‎ပြောင်းလဲသစ်လွင်‬ လုပ်ငန်းခွင

#‎ပြောင်းလဲသစ်လွင်‬ လုပ်ငန်းခွင#် ဒီနေ့ ဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတွေအရ မကြာခင်မှာ တော်တော်ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာတော့မယ်ဆိုတာ မြင်သာလာပါတယ်.. အဓိက ကတော့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပွင့်လာမှာပါပဲ..။ ကောင်းပါပြီ.. ဘယ်ကပဲလာလာ.. ကိုယ့်ပြည်တွင်းမှာ အလုပ်အကိုင်တွေ ပေါများလာတော့မှာ သေချာနေပါပြီ..။ အဲဒီ အလုပ်အကိုင်တွေကို ဆုပ်ကိုင်ဖို့ တစ်နိုင်ငံလုံးရဲ့ လေးဆယ်ရာခိုင်နှုန်းသော လူငယ် လူဦးရေ ကလည်း အသင့် ရှိနေပါပြီ..။ ဒါပေမယ့် အသင့်သာရှိနေတာ.. မလေ့ကျင့်ရသေးဘူး ဆိုတာကို တွေ့ရပါတယ်..။ မလေ့ကျင့်ပဲနဲ့ အလုပ်ခွင်ထဲကို ရောက်သွားရင် အိုးနင်းခွက်နင်းဖြစ်မှာ အမှန်ပါပဲ.. ကာလရှည်ကြာ ပျက်နေခဲ့တဲ့ အကျင့်ဟောင်းတွေ စွဲနေတာကို ပြင်ဖို့ကိုက အတိုင်းအတာတစ်ခုအထိ အချိန်ယူရပါလိမ့်ဦးမယ်.. လူငယ်တွေ အနာဂါတ်ပျောက်နေခဲ့တာ ကြာပါပြီ.. မျိုးဆက်တစ်ဆက်စာ ကောင်းကောင်းရှိသွားခဲ့ပါပြီ..။ အမေရှိရင် ငွေရှိတယ် ဆိုပြီး ဝေလေလေလုပ်ရင်း မိဘအိမ်မှာ နေ မိဘအိမ်မှာစားလာခဲ့ကြတာကို အဟုတ်ထင် နေခဲ့ကြတာပါ..။ ငှက်တွေတောင်အသိရှိတဲ့ .. အရွယ်ရောက်လို့အပျံတတ်ရင် ကိုယ့်ဝမ်းစာ ကိုယ်ရှာစားရမယ် ဆိုတာကိုတောင် မေ့နေခဲ့ကြပါတယ်..။ အခု ကိုယ့်ဝမ်းစာ ကိုယ်ရှာရမယ့် အချိန်ရောက်ပါပြီ..။ အလုပ်အကိုင် အခွင့်အလမ်းတွေ မြင်လာနေရပါပြီ..။ ပြင်ဆင်ထားဖို့ကတော့ လိုပါတယ်..။ ဘွဲ့လက်မှတ် ကိုင်ထားရုံနဲ့ အလုပ်မဖြစ်နိုင်ပါဘူး..။ ကိုယ့်အတွက် ထိုက်တန်တဲ့ လစာရဖို့အရေးမှာ ကိုယ့်ဖက်က ဖြည့်ဆည်းလေ့ကျင့်ထားရမှာတွေ ရှိနေပါတယ်..။ ဘာတွေ ဖြည့်ထားရမလဲဆိုတာ တချို့ကသိတယ်.. တချို့က မသိသေးဘူး..။ အခွင့်အလမ်းတွေ ကိုယ့်အိမ်ရှေ့ကို တည့်တည့်ရောက်လာလိမ့်မယ်လို့ ထင်နေကြတုန်းရှိသေးတယ်..။ အခွင့်အလမ်းက လာနေပါပြီ..။ ကိုယ်က ရှေ့ထွက်ပြီး လက်ဆွဲနှုတ်ဆက်ရမှာပါ..။ တခြားနိုင်ငံက လာပြီးရင်းနှီးမြှုပ်နှံမှာ ရှိသလို ကိုယ့်ပြည်တွင်းလုပ်ငန်းရှင်တွေ ပူးပေါင်းတာမျိုး။ တိုးချဲ့တာမျိုးလဲ ရှိနိုင်ပါတယ်..။ တပိုင်တနိုင် လုပ်နေကြရာကနေ အရှိန်အဟုန်နဲ့ Mass Production လုပ်ကြတော့မှာပါ.. အဲဒီမှာ Productivity ဆိုတဲ့ ထုတ်လုပ်နိုင်စွမ်း လိုလာပါပြီ.. အဲဒီအပိုင်းမှာအရေးပါတာက လူ့လုပ်အား အရင်းအမြစ်ပါပဲ.. ။ စက်တွေဘယ်လောက်ကောင်းကောင်း နောက်ဆုံး လူကပဲ ကိုင်တွယ်ထိန်းကျောင်း မောင်းနှင်ရတာပါ.. တနည်းပြောရရင် စက်နဲ့ လူနဲ့ အရည်အချင်းခြင်း ပြိုင်ရတာပါ..။ အဲဒီလို ထိန်းကျောင်းမောင်းနှင် နိုင်ဖို့ လူ့အရည်အချင်း အများကြီး လိုပါတယ်.. တစ်ယောက်ထဲ တော်နေလို့ မရပါဘူး..။ အရည်အချင်းပြည့်တဲ့ လူတွေကိုပဲ လုပ်ငန်းရှင်တွေက လိုချင်တာပါ.။ သူတို့ အကြိုက်ဖြစ်အောင် ကိုယ်က ကြိုတင်ဖြည့်ဆည်းထားနိုင်တယ်ဆိုရင် သူများတွေ လုပ်ငန်းခွင်ထဲမှာ သင်တန်းတက်နေရတုန်းမှာ ကိုယ်ကတော့ ကျွမ်းကျင်သူ အဖြစ် နေရာရနေမှာပါ..။ အဲဒီလို ဖြစ်လာအောင် အခုကတည်းက စိတ်ဓါတ်တွေ အမူအကျင့်တွေ ပြင်ဆင်ရမှာဖြစ်ပြီး .. အမူအကျင့် ကောင်းတွေနဲ့ ကျင့်သားရအောင် လေ့ကျင့်ထားရမှာပါ..။ စိုင်းထီးဆိုင်သီချင်းထဲကလို “တော်ရုံတန်ရုံသတ္တိသွေး တွေးယူရုံနဲ့ မရဘူးဟေ့ .. ရင်ကမွေး .လက်ကကျွေး” ဆိုတဲ့ စိတ်ဓါတ်နဲ့ ပြင်ဆင်ရမှာပါ..။ နေ့ချင်းညချင်း သူဌေးဖြစ်ချင်လို့တော့ မရပါဘူး..။ တစ်ဆင့်ချင်း ကြိုးစားမှ ရမှာပါ.။ ကြိုးစားကြရအောင်ပါ..။ ချစ်ခင်စွာဖြင့် ‪#‎ကောင်းလွန်း‬

Share this

Related Posts

Previous
Next Post »