HR နှင့် Presentation


HR နှင့် Presentation
အစချီ၍နိဒါန်းကျူးရသော် ဆောင်ရန်ရှောင်ရန်သော သေသပ်လှပသော အခင်းအကျင်း တင်ဆက်မှုဟုပင် ပုံဖော်ရှေ့တန်း တင်လိုက်ရပါ၏ ။
မိတ်ဆွေတို့ အားလုံးနီးပါး seminar တက်ရောက်ဖူးသူများဖြစ်ကြ ပါမည်မဟုတ်ပါလော
ပညာရေး ၊စီးပွားရေး ၊နိုင်ငံရေး အသီးသီးသော ခေါင်းစဉ်များ ကိုလည်းရင်းနှီးပြီးသားဖြစ်ကြလိမ့်မည်ကို ယုံကြည်ပါသည်။
သို့ရာတွင် ကျွုပ်တို့အနေဖြင့်တင်ဆက်ပုံအမျိုးမျိုးကို ကြုံဖူးကြမည်ပင်ဖြစ်ပါသည်။
Presentation တစ်ခုတွင် ------
1. Information sharing ပြုလုပ်ခြင်း
2. Explain and learning lesson သင်ခန်းစာအကြောင်းအရာများအား လေ့လာခြင်းနှင့်ပြန်လည်ရှင်းလင်းတင်ပြခြင်း
3. Aim /vision/ mission/ objective
ခံယူချက်များ၊ရေတို ရေရှည် ကလအပိုင်းအခြားများနှင့် ရည်မှန်းချက်များကို မျှဝေဆွေးနွေးခြင်း စသည့်အပိုင်းသုံးပိုင်းအားဖြင့်တွေ့မြင် ကြရပေလိမ့်မည်။
ထိုမှတဆင့် presenter တို့သည် audience တို့၏ အာရုံစူးစိုက် နိုင်မှုကို အကောင်းဆုံးပေးစွမ်းနိုင်ရန် အတွက်လည်း အထူးဂရုပြုသင့်ပေသည်။
အကြောင်းအရာတင်ဆက်ရာ၌ လူတစ်ဦးထဲကိုသာ အာရုံစူးစိုက် ဟောပြောခြင်း (bad eye contact)
မဖြစ်စေရ၊ တင်ပြလိုသည့်အကြောင်းအရာသို့မရောက်နိုင်ဘဲ ခေါင်းစဉ်နှင့်မသက်ဆိုင်သော အကြောင်းအရာသို့ကူးပြောင်းသွားခြင်းမဖြစ်စေရ၊နားထောင်ဆွေးနွေးသူများအပေါ် ဆရာလုပ်အမိန့်ပေးခြင်းဟုထင်မြင်စေတတ်သော စကားအသုံးအနှုန်းများ အသွင် မဆောင်စေရပါ။
လိုအပ်သော အကြောင်းအရာ နှင့် ပိုင်နိုင်ထိမိသော ရည်ရွယ်ချက်ကိုသာ ဆွေးနွေးတင်ပြ နိုင်ရန်ဂရုတစိုက်ရှိသင့်ပါသည်။မိမိစိတ်ထင်ရာ များကိုအသားပေးဆွေးနွေးခြင်းကိုရှောင်ကျဉ်၍ သဘာဝကျကျနှင့် ယခင်၊ယခု၊ နောင် ဆိုသော ကာလများဖြင့်သာ လက်တွေ့ကျကျ ဆွေးနွေးတင်ပြပေးနိုင်ဖို့အရေးကြီးပါသည်။
