BUSINESS 2

Brand တစ်ခု အောင်မြင်အောင် တည်ဆောက် ရာမှာ လိုအပ်တဲ့ အရည်အချင်း
ကျွန်တော်တို့မှာ ပွဲတစ်ပွဲကို အနိုင်ရအောင် ကစားနိုင်တဲ့ ထူးချွန်တဲ့ ပင်ကို စွမ်းရည် ( Talent ) ရှိတဲ့ ကစားသမား တွေသာ မရှိခဲ့ရင် ပြိုင်ပွဲမှာ အနိုင်ရ နိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဒီလို သိပ်တော်ပြီး ပင်ကို စွမ်းရည် ( Talent ) ရှိတဲ့ ကစားသမား ကောင်းတွေ နဲ့တောင် ပြိုင်ပွဲမှာ ရှုံးနိမ့်ရ တာတွေ ရှိတတ်ပါတယ်။
ဥပမာ - ဘောလုံး အသင်း တစ်သင်းဟာ သိပ်တော်၊ သိပ်ထူးချွန်ပြီး ပင်ကို စွမ်းရည် ( Talent ) ရှိတဲ့ ကစား သမားကောင်း တွေနဲ့ ဖွဲ့စည်း တည်ဆောက် ထားတယ် ဆိုရင် အဲဒီ ဘောလုံး အသင်းဟာ Champion ဖြစ်နိုင် ပါတယ်။ ဒါပေမယ့် အဲဒီလို သိပ်တော်၊ သိပ် ထူးချွန်ပြီး Talent ရှိတဲ့ ကစားသမား တော်တော် များများရဲ့ စိတ်နေ သဘောထား ( Attitude ) က ယုတ်ညံ့ နေမယ် ဆိုရင်တော့ ဒီအသင်းဟာ ပြိုင်ပွဲမှာ အနိုင် ရနိင်မှာ မဟုတ်ပါဘူး။
ဒါဆိုရင် အသင်း တစ်သင်း အောင်မြင်ဖို့ ရာမှာ Talent ရှိတဲ့ ကစား သမားတွေ ရှိနေရုံနဲ့ မလုံ လောက်တော့ ပဲ စိတ်နေ သဘောထား ( Attitude ) ပါ ကောင်းမွန်ဖို့ လိုအပ် လာပါပြီ။ Attitude ကောင်းတဲ့ ကစား သမားတွေဟာ အသင်း တစ်သင်း အောင်မြင်ဖို့ ရာမှာ အာမခံချက် အပြည့်အဝ မပေးနိုင် ပေမယ့် Attitude မကောင်းတဲ့ ကစား သမားတွေ ကတော့ ရှုံးနိမ့် ဖို့ရာ အတွက် သေချာ ပါတယ်။ အဲဒီတော့ အောင်မြင်မှုကို ရရှိဖို့ ရာမှာ Attitude ဟာ Talent ထက် အများကြီး ပိုအရေးပါ ပါတယ်။
စီးပွားရေး မှာလည်း ဒီလိုပါပဲ။ Brand တစ်ခုကို စတင် တည်ဆောက်တဲ့ အခါမှာ အဓိက အရေးကြီးဆုံးက Customer ကမိမိရဲ့ Brand အပေါ်မှာကို ယုံကြည်မှု ရှိဖို့ပါ။ Customer က မိမိ Brand အပေါ်မှာ ယုံကြည်ဖို့ ရာမှာ အဓိက ကျတဲ့ အရည်အချင်း ကလည်း Right Attitude ရှိဖို့ပါ။ ' ငါရောင်းလို့ သူတို့တွေ ဝယ်နေ ရတာပါ ' ဆိုတဲ့ Negative Attitude ထက် ' သူတို့တွေ လာဝယ်လို့ ငါ့မှာ ရောင်းနေ ရတာ ' ဆိုတဲ့ Positive Attitude မျိုးရှိဖို့ လိုအပ် ပါတယ်။
ဘာဖြစ်လို့လဲ ဆိုတော့ တစ်ချို့ နာမည်ကြီး အမှတ် တံဆိပ် Company တွေက ဝန်ထမ်း တော်တော် များများဟာ Brand Proud ဖြစ်တတ်ကြ လို့ပါ။ မိမိတို့ Company ရဲ့ နာမည်ကြီး အမှတ် တံဆိပ် အပေါ်မှာ Proud ဖြစ်လွန်း အားကြီးတော့ လာဝယ်တဲ့ Customer ကို ' ဒါလေးတောင်မှ မသိဘူးလား ' ' ဒီလောက် ဈေးကြီးတဲ့ Brand ကို ဝယ်နိုင်လို့လား ' ဆိုပြီး အထင် တသေးနဲ့ Customer ကို ဆက်ဆံ တတ်ကြ ပါတယ်။
