ဓာတ်မြေသြဇာနှင့် အဆိပ်သင့်ခြင်း

Myanmaalinn's photo. Myanmaalinn's photo. Myanmaalinn added 2 new photos. 14 hrs · Yangon · ဓာတ်မြေသြဇာနှင့် အဆိပ်သင့်ခြင်း ====================== သိပ္ပံစာရေးဆရာကိုကိုအောင် ကမ္ဘာ့လူဦးရေ အဆမတန်တိုးပွားလာနေခြင်းသည် ကောက်ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှု ကိန်းဂဏန်းများကို ပို၍ကြီးထွားလာစေသည်။ တိုးပွားလာသောလူဦးရေနှင့် အညီ စိုက်ပျိုးမြေများကို ချဲ့ထွင်ကြသော်လည်း အလှမ်း ကွာဝေးလွန်းလှသောစိုက်ခင်းများတွင် ပြုစုပျိုးထောင် စိုက်ပျိုးရသော စရိတ်စကများက ကြီးလေးသည့်အတွက် စိုက်ပျိုးလက်စ မြေဧရိယာအတွင်း၌ပင် ကောက်ပဲသီးနှံ များကို အထွက်တိုးအောင် နည်းမျိုးစုံဖြင့် ကြံဆလာကြ သည်။ ဤသို့အားဖြင့် ကောက်ပဲသီးနှံအထွက်နှုန်းကို တိုး ပွားစေသည့် ဓာတ်မြေသြဇာများသည် စိုက်ပျိုးတောင်သူ တို့၏ အားကိုးအားထားပြုစရာ ဖြစ်လာခဲ့တော့သည်။ စပါး၊ ဂျုံ၊ ပဲ၊ နှမ်း၊ ပြောင်းစသော ရာသီသီးနှံများကို စိုက်ပျိုးရန်စဉ်းစားသည့်အခါ ဓာတ်မြေသြဇာသုံးစွဲရေး ကိုသာ ရှေ့တန်းတင်လာကြသည်။ ကောက်ပဲသီးနှံ စိုက်ခင်းများတွင် ဓာတ်မြေသြဇာသုံးစွဲမှု ကာလကြာမြင့် လာသည့်အခါ မြေဆီလွှာကိုထိခိုက်မှုများ သိသိသာသာ ဖြစ်ပေါ်လာသည်။ ကောက်ပဲသီးနှံများ ရှင်သန်ကြီးထွားဖွံ့ဖြိုးစေရေး အတွက် ဒြပ်စင် ၁၆ မျိုး လိုအပ်သည်။ ထိုဒြပ်စင်များမှာ ကာဗွန်ဒိုင်အောက်ဆိုက်၊ အောက်ဆီဂျင်၊ ဟိုက်ဒရိုဂျင်၊ နိုက်ထရိုဂျင်၊ ဖော့စ်ပရပ်စ်၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ကယ်လ်ဆီယမ်၊ ဆာလ်ဖာ၊ ဘိုရွန်၊ ကလိုရင်း၊ ကော့ပါး၊ အိုင်းယွန်း၊ ဇင့်၊ မင်းဂနီးစ်နှင့် မိုလီဒီနမ်တို့ ဖြစ်ကြသည်။ အဆိုပါ ဒြပ်စင် ၁၆ မျိုးအနက် ကာဗွန်ဒိုင်အောက် ဆိုက်၊ အောက်ဆီဂျင်နှင့် ဟိုက်ဒရိုဂျင်တို့ကို လေထုထဲက အရန်သင့်စုပ်ယူရရှိကြသည်။ ကျန်ဒြပ်စင်များကိုမူ မြေကြီးထဲက စုပ်ယူရရှိရန် လိုအပ်သည်။ မြေကြီးထဲမှ တစ်ဆင့်ရရှိနိုင်သော ဒြပ်စင်များအနက် နိုက်ထရိုဂျင် သည် ကောက်ပဲသီးနှံများ၏ အပင်ပိုင်းဆိုင်ရာကြီးထွားမှု ကို ပံ့ပိုးဖြည့်ဆည်းပေးပြီး ဖော့စ်ပရပ်စ်ကမူ ကောက်ပဲ သီးနှံများ၏ လိင်ပိုင်းဆိုင်ရာ ကြီးထွားမှုကို အဓိကအား ဖြင့် ပံ့ပိုးဖြည့်ဆည်းပေးသည်။ ထိုအချက်ကိုသိရှိထား