မြန်မာနိုင်ငံက လယ်မြေတွေ လုပ်ငန်းရှင်းကြီးတွေ လက်ထဲကို မရောက်စေချင်ရင်..

မြန်မာနိုင်ငံက လယ်မြေတွေ လုပ်ငန်းရှင်းကြီးတွေ လက်ထဲကို မရောက်စေချင်ရင်.......(အများအတွက်ရှယ်ပေးပါ) ခေတ်မမီတော့တဲ့ လယ်ယာစိုက်ပျိုးရေးနည်းလမ်းတွေကို သုတေသနလုပ်ပြီး တီထွင်မှု အသစ်တွေနဲ့  ၀န်ဆောင်မှုအသစ်တွေနဲ့ တိုင်းချဲ့ လုပ်နိုင်မှ ကျော်လွှားနိုင်မယ်လို့  2015 ဇန်န၀ါရီလ 14 ရက်နေ့ က ရန်ကုန်မှာပြုလုပ်တဲ့ ဆွေးနွေးပွဲမှာ တင်ပြကြတယ်။ ကုန်သည် စက်မှုအသင်းချုပ်တွင် Organization for Economic Co-Operation And Development (OECD), UNESCAP နှင့် Hanna Seidel Foundation တို့ ပူးပေါင်းပြုလုပ် သည့် 'OECD Muti-dimensional Review of Myanmar" ပွဲကို ကျင်း ပပြုလုပ်ခဲ့ပြီး စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ (OECD)၏ မြန်မာနိုင်ငံအပေါ် ဘက်ပေါင်းစုံမှ အသေးစိတ်လေ့လာ သုံးသပ်မှုနှင့် အကြံပြုချက်များကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အခုဆွေးနွေးနေသူတွေဟာ လုပ်ငန်းရှင်တွေဖြစ်သလို လုပ်ငန်းရှင်တွေ ပါဝင်နိုင်ရေးနဲ့ အလုပ်ဖြစ်ရေးကိုသာ စဉ်းစားပုံရတာကို တွေ့ ရတယ်။ တကယ်တော့ မြန်မာနိုင်ငံအနေနဲ့ က မွေးမြူရေးကို အခြေခံစဉ်းစားရမှာဖြစ်ပါတယ်။ ဥရောပက နယူးဇီလန် နိုင်ငံလို့ ပြောလိုက်ရင် မျက်စေ့ အရင်ဆုံးမြင်မိတာ နို့ စားနွားမနဲ့ နို့ မှုန့် ဗူးဖြစ်ပါတယ်။ မြက်စိုက်ပြီး နွားမွေးပြီး တစ်ကမ္ဘာလုံးကို ရောင်းစားနေပါတယ်။ တကယ်လို့ စပါး၊ ပဲ၊ နှမ်း၊ ပြောင်းက စီးပွားရေးအရ တွက်ခြေကိုက်ရင် အနောက်နိုင်ငံတွေက လက်လွတ်ခံမှာမဟုတ်ပါဘူး။ နယူးဇီလန် နိုင်ငံက စက်မှုလုပ်ငန်းအစား နွားမွေးမြူရေးကို ဘာကြောင့် ဦးစားပေးလုပ်နေသလဲ စဉ်းစားဖို့ လိုပါတယ်။ စပါး၊ ပဲ ၊ နှမ်း၊ ပြောင်း အစရှိတဲ့ သီးနှံတွေနေ၀င်ငွေရပြီး ချမ်းသာတဲ့ နိုင်ငံ မတွေ့ မိသေးဘူး။ ကမ္ဘာမှာ နှစ် 30ကျော်အထိ ဆန်အများဆုံး ထုတ်လုပ်ရောင်းချတဲ့ ထိုင်းနိုင်ငံက လယ်သမားတွေ အကြွေးနစ်နေတုန်းဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတာ့ စပါး၊ ပဲ ၊ နှမ်း၊ ပြောင်း စတဲ့ သီးနှံတွေဟာ သွင်းအားစုက 80 ရာခိုင်နှုန်းကျော်ကုန်ကျပြီး အမြတ်ရမှ ရာခိုင်နှုန်း 20 လောက်ပဲရတယ်။ ဒါပေမယ့် သဘာဝဘေးခံရလို့ ပျက်ဆီးရင် တောင်သူတွေက 100 ရာခိုင်နှုန်းခံရတယ်။ ဒါကြောင့် တစ်နှစ်ပျက်ရင် 3 နှစ်အကြွေးဆပ်လို့ မကြေဘူးဖြစ်နေတာပါ။ သွင်းအားစု 80 ရာခိုင်နှုန်းလုံးဟာ စီးပွားရေးသမားတွေရဲ့ အကျိုးစီးပွားဖြစ်ပါတယ်။ အဲ့ဒီလို စွန့် စားရပြီး အမြတ်နည်းတဲ့ စပါး၊ ပဲ၊ နှမ်း၊ ပြောင်း စိုက်ဖို့ ကို စဉ်းစားတာက တကယ့်ကို တလွဲဖြစ်ပါတယ်။ ဈေးကွက်အရကြည့်မယ်ဆိုရင် မြန်မာနိုင်ငံက ကျွဲ နွား သိုး ဆိတ် ကို အိမ်နီနားချင်း နိုင်ငံတွေက ထွက်သလောက်ဝယ်နေတယ်။ သာမန် တောင်သူတွေကိုယ်တိုင်က နယ်စပ်မှာ သွားရောင်းနိုင်တဲ့ လုပ်ငန်းဖြစ်တယ်။ ဒါကြောင့် မွေးမြူရေးသာ မြန်မာနိုင်ငံနဲ့ အသင့်တော်ဆုံးဖြစ်ပါတယ်။ နိုင်ငံတကာကိုကြည့်ရင်မြင်ရနိုင်တာက တွက်ခြေကိုက်တာကို ထုတ်လုပ်ပြီး လိုအပ်တာကို ၀ယ်စားတယ်။ ဖြစ်နိုင်ရင် ၀င်ငွေကောင်းတဲ့ မွေးမြူရေးလုပ်ပြီး စပါးဝယ်စားရင်လည်း တွက်ခြေကိုက်ပါတယ်။ နိုင်ငံတော် လုံခြုံရေးအတွက်ဆိုရင်တော့ စပါးကို ပြည်တွင်းစားလောက်ရုံသာ စိုက်ပြီး ကျန်တာကို မွေးမြူးရေး ဒါမှမဟုတ် တွက်ခြေကိုက်တဲ့ သီးနှံစိုက်ပျိုးရေးနဲ့ အစားထိုးသင့်ပါတယ်။ စပါး၊ ပဲ၊ နှမ်း၊ ပြောင်း စိုက်မယ်ဆိုရင်တော့ နောက်ပိုင်းမှာ လယ်ယာမြေတွေကို လုပ်ငန်းရှင်တွေလက်ထဲကို ထိုးအပ်ရမယ့် အခြေဆိုက်ရောက်လာမှာသေချာပါတယ်။

Share this

Related Posts

Previous
Next Post »