Balance‬ sheet ဆိုတာဘာလဲ

‪#‎Balance‬ sheet ဆိုတာဘာလဲ ?# Stock Investor တယောက်အနေနဲ့ Company တခုရဲ့ Share တွေကိုဝယ်ယူတော့မယ်ဆိုရင် ထိုCompany ရဲ့  အနာဂတ်မှာတိုးတက်မှု့ အခြေနေ ဆုတ်ယုတ်မှု အခြေနေတို့ ကို ခန့် မှန်းတွက်ချက်ရန်အတွက် Company ရဲ့ ပိုင်ဆိုင်မှု့  ပေးဆပ်ရမယ့်အကြွေး စသဖြင့် Finance ပိုင်းဆိုင်ရာအချက်အလက်တွေကိုဖော်ပြထားတဲ့ Balance sheet ကိုမဖြစ်မနေ ကြည့်ရှု့ ဖို့ လိုအပ်တဲ့အတွက် Balance sheet ဆိုတာ ဘာလဲလို့ သိထားဖို လိုအပ်ပါတယ်.. Balance Sheet ဆိုတာ Assets, Liabilities & Share Holder တွေရဲ့  Equities ( Assets, Liabilities & Equity အကြောင်းကို တင်ထားပြီးတဲ့ ပိုစ်တွေမှာ ရှာဖွေဖတ်ရှု့ နိုင်ပါတယ်) တို့ ကို အနှစ်ချုပ်ဖော်ပြထားတဲ့ Company ရဲ့ Finance ပိုင်းဆိုင်ရာ ထုတ်ပြန်ကြေငြာချက်ဖြစ်ပါတယ်.. ဥပမာ.. ဦးလှဟာ နှစ်စဉ် ဝင်ငွေ $ 20,000 ရှိတဲ့ သူပိုင်တဲ့ရေခဲမုန့့် ဆိုင်ကို $ 100,000 နဲ့  ရောင်းချင်တယ်ဆိုပါစို့  အဲဒါဆို သူ့ ရဲ့ ရေခဲမုန့် ဆိုင်ကို အောက်မှာဖော်ပြထားတဲ့ Balance Sheet ထဲက အချက်အလက်တွေကိုကြည့်ပြီး ဝယ်ပြီးရင်းနှီးမြှုပ်နှံဖို့  စွန့် စားမှု့  (risk) များ မများကို အခုလိုတွေ့ ရပါလိမ့်မယ်.. Total Assets ; cash in account : 3,000 Ice cream stand : 10,000 Ice cream Machine : 5,000 Supplies. : 1,000 Land : 25,000 Total : 44,000 Total Liabilities ; Salary owed : 2,000 Ice cream stand : 9,000 Ice cream Machine. : 3,000 Land : 23,000 Total : 37,000 Equity : $7000 ( Equity = Assets - Liabilities ) Balance sheet မှာဖော်ပြထားတဲ့အတိုင်း အပေါ်က Total Assets မှာ ဦးလှရဲ့  ရေခဲမုန့် ဆိုင် ဘဏ်အကောင့်ထဲမှာ ငွေသား $3000 ရှိတယ်..$10000 တန်တဲ့ ice cream stand တခုပိုင်တယ်.. $5000 တန်တဲ့ ice cream machine လည်းတခုပိုင်တယ်.. $1000 တန်တဲ့တခြားထောက်ပံ့ပစ္စည်းတွေလည်းရှိတယ်.. ပြီးတော့ $ 25000 တန်တဲ့ ရေခဲမုန့် ဆိုင်မြေနေရာကိုလည်းပိုင်တယ်..ဆိုတော့ ဦးလှရဲ့ ရေခဲမုန့် ဆိုင်ပိုင်ဆိုင်မှု့ ဟာ စုစုပေါင်း $44000 ရှိတယ်လို့ ဆိုရမှာပေါ့.. ဒါပေမယ့် အောက်က Total Liabilities မှာဖော်ပြထားတဲ့အတိုင်း ဝန်ထမ်းတွေကိုပေးရတဲ့ လစာက $2000 ရှိတယ်..ပြီးတော့ ice cream stand ကို $9000 ဆိုပြီး Assets မှာဖော်ပြထားပြီးသားကို Liabilities မှာ ဒုတိယအကြိမ်ထပ်ဖော်ပြထားတာကိုတွေ့ ရတယ် အဲဒါက ဘာကိုဆိုလိုသလဲဆိုတော့ ဦးလှဟာ $10000 တန်တဲ့ ice cream stand ကိုဝယ်ဖို့ $1000 ပဲငွေပေးချေထားပြီး ကျန်တဲ့ $9000 က ဘဏ်ကချေးပြီး ဝယ်ထားတဲ့အတွက် ဘဏ်ကိုပေးဆပ်ရန်ကျန်နေသေးတယ်လို့ ဆိုလိုပါတယ်.. Ice cream Machine လည်းထိုအတိုင်းပါပဲ $5000တန်ကို $2000 ပဲပေးရသေးပြီး ကျန်တာက ချေးထားတဲ့ဘဏ်ကို $3000 အကြွေးဆပ်ရန်ရှိသေးတယ်.. ဆိုင်ခန်းမြေနေရာလည်း ထိုနည်းလည်းကောင်းပဲ ဒေါ်လာ 23000 ပေးဆပ်စရာရှိသေးတယ်.. ဦးလှရဲ့  ပေးဆပ်စရာရှိတဲ့ ငွေစုစုပေါင်းဟာ $37000 ရှိနေတာကိုတွေ့ ရမယ်..ထိုကြောင့် Formula အတိုင်း Equity ( အသားတင်လက်ကျန်အမြတ်ငွေပိုင်ဆိုင်မှု့ တန်ဖိုး) = Assets 44000 - Liabilities 37000= $7000 ပဲရှိတာကိုတွေ့ ရပါမယ်.. Market price နဲ့  Equity တို့ ရဲ့ ကွာခြားချက်နည်းလေ invest လုပ်ရန် Risk နည်းလေဖြစ်ပြီး ကွာခြားချက်များလေလေ risk များလေလေဖြစ်ပါတယ်.. ဒီလောက်ဆိုရင်တော့ Balance Sheet မှာဖော်ပြထားတဲ့အချက်အလက်တွေကို ကြည့်ပြီး သဘောပေါက်လောက်ပါပြီ.. အောက်မှာဖော်ပြထားတဲ့အပုံက APPLE company ရဲ့  balance sheet နဲ့  ဦးလှရဲ့ ရေခဲမုန့် ဆိုင် balance sheet တို့ ကို နှိုင်းယှဉ်လေ့လာကြည့်ခြင်းဖြင့် ပိုမိုနားလည်သဘောပေါက်လာမှာပါ... C2

Share this

Related Posts

Previous
Next Post »