ထိရောက်သောဘတ်ဂျက်ဆွဲနည်းများ

ငွေကြေးစီမံခန့်ခွဲမှုများတိုးတက်လာစေဖို့နဲ့ အောင်မြင်တဲ့ဘ၀ကိုရရှိဖို့ရည်ရွယ်ပြီး ဘတ်ဂျက်ဆွဲခြင်းဆိုင်ရာ အထောက်အကူပြုအချက်အလက်များကို ဝေမျှလိုက်ပါတယ်။ ထိရောက်သောဘတ်ဂျက်ဆွဲနည်းများ ၁. ရည်မှန်းချက်ထားပါ…ပထမဆုံးအနေဖြင့် ဘတ်ဂျက်အတိုင်းမလိုက်နာပဲ ပျက်ကွက်ခြင်း၊ ဆင်ချေပေးခြင်းတွေကို တတ်နိုင်သမျှရှောင်ကျဉ်မည့် ရည်မှန်းချက်ထားပါ။ ၂. ဘောက်ချာတွေကိုသိမ်းပါ…မည်မျှသေးငယ်သောပမာဏပင်ဖြစ်စေ ဈေးဝယ်တိုင်း ဘောက်ချာများကိုတစ်လစာသိမ်းထားခြင်းဖြင့် လစဉ် ငွေသုံးစွဲခြင်းတွေကို တိုင်းတာနိုင်ပါတယ်။ ၃. ဘတ်ဂျက် ၃ ခုသတ်မှတ်ပါ…ဘယ်နေရာတွေမှာပိုက်ဆံပိုသုံးဖြစ်လဲဆိုတာ သိလာတဲ့အခါ ငွေထွက်အများဆုံး ဘတ်ဂျက်အမျိုးအစား ၃ ခုကိုသတ်မှတ်ပြီး လိုအပ်သလိုထိန်းညှိခြင်းများပြုလုပ်နိုင်ပါတယ်။ ၄. ပိုက်ဆံအရင်စုပါ…သုံးပြီးကျန်တဲ့ပိုက်ဆံကိုစုတာမျိုးမလုပ်ဘဲ စုဖို့အရင်ဖယ်ထားပြီးမှ ကျန်တဲ့ပိုက်ဆံကိုသုံးပါ။ ၅. ၅၀၊ ၂၀၊ ၃၀ % အတိုင်းကျင့်သုံးပါ…၀င်ငွေရဲ့ ၅၀% ကိုနေ့စဉ်လိုအပ်မှုများအတွက်၊ ၂၀% ကို ရေရှည်စုငွေအတွက်၊ ၃၀% ကို အလှူအတန်း၊ အပျော်အပါး စတဲ့ နှစ်သက်ရာတို့အတွက် အသုံးပြုပါ။

Share this

Related Posts

Previous
Next Post »