လုပ်ငန်းတစ်ခုလုပ်တဲ့အခါ ကိုယ့်လုပ်ငန်းအောင်မြင်ဖို့အတွက်
အောင်မြင်ပြီးသား လုပ်ငန်းတွေကိုကြည့်ပြီး လေ့လာရပါတယ် ။ လေ့လာတယ်ဆိုတာက
ကူးချခိုင်းတာမဟုတ်ပါဘူး ။ ယူသင့်သလောက်ယူလို့ရပါတယ် ၊
အလုံးစုံယူလိုက်ခြင်းကိုမဆိုလိုပါဘူး ။ သူလုပ်ခဲ့လို့ သူအောင်မြင်တာ
မှန်ပေမယ့် ပုံစံတူလိုက်လုပ်လို့ ကိုယ်အောင်မြင်ချင်မှ အောင်မြင်ပါလိမ့်မယ်
။ အောင်မြင်ခဲ့မယ်ဆိုရင်လည်း ကြာရှည်တဲ့ အောင်မြင်မှုမျိုးအဖြစ်
ရပ်တည်နိုင်မှာမဟုတ်ပါဘူး ။ လုပ်ငန်းခေါင်းစဉ်တူနေတယ်ဆိုရင်တောင် ကိုယ့်မူ ၊
ကိုယ့်စတိုင်နဲ့သွားတာ အကော
င်းဆုံးပါပဲ ။
ဒါမှသာ ကိုယ့်လုပ်ငန်း ကိုယ့် brand ကတာရှည်ရပ်တည်နိုင်မှာဖြစ်ပါတယ် ။
အောင်မြင်တဲ့ လုပ်ငန်းတိုင်းရဲ့  ဦးဆောင်သူတွေဟာ ကိုယ်ပိုင်မူ ၊
ကိုင်ပိုင်ဟန်နဲ့ ထိုးဖောက် အောင်မြင်လာသူတွေပါ ။ ပတ်ဝန်းကျင် အကြံအဥာဏ်
ထိုက်သင့်သလောက် ယူတတ်မှုနဲ့ ကွန့်မြူးဖန်တီးနိုင်စွမ်း ရှိကြသူတွေဖြစ်တယ် ။
ဒါကြောင့် အောင်မြင်တဲ့လုပ်ငန်းရှင်ဖြစ်ဖို့ ၊ အောင်မြင်တဲ့
လူတစ်ယောက်ဖြစ်ဖို့
၁ ။ လေ့လာနိုင်စွမ်းကောင်းဖို့လိုပါတယ်
၂ ။ ပုံစံတူကူးချခြင်းကို ရှောင်ကြဉ်နိုင်ရပါမယ်
၃ ။ ကိုယ်ပိုင်အမြင် ၊ ကိုယ်ပိုင်ခံယူချက်ရှိရပါမယ်
၎ ။ ဖန်တီးနိုင်စွမ်းရှိဖို့လိုပါတယ်
၅ ။ ကောင်မွန်တဲ့ အထောက်အပံ့ကောင်းရှိထားဖို့လိုပါတယ်
၆ ။ အရှုံးတွေကို လက်ခံနိုင်ရမယ် ၊ ဝေဖန်မှုဒါဏ်ကိုခံနိုင်ရည်ရှိရပါမယ်
၇ ။ ဇွဲရှိဖို့လိုတယ်
၈ ။ ကိုယ့်ကိုယ် ယုံကြည်မှုရှိ ရန်လိုအပ်ပါတယ် ။
အထက်ပါပြောခဲ့တဲ့ အချက်တွေအားလုံး အဆင်သင့်ဖြစ်နေပြီ ၊
သင့်ဆီမှာရှိနေပြီဆိုရင် အောင်မြင်တဲ့သူ ၊ လုပ်ငန်းတစ်ခုကိုအောင်မြင်စွာ
ထူထောင်နိုင်သူအဖြစ် ရောက်ရှိလာပါလိမ့်မယ် ။
ခွန်နေ -
Share this