(ဈေးကွက်ချဲ့ ထွင်ရေးသဘောတရားများ )

(ဈေးကွက်ချဲ့ ထွင်ရေးသဘောတရားများ ) ကွဲပြားခြားနားများပြားလှတဲ့ အဖွဲ့အစည်းတွေ ကုမ္ပဏီတွေမှာ ဈေးကွက်အတွင်းထိုးဖောက်ဝင်ရောက်ဖို့အတွက် များပြားကွဲပြားတဲ့ ဈေးရောင်းခြင်း သဘောတရားများရှိကြပါတယ်။ ၁-လဲလှယ်ခြင်းသဘောတရား ၂-ထုတ်လုပ်ခြင်းသဘောတရား ၃-ထုတ်ကုန် သဘောတရား ၄-ရောင်းချခြင်းသဘောတရား ၅-ဈေးကွက်ထိုးဖောက်ခြင်းသဘောတရား ၆-ပေါင်းသင်းဆက်ဆံမှုဈေးကွက်ချဲ့ ထွင်ခြင်းသဘောတရား တို့ဟာ ကွဲပြားခြားနားတဲ့ ဈေးကွက်သဘောတရားတွေဘဲဖြစ်ပါတယ်။ ဒီထဲမှာမှပထမအချက်၃ချက်ကို အရင်ဆုံးရှင်ပြပေးပါ့မယ်။ ၁-လဲလှယ်ခြင်းသဘောတရား ဒီသဘောတရားမှာ ရောင်းသူဝယ်သူ နှစ်ဦးစလုံးရဲ့ တူညီတဲ့ အမြင်နဲ့ ဈေးရောင်းဈေးဝယ်တစ်ခု လဲလှယ်လုပ်ဆောင်တာပါပဲ။ ဈေးကွက် အနှစ်သာရကို ခြေခြေမြစ်ဖြစ် သိရှိ ထားမှာသာ လဲလှယ်ရောင်းဝယ်ခြင်းဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နိုင်မှာပါ။ ထိရောက်တဲ့ ဈေးကွက်ချဲ့ထွင်မှု လုပ်ငန်းစဉ်ကိုလေ့လာကြည့်လိုက်ရင် လဲလှယ်ရောင်းဝယ်ခြင်းထက်များစွာကျယ်ပြန့် တာကို တွေု့နိုင်ပါတယ်။လဲလှယ်ရောင်းဝယ်ခြင်း က အသွင်အပြင်( ထုတ်ကုန် ရုပ်ထွက်) နှင့် ဈေးနှုန်းကစားခြင်း တွင်သာ ဈေးကွက် သဘော တရားမှာ ပတ်သက်မှုရှိပါတယ်။နောက်အရေးပါတဲ့ ဈေးကွက်သဘောတရားရဲ့ အသွင်အပြင်ကတော့ ဖောက်သည်နဲ့ ပတ်သက်မှုရှိတာ၊ ဖောက်သည်ကျေနပ်မှု တန်ဖိုးသစ်၊ ဖောက်သည်ကို ၀န်းဆောင်မှုပေးရာမှာ ပူးပေါင်းလုပ်ဆောင်မှုနဲ့ အရောင်း ဖန်တီးမှု အသစ်အဆန်းလေးတွေကလည်း လဲလှယ်ရောင်းဝယ်မှုမှာ အရေးပါ ပါတယ်။ ၂- ထုတ်လုပ်မှု သဘောတရား ဒီသဘောတရားမှာ ဖောက်သည်ရဲ့ ထုတ်ကုန်ပစ္စည်းတွေအပေါ် ဈေးချိုချိုနဲ့ လွယ်လင့်တကူ ရရှိနိုင်မှု အမြင်ကိုဦးစားပေးထားတဲ့ အတွေးအခေါ်ပဲဖြစ်ပါတယ်။ မှန်ပါတယ်။ ဈေးကွက်ထဲကို တင်သွင်းထားတဲ့ မိမိတို့ရောင်းမယ့် ထုတ်ကုန်ဟာ ထုတ်လုပ်မှုနိုင်မှု စွမ်းအားမြင့်မား နေရုံသာမက ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဖြူးနိုင်မှု သဘောတရားကို ဆိုလိုပါတယ်။ အဖွဲ့အစည်းရဲ့ ဒီသဘောတရားအပေါ်ဆန္ဒကတော့ ထုတ်ကုန်တွေကို ထွက်နိုင်သမျှများများထုတ်လုပ်နိုင်မှုကိုသာ တွန်းအားပေးပါတယ်။ ဒါကြောင့်လည်း ထုတ်ကုန်မှာ အာရုံစူးစိုက်ပြီး ( ဦးတည်ချက်ထားပြီး) သူတို့လုပ်ကိုင်နိုင်မှု စွမ်းအင်တွေအားလုံးကို ထုတ်လုပ်မှုအပေါ်အသုံးချတာကို အဖွဲ့အစည်းဖက်ကကြည့်ရင်တော့ သဘာဝကျတယ်လို့တော့ ဆိုနိုင်ပါတယ်။သူတို့ထင်တဲ့အတိုင်းလည်းထုတ်ကုန်အရေအတွက်အမြင့်ဆုံးအထိဖြစ်နိုင်ပါတယ်။ ဒါပေမယ့်သူတို့ဟာ ထုတ်ကုန်များ နိုင်သမျှ များများ ( အမြင့်ဆုံး) အထိထုတ်လုပ်နိုင်မှုဟာ ထုတ်လုပ်မှုကုန်ကျစရိတ်ကို နည်းစေပြီး ဖောက်သည်တွေရော အမြတ်တွေ ရော တစ်ပြိုင်နက်တည်း ရရှိနိုင်မည်ဖြစ်ကြောင်းယုံကြည်လျှက်ရှိပါသည်။ဒါပေမယ့် သူတို့ဟာ ဖောက်သည်ရဲ့ အထူးစောင့်ကြည့် ဂရုစိုက်မှုကို မခံရပါဘူး။ ဖောက်သည်ဆိုတာ သူတို့ ၀ယ်ယူနေစဉ်အတွင်းမှာ အမျိုးမျိုးသော စဉ်းစားစရာတွေက လှုံ့ဆော်မှုတွေကို ခံနေကြရတဲ့သူတွေလေ။ရလာဒ်ကို ပြောရရင်တော့ ထုတ်လုပ်မှု သဘောတရားဟာ မှန်ကန်တဲ့ဈေးကွက်ချဲ့ ထွင်မှုမှာ မသင့်လျော် ပါဘူး။ ထုတ်လုပ်မှု သဘောတရားဟာ ၀ယ်လိုအားက ရောင်းလိုအားထက် ပိုနေတဲ့ ဈေးကွက် အတွက်ပဲ အသုံးချလို့ရနိုင်ပါတယ်။ ၃-ထုတ်ကုန်သဘောတရား ဤသဘောတရားကတော့ ဖောက်သည်တွေဟာ ထုတ်ကုန်ရဲ့ အရည်အသွေး၊ လုပ်ဆောင်နိုင်စွမ်းအင်၊ဆန်းသစ်တဲ့ ပုံစံ စတဲ့အရာတွေမှာ အလေးပေးတတ်တယ်လို့ယူဆတဲ့ အတွေးအခေါ်ပဲဖြစ်ပါတယ်။ဒါကြောင့် ဒီသဘောတရားကို ကိုင်ဆွဲ ထားတဲ့ လုပ်ငန်း(ကုမ္ပဏီ)ဟာ သူတို့အလွန်ကောင်းမွန်တဲ့ ပစ္စည်းတွေ ၊ အရည်အသွေးပြည့်ထုတ်ကုန်တွေက ဖောက်သည်ကို ဆွဲဆောင် နိုင်လိမ့်မယ်လို့ တစ်သတ်မှတ်တည်း ယူဆလိုက်ကြတော့တာပါပဲ။ထုတ်ကုန် သဘောတရားဟာ ထုတ်လုပ်မှုသဘောတရားနဲ့  ကွာ ခြားချက်တွေအများကြီးရှိပါတယ်။ ထုတ်လုပ်မှု သဘောတရားက ပစ္စည်းများများထုတ်လုပ်နိုင်ခြင်းဟာ ကုန်ကျစရိတ်သက်သာပြီး အမြတ်အစွန်းများများရရှိစေလိမ့်မယ်လို့ အယူအဆကို အခြေခံပြီး ထုတ်လုပ်မှုကို အားဖြည့်ဆောင်ရွက်သလို၊ ထုတ်ကုန် သဘော တရားကတော့ ပစ္စည်းရဲ့အရည်အသွေးကောင်းမွန်မှု၊ ဆန်းသစ်မှု ။ အိုင်ဒီယာကောင်းမှု ၊နည်းပညာမြင့်မားမှု ကြောင့် အမြတ်များများရပြီး ဖောက်သည်ကို ဆွဲဆောင်နိုင်လိမ့်မယ်လို့ ယူဆ တဲ့ သဘောတရားဘဲဖြစ်ပါတယ်။ နှစ်ခုစလုံးကတော့ ဖောက်သည်နဲ့ စားသုံးသူတွေကို သုတေသနနဲ့ ဖွံ့ဖြိုးမှုအစီအစဉ်တွေကို မငြီးငွေ့နိုင်အောင်လုပ်ဖို့တော့လိုအပ်မှာဖြစ်ပါတယ်။ သူတို့ဟာ ဖောက်သည် နဲ့ စားသုံးသူတွေ က ဘာကို အမှန်တကယ်လိုအပ်နေတယ်ဆိုတာကို ဖော်ထုတ်ဖို့ ပျက်ကွက်နေတတ် ပါတယ်။အကယ်၍ ကုမ္ပဏီ ဟာ ထုတ်ကုန်အပေါ်မှာပဲ အာရုံစူးစိုက်မှုများနေရင်တော့ ရေတိုဈေးကွက်အမြင် ( marketing myopia) ဆီကို ဦးတည်နေတယ်လို့ ဆိုရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့ဟာ ထုတ်ကုန်အပေါ်မှာ ဖောက် သည်တွေရဲ့လိုအပ်ချက် တွေ ထက် ပိုပြီးအရေး ပေးလွန်းလို့ဖြစ်ပါတယ်။

Share this

Related Posts

Previous
Next Post »