Presentation တစ်ခုတွင် ပထမဦးဆုံး နိဒါန်းလှပစွာ အသုံးပြုခြင်းနှင့် မိတ်ဆက် ပွဲထွက်မှုကောင်းမွန်ခြင်း၊ဒုတိယ (main )အဓိက အကြောင်းအရာကို တင်ပြခြင်း ထိုသို့တင်ပြရာတွင်လည်း တက်ရောက်လာသူများ၏ မျက်နှာရိပ် မျက်နှာကဲတို့ကို အကဲခတ်နိုင်ရန်လိုအပ်ပြီး မည်သည့်နယ်ပယ်တွင် မည်သို့ဆွေးနွေး သင့်ကြောင့် ဟာသနှောလေးများပါ မကြာကြာထည့်သွင်း တင်ဆက်ခြင်းတို့ကိုပြုလုပ်ပေးခြင်းဖြင့်အကြောင်းရာ အပေါ်ငြီးငွေ့သွားခြင်း မဖြစ်စေရန် သတိပြုမိဖို့လိုအပ်ပါတယ်။ ဖြစ်နိုင်လျှင် အကြောင်းအရာတို့အား အမေးအဖြေ ပုံစံမျိုးလုပ်ရန် အခွင့်အရေးရပါက ထိထိမိမိ မလွတ်စတမ်း အသုံးချနိုင်ရန် အရေးကြီးပါသည်။
တတိယအနေဖြင့် စကားအဆုံးသတ် conclusion ကောင်းခြင်းရပါမည်၊ ဆွေးနွေးတင်ပြခဲ့သော အကြောင်းအရာ များနှင့်ဆက်လျဉ်း၍ မေးမြန်းအဖြေထုတ်မှုများကို လှပထိမိစွာ ပြန်လည်ဖြေရှင်းချက်ပေး ဖြေကြားပေးခြင်းမျိုးပြုလုပ်ပေးရပါမည်။ အကြုံပြု သို့မဟုတ် အကျိုးပြု အကြောင်းအရာ ဥပမာသုံး၍ တိုက်တွန်းပေးခြင်းမျိုးပြုလုပ်ချင်း၊ စိတ်ဓာတ်လှုံ့ဆော်ပေးခြင်း တို့ဖြင့် သေသပ်သော ဟောပြောခြင်းအခမ်းအနားဖြစ်စေရန်အကောင်းဆုံးလုပ်ဆောင်သင့်သည့်အချက်အလက်များ ဖြစ်ပါသည်။
မိမိ၏ဆွေးနွေးဟောပြောချက်များသည် ပတ်ဝန်းကျင်တွင် အများစုမှလက်ခ်ံနိုင်သော အကြောင်းအရာဖြစ်ရမည်။လက်တွေ့ဖြစ်ပေါ်နေသော ပတ်ဝန်းကျင်နှင့် ကိုက်ညီသောအကြောင်းအရာဖြစ်စေရမည်။ တက်ရောက်နားထောက်သူတို့နှင့် ဆန့်ကျင်သော အကြောင်းအရာမျိုး မများစေရ ၊စကားသံအလွန်တိုးခြင်းကျယ်ခြင်းနှင့် လိုသည်ထက်ပိုသော ကိုယ်လက်ဟန်ပန်(bodylanguage)မျိုးမဖြစ်စေရပါ။
မိမိယုံကြည်ချက်ရှိသော မိမိကိုယ်တိုင်လက်ခံနိုင်သော အကြောင်းအရာ မျိုးဖြစ်ပြီး သဘာဝကျကျ ဘောင်ဝင်သော အချက်အလက်များဖြစ်စေရန် ကြိုတင်အစီအစဉ်ချမှတ်ရမည်ဖြစ်သည်။သို့မှသာ သင်၏တင်ဆက်မှုသည် influential ဖြစ်နိုင်မည်ဖြစ်ကြောင်းအတိုချုံ့သာတင်ပြရခြင်းဖြစ်ပါသည်။
powerpoint အသုံးပြု၍ presentation ပြုလုပ်ပုံများကိုတင်ပြပေးရန် ရှိသော်လည်း ရှိသည့်အချိန်လေးဖြင့်သာလိုတိုရှင်းတင်ပြပေးရခြင်းဖြစ်ပါ၍ လိုအပ်သည် များကို ဖြည့်စွက်နားလည်ပေးစေလိုပါကြောင်း
ကျော်မျိုးဦး

Share this

Related Posts

Previous
Next Post »