Customer ကို မဝယ်နိုင် ပါဘူး၊ မတတ်နိုင် ပါဘူး ဆိုပြီး အထင်တသေး ဆက်ဆံတဲ့ ရွှေဆိုင်က ဝန်ထမ်းကို Customer က ငွေထုပ်နဲ့ ပစ်ပေါက် သွားတဲ့ အဖြစ်အပျက် ဗီဒီယို လေးကို Social Media ဖြစ်တဲ့ Facebook မှာ တွေ့ရတော့ Attitude ရဲ့ အရေးပါပုံ ကို ပို သတိထားမိ လာပါတယ်။
Business ရဲ့ အစိတ်အပိုင်း တစ်ခုကိုသာ တာဝန်ယူ လုပ်ဆောင် နေရတဲ့ ဝန်ထမ်းတွေရဲ့ Attitude ဟာ လုပ်ငန်း လည်ပတ်မှု ကို အများကြီး ထိခိုက်၊ နစ်နာ စေတယ် ဆိုရင်၊ Company ရဲ့ အကြီးပိုင်းမှာ တာဝန်ယူ ဆောင်ရွက် နေရတဲ့ ခေါင်းဆောင် တွေရဲ့ Attitude တွေသာ မကောင်း ခဲ့ရင် ဒီ Company ဟာ ပြန်လည် ရပ်တည်ဖို့ရာ ခက်ခဲ သွားတဲ့ အထိတောင် ဖြစ်တတ် ပါတယ်။
ခု လတ်တလောလေး ဖြစ်ပျက်သွားတဲ့ Volkswagen Company ကိုပဲ ကြည့်ပါ။ သူတို့ ကားတွေကို မီးခိုး ကာဘွန် ထုတ်လွှတ်မှု အနည်းဆုံး ကားတွေပါ ဆိုပြီး လိမ်လည် ကြေငြာ ရောင်းချ ခဲ့ပါတယ်။ ဒါကို အမေရိကန် နိုင်ငံ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီ ( EPA ) က Volkswagen ကားတွေမှာ Emission Test ( မီးခိုး ထုတ်လွှတ်မှု ပမဏ စစ်ဆေးမှု ) ကို လိမ်ညာ နိုင်မယ့် Software ကို ထည့်သွင်း ထားတယ် ဆိုတာကို ဖော်ထုပ် တွေ့ရှိခဲ့ ပါတယ်။ ကြေငြာ ထားတာထက် မီးခိုး ထုတ်လွှတ်မှုနှုန်း အဆ 40 ပိုမိုနေတာကို တွေ့ရတဲ့ အတွက် ရရှိထားတဲ့ Green Car Of The Year ဆု ကိုလည်း ပြန်လည် ပေးအပ် သွားရမှာ ဖြစ်တဲ့ အပြင်၊ လျော်ကြေးငွေ $18 Billion အထိပါ ပေးဆောင် ရတော့မှာပါ။
ဒီစနစ် ထည့်သွင်း ထားတဲ့ ကားပေါင်း 11 Million ကို ပြန်လည် သိမ်းယူနေတဲ့ ကုန်ကျ စရိတ်ကလည်း $7.3 Billion အထိ ရှိတဲ့ အပြင်၊ Share ဈေးနှုန်းတွေ ကလည်း 17% ထိ ကျဆင်း ခဲ့ပါတယ်။ Volkswagen ရဲ့ CEO Martin Winterkorn ဟာ ဒီကိစ္စ အတွက် တောင်းပန် ဝန်ခံ ခဲ့ပြီး ရာထူး ကနေ နှုတ်ထွက် ရတော့ မှာပါ။ အမေရိကန်မှာ စခဲ့ လိုက်တဲ့ ဒီ ပြဿနာက တစ်ကမ္ဘာလုံးကို သက်ရောက်မှု ရှိခဲ့ပြီး Company ရဲ့ နာမည် ကိုပါ အကြီးအကျယ် ထိခိုက် ခဲ့ရပြီး Customer တွေရဲ့ ယုံကြည်မှု ကိုပါ ကျဆင်း စေခဲ့ ပါတယ်။