ကြသော ဓာတ်မြေသြဇာထုတ်လုပ်သူများသည် နိုက်ထ ရိုဂျင်နှင့် ဖော့စ်ပရပ်စ်တို့ ထူးထဲစွာဖြည့်စွက်ထားသော ဓာတ်မြေသြဇာများကို ထုတ်လုပ်ရောင်းချလျက် ရှိနေ ကြသည်။ ထိုသို့သော ဓာတ်မြေသြဇာများကို သုံးစွဲစိုက်ပျိုးမှု နှစ်ကာလကြာရှည်လာသည့်အခါ ယင်းစိုက်ပျိုးမြေသည် နိုက်ထရိုဂျင်နှင့် ဖော့စ်ပရပ်စ်တို့သာြ<ွကယ်ဝနေပြီး ကျန်ဒြပ်စင်များ တဖြည်းဖြည်းနှင့် ချို့တဲ့ဆုံးရှုံးလာတော့ သည်။ ထိုအခြေအနေသည် ကောက်ပဲသီးနှံအထွက်နှုန်းကို ကျဆင်းသွားစေရုံမျှမက ထွက်ရှိလာသောကောက်ပဲ သီးနှံ၏ အရည်အသွေးကိုပါ ဆိုးဆိုးရွားရွား ထိခိုက် စေသည်။ ကောက်ပဲသီးနှံမျိုးစိတ်များသည် တစ်ခုနှင့်တစ်ခု ကွဲပြားခြားနားနေကြသလို မြေကြီးထဲက စုပ်ယူစားသုံး ကြရသော ဒြပ်စင်များ၏အချိုးအဆသည်လည်း မျိုးစိတ် တစ်ခုနှင့်တစ်ခု မတူညီကြပေ။ အပင်မျိုးစိတ် တစ်ခု တည်း၌ပင်လျှင် ကြီးထွားဖွံ့ဖြိုးမှုမတူညီပါက မြေကြီး ထဲက ဒြပ်စင်များကို စုပ်ယူသည့်ပမာဏနှင့် အချိုးအဆ တို့ကလည်း အမျိုးမျိုးကွဲပြားခြားနားကြသည်။ ဤသို့သော သဘောသဘာဝများကြောင့် ချို့တဲ့ဆုံးရှုံး သွားသော ဒြပ်စင်အားလုံးကို ပြန်လည်ဖြည့်တင်းမပေးဘဲ နိုက်ထရိုဂျင်နှင့် ဖော့စ်ပရပ်စ်တို့ကိုသာ ထပ်ကာတလဲလဲ ဖြည့်ဆည်းပေးနေခြင်းသည်လည်းကောင်း၊ ကျန်ဒြပ်စင် များကို ဖြည့်ဆည်းပေးရာ၌လည်း ဆုံးရှုံးမှုပမာဏအလိုက် အချိုးညီညီ ဖြည့်ဆည်းမပေးနိုင်ခြင်းသည်လည်းကောင်း မြေဆီလွှာကိုထိခိုက်ပျက်စီးစေသော အကြောင်းတရား များ ဖြစ်လာရတော့သည်။ တစ်နည်းဆိုရသော် ရှိသင့် သောဒြပ်စင်များ မရှိတော့ခြင်းနှင့် ဓာတ်မြေသြဇာများ ကြောင့် အဆမတန်ပိုလျှံလွန်ကဲလာသော ဒြပ်စင်များ သည် မြေဆီလွှာ၏ ဇီဝဓာတုဖြစ်စဉ်များကို ကမောက် ကမဖြစ်သွားစေခြင်းပင် ဖြစ်သည်။ ထို့ပြင် ဓာတ်မြေသြဇာများကို စီမံထုတ်လုပ်ရာ၌ ပါဝင်ရောနှောလာလေ့ရှိသည့် ခဲနှင့် ကက်ဒမီယမ် ကဲ့သို့ သော ဒြပ်စင်များကြောင့် မြေဆီလွှာနှင့်တကွ သဘာဝ ပတ်ဝန်းကျင်ကို အဆိပ်အတောက်ဖြစ်စေသည်။ ဓာတ်မြေသြဇာများကို အဖန်တလဲလဲ ထပ်ဆင့်သုံးစွဲလာ သည့်အခါ ကောက်ပဲသီးနှံများသည် ဒြပ်စင်များကို လိုအပ်သည်ထက် ပိုမိုလွန်ကဲစွာ စုပ်ယူထားကြရပြီး အပင်ထဲ၌ ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် သိုလှောင်ထိန်း သိမ်းထားကြရသည်။ ထိုအခါ အပင်များသည် သိသိသာသာအရည်ရွှမ်း လာပြီး အမိုင်နိုအက်စစ်နှင့် သကြားဓာတ်များလည်း ပိုမိုများပြားလာကြသည်။ အမိုင်နိုအက်စစ်နှင့် သကြား ဓာတ်ကို နှစ်ခြိုက်ကြသော အပင်ဖျက်ပိုးမွှားများလည်း အဆမတန်ပေါက်ပွားလာကာ အပင်များကို အုပ်စုလိုက် ဖျက်ဆီးကုန်ကြတော့သည်။ ဤသို့အားဖြင့် ဓာတ်မြေ သြဇာကိုသုံး၍ စိုက်ပျိုးထားသောအပင်များသည် ဖွံ့ဖြိုး ကြီးထွား သန်မာကြသည့်တိုင် အပင်ဖျက် အင်းဆက် ပိုးမွှားများ၏ အုပ်စုလိုက်ဖျက်ဆီးခံရခြင်းမှ လွတ်ကင်း စေရန်အတွက် ပိုးသတ်ဆေးကို အများအပြားသုံးစွဲကြ ရတော့သည်။ ကောက်ပဲသီးနှံစိုက်ခင်းများတွင် သုံးစွဲနေကြသော ပိုးသတ်ဆေးများကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်ပိုးသတ် ဆေးအဆိပ်သင့်သူ သုံးသန်းနှင့် အဆိပ်သင့်မှုကြောင့် သေဆုံးရသူ ၂၂ဝဝဝဝ အထိရှိနေကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက သုတေသနပြုတွေ့ရှိရသည်။ ပိုးသတ် ဆေးသည် ဦးနှောက်နှင့်အာရုံကြောများ ထိခိုက်ခြင်း၊ ကင်ဆာဖြစ်ပွားခြင်း၊ သားမြုံမှုကိုဖြစ်စေပြီး မျိုးပွားမှုကို ထိခိုက်ခြင်းများ ဖြစ်စေနိုင်ကြောင်း သိပ္ပံပညာရှင်တို့က သတိပေးထားကြသည်။ ထို့ပြင် ကောက်ပဲသီးနှံစိုက်ခင်းများတွင် ပိုးသတ်ဆေး များကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြခြင်းကြောင့် ပိုးသတ်ဆေးဓာတ်ကြွင်းများသည် ကမ္ဘာ့မြေလွှာအတွင်း သို့ စိမ့်ဝင်ရောက်ရှိကာ မြေအောက်ရေများအတွင်း၌ ပျော်ဝင်လျက်ရှိနေကြသည်။ မြေအောက်ရေများကို တူးဖော်ရယူပြီး ခေတ်မီနည်းစနစ်များသုံးကာ သောက် ရေသန့်များအဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိနေကြ သော်လည်း သောက်ရေသန့်အများစုတွင် ပိုးသတ် ဆေးဓာတ်ကြွင်းများ ပျော်ဝင်လျက်ရှိနေကြောင်းကို သုတေသနပညာရှင်များက ဖော်ထုတ်တွေ့ရှိခဲ့ကြသည်။ ပိုးသတ်ဆေးဓာတ်ကြွင်းများ ပျော်ဝင်နေသောရေသည် ကျောက်ကပ်၏ခံနိုင်ရည်စနစ်နှင့် ဗဟိုနာဗ်ကြောတို့ကို ပြင်းထန်စွာထိခိုက်စေသည့်အပြင် ကင်ဆာရောဂါများ လည်း ဖြစ်ပွားလာနိုင်ကြောင်း ဆေးသိပ္ပံပညာရှင်တို့က ထုတ်ဖော် ကြေညာထားကြသည်။ ဓာတ်မြေသြဇာများကြောင့် သဘာဝမြေဆီလွှာ၏ ဇီဝဓာတုဖြစ်စဉ်များ ကမောက်ကမဖြစ်ကာ မြေဆီလွှာ ပျက်စီးသွားရသလို...