ဟောင်ကောင်သူဌေးကြီး လီကာရှင်း
သူသည် ဟောင်ကောင်တွင် အချမ်းသာဆုံးပုဂ္ဂိုလ် တစ်ဦးဖြစ်သည်။ ထို့ပြင် သူ့အား ကမ္ဘာတွင် အအောင်မြင်ဆုံး ပင်လယ်ရပ်ခြား တရုတ်အမျိုးသား စွန့်စားစီးပွားရေးလုပ်ငန်းရှင်ကြီးအဖြစ် အာရှစီးပွား ရေးလောက၌ အသိအမှတ်ပြုထားသည်။ အခြားများ စွာသော စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အကြွေးလည် ပင်းနစ်နေချိန်တွင် တိုက်တာမြေရောင်းဝယ်ရေးလုပ် ငန်းအပါအ၀င် သူ၏ အာရှတစ်ခွင်ရှိ စီးပွားရေးလုပ် ငန်းများမှ အမြတ်ငွေ ဒလဟောရရှိနေသည်။ သူသည် လုပ်ငန်းစီမံခန့်ခွဲမှု၊ အခြေအနေ အချိန်အခါကို သိတတ်ပါးနပ်လိမ္မာသည့် ကုန်သည်ကြီးတစ် ယောက်ဖြစ်သည်။ ကမ္ဘာကျော်လုပ်ငန်းရှင်ကြီး တွေရဲ့အမှားများကို အမြဲတမ်းသင်ခန်းစာ ယူပြီး သူတို့လို မမှားအောင် သူက အမြဲသတိထားလေ့ရှိ သည်။
အမြတ်ရမှ ပျော်တတ်သူ
လီသည် ဘယ်နေရာတွင် ဘယ်ပစ္စည်းကိုပဲ ၀ယ်ဝယ် ဈေးကျနေသော ပစ္စည်းကိုသာ အမြဲတမ်းရှာဝယ် သည်။ ၁၉၈၈ခုနှစ်က ကနေဒါနိုင်ငံ ဗန်ကူဗာမြို့တွင် တစ်ဧကလျှင် ဒေါလာ (၆၃၇၀၀၀)တန် ဈေးသက် သာသော ဆိပ်ကမ်းမြေ (၂၀၄)ဧက ၀ယ်ယူခဲ့သည်။ ထိုအထဲတွင် မကြာမီ (၁၄)ဧကကို တစ်ဧကလျှင် ဒေါလာ (၂.၃၈)သန်းဖြင့် ပြန်လည်ရောင်းချခဲ့သည်။ လီကား အများအားဖြင့် ဈေးသက်သာသော အိမ်ခြံ မြေတိုက်တာ တွေ ၀ယ်ယူပြီး မိမိအမြတ်ရအောင် လုပ်ဆောင်နေသူပင် ဖြစ်သည်။သူ မကြာခဏပြော တတ်သော စကားမှာ ကျုပ်အပျော်ဆုံး အလုပ်က တော့ အလုပ်ကို ကြိုးစားလုပ်ဖို့၊ အမြတ်များများ ရဖို့ပါပဲတဲ့။
ဟောင်ကောင်စီးပွားရေး ကိုင်ထားသူ
လီကာရှင်း၏လုပ်ငန်းများအနက် ဟောင်ကောင်ရှိ အများပိုင်ကုမ္ပဏီအုပ်စုကြီးလေးခုသည် ၀င်ငွေအများ ဆုံးရရှိ သော လုပ်ငန်းကြီးများဖြစ်ကြသည်။ ၄င်းကုမ္ပဏီများအနက်မှ သူပိုင်ဆိုင်သော တိုက်တာ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ ချွန်ကောင်း ကုမ္ပဏီကြီး လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ ဤကုမ္ပဏီကြီး၏ လက်အောက်တွင် လျှပ်စစ်လုပ်ငန်းကုမ္ပဏီ၊ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းကုမ္ပဏီ၊ ယခင်ဗြိတိသျှကုမ္ပဏီ ကြီးဖြစ်ခဲ့သော ဟတ်ချီဆန်ဝှမ်ပေါင်ကုမ္ပဏီများ ရှိကြသည်။ ယင်းလုပ်ငန်းကုမ္ပဏီများမှ နှစ်စဉ် ဒေါလာ အမြတ်ငွေ (၁)လီလျှံကျော်ဝင်ငွေရရှိနေ သည်။ ယင်းလုပ်ငန်းအားလုံး၏ စုစုပေါင်းတန်းဖိုးမှာ ဒေါလာ (၂၂.၂)ဘီလျှံ ဖြစ်သည်။ ဤငွေပမာဏသည် ဟောင်ကောင် စတော့ဈေးကွက်ရင်းနှီးငွေအားလုံး၏ ၁၅ ရာခိုင်နှုန်းနှင့် ညီမျှသည်။
ခါးပတ်ကြိုးရောင်းခဲ့ရသူ
သူ့ဘ၀နှင့် ဆက်စပ်ကြည့်လျှင် ဤရည်မှန်းချက်ကြီး မှာ ဘယ်လိုမှ မဖြစ်နိုင်လောက်အောင် ကြီးကျယ် ခက်ခဲလှသည်။ သို့သော် သူသည် အောက်ခြေမှ စတင်ကာ မဖြစ်နိုင်တာကို ဖြစ်အောင် ကြိုးစားလုပ် ဆောင်နိုင်ခဲ့သူ ဖြစ်သည်။ လီ၏ဖခင်မှာ ကျောင်းဆရာ တစ်ဦးဖြစ်သည်။ သူ့အသက် ၁၂နှစ်အရွယ်တွင် သူ့အား ပညာသင်ရန် ဟောင်ကောင်သို့ ပို့လိုက် သည်။ နောက် ၂နှစ်အကြာတွင် လီ၏ဖခင်ကြီး ကွယ်လွန်သွားသည်။ ဤတွင် မိခင်နှင့် လူမမယ်နှစ် ယောက်တို့အား လုပ်ကျွေးရန်တာဝန်မှာ လီ၏ပခုံး ပေါ်သို့ ကျရောက်လာတော့သည်။ ပညာရေးတစ်ပိုင်း တစ်စဖြင့် ကျောင်းထွက်လိုက်ရသည်။ သူသည် လက်လီဆိုင်များသို့ ပလပ်စတစ်ခါးပတ်များနှင့် လက်ပတ်နာရီကြိုးများ ရောင်းချသောလုပ်ငန်းကို နားရက်မကျန် တစ်နေ့ (၁၆)နာရီအထိ အလုပ်ကြိုး စားလုပ်ကိုင်သည်။ အသက်(၂၀)အရွယ်ရောက်သော လီသည် ကုမ္ပဏီကလေးတစ်ခုတွင် အထွေထွေ မန်နေဂျာ ဖြစ်လာခဲ့သည်။ နောက် (၂)နှစ်အကြာ ကိုယ်ပိုင်စုငွေ ဒေါလာ (၇၀၀၀)ကို အရင်းတည်ကာ ပလပ်စတစ်ဘီးနှင့် ဆပ်ပြာခွက်များထုတ်လုပ်သော ကိုယ်ပိုင်လုပ်ငန်းထူထောင် လိုက်သည်။ထိုလုပ်ငန်း ဖြင့် အရင်းအနှီးလုံလုံလောက်လောက်စုဆောင်းမိ သောအခါ တိုက်တာအိမ်ခြံမြေ လုပ်ငန်းကို တိုးချဲ့ လုပ်ကိုင်လာနိုင်ခဲ့သည်။ တစ်ဖြည်းဖြည်းနှင့် ဤလုပ် ငန်းသည် လီ၏အဓိကလုပ်ငန်းကြီး ဖြစ်လာခဲ့သည်။ လီသည် ငယ်စဉ်ကတည်းက အကျင့်ကောင်းတစ်ခု ကို စွဲစွဲမြဲမြဲကျင့်သုံးခဲ့သည်။ ယင်းမှာ အခြားမဟုတ် ၊အကြွေးကို ကိုယ်တတ်နိုင်တာထက် ဘယ်တော့မှ ပိုမယူခြင်း ဖြစ်သည်။ အကြွေးပြသနာကြောင့် ဟောင်ကောင်မှ လုပ်ငန်းရှင်များ စီးပွားရေး ပျက်သွား ကြသည်မှာ လီ၏မျက်မြင်ကိုယ်တွေ့ ဖြစ်သည်။
လီကာရှင်း၏တစ်သက်သာလုပ်ငန်းကြီး၏ရည်မှန်းချက်မှာ ကမ္ဘာ့အနှံ့ ဖြန့်ကြက်နိုင်မည့်စီးပွားရေးလုပ်ငန်း ကွန်ချာကြီးကို ထူထောင်ရမည်ဟု သူက အမြဲယုံကြည်နေသည်။ လီ၏အနာဂတ်လုပ်ငန်းနှင့် ပတ်သက်၍ သူက ဤသို့ဆိုသည်။(ကိုယ်နာမည်၊ ကိုယ့်ဂုဏ်သိက္ခာကို အမြဲတမ်း ထိန်းပါ၊ အလုပ်ကို အစွမ်းကုန် ကြိုးစားပါ၊ လူတွေကို ကောင်းကောင်း ဆက်ဆံပါ၊ ကတိတည်ပါ၊ ဒါဆိုရင် မင်းလုပ်သမျှ လွယ်လွယ်နဲ့ အောင်မြင်မှာပါ၊ ကျုပ်က အခွင့်အလမ်း တွေအတွက် ဘာမှ မစိုးရိမ်ပါဘူး၊ ကျုပ်ရှာနေတာက အကောင်းဆုံး အခွင့်အလမ်းတွေပါပဲမဟုတ်လား)။ တကယ်တော့ လီဟာ လုပ်ငန်းဘယ်လောက်သေး သေး၊ သူ့အဖို့ကတော့ ရင်းနှီးမြုပ်နှံနေရရင် ပျော်နေ တာပါပဲ၊ ဒါတွေဟာ သူ့ရဲ့မွေးရာပါ ဗီဇတွေဆိုလည်း မမှားပါဘူး။
Share this