မြန်မာ့ မတ်ပဲကိုအလေးထားကြပါ။

မြန်မာ့ မတ်ပဲကိုအလေးထားကြပါ။ 📈📈📈📈📈📈📈📈📈📈 ယနေ့သတင်းများအရမတ်ပဲတစ်တန်၏ တန်ဖိုးမှာ ကျပ် ၂၅ သိန်းဖြစ်နေသည်။ တစ်တန်မှာ ၆၃၀ ပိဿာရှိသဖြင့်မတ်ပဲ တစ်ပိဿာ၏တန်ဖိုးမှာ ကျပ် ၄၀၀၀ ဖြစ်နေသည်။ တစ်ချိန်က မတ်ပဲတစ်တန်မှာအမေရိကန် ဒေါ်လာ ၈၀ လောက်မှယ္ခုအချိန်တွင် ၁၉၀၀ ဖြစ်လာသည်မှာမတ်ပဲ၏အနေ အထားကိုဖော်ပြလျက်ရှိသည်။ ဤသို့မတ်ပဲ၏တန်ဖိုးကြီးနေခြင်းမှာမတ်ပဲ ၏အာဟာရတန်ဖိုးကြီးမားခြင်းကအကြောင်း တစ်ရပ်ဖြစ်သည်။ မတ်ပဲတွင် Free Amino Acid များအခြားပဲများနှင့်မတူအောင်ပါဝင် နေခြင်းကအဓိကအကြောင်းတစ်ရပ် ဖြစ်သည်။ အိန္ဒိယသားများကဲ့သို့ သတ်သတ်လွတ် စားသူများအတွက်မတ်ပဲမှာ ပရိုတင်း ဓါတ်ထောက်ပံ့နိုင်စွမ်းကြီးမားခြင်း ကြောင့်အိန္ဒိယ ဈေးကွက်သာမက ကမ္ဘာ့အခြားအရပ်များမှဈေးကွက်များ တွင်ပါထင်ရှားလာခဲ့ခြင်းဖြစ်သည်။ သဘာဝတွင် မတ်ပဲကိုအိန္ဒိယနှင့်မြန်မာ ပြည်တွင်သာတွေ့ရသည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာကပင်တရုတ် လူမျိုးများကပဲတီစိမ်းကိုအရသာအရ ၎င်း၊အနံ့အရ၎င်းကြိုက်နှစ်သက်၍စား သုံးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်ပြီးစအချိန်၌ဂျပန်ပညာ ရှင်များကမတ်ပဲ၏အာဟာရတန်ဖိုးကို သိပြီးအလေးထားစားသုံးခဲ့သည်။ မတ်ပဲကိုအညှောက်ဖောက် ပဲပင်ပေါက် ထုတ်လုပ်သောစက်ရုံများမှာ ၂၄ နာရီ လည်ပတ်ကြရသည်။တိုဟူးအဖြစ်လည်း စားသုံးကြသည်။ မတ်ပဲစေ့လက်တစ်ဆုပ်ကိုရေထဲစိမ်လိုက်ပါ ကအရောင်မတူသောအစေ့များကိုအထင် အရှားတွေ့ကြရမည်ဖြစ်သည်။ ထိုမတ်ပဲများအတွင်းဗီဇမတူသောအနေ အထားကိုထိုအချိန်မှပင်စတွေ့နိုင်သည် ကြီးထွားပုံပန်းပွင့်ချိန်တွင်ပို၍ထင်ရှားလာ သည်။ ၃၅ ရက်နှင့်ပန်းပွင့်သောအပင်များရှိသကဲ့ သို့ ၅၅ရက်ကျော်မှပန်းပွင့်သောအပင်များ အထိရှိသည်။ အပင်ပုံသဏ္ဍန်၊အပင်အမြင့်လည်း ကွာခြားမှုအလွန်ကြီးမားသည်။ အချို့သောအပင်မှာသီးတောင့် ၁၀ တောင့်မျှမရှိသော်လည်း ၊အချို့မှာ သီးတောင့် ၁၀၀ ကျော်ရှိသည်။ အကယ်၍စိုက်ပျိုးသူအနေနှင်ထိုသို့ မတူကွဲပြားသောအနေအထားများမှ လက္ခဏာများအားလုံးတူညီသောမျိုး သန့်များကိုစိုက်ပျိုးနိုင်ပါကအထွက် ပိုတိုးနိုင်သည်။လေလွင့်မှုနည်းပါး နိုင်သည်။ ဤသို့မျိုးသန့်ခြင်းကိုသာမန်စိုက်ပျိုး သူများပင်လျှင်သူ့အတိုင်းအတာနှင့် သူပြုလုပ်နိုင်ပါသည်။ လက္ခဏာကောင်းရှိသောအပင်များမှ သာမျိုးစေ့ကိုခံပြီးပြန်စိုက်ရမည်။ ထိုအထဲမှလက္ခဏာကောင်းမှကွဲထွက် သောအပင်များကိုပယ်ပြီးစိတ်ကြိုက်အ ပင်များမှသာမျိုးစေ့ကိုယူစိုက်ရမည်။ ထိုသို့မျိးဆက် ၅ဆက်ခန့်ပြုလုပ်ပါက လက္ခဏာကောင်းများသာရှိသောမျိုး သန့်များပေါ်ထွက်လာနိုင်ပါသည်။ မတ်ပဲကိုအာဟာရကျွေးရာတွင်မတ်ပဲ မှာပရိုတင်းနှင့်အမိုင်နိုအက်ဆစ်ကြွယ် ဝသောအပင်ဖြစ်၍နိုက်ထရိုဂျင်နှင့် ဖော့စ်ဖရပ် သာမကဆာလ်ဖာ(ခေါ်) ကန့်ဓါတ်လိုအပ်ပါသည်။ ထို့ကြောင့်ကန့်မပါသောယူရီးယား ကဲ့သို့သောနိုက်ထရိုဂျင်မြေဩဇာများ အသုံးပြုသကဲ့သို့ ကန့်ဓါတ် ၂၄% ပါဝင်သော အမိုးနီးယမ်းဆ်ာဖိတ် ကိုပူးတွဲအသုံးပြုသင့်သည်။ မတ်ပဲပင်များ၏ပင်ပိုင်းကြီးထွားချိန်၊ ပန်းပွင့်ချိန်၊အသီးအစေ့တည်ချိန် တိုင်းတွင်အာဟာရထောက်ပန့်ရန် လိုအပ်သည်။ အထူးသဖြင့်ပန်းပွင့်သန္ဓေတည်ချိန် (ပန်းမပွင့်မှီအချိန်)တွင်အစာလို အပ်မှုများချိန်ဖြစ်၍မြေမှအာဟာရ ဖြင့်မလုံလောက်သောကာလများ တွင်အရွက်ဖျန်းမြေဩဇာကိုအလေး ထားအသုံးပြုသင့်သည်။ ဈေးအလွန်ကြီးသောအရွက်ဖျန်းမြေ ဩဇာများ ၊မိုနိုအမိုးနီးယမ်းဖော့စဖိတ် ကဲ့သို့ဈေးအလွန်ကြီးသောမြေဩဇာ များအစားရေပျော်လွယ်သောဓါတ်ဆား များကိုအစားထိုးအသုံးပြုပါကကုန်ကျ စရိတ် ၁၀ ဆမျှသက်သာနိုင်ပါသည်။ 📈အချုပ်ဆိုရလျှင်ထိုမြေဩဇာများကို ယူရီးယား အမိုးနီးယမ်ဆာလ်ဖိတ် ပိုတက်စီယမ်နိုက်ထရိတ်နှင့် ဖော့စဖောရစ်အက်ဆစ် များဖြင့်လွယ်ကူစွာပြုလုပ်နိုင်ပါသည်။ အကယ်၍နိုက်ထရိုဂျင်မြေဩဇာများအတွက် ကုန်ကျစရိတ်သက်သာစေရန်ပဲမြစ်ဖု မြေဩဇာပြုလုပ်၍အသုံးပြုနိုင်ပါသည်။ ထိုမြေဩဇာလုပ်နည်းကိုရှာဖွေလေ့လာနိုင် သည်။အချိန်ကိုငဲ့ပြီးဤစာတမ်းတွင်မဖော်ပြ တော့ပါ။ 📈📈📈📈 မြန်မာ့မတ်ပဲစိုက်ပျိုးသူတိုင်းကြီးမားသော အောင်မြင်မှုများကိုရရှိကြပါစေ။ ဦးဖရက်သိန်းဖေ ၂/၁၂/၂၀၁၅ ၀၉၇၉၂၈၈၁၃၃၄

Share this

Related Posts

Previous
Next Post »