အဲဒီတော့ Business မှာ မရှိမဖြစ် ထားရှိရမယ့် Ethics တွေကို လိုက်နာမယ့် ကောင်းမွန်တဲ့ Attitude တွေသာ မရှိရင် လုပ်ငန်း တွေဟာ ရေရှည် ရပ်တည် ဖို့ရာ မလွယ်ပါဘူး။ Company တွေမှာ CEO မှ အောက်ချေ ဝန်ထမ်း အဆုံး လုပ်ငန်း တာဝန် ပေးအပ် ခန့်ထားရာမှာ Talent ထက် Attitude ကောင်းတဲ့ သူတွေကိုသာ အဓိက ဦးစားပေး ရွေးချယ်တဲ့ Culture တစ်ခုကို အသက်သွင်း ဖော်ဆောင်သင့် ပါတယ်။
အမေရိကန်မှာ ဆူရှီ ဆိုင်ပေါင်း 400 ကျော်ကို အောင်မြင်စွာ ဖွင့်လှစ် ထားနိုင်တဲ့ မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား ခံယူသွားတဲ့ Philip Maung ( သူ့အကြောင်းကို အရှေ့မှာ ကျွန်တော် ရေးခဲ့ ဖူးပါတယ် ) ဟာ လုပ်သား အသစ် တစ်ယောက်ကို ခန့်တော့မယ် ဆိုရင် သူတို့ Hisssho Sushi ဆိုင်ရဲ့ သတ်မှတ် ထားတဲ့ Core Value နဲ့ Fix ဖြစ်မဖြစ် အရင် ကြည့်ပါ တယ်တဲ့။ အလုပ် လျှောက်သူရဲ့ Skill Set က အရမ်းကောင်း နေတယ်၊ သူ့ရဲ့ Qualification ကလည်း အရမ်းကောင်း နေတယ်၊ သေချာပေါက် Company ကို ကောင်းကောင်း Contribute လုပ်ပေး နိုင်မယ့်သူ ဖြစ်နေ ပေမယ့်လည်း Company ရဲ့ Core Value နဲ့ မကိုက်ညီရင် မခန့် ပါဘူးတဲ့။
Core Value နဲ့ ညီလို့ သဘော ကျတယ် ဆိုရင် တောင်မှ Interview ပြီးလို့ သူပြန်သွားတဲ့ အချိန်မှာ Company ကောင်တာက စာရေးမကို ကောင်းကောင်း မွန်မွန် ဆက်ဆံ သလား၊ မောက်မောက် မာမာ ဆက်ဆံ ပါသလား ဆိုတဲ့ Attitude နဲ့ ပြန်ကြည့် ပါသေး တယ်တဲ့။ ဘယ်လောက် တော်တော် သူတို့ Company ရဲ့ Culture ကို အဆိပ် အတောက် ဖြစ်စေမယ် ဆိုရင် မခန့် ပါဘူးတဲ့။
အဲဒီတော့ ကျွန်တော်တို့ တစ်တွေရဲ့ လုပ်သား စုဖွဲ့မှု၊ ခန့်အပ်မှု တို့ကို မေးခွန်း ထုတ်ဖို့ လိုအပ်လာ ပါပြီ။ ကျွန်တော်တို့ တစ်တွေဟာ Attitude ကောင်းဖို့ထက် Talent ကောင်းဖို့ ကိုသာ အာရုံစိုက် ခဲ့ကြလို့ ကျွန်တော်တို့ လုပ်ငန်း၊ Company တွေ တော်တော် များများဟာ ရေရှည်မှာ အောင်မြင်ဖို့ ရာမှာ အခက်တွေ့နေကြတာပဲ ဖြစ်ပါတယ်။
ဒါဆို ကျွန်တော်တို့တွေ အတွက် ပထမ အရေးကြီးဆုံး ဖြစ်တဲ့ Right Attitude ရှိတဲ့ Culture တစ်ခုကို စနစ်တကျ ဖွဲ့စည်း တည်ဆောက် သွားပြီး Right Principles တွေကို ချမှတ် လုပ်ဆောင် သွားမယ် ဆိုရင် ရေရှည် အောင်မြင် တည်တံ့တဲ့ အမှတ်တံဆိပ် တစ်ခုကို ဖန်တီး တည်ဆောက် နိုင်မှာပဲ ဖြစ်ပါတယ်။

နောင်နောင် ( START OIL )

Share this

Related Posts

Previous
Next Post »