုန်းရုန်းဖြင့် နေ့ရောညပါ အစည်းအဝေး လုပ်ကြရင်း လျှော့ကြ ပြန်ပါ၏။ သည်လိုဖြင့် စိုက်ပညာရှင် ၀န်ထမ်း မလို။ လယ်သမား သူ့ဟာသူ စိုက်လိမ့် မည်ဆိုပြီး ပညာပေး ၀န်ထမ်း အင်အားများ လျော့ပါး ပွန်းတီး သွားခဲ့ရ ၏။ ပညာပေးစခန်း ဖျက်သိမ်း၊ လယ်သမားနှင့် ပညာရှင်တို့ စိမ်းသွားလေတော့၏။ ရုံးတွင် ကျီးနှင့် ဖုတ် ဖုတ်၊ မဖြစ်မနေ ရွာဆင်းလျှင် တစ်ခါခေါ် လည်းမလာ၊ သုံးလေးခါခေါ်လည်းမလာ၊ ရှောင်နေကြတော့၏။ စိုက်ပျိုးရေးဌာနမှာ နည်းပညာပေါ်လစီတွေလည်း တစ်ယောက်ပြောင်း တစ်မျိုး ပြောင်းကြ၏။ ဌာနက လည်း တီးလုံးနှင့် ကကွက်လိုက်အောင် တီထွင်စရာတွေကလည်း များမှများဖြစ် ၏။ “စပါးတင်းသန်း ၂,၀၀၀ ထွက်ရှိဖို့ တီကောင်မွေးကြစို့”ဟုလည်း အော်ခဲ့ဖူး ၏။ စပါးခင်းအတွင်း ရေမှော်လည်း စိုက်ခဲ့ကြ၏။ ဘဲလည်းမွေးခဲ့ကြ၏။ “ ကိုယ့်ပေါင် ကိုယ်လှန်ထောင်း အနာသက်သာတာပေါ့”ဆိုသည့် ဦးဗဂျမ်း ကာကွန်းကဲ့သို့ပင် တွေးပေးကြစေလိုပါ သည်။ ပြန်သုံးသပ်ကြစေလို ပါသည်။“တောင်သူ အခြေပြု” ခေတ်တွင် ကျွန်တော်တို့ Extension ဘာလုပ်ကြမလဲ။ “ Farmer Needs” က ဘာလဲ၊ သိအောင် ကြိုးစား၊ ပြန့်ပွားအောင် အားထုတ်ပါမှ တစ်ချိန်ချိန် မိမိရုံး ရှေ့ ဆိုင်းဘုတ် များဖြင့် စီတန်း လှည့်လည်မှု ဆန္ဒပြခံရမှု ကင်းဝေးမည် ဖြစ်၏။ တောင်သူ ထံသွား၊တောင်သူ့ နားနေ၊ အမှန် တကယ် ကွင်းပြဿနာ များကို အခြေခံ၍ လိုအပ်သည့် ပညာပေး လုပ်ငန်းများကို လက်ပွန်းတတီးလုပ်မှ တောင်သူချစ်မည်။ ဒါမှတကယ့် Farmer Needs ဖြစ်ပါ မည်။ နိုင်ငံတော်က “စပါး”ထွက်လို၏။ တောင်သူက “ ငွေ”လို၏။ စပါးထွက်တိုင်း ငွေရသည်မဟုတ်၊ ကုန်ကျ စရိတ်နည်းမှ ငွေ ရသည့် စပါးစိုက်ခင်းမှ တွက်ချေကိုက်ပါ မည်။ ဒေသတစ်ခုနှင့် တစ်ခု မပြောနှင့် လယ်ကန်သင်း တစ်ကွက်နှင့် တစ်ကွက်မတူ၊ မျိုးမတူ၊ စနစ်မတူ၊ ရေနေရေထိုင်မတူ၊ မြေသြဇာသုံးစွဲမှုချင်းမတူ၊ အထွက်တိုးဖို့ တစ်ခုတည်း အာရုံစိုက်နေရုံဖြင့် Agriculture Extension ဖြစ်ပါ ပြီလား။ ယခု နောက်ပိုင်း ၀န်ထမ်းငယ် များလည်း ဇဝေဇ၀ါ သူတို့ကြည် ရသည်မှာ ဆရာကြီး မောင်ထင်၏ လေဖြင့် “ ကမ္ဘာ စစ်ကြီးပြီးချိန် လူဖြစ်ရ သကဲ့သို့ပင်”Hybrid လား၊ GAP လား၊ ဒါတွေ ကလည်း တောင်သူ အများစုက “ဟင့်အင်း” တွေက များတော့ မပြောရဲ၊ မဆိုရဲ မစည်း ရုံးရဲရာမှ၊ ပညာလည်း မပေး၊ ဘာမှလည်း မလုပ်ကြတော့ပါ။ Bottom up ဟုဆို၏။ Change ဟု ကြွေးကြော် ကြ၏။ မူလစိတ်ကို ပြင်ကြရမည် ဖြစ်ပါသည်။ တစ်နွေ၊ တစ်မိုးလာတစ်ခါ စံပြကွက် လက်တစ်ဝါးဖြင့် အချိန်ကုန်ရင်း၊ ကျန် လယ်သမားပေါင်းများစွာကို လျစ်လျှူရှု ထားသည့် Agriculture Extension သမား ပေါင်းတို့ခင်ဗျား။ အထက်၌ ရေးသားခဲ့သော Agriculture Extension သမိုင်းကြောင်းအား နမူနာ ယူလျက် အောက်ခြေ အတွင်းမှ Farmer Needs အစစ်ကို Bottom up လုပ်ရင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်၊ ရေ မြေအလိုက် သင့်တင့်သည့် နည်း ပညာများ အရ မှန်ကန်သည့် ပေါ်လစီ ဖြစ်လာစေရန် Extension Mind Set အား ကြိုးစားပြင်ယူ ကြပါစို့ဟု ဆော်သြနှိုးဆော်ရေးသားလိုက် ရပါသည်။ - မျိုးသူ (စိုက်ပျိုးရေး) မြန်မာတောင်သူကြီးများ ဂျာနယ် အတွဲ (၁၂) အမှတ် (၁၆၈)၊ အောက်တိုဘာ ၅ – ၁၁၊ ၂၀၁၅ ခုနှစ်

Share this

Related Posts

Previous
Next Post »