လုပ်ငန်းတိုးတက်အောင်မြင်လာဖို့ လုပ်ငန်းရှင်တွေ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ရမည့် မေးခွန်း (၁၀)ခု"

လုပ်ငန်းတိုးတက်အောင်မြင်လာဖို့ လုပ်ငန်းရှင်တွေ ကိုယ့်ကိုယ်ကိုပြန်မေးကြည့်ရမည့် မေးခွန်း (၁၀)ခု" ⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️⭐️ ၁၀၀% စိတ်ပါလက်ပါ ကြိုးကြိုးစားစားနှင့် အလုပ်လုပ်မည့်ဝန်ထမ်းတွေရှိနေခြင်းက မိမိလုပ်ငန်းအောင်မြင်ဖို့တွေထဲက အချက်တစ်ခုပါ။ လုပ်ငန်းရှင်တွေဒီနေ့အကြီးမားဆုံးရင်ဆိုင်နေကျရတဲ့ပြသနာတစ်ခုဟာ အရည်အချင်းရှိဝန်ထမ်းရှားပါးခြင်းပါ။ ၀န်ထမ်းအများစုက မိမိဝါသနာပါရာမှာ တိုးတက်အောင်မြင်အောင် လုပ်ဖို့ထက် လက်ရှိအလုပ်အကိုင်တစ်ခုရရေးနဲ့  စားဝတ်နေရေးပြေလည်မှုကိုအဓိကထားလုပ်ကိုင် ကြပါတယ်။ ဒီနေရာမှာ ခေါင်းဆောင်သူ(၀ါ)လုပ်ငန်းရှင်(၀ါ)မန်နေဂျာတွေရဲ့  အခန်းကဏ္ဍက အရေးပါလာပါတယ် အလုပ်တစ်ခုရရင်ပြီးရောဆိုပြီး လုပ်နေတဲ့ဝန်ထမ်းတွေကို ဒီအလုပ်ကိုချစ်တတ်လာအောင် မိမိဘ၀ရဲ့  တက်လမ်းတစ်ခုလို အလုပ်ပေါ်မှာမြင်တက်လာအောင် စီမံခန့်ခွဲလမ်းညွှန်ပေးရမှာပါ။ ဒီအတွက် အောက်ပါမေးခွန်းလေးတွေကို ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ကြစေချင်ပါတယ်။ 🍁 ၁။သင့်ဝန်ထမ်းတွေရဲ့ တစ်ဦးခြင်းအရည်အချင်းတွေ တိုးတက်လာစေဖို့သင်ဘယ်လိုအခွင့်အရေးမျိုးတွေလုပ်ပေးပြီးပြီလဲ။ ဒါဟာ နံပါတ်(၁)အရေးကြီးဆုံးကိစ္စတစ်ခုဖြစ်ပါတယ်။ဝန်ထမ်းတစ်ယောက်ဟာ ၄-၅ နှစ်ဆက်တိုက်လုပ်ပေးပြီး အလွန်တော်တဲ့ ၀န်ထမ်းဖြစ်နေရင်တောင်မှအချိိန်တစ်ခုရောက်လို့ သူ့အတွက် တိုးတက်ဖွံ့ဖြိုးနိုင်ဖို့(ရာထူး၊ငွေကြေး၊ပညာ၊ အတွေ့အကြုံသစ်)အခွင့်လမ်းမရှိတော့ဘူးလို့ မြင်လာရင် အလုပ်ပေါ်မှာ စိတ်ပျက်ငြီးငွေ့လာပြီး လုပ်နိုင်စွမ်းအားတွေလျော့ကျ လာတက်ပါတယ်။သူတို့ကို လုပ်ပိုင်ခွင့်ပိုပေးခြင်း၊သူတို့ ရဲ့အဓိကလုပ်ငန်းကျွမ်းကျင်မု