#Equity ဆိုတာဘာလဲ?#
Equity ဆိုတာပေးစရာရှိတဲ့ liabilities တွေ Debt (အကြွေး) တွေပေးပြီးနောက် ကျန်တဲ့ အသားတင်ပိုင်ဆိုင်မှု Asset တန်ဖိုးပဲဖြစ်ပါတယ်.. ရှင်းအောင်ပြောရရင်တော့ ကိုယ်ပိုင်ဆိုင်တဲ့ ပစ္စည်းရဲ့ တန်ဖိုး
ဥပမာ..မောင်လှမှာ $ 300,000 တန်တဲ့အိမ်တလုံးရှိတယ်ဆိုပါစို့ ..သူမှာ ဘဏ်ကိုပေးဆပ်ရမယ့်အကြွေးက $200,000 ရှိတယ်ဆိုရင် မောင်လှရဲ့  Equity က $ 100,000 ဖြစ်ပါတယ် တကယ်လို့ အဲဒီအိမ်က 5 နှစ်ကြာပြီးနောက် $ 500,000 ကိုဈေးတက်သွားပြီး ဘဏ်ကိုလည်းပေးစရာ $150,000 ရှိနေအုံးမယ်ဆိုရင် မောင်လှရဲ့  Equity ဟာ $350,000 ဖြစ်သွားပါလိမ့်မယ်..
( Liabilities ဆိုတာက ပစ္စည်းတခုကိုဝယ်လိုက်ပြီးနောက် အဲဒီပစ္စည်းအတွက်သုံးလိုက်တဲ့ငွေကနေ နောက်ထပ် ငွေထပ်ဝင်စရာအကြောင်းမရှိတော့တဲ့အရာတွေကိုဆိုလိုပါတယ်..ဥပမာ..နာရီတလုံးဝယ်လိုက်တယ်ဆိုပါတော့ အဲဒီနရီကိုတော့ပိုင်ဆိုင်လိုက်တယ်..ဒါပေမယ့် အဲဒီနာရီကိုအကြောင်းပြုပြီး နောက်ထပ်ကိုယ့်အိတ်ထဲကိုငွေထပ်မဝင်နိုင်တော့ဘူး..Asset ဆိုတာက ပစ္စည်းတခုကိုဝယ်ယူလိုက်ပြီးနောက် အဲဒီပစ္စည်းကနေ နောက်ထပ် ကိုယ့်အိတ်ထဲကို ငွေဝင်မယ့်လမ်းကြောင်းကို ဖော်ဆောင်ပေးတဲ့အရာတွေကိုဆိုလိုပါတယ်..ဥပမာ.. တိုက်ခန်း ၁ ခန်းကိုဝယ်လိုက်တယ်ဆိုပါတော့
အဲဒီတိုက်ခန်းကို အိမ်ငှားတင်ထားခြင်းဖြင့် လစဉ်ဝင်ငွေတခုရှိမယ် နောင်တချိန်ဈေးတက်လာတဲ့အခါ ပြန်ရောင်းခြင်းဖြင့်လည်း အကျိုးအမြတ်ရှိနိုင်တဲ့အရာမျိုး )
အောက်မှာဖော်ပြထားတဲ့ APPLE Company ရဲ့  Balance sheet မှာ Asset, Liabilities & Equity တို့ ကို နမူနာအဖြစ်လေ့လာနိုင်ပါတယ်..
C2
Share this