ဆက်စပ် ဆိုးကျိုးများအဖြစ် လည်း စိုက်ပျိုးထွက်ရှိလာသော ကောက်ပဲသီးနှံများတွင် ပိုးသတ်ဆေးများ ကပ်ငြိကျရောက်နေမှုကြောင့် စားသုံး သူများအား ပိုးသတ်ဆေး အဆိပ်သင့်စေခြင်းနှင့် သောက်သုံးရေများတွင် ပါရှိလာသော ပိုးသတ်ဆေး ဓာတ်ကြွင်းများကြောင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများ နှင့် ရင်ဆိုင်ကြုံတွေ့ကြရခြင်းတို့ကို ဖြစ်ပေါ်စေသည်။ ဓာတ်မြေသြဇာအားကိုးဖြင့်စိုက်ပျိုးသော ကောက်ပဲ သီးနှံများ၏ သဘာဝအရ သီးနှံဖျက်ပိုးအများအပြားကျ ရောက်မှုကို ကာကွယ်တိုက်ဖျက်ရန် ပိုးသတ်ဆေး အမြောက်အမြားကို သုံးစွဲကြရသောကြောင့် ပိုးသတ် ဆေးအဆိပ်သင့်မှုနှင့် ပိုးသတ်ဆေးဓာတ်ကြွင်း အဆိပ် သင့်မှုတို့ကို ဖြစ်ပေါ်စေသလို... ဓာတ်မြေသြဇာ ကြောင့် တိုက်ရိုက်ဖြစ်ပွားရသော အဆိပ်သင့်မှုမျိုးက လည်း နေရာအနှံ့တွင် ဖြစ်ပေါ်လျက်ရှိနေသည်။ စိုက်ခင်းများတွင်အသုံးပြုသော ဓာတ်မြေသြဇာ အများအပြားသည် မြေလွှာအောက်အနက်ပိုင်းအထိ စိမ့်ဝင်စီးဆင်းသွားပြီး ဓာတ်မြေသြဇာတွင် ပါဝင်နေ သည့် အဆိပ်သင့်စေသော ဓာတုဒြပ်စင်များက မြေ အောက်ရေများထဲ၌ပျော်ဝင်ကာ ကမ္ဘာ့မြေလွှာအောက်ရှိ ရေထုကြီးကိုပါ ညစ်ညမ်းပျက်စီးစေလျက် ရှိသည်။ ဓာတ်မြေသြဇာထဲတွင် ရာခိုင်နှုန်းအများဆုံး ပါဝင် နေသော နိုက်ထရိုဂျင်ဒြပ်စင်များသည် မြေလွှာအောက် သို့ စိမ့်ဝင်ရောက်ရှိပြီး နိုက်ထရိတ်များအဖြစ် မြေအောက် ရေထဲ၌ ပျော်ဝင်လျက်ရှိနေသည်။ နိုက်ထရိတ်ပျော်ဝင်မှု နှုန်းသည် ရေတစ်လီတာတွင် ၁ဝ မီလီဂရမ်အထိ ဖြစ်လာခဲ့လျှင် ကျန်းမာရေးကိုထိခိုက်စေသော မြေ အောက်ရေအဆိပ်သင့်မှုအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ မြေအောက်ရေတစ်လီတာတွင် နိုက် ထရိတ် ပျော်ဝင်မှုနှုန်းသည် ၂၅ မီလီဂရမ်အထိ မြင့်တက် လာမည်ဆိုပါက သွေးကိုအဆိပ်သင့်စေနိုင်သောအဆင့် ထိတိုင် ရောက်ရှိလာပြီ ဖြစ်သည်။ ထိုရေမျိုးကို အသက် နှစ်နှစ်အောက် ကလေးငယ်များ သောက်သုံးမိပါက သွေးအဆိပ်သင့်ရောဂါကို ဖြစ်ပွားစေနိုင်သည်။ Blue Baby Syndrone ( Gobal Warming Potentials ))တွင် ကာဗွန်ဒိုင် အောက်ဆိုက်ထက် ၂၁ ဆ ပိုမိုစွမ်းရည်ရှိသည့်အား လျော်စွာ ဓာတ်မြေသြဇာများကြောင့် ထွက်ပေါ်လာ သော မီသိန်းဓာတ်ငွေ့များသည် ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုနှင့် မိုးလေဝသအခြေအနေများ ကစဥ့် ကလျားဖြစ်စေမှုတို့အတွက် အဓိကကျသော လက်သည် တရားခံကြီးပင် ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ဓာတ်မြေသြဇာများ ကြောင့် ရေညှိ၊ ရေမှော်ပင်များကို ပြုန်းတီးသွားစေသည် ဖြစ်ရာ အောက်ဆီဂျင်ဓာတ်ငွေ့များကို ထုတ်လုပ်ပေးနေသော သဘာဝအရင်းအမြစ်များကို ဖျက်ဆီးနေသည့် တရားခံ လည်း ဖြစ်သည်။ မြစ်ချောင်း၊ အင်းအိုင်နှင့် ပင်လယ် သမုဒ္ဒရာအောက်ရှိ ရေညှိ၊ရေမှော်ပင်များသည် နေရောင် ခြည်ဖြင့် အလင်းဖွဲ့အစာချက်သည့် ရှင်သန်ရပ်တည်မှု ဇီဝယန္တရားကြောင့် ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ တစ်မျိုးဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုက်များကို စုပ်ယူ နေရင်း တစ်ချိန်တည်းမှာပင် အောက်ဆီဂျင်ဓာတ်ငွေ့ များကိုလည်း ထုတ်လွှတ်ပေးလျက်ရှိနေကြသည်။ ဤမြေကမ္ဘာကြီးအတွက်လိုအပ်သော အောက်ဆီဂျင် ဓာတ်ငွေ့စုစုပေါင်း၏ ၇ဝ ရာခိုင်နှုန်းကို ရေညှိ၊ ရေမှော် ပင်များက ထုတ်လွှတ်ပေးနေကြခြင်းဖြစ်ရာ... ဆိုးကျိုး ဖြစ်စေသည့် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များကို စုပ်ယူ ဖယ်ရှားပြီး ကောင်းကျိုးပြုစေသည့် အောက်ဆီဂျင် ဓာတ်ငွေ့များကို ထုတ်လွှတ်ပေးနေသော သဘာဝအရင်း အမြစ်များကို ဓာတ်မြေသြဇာများက ပြုန်းတီးသွားအောင် လုပ်ဆောင်လျက်ရှိနေကြသည်။ ဓာတ်မြေသြဇာများသည် မြေဆီလွှာအတွင်းရှိ အော်ဂဲ နစ်ပစ္စည်းများကို လျင်မြန်စွာဆွေးမြည့်သွားစေသော ကြောင့် မြေဆီလွှာအတွင်း၌ အာဟာရဓာတ်လိုအပ်မှုကို ကြီးထွားလာစေသည်။ မြေဆီလွှာအတွင်း အာဟာရ လိုအပ်မှု ကြီးထွားလာခြင်းသည် ထပ်မံစိုက်ပျိုးမည့် ကောက်ပဲသီးနှံပင်များအတွက် ဓာတ်မြေသြဇာများကို အသုံးပြုရန် အကြောင်းဖန်လာပြန်တော့သည်။ ဤသို့ အားဖြင့် ဓာတ်မြေသြဇာ သုံးစွဲနေကျ စိုက်ပျိုးမြေများ သည် ဓာတ်မြေသြဇာကိုပင် ထပ်ကာလဲလဲသုံးစွဲရန် အကြောင်းဖြစ်ပေါ်လျက် စိုက်ပျိုးရေးလုပ်ငန်းနှင့် ဓာတ်မြေသြဇာတို့၏ ပတ်သက်မှုသံသရာစက်ဝန်းသည် အဆက်မပြတ် လည်ပတ်နေတော့သည်။ ထိုသံသရာစက်ဝန်းကြီး အဆက်မပြတ်လည်ပတ် နေမှုကြောင့် လူသားတို့နှင့် သဘာဝပတ်ဝန်းကျင် တစ်ခု လုံးသည် ဓာတ်မြေသြဇာကြောင့် အဆိပ်သင့်ခြင်းဟူသော အိပ်မက်ဆိုးကြီးကို ဆက်၍ဆက်ခါ မက်နေကြရဦးမည် သာ ဖြစ်ပေတော့သည်။

Share this

Related Posts

Previous
Next Post »