နယ်ပယ်ကို ပိုမိုမြင့်တင့်ပေးခြင်း (ဥပမာ အရောင်းကျွမ်းကျင်သူကို တဆင့်ပြီးတဆင့် မြင့်တဲ့သင်တန်းမျိုးတွေတက်စေခြင်း ၊ သူတို့ဟာလုပ်ငန်းရဲ့အရေးကြီးတဲ့အစိတ်အပိုင်းလို့ မြင်တတ်လာအောင် အသိအမှတ်ပြုပေးခြင်း) တွေလုပ်ပေးနိုင်ပါတယ်။သူတို့တွေတိုးတက်လာအောင်လုပ်ပေးနိုင်တာနှင့်အမျှ သင်သူတို့ကိုတကယ်ခေါင်းဆောင်တွေလို မြင်ကြည့်ပေးရပါမယ်။ 🍁 ၂။ဝန်ထမ်းတွေရဲ့အသံ (ခံစားချက်)ကိုသိအောင်လုပ်ထားရဲ့လား ။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဝန်ထမ်းတွေရဲ့ခံစားချက် (အသံ)ကို တစ်လကိုဘယ်နှစ်ကြိမ်လောက် နားထောင်ကြည့်ဖူးပါသလဲ။ နားလည်နိုင်အောင် ကြိုးစားကြည့်ဖူးပါသလား။ ” ငါပြောသလိုလုပ် ၊ ဘာမှပြန်မပြောနဲ့ ၊ မင်းတို့ထက်တော်လို့ သူဌေးလုပ်နေတာ” ဆိုတဲ့အတွေးမျိုးနဲ့ဆိုရင်တော့အန္တရာယ်ရှိပါတယ်။ ၀န်ထမ်းတွေရဲ့အသံကို နားထောင်ပြီး သူတို့တောင်းဆို သမျှလိုက်လျောရပါမယ်လို့မဆိုလိုပါ။ ၀န်ထမ်းတွေအတွင်းမှာလဲ လိုတာထက်ပိုတောင်းမယ့်သူတွေရှိနေနိုင်လို့ပါဘဲ။ ပြောချင်တဲ့အဓိကအချက်က…….၀န်ထမ်းတွေအားလုံးရဲ့အခြေအနေကိုသိအောင်လုပ်ထားမှကိုယ်ကမှန်ကန်တဲ့စီမံခန့်ခွဲမှုတွေ လုပ်နိုင်မှာမို့လို့ပါဘဲ။ တချို့မန်နေဂျာတွေလုပ်လေ့ရှိတာက ပြသနာ (သို့) အကြောင်းအရာတွေကိုစုပြီးရှင်းတတ်ခြင်းနှင့် မဖြစ်မနေအကြောင်းကိစ္စပေါ်လာမှ လုပ်တတ်ခြင်းတွေပါ။ အန္တရယ်များပါတယ် ။ ၀န်ထမ်းတွေရဲ့အသံကို နားထောင်ခြင်းဆိုတာ သူတို့ရဲ့အလေ့အကျင့်/ အပြုအမှုအတွေးအခေါ်မှားနေရင်ပြောင်းလဲပေးဖို့ပါဘဲ။ အတွေးအခေါ်အပြုအမှုမှားနေတာကို အချိန်နှင့်တပြေးညီသိအောင်လုပ်ပြီး ပြုပြင်ပြောင်းလဲပေးရပါမယ်။ 🍁 ၃။ဝန်ထမ်းတွေကိုအသိမှတ်ပြုရဲ့လား ။ ၀န်ထမ်းတွေဟာသူတို့ရဲ့ကြိုးစားမှု၊ အောင်မြင်ပြီးမြောက်မှုတစ်ခုခုရှိတိုင်း အလုပ်ရှင်ရဲ့အသိမှတ်ပြုမှုကိုလိုချင်တတ်ကြပါတယ် နှုတ်ကလေးနဲ့မင်းတော်တယ်ကွာ ဆိုတာမျိုးလောက်တောင်မလုပ်ပေးနိုင်ခဲ့ရင်တော့ သူတို့တွေရဲ့စိတ်ပျက်အားငယ်မှု ဟာ အလွန်မင်းကျဆင်းသွားတော့တာပါဘဲ ။ ဘယ်လောက်လုပ်ပေးလုပ်ပေးမထူးတော့ပါဘူးကွာ ၊ ကိုယ့်မှအသိအမှတ်မပြုတာ တော်ရုံလေးလုပ်ပြီး လစာများတဲ့အလုပ်တွေ့ရင်ရွေ့တာပေါ့ ဆိုတဲ့အတွေးများဝင်ကုန်ကြပါတယ်။အသိမှတ်ပြုတယ်ဆိုရာမှာ ဂုဏ်ပြုလက်မှတ် ၊ ငွေကြေး ၊ ဆုပစ္စည်း ဆိုတာမျိုးအပြင် သုံးစက္ကန့်လောက်ပဲ အချိန်ကုန်တဲ့ `` မင်းလုပ်တာတော်တယ် ချီးကျူးပါတယ်” ဆိုတာလောက်တော့ပြောပေးနိုင်ကြမယ်ထင်ပါ တယ်။ 🍁 ၄။အပေါ်အောက်အုပ်ချုပ်သူ (ကြားခံ) မန်နေဂျာ များနှင့်ဆက်ဆံရေးကောင်းမွန်ကြပါရဲ့လား။ သုတေသနတွေ တွေ့ရှိချက်တွေအရ မန်နေဂျာတွေဟာလုပ်ငန်းရှင်နှင့်ဝန်ထမ်းကြားဆက်သွယ်ပေးနေရသူတွေ ဖြစ်တဲ့အပြင် သူတို့ရဲ့စေ့စပ်ညှိနှိုင်းပေးနိုင်မှု ဟာ ၇၀ %ခန့်  အရေးပါတာတွေ့ရပါတယ် ။ အလယ်အဆင့် (Mid – Level)မန်နေဂျာတွေဟာ ခက်ခဲတဲ့အနေထားတစ်ခုမှာရပ်တည်ကြရပါတယ် ။ ကိုယ် Team မကောင်းရင်အလုပ်ရှင်ရဲ့အဆူပူကိုခံရသလို အောက်က ၀န်ထမ်းတွေက သူတို့ရဲ့အဆင်မပြေမှုတွေအတွက် ပုဏ္ဏတိုင် လုပ်လေ့ရှိကြပါတယ်။ ကိုယ့်အလုပ်ကိုပီးအောင်၊ တာဝန်ကျေအောင်လုပ်ရတဲ့အပြင် ၊ကိုယ့် Team ရဲ့ Motivation အတွက်ပါ ကြိုးစားလုပ်နေရပါတယ်။ မန်နေဂျာတစ်ယောက်အနေနဲ့ ကိုယ့်လက်အောက်ငယ်သားတစ်ယောက်ချင်းစီကို အချိန်ပေးရပါမယ်။ တစ်ယောက်အကြောင်းတစ်ယောက်နားလည်အောင်လုပ်ရပါလိမ့်မယ်။ ၀န်ထမ်းတွေဟာ သူတို့ရဲ့ဂရုစိုက်တာ၊ တန်ဖိုးထားဆက်ဆံတာလိုချင်ကြပါတယ်။ သူတို.ရဲ.ရင်ဘတ်ထဲက ခံစားချက် ( Emotion ) ကိုနားလည်ပီး တက်ကြွအောင် လုပ်ဆောင်ပေးနိုင်ရပါမယ်။ 🍁 ၅။ဝန်ထမ်းတွေ အလုပ်ခွင်မှာ ပျော်ရွှင်အောင် ဘာတွေလုပ်ပေးထားသလဲ ။ ၀န်ထမ်းတွေအလုပ်လုပ်နေရတာ ပျော်ကြရဲ့ လား။ ဒီမေးခွန်းကနည်းနည်းရှုပ်ပါတယ်။ မိမိအိမ်မှာ ပျော်ရွှင်မှုရနေတဲ့ဝန်ထမ်းဟာ အလုပ်ခွင်ရောက်လာရင် အပျော်တွေကူးစက်လာပီး အလုပ်လုပ်ရတာ ပျော်နေပါသလား။ အပြန်အလှန်အားဖြင့် အလုပ်မှာ ပျော်ရွှင်ခဲ့သူတစ်ယောက်ဟာ အိမ်ပြန်ရောက်ရင်ကော ပျော်နေနိုင်ပါသလား။ စဉ်းစားကြည့်ပါ။ ကိုယ်ရေးကိုယ်တာတွေသိပ်မပါစေတဲ့ ၀န်ထမ်းတွေကို အလုပ်ခွင်မှာကော အလုပ်ခွင်ပြင်ပမှာပါသူတို့ကိုပျော်ရွှင်မှုရအောင် ဘာလုပ်ပေးနိုင်မလဲစဉ်းစားပေးပါ။ ပျော်ရွှင်နေတဲ့ဝန်ထမ်းတစ်ယောက်ဟာ ပုံမှန်အားထက် ၁၂% တိုးပြီးအလုပ်လုပ်ပါတယ်တဲ့။ 🍁 ၆ ။ကျန်းမာရေးအတွက်ရော ဘာတွေ ဂရုစိုက် ထားပေးပါလဲ ။ လုပ်ငန်းခွင် ကျန်းမာရေးဆိုတာ အလွန်ကြီးမားတဲ့ ပြဿနာတစ်ခုပါ။ Gym ဆော့ဖို့ ပိုက်ဆံထုတ်ပေးတာ ၊ခွန်အားဖြစ်စေတဲ့ အစားအစာ၊ ဓာတ်ဆားထုတ် အလကားပေးတာလောက်ကို ပြောနေတာမဟုတ်ပါဘူး။ လူတစ်ယောက်ဟာအရမ်းပင်ပန်းပြီး Work Life Balance ဆိုတဲ့ အလုပ်နဲ့ဘ၀ နေထိုင်မှုမမျှတတော့ဘူးဆိုရင်သူအလုပ်လုပ်နိုင် စွမ်းတွေ ကျဆင်းလာပါပြီ။ လုပ်ငန်းခွင်အားကစားပြိုင်ပွဲအသေးစား(အပြေးပြိုင် တာ ကြက်တောင်ရိုက်ခြင်း ၊ ဘောလုံးကန်ခြင်း) အစရှိတာလေးတွေ လုပ်ပေးရပါမယ်။ ၀န်ထမ်းတွေကိုအလုပ်ဒဏ် မပိပါစေနဲ့ ။ 🍁 ၇ ။သင့်ဝန်ထမ်းဟာသင့်လုပ်ငန်းရဲ့ Ambassdor (သံတမန်ဖြစ်နေရဲ့လား) လက်တွေ့ အလွယ်ကူဆုံး စမ်းစစ်နိုင်တဲ့အချက်က သင့်ဝန်ထမ်းဟာ သူ့မိတ်ဆွေတစ်ဦးဦးကို သူနှင့်အတူအလုပ်လာဖို့ဖိတ်ခေါ်ချင်စိတ်ရှိရဲ့လားဆိုတာပါ။ ဒီအလုပ်ကပျော်စရာကောင်းတယ်၊ တိုးတက်နိုင်တယ်လို့ ကိုယ်ဝန်ထမ်းက ပြောလာ တာဟာ တန်ဖိုးအရှိဆုံးတိုင်းတာနည်း တစ်ခုပါဘဲ။ လက်ရှိလုပ်ကိုင်နေတဲ့ဝန်ထမ်းကမှ သူ့မိတ်ဆွေကိုအလုပ်လာလျှောက်ဖို့ဖိတ်ခေါ်ချင်စိတ်မရှိဘူးဆိုရင်တော့သင့်လုပ်ငန်းက ၀န်ထမ်းတွေရဲ့  စိတ်ကျေနပ်ပျော်ရွှင်မှု အခြေအနေကိုသိနိုင်ပါပြီ။ 🍁 ၈။လုပ်ငန်းခွင်စိတ်ကျေနပ်မှုရှိရဲ့လား။ ပျော်ရွှင်မှုနဲ့မတူပါ။ လုပ်ငန်းခွင်မှာသက်တောင့်သက်သာ အလုပ်လုပ်နေမှကုန်ထုတ်စွမ်းအားတိုးပါ့မယ် ။ အလွန်ပူအိုက်တဲ့ အခန်းမျိုးထဲမှာ ဘယ်သူမှခေါင်းအေးအေးနဲ့မလုပ်နိုင်ကြပါဘူး ။ အလုပ်ခွင်ဧရိယာအကုန်လုံးကို အချိန်နှင့်အမျှ နေထိုင်လုပ်ကိုင်လို့ ကောင်းအောင် လိုအပ်တာတွေကို ပြုပြင်ညှိနှိုင်းပေးဖို့ လိုပါတယ်။ 🍁 ၉ ။လုပ်ငန်းခွင်နဲ့  ကိုက်ညီတဲ့ ၀န်ထမ်းမျိုးတွေကိုခန့်ထားရဲ့လား။ Culture Fit လို့ဆိုတဲ့ မိမိလုပ်ငန်းရဲ့ပုံစံ ၊ ဓလေ့ နဲ့ကိုက်ညီတဲ့ဝန်ထမ်းမျိုးတွေ ခန့်ထာနိုင်မှ ၊ ထုတ်လုပ်နိုင်စွမ်းအားမြင့် တက်လာသလို ၊ ၀န်ထမ်းကလည်း အလုပ်ခွင်ပျော်ရွှင်စိတ်ကျေနပ် မှုရနိုင်ပါတယ်။ ဥပမာ- ၀န်ဆောင်မှုပေးရတဲ့ ဟိုတယ်/ စားသောက်ဆိုင် လုပ်ငန်းတွေမှာ စကားပြောဆိုချိုသာတဲ့ ယဉ်ကျေးပျူငှာစိတ်ရှည်တဲ့ ၀န်ထမ်းမျိုးနဲ့မှကိုက်ညီပါလိမ့်မယ်။ ကိုယ်ကိုယ်တိုင်က မိမိလုပ်ငန်း က အဓိကတန်ဖိုး (ဓလေ့ထုံးစံကို)စွဲစွဲမြဲမြဲ ကိုင်စွဲထားရပါမယ်။ကိုယ်နဲ့အတူရင်ဘတ်ချင်းအတူတူ လုပ်မဲ့ ၀န်ထမ်းမျိုးကိုသာရှာခန့်ပါ။ 🍁 ၁၀ ။လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းအချင်းချင်းနဲ့ ဆက်ဆံရေးတွေကောကောင်းမွန်ပါရဲ့လား။ သင့်ဝန်ထမ်းကိုမေးကြည့်ပါ။ "အလုပ်ခွင်အတွင်းမှာသူ့အတွက်အကောင်းဆုံးသူငယ်ချင်း တစ်ယောက်ရထားပြီးပြီလားလို့ " ကိုယ်နဲ့တိုင်ပင်ဖော်တိုင်ပင်ဖက် လုပ်ငန်းခွင်မိတ်ဆွေ ဆိုတာလိုအပ်ပါတယ်။ အဆင်မပြေမှု တွေကို ရင်ဖွင့်နိုင်ရင် ဖိအားတွေလျော့သွားစေမှာပါ။ အဖွဲ့လိုက်ခရီးသွားခြင်း ၊ Team Buildy Game ဆော့ပေးခြင်း တွေနဲ့ တိုးတက်လာစေနိုင်ပါတယ်။ အဓိက ကတော့ အချင်းချင်းပြောဆိုဆက်ဆံမှု တိုးလာစေဖို့ အလုပ်ချိန်ပြင်ပ အတူသွားအတူစား အတူသောက်ကြ ပျော်ပါးကြ စေခြင်းဟာသူတို့ရဲ့ဆက်ဆံရေး တွေပိုမိုကောင်းမွန်လာစေတာပါဘဲ။ Reference: Office Vibes ချစ်ခင်စွာဖြင့် ကောင်းငြိမ်းစိုး- Kudos

Share this

Related Posts

Previous
Next Post »