(Treasury and Cash Management)

ဘဏ္ဍာ နှင့် ငွေသားစီမံခန့် ခွဲ့ မှုပညာ (Treasury and Cash Management) ~•~•~•~•~•~•~•~•~•~•~•~•~•~•~•~•~ စီးပွါးရေးလုပ်ငန်း တွေအနေနဲ့  လုပ်ငန်း လည်ပတ်ရန်၊ လုပ်ငန်းတိုးချဲ့ရန်နဲ့  စီးပွါးရေး မဟာဗျူဟာတွေကို အကောင်အထည်ဖေါ်ရန် တို့ အတွက် ငွေပင်ငွေရင်း လိုအပ် တတ်ပါတယ်။ လိုအပ်တဲ့ ငွေပင်ငွေရင်းကို လက်ရှိလုပ်ငန်းတွင်းမှ ရယူနိုင်သလို ရှယ်ယာဈေးကွက် (Share Market)၊ ကြွေးမြီဈေးကွက် (Debt Market) တို့ အပြင် ဘဏ် (Bank) နှင့် ဘဏ်နှင့်တူသော ဘဏ္ဍာရေးအဖွဲ့  အစည်းများ (Financial Institution) များအပေါ်မှာလည်း မှီခိုရလေ့ ရှိပါတယ်။ အိမ်မြေဈေး ဗူဘောင်းပေါက်ကွဲမှု မှအစပြုလို့  ဘဏ္ဍာရေးအဖွဲ့အစည်း အတော်များများ ပြိုကွဲလုဖြစ်ခဲ့ ပြီး အစိုးရက ဝင်ရောက်ကျားကန် ပေးခဲ့ရတဲ့  ၂၀၀၈ ကမ္ဘာ့စီးပွါးပျက်ကပ် နောက်ပိုင်းမှာ စတော့ ရှယ်ယာဈေး ကျဆင်းမှု အလုပ်လက်မဲ့ များပြားလာမှုတို့ အပြင် ကုမ္ပဏီတွေမှာလည်း ငွေကြေးကြပ်တည်းပြီး လုပ်ငန်းဆက်လက်ရှင်သန် ရပ်တည်မှုကိုထိခိုက်ခဲ့ပါတယ်။ ရလဒ်ကတော့ လုပ်ငန်းလည်ပတ်ရန် လိုအပ်သောငွေကို စီမံခန့် ခွဲခြင်း၊ ငွေပေးချေမှုကို စီမံခန့်ခွဲခြင်း၊ လိုအပ်သည့် အချိန်တွင် လုံလောက်သည့် ငွေပမာဏ နှင့် ငွေသားအမျိုးအစား ရှိနေစေရန် စီမံခန့်ခွဲခြင်း၊ ငွေသားကို ထိရောက်စွာ ခွဲဝေသုံးစွဲနိုင်ရန် စီမံဆောင်ရွက်ခြင်း၊ ငွေးသားစီးဆင်းမှုကို အနီးကပ် စောင့်ကြပ်ကြည်ရှုခြင်း တို့ဟာ စီးပွါးရေးလုပ်ငန်း အများအပြားတို့ အတွက် သေရေး၊ ရှင်ရေးသဖွယ် ဖြစ်လာပါတယ်။ ၂၀၀၈ စီးပွါးပျက်ကပ် မတိုင်မှီက ကုမ္ပဏီတွေဟာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို စီစစ်အကဲခတ်ဖို့ အတွက် ထုံးတမ်းစဉ်လာ အရူံးအမြတ်နဲ့  လက်ကျန်ရှင်းတမ်း ကိန်းဂဏန်းတွေနဲ့  ညွှန်ကန်းတွေ ဥပမာ အရောင်း (Sales)၊ အမြတ် (Profit) နဲ့ (EBITDA) တို့ အပေါ်မှာသာ အဓိက ထားခဲ့ကြပါတယ်။ ၂၀၀၈ နောက်ပိုင်းမှာတော့ ကုမ္ပဏီကို စီမံအုပ်ချုပ်သူတွေဟာ ကုမ္ပဏီရဲ့ ငွေသားစီးဆင်းမှု (Cash Flow) နဲ့  ငွေဖြစ်လွယ်မှု (Liquidity) အပေါ် ပိုပြီး အာရုံစိုက် လာကြပါတယ်။ ဒါ့ကြောင့်လည်း ဘဏ္ဍာနဲ့ ငွေသား စီမံခန့်ခွဲမှုဟာ ကော်ပိုရေးရှင်းတွေရဲ့ စီးပွါးရေး မဟာဗျူဟာ တွေအတွက် အရေးပါမှု အခန်းကဏ္ဍ ကိုရရှိလာပါတယ်။ ဘဏ္ဍာနဲ့ ငွေသား စီမံခန့်ခွဲသူ တွေဟာ သူတို့ ရဲ့ လုပ်ငန်း ဆောင်တာတွေ အကောင်းဆုံးဖြစ်စေဖို့ အတွက် ဌါနတိုင်း အဆင့်တိုင်းနဲ့  ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သလို၊ လုပ်ငန်းစဉ်တွေကိုလည်း ဘက်စုံထောင့်စုံက စဉ်းစားပြီး ပြည့်စုံအောင် လုပ်ဖို့ လိုအပ်ပါတယ်။ စီမံခန့်ခွဲသူတွေဟာ လုပ်ငန်းမှာရှိနေတဲ့  ရှိလာနိုင်တဲ့  ဘဏ္ဍာရေးအန္တရာယ်များ (Financial Risks) ကို ဖြေရှင်းရန်နည်းလမ်း၊ အနာဂါတ်မှာ လုပ်ငန်းလည်ပတ် အကောင်အထည်ဖေါ်ရန် လိုအပ်တဲ့ငွေကြေး ရနိုင်မှု၊ လက်ရှိငွေဖြစ်လွယ်မှု အခြေအနေ၊ ငွေကြပ်တည်းမှုအန္တရယ် အလားအလာ၊ ဖြစ်နိုင်ချေရှိတဲ့ ထွက်ပေါက် ထိရောက်တဲ့ဘဏ္ဍာငွေရရှိနိုင်မှုနည်းလမ်း စတာတွေကို ကြိုတင်သိရှိ စီမံဆောင်ရွက် နိုင်ရန်အတွက် သတင်းအချက်အလက် နဲ့  အကြံဉာဏ်ပေးနိုင်တဲ့ ကျွမ်းကျင်သူတွေလိုအပ်လာပါတယ်။ ၂၀၁၆ စီးပွါးရေး ခန့်မှန်းချက်တွေ အရ ကမ္ဘာ့စီးပွါးရေး အခြေအနေ အလားအလာ သိပ်မကောင်းသလို စီးပွါးရေး လုပ်ငန်း တွေမှာလည်း ဘဏ္ဍာရေး ကြပ်တည်းမှု အခက်အခဲ တွေရှိလာနိုင်ပါတယ်။ လုပ်သား ဈေးကွက်မှာ ဘဏ္ဍာနဲ့  ငွေသား စီမံခန့်ခွဲမှု ကျွမ်းကျင်သူတွေ လိုအပ်ချက် မြင့်မားနေအုံးမယ် လို့ ခန့်မှန်းပါတယ်။

Share this

Related Posts

Previous
Next Post »