ထုတ်ကုန် ထုတ်လုပ်ရေးအခြေခံအချက်များ......

ထုတ်ကုန် ထုတ်လုပ်ရေးအခြေခံအချက်များ...... (အများသိဖို့ ရှယ်ပေးပါ) ထုတ်ကုန်ပစ္စည်းတခု ထုတ်လုပ်မယ်ဆိုရင် အခြေခံရမယ့် 3 ချက် ရှိပါတယ်.... 1) အရည်အသွေးကောင်းမွန်ရမယ်။ 2) ဈေးနှုန်းချိုသာရမယ်။ 3) မြန်မြန်ထုတ်လုပ်နိုင်ရမယ်။ အရေးကြီးဆုံးကတော့ ဘယ်သူ့ ကိုရောင်းမလဲ။ ဘယ်သူက ၀ယ်သုံးမလဲ ဆိုတာကို တိတိကျကျ သတ်မှတ်ထုတ်လုပ်ရမှာဖြစ်ပါတယ်။ ဘယ်သူ့ ကိုရောင်းမလဲ ဆိုတာကို ရွေးချယ်တဲ့နေရာမှာ အခြေခံစဉ်းစားရမယ့်အချက်တွေကတော့.... ကလေးအတွက်လား။ လူကြီးအတွက်လား။ အမျိုးသမီးအတွက်လား၊ အမျိုးသားအတွက်လား။ ရပ်ကွက်ကျေးရွာအတွင်းက လူအတွက်လား၊ တခြားနယ်က သူအတွက်လား၊ ပြည်တွင်းအတွက်လား၊ ပြည်ပအတွက်လား စတာတွေကိုအခြေခံစဉ်းစားရပါတယ်။ ၀ယ်ယူသုံးစွဲမယ့်သူ ဘယ်နှစ်ယောက်ရှိလဲ။ တန်းဘိုးဘယ်လောက်ဆိုရင် ၀ယ်ယူနိုင်လဲ၊ ငွေဘယ်လောက်အထိသုံးနိုင်လဲ စတဲ့ ၀ယ်လိုအားဘယ်လောက်ရှိလဲသိရမယ်။ ဒီပစ္စည်းကို ဘယ်နှစ်ကြိမ်ဝယ်တတ်လဲ။ ဘယ်လိုအခါမျိုးမှာဝယ်တတ်လဲ။ ဥပမာ လစာထုတ်ရက်လား၊ သီးနှံထွက်ချိန်မျိုးမှာလား၊ အလုပ်မသွားခင်လား၊ အလုပ်က ပြန်လာချိန်လား။ ၀ယ်သူက ကိုယ်ရောင်းမယ့်နေရာကို လာဝယ်နိုင်မလား။ ဒါမှမဟုတ် ၀ယ်သူရှိတဲ့နေရာကို အရောက်ပို့ ပေးတာကို ပိုနှစ်သက်သလား စတဲ့ဝယ်ယူသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေလေ့လာသိရှိထားရမယ်။ ပြီးတော့ ဈေးကွက်မှာ ပြိုင်ဘက်သူလဲ၊ ပြိုင်ဘက်ရဲ့ အားသာချက် အားနည်းချက်ကဘာတွေလဲ။ အဲ့ဒီလိုအချက်တွေ အားလုံးကို သုံးသတ်ပြီးရင် ကိုယ်ထုတ်မယ့် ပစ္စည်းကို အရည်အသွေး ဈေးနှုန်းနဲ့ အရေအတွက် ကိုပါ သတ်မှတ်နိုင်မယ်။ ဘယ်သူကို ဘယ်အချိန်မှာ ဘယ်လောက် ရောင်းလို့ ရမလဲ ဆိုတာကို ကြိုတင်းခန့် မှန်းပြီး ကုန်ပစ္စည်းအပြတ်လတ်အောင် ထုတ်လုပ်ရောင်းချနိုင်မှာဖြစ်ပါတယ်။ ကိုယ်သတ်မှတ်ထားတဲ့အရေအတွက် ရအောင်ဘယ်လိုရောင်းရမလဲ ဆိုတာကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

Share this

Related Posts

Previous
Next Post »