ကိုယ္ပုိင္လုပ္ငန္းလုပ္တယ္ဆုိတာ

ကိုယ္ပုိင္လုပ္ငန္းလုပ္တယ္ဆုိတာ လတ္တေလာပံုမွန္၀င္ေငြရွိေနဖုိ႕သက္သက္မဟုတ္ပါဘူး။ လဘၻက္ရည္ဆုိင္၊ ကုန္စံုဆိုင္၊ ကား၀ပ္ေရွာ႕ စသည္ျဖင္႕ ဘယ္လိုလုပ္ငန္းမ်ိဳးမဆို ရည္ရွည္ရပ္တည္ႏို္င္ျပီး စီးပြားျပိဳင္ဖက္ေတြထက္ တစ္ပန္းသာေနႏုိင္မယ္႕ နည္းလမ္းတခ်ိဳ႕ကို မွ်ေ၀လိုက္ပါတယ္။ ၁. လူ႕အရင္းအျမစ္ကိုတန္ဖိုးထားပါ။ ၀န္ထမ္းမ်ားကို အတိုင္းအတာတစ္ခုအထိ လုပ္ပိုင္ခြင္႕ေပးထားျခင္းျဖင္႕ ေလးစားမွုကိုေဖာ္ျပရာေရာက္ပါတယ္။ ၀န္ထန္းမ်ားအတြက္ သင္တန္းေပးျခင္း၊ စိတ္ဓါတ္ျမွင္႕တင္ေပးျခင္းမ်ားသည္ ရင္းႏွီးျမွုပ္ႏွံမွုတစ္ခုျဖစ္ျပီး လုပ္ငန္းအတြက္မ်ားစြာအေထာက္အကူျဖစ္ေစပါတယ္။ ၂. ျပသနာမ်ားထက္ ေျဖရွင္းနည္းမ်ားအေပၚ အာရံုစိုက္ပါ။ ျပသနာဆိုတာ ေရွာင္လႊဲ၊ အျပစ္ဖုိ႕ေနမယ္႕အစား အေကာင္းဆံုးရင္ဆုိင္မယ္၊ ေ၀ဖန္သံုးသပ္မယ္၊ ေျဖရွင္းမယ္၊ အနာဂတ္မွာ အလားတူထပ္မျဖစ္ေအာင္ သင္ခန္းစာယူတတ္မယ္ဆုိရင္ တစ္နည္းအားျဖင္႕ မိမိအတြက္ တိုးတက္ေစတဲ႕ အခြင္႕အေရးပဲျဖစ္ပါတယ္။ ၃. အေျပာင္းအလဲမ်ားကိုၾကိဳဆိုပါ။ အရာအားလံုး တိုးတက္ေျပာင္းလဲေနတဲ႕ ယေန႕ေခတ္ၾကီးထဲမွာ အစဥ္မျပတ္စူးစမ္းေလ႕လာျပီး အေျပာင္းအလဲမ်ားနဲ႕ လုိက္ေလ်ာညီေထြရွိႏိုင္မွ ေနာက္က်မက်န္ခဲ႕မွာျဖစ္ပါတယ္။ ၄. ဖန္တီးႏုိင္စြမ္းရွိပါေစ။ ကုန္ပစၥည္းျဖစ္ျဖစ္၊ ၀န္ေဆာင္မွ သို႕မဟုတ္ ပရိုမိုးရွင္းျဖစ္ျဖစ္ မိမိစီးပြားျပိဳင္ဖက္ေတြ မေတြးမိေသးတဲ႕၊ မလုပ္ေဆာင္ရေသးတဲ႕အရာေတြကို ေတြးျပီး လက္ေတြ႕အေကာင္အထည္ေဖာ္ၾကည္႕ပါ။ ၅. ေစ်းႏွုန္းေတြကိုမေလွ်ာ႕ပါႏွင္႕။ ေစ်းေလွ်ာ႕ေရာင္းတယ္ဆိုတာ လူတိုင္းခ်က္ခ်င္းလုပ္ႏုိင္တဲ႕အရာတစ္ခုပါ။ ဒါေပမယ္႕ ပိုမိုေကာင္းမြန္တဲ႕၀န္ေဆာင္မွုေပးျခင္း၊ မိမိေဖာက္သည္ေတြကို ဆြဲေဆာင္ထားႏုိင္ျခင္း စတာေတြကေတာ႕ အခ်ိန္နဲ႕ ၾကိဳးစားအားထုတ္မွုေတြအမ်ားၾကီးလိုအပ္ပါတယ္။ ေစ်းေလွ်ာ႕ေရာင္းတာထက္ သူမ်ားနဲ႕မတူတဲ႕ စံ နဲ႕ တန္ဖိုးကိုတည္ေဆာက္တာက ေရရွည္အတြက္ပိုေကာင္းပါတယ္။ [Unicode] ကိုယ်ပိုင်လုပ်ငန်းလုပ်တယ်ဆိုတာ လတ်တလောပုံမှန်ဝင်ငွေရှိနေဖို့သက်သက်မဟုတ်ပါဘူး။ လဘ္ဘက်ရည်ဆိုင်၊ ကုန်စုံဆိုင်၊ ကားဝပ်ရှော့ စသည်ဖြင့် ဘယ်လိုလုပ်ငန်းမျိုးမဆို ရည်ရှည်ရပ်တည်နို်င်ပြီး စီးပွားပြိုင်ဖက်တွေထက် တစ်ပန်းသာနေနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေလိုက်ပါတယ်။ ၁. လူ့အရင်းအမြစ်ကိုတန်ဖိုးထားပါ။ ၀န်ထမ်းများကို အတိုင်းအတာတစ်ခုအထိ လုပ်ပိုင်ခွင့်ပေးထားခြင်းဖြင့် လေးစားမှုကိုဖော်ပြရာရောက်ပါတယ်။ ၀န်ထန်းများအတွက် သင်တန်းပေးခြင်း၊ စိတ်ဓါတ်မြှင့်တင်ပေးခြင်းများသည် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပြီး လုပ်ငန်းအတွက်များစွာအထောက်အကူဖြစ်စေပါတယ်။ ၂. ပြသနာများထက် ဖြေရှင်းနည်းများအပေါ် အာရုံစိုက်ပါ။ ပြသနာဆိုတာ ရှောင်လွှဲ၊ အပြစ်ဖို့နေမယ့်အစား အကောင်းဆုံးရင်ဆိုင်မယ်၊ ဝေဖန်သုံးသပ်မယ်၊ ဖြေရှင်းမယ်၊ အနာဂတ်မှာ အလားတူထပ်မဖြစ်အောင် သင်ခန်းစာယူတတ်မယ်ဆိုရင် တစ်နည်းအားဖြင့် မိမိအတွက် တိုးတက်စေတဲ့ အခွင့်အရေးပဲဖြစ်ပါတယ်။ ၃. အပြောင်းအလဲများကိုကြိုဆိုပါ။ အရာအားလုံး တိုးတက်ပြောင်းလဲနေတဲ့ ယနေ့ခေတ်ကြီးထဲမှာ အစဉ်မပြတ်စူးစမ်းလေ့လာပြီး အပြောင်းအလဲများနဲ့ လိုက်လျောညီထွေရှိနိုင်မှ နောက်ကျမကျန်ခဲ့မှာဖြစ်ပါတယ်။ ၄. ဖန်တီးနိုင်စွမ်းရှိပါစေ။ ကုန်ပစ္စည်းဖြစ်ဖြစ်၊ ၀န်ဆောင်မှ သို့မဟုတ် ပရိုမိုးရှင်းဖြစ်ဖြစ် မိမိစီးပွားပြိုင်ဖက်တွေ မတွေးမိသေးတဲ့၊ မလုပ်ဆောင်ရသေးတဲ့အရာတွေကို တွေးပြီး လက်တွေ့အကောင်အထည်ဖော်ကြည့်ပါ။ ၅. စျေးနှုန်းတွေကိုမလျှော့ပါနှင့်။ စျေးလျှော့ရောင်းတယ်ဆိုတာ လူတိုင်းချက်ချင်းလုပ်နိုင်တဲ့အရာတစ်ခုပါ။ ဒါပေမယ့် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုပေးခြင်း၊ မိမိဖောက်သည်တွေကို ဆွဲဆောင်ထားနိုင်ခြင်း စတာတွေကတော့ အချိန်နဲ့ ကြိုးစားအားထုတ်မှုတွေအများကြီးလိုအပ်ပါတယ်။ စျေးလျှော့ရောင်းတာထက် သူများနဲ့မတူတဲ့ စံ နဲ့ တန်ဖိုးကိုတည်ဆောက်တာက ရေရှည်အတွက်ပိုကောင်းပါတယ်။

Share this

Related Posts

Previous
